သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဆးဝါးရိကၡာ အပူတျပင္းလိုအပ္ေနတဲ႔ ခ်င္းစစ္ေဘးေရွာင္ လူနာမ်ား 


စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ခ်င္းျပည္နယ္အတြင္း အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနၾကရသူမ်ား။ (မွတ္တမ္းဓာတ္ပံု)

(Zawgyi/ Unicode)

ခ်င္းျပည္နယ္ မတူပီၿမိဳ႕နယ္က ေတာေတာင္ထဲမွာ ပုန္းေရွာင္ေနၾကတဲ့ ရာနဲ႔ခ်ီတဲ့ စစ္ေဘးဒုကၡသည္ေတြ ဖ်ားနာေနၾကၿပီး ေတာ္ေတာ္မ်ားမ်ား ကိုဗစ္ေရာဂါလကၡဏာေတြ ျပေနေပမဲ့ စစ္ေဆးႏိုင္ျခင္း မ႐ွိၾကပါဘူး။ ရမ္တိန္ေက်းရြာအုပ္စုက စစ္ေဘးဒုကၡသည္ေတြထဲက ဖ်ားနာေနသူ ၄၀၀ ေလာက္႐ွိတယ္လို႔ ဒုကၡသည္ေတြက ေျပာပါတယ္။ ေဆးဝါးနဲ႔ အစားအေသာက္ အလြန္အမင္း လိုအပ္ေနတဲ့ ဒုကၡသည္ေတြ ဖ်ားနာေနတဲ့ အေျခအေန ရန္ကုန္ကလာတဲ့ သတင္းကို ဦးသိန္းထိုက္ဦး ေျပာျပပါမယ္။

ခ်င္းျပည္နယ္ထဲမွာ စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရး အဖဲြ႔ေတြၾကား တိုက္ပြဲေတြျဖစ္တဲ့ ေနရာတဝိုက္ စစ္တပ္က နယ္ေျမ႐ွင္းလင္းေရးေတြ လုပ္ေနတာေၾကာင့္ ေတာေတာင္ထဲ ထြက္ေျပးေနၾကရတဲ့ မတူပီၿမိဳ႕နယ္ထဲက စစ္ေဘးဒုကၡသည္ေတာ္ေတာ္မ်ားမ်ား ဖ်ားနာေနၾကပါတယ္။ မတူပီၿမိဳ႕နယ္ ရမ္တိန္ေက်းရြာအုပ္စုက စစ္ေဘးဒုကၡသည္ ၄၀၀ ေလာက္ ဖ်ားနာေခ်ာင္းဆိုးေနၾကၿပီး တခ်ဳိ႕မွာ ကိုဗစ္ေရာဂါလကၡေတြျပေနေပမဲ့ စစ္ေဆးႏိုင္တဲ့ အေျခအေန မ႐ွိဘူးလို႔ စစ္ေျပးဒုကၡသည္တစ္ဦးက VOA ကို ေျပာပါတယ္။

“ရမ္တိန္အုပ္စုမွာက လူဦးေရက ဟိုဟာ ၇၀၀ ေက်ာ္ထဲမွာ ၄၀၀ နီးနီးေလးေပါ့ေနာ္၊ ၄၀၀ ေလာက္ေပါ့ ေနမေကာင္းသူေလ။ ရာသီတုပ္ေကြးျဖစ္တဲ့သူ ႏွာေစး ေခ်ာင္းဆိုးျဖစ္တဲ့သူေတြ ရွိတယ္။ တေယာက္နဲ႔ တေယာက္ကူးတာပဲျဖစ္မယ္။ က်ေနာ္တို႔က အတူတူစား၊ အတူတူေသာက္၊ အတူတူအိပ္ဆိုေတာ့ေလး တေယာက္နဲ႔ တေယာက္ကူးစက္တာပဲ ျဖစ္မွာ။ ရမ္တိန္မွာ။ တေနရာမွာဆိုရင္ အနံ႔ မရတဲ့သူေတြလည္း ရွိတယ္။ ကိုဗစ္ျဖစ္ႏိုင္တဲ့ အေျခအေန။ စစ္ေဆးဖို႔က ကိရိယာေတြ က်ေနာ္တို႔မွာ မရွိဘူး။”

ခ်င္းျပည္နယ္ မတူပီၿမိဳ႕နယ္ မတူပီ-မင္းတပ္ လမ္းမႀကီးတစ္ေလွ်ာက္မွာ႐ွိတဲ့ ေက်းရြာေတြအေပၚ စစ္တပ္က လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တာေၾကာင့္ ရမ္တိန္ရြာ၊ ျခန္ျပန္းကရြာ၊ ျခန္ျပန္းခရြာ စတဲ့ ေက်းရြာေတြ ႐ြာလံုးၾကြတ္ ေဘးလြတ္ရာ ထြက္ေျပးတိမ္းေရွာင္ေနၾကရတာပါ။

ႏိုဝင္ဘာ ပထမပတ္ေလာက္က ျခန္ျပန္းေက်းရြာ ေက်းရြာအုပ္စုက အဖ်ားျပင္းတဲ့ စစ္ေဘးေရွာင္ အသက္ႀကီးပိုင္း အမ်ဳိးသားတဦးကို မတူပီေဆး႐ုံႀကီးကို ပို႔ေတာ့မွ ကိုဗစ္ကပ္ေရာဂါ ျဖစ္ေနတယ္ဆုိတာ စစ္ေဆးေတြ႔ရွိတယ္လို႔ ျခန္ျပန္းက ေက်းရြာအုပ္စုက ေဒသခံတဦးက ေျပာျပပါတယ္။

ျခန္ျပန္းေက်းရြာအုပ္စုက စစ္ေဘးဒုကၡသည္ ၅၀၀ ေလာက္ရွိပါတယ္။ အဲ့ဒီထဲက သံုးပံု ႏွစ္ပံုေလာက္ဟာ ဖ်ားနာ ေခ်ာင္းဆိုးေနၾကေပမယ့္ ကိုဗစ္ဟုတ္၊ မဟုတ္ စစ္ေဆးႏိုင္တဲ့ အေျခအေန မရွိဘူးလို႔ အခုလို ေျပာပါတယ္။

“ရာသီတုပ္ေကြးျဖစ္တာပဲ ရွိတယ္။ ဟိုတေခါက္တုန္းက ရြာက အဖိုးႀကီးတေယာက္ ဒီမွာစစ္ေဘးေရွာင္ရင္းနဲ႔ ဖ်ားတယ္။ ဖ်ားၿပီးေတာ့ က်ေနာ္တို႔ ေတာလမ္းကေန ၿမိဳ႕ေပၚကို ေပါ့ေနာ္၊ ေဆး႐ုံကို ပို႔ၾကတယ္။ အဲ့ဒါ ေဆး႐ုံတင္တဲ့အခ်ိန္မွာ သူတို႔က ေဆး႐ုံမွာ စစ္လိုက္ေတာ့ ကိုဗစ္ေရာဂါရွိတယ္ဆိုၿပီးမွာ အဲ့ဒါ ကိုဗစ္ေတြလည္း ျဖစ္ေနတယ္ထင္တယ္။ အဲ့ဒါက်ေနာ္တို႔ကလည္း မစစ္ႏိုင္တဲ့ ေတာထဲမွာ မစစ္ႏိုင္တဲ့အခါက်ေတာ့ က်ေနာ္တို႔ကိုဗစ္ျဖစ္လည္း က်ေနာ္တို႔က မသိဘူး။ အဲ့လိုပဲ ေဆးရိွတဲ့ဟာ မရွိတဲ့ဟာ ေဆးေတြေလ။ အဲ့လိုမ်ဳိးေတြ ကုၿပီးေတာ့ ေနေနၾကတာဆိုေတာ့ အခုက ကိုဗစ္ျဖစ္မွန္းကို က်ေနာ္တို႔ မသိရဘူး။”

စစ္ေဘးဒုကၡသည္ ကိုယ္ဝန္ေဆာင္အမ်ဳိးသမီး တဦးလည္း ဖ်ားနာ၊ ေခ်ာင္းဆိုးၿပီး တကိုယ္လံုးကိုက္ခဲ နာက်င္တယ္လို႔ ေျပာပါတယ္။ လသားအရြယ္ ကေလးငယ္ေတြလည္း အသက္႐ွဴၾကပ္ၿပီး ဖ်ားနာေနၾကတယ္လို႔ ေျပာပါတယ္။

“ရာသီတုပ္ေကြးက ေခ်ာင္းဆိုးတယ္၊ ႏွာေခ်တယ္။ ၿပီးေတာ့ ဘယ္လိုလဲ အန္လည္းအန္ခ်င္တယ္။ တကိုယ္လံုးကိုက္ခဲတယ္။ ဟို အဆစ္ေတြ အကုန္လံုး နာတယ္။ ကိုယ္ဝန္သည္ဆိုေတာ့ေနာ္ ေယာင္လည္း ေယာင္တယ္ေပါ့။ ကိုယ္ဝန္သည္ဆိုေတာ့ေနာ္ တအား အားျပတ္တယ္။ စစ္ေရွာင္ဆိုေတာ့ အဟာရေတြလည္း မရွိ။ အဟာရဆိုတာ ထန္လ်က္ခဲေတာင္မွ လံုးလံုး မစာႏိုင္ေတာ့ဘူး။ လက္ရွိ က်မရဲ႕ ေဘးပတ္ဝန္းက်င္မွာေလး ညီမေတြ ကိုယ့္အစ္ကုိေတြ အစ္မေတြရဲ႕ ကေလးေတြ တစ္လေအာက္ ေတြ ရွိတယ္။ သုံးလေအာက္ေတြ ရွိတယ္။ အဲ့ဒါ ႏွာစီးလို႔ အသက္မရွဴႏိုင္တဲ့ ကေလးေတြ အမ်ားႀကီးရွိတယ္။ ေလး၊ ငါး ေယာက္ ေလာက္ရွိတယ္။”

ဖ်ားနာ ေနမေကာင္းတဲ့ သူေတြအတြက္ ေတာေတာင္ထဲမွာ က်န္းမာေရးကုသမႈ၊ ေဆးဝါးနဲ႔ အစာအဟာရ ရ႐ွိမႈ အေတာ္ခက္ခဲ႐ွားပါးေနတယ္လို႔ စစ္ေဘးဒုကၡသည္ေတြက ဗြီအိုေအ ကို ေျပာပါတယ္။ သူနာျပဳဆရာဝန္ေတြ၊ ေဒသခံ ေဆးအေၾကာင္း နားလည္တဲ့သူေတြဆီက အကူအညီေတာင္းခံၿပီး အဆင္ေျပသလို ကုသေနရတယ္လို႔ ေျပာပါတယ္။ ခ်င္းျပည္နယ္မွာ ေဆာင္းတြင္းကာလ ရာသီဥတုေအးတဲ့အတြက္ အေႏြးထည္၊ ေစာင္ေတြ လိုအပ္သလို ေဆးဝါးနဲ႔ အစားအေသာက္ေတြလည္း အေရးေပၚလိုအပ္ေနတယ္လို႔ ေျပာၾကပါတယ္။

(Unicode)

ဆေးဝါးရိက္ခာ အပူတပြင်းလိုအပ်နေတဲ့ ချင်းစစ်ဘေးရှောင် လူနာများ

ချင်းပြည်နယ် မတူပီမြို့နယ်က တောတောင်ထဲမှာ ပုန်းရှောင်နေကြတဲ့ ရာနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေ ဖျားနာနေကြပြီး တော်တော်များများ ကိုဗစ်ရောဂါလက္ခဏာတွေ ပြနေပေမဲ့ စစ်ဆေးနိုင်ခြင်း မရှိကြပါဘူး။ ရမ်တိန်ကျေးရွာအုပ်စုက စစ်ဘေးဒုက္ခသည်တွေထဲက ဖျားနာနေသူ ၄၀၀ လောက်ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဆေးဝါးနဲ့ အစားအသောက် အလွန်အမင်း လိုအပ်နေတဲ့ ဒုက္ခသည်တွေ ဖျားနာနေတဲ့ အခြေအနေ ရန်ကုန်ကလာတဲ့ သတင်းကို ဦးသိန်းထိုက်ဦး ပြောပြပါမယ်။

ချင်းပြည်နယ်ထဲမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်တဲ့ နေရာတဝိုက် စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာကြောင့် တောတောင်ထဲ ထွက်ပြေးနေကြရတဲ့ မတူပီမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တော်တော်များများ ဖျားနာနေကြပါတယ်။ မတူပီမြို့နယ် ရမ်တိန်ကျေးရွာအုပ်စုက စစ်ဘေးဒုက္ခသည် ၄၀၀ လောက် ဖျားနာချောင်းဆိုးနေကြပြီး တချို့မှာ ကိုဗစ်ရောဂါလက္ခတွေပြနေပေမဲ့ စစ်ဆေးနိုင်တဲ့ အခြေအနေ မရှိဘူးလို့ စစ်ပြေးဒုက္ခသည်တစ်ဦးက VOA ကို ပြောပါတယ်။

“ရမ်တိန်အုပ်စုမှာက လူဦးရေက ဟိုဟာ ၇၀၀ ကျော်ထဲမှာ ၄၀၀ နီးနီးလေးပေါ့နော်၊ ၄၀၀ လောက်ပေါ့ နေမကောင်းသူလေ။ ရာသီတုပ်ကွေးဖြစ်တဲ့သူ နှာစေး ချောင်းဆိုးဖြစ်တဲ့သူတွေ ရှိတယ်။ တယောက်နဲ့ တယောက်ကူးတာပဲဖြစ်မယ်။ ကျနော်တို့က အတူတူစား၊ အတူတူသောက်၊ အတူတူအိပ်ဆိုတော့လေး တယောက်နဲ့ တယောက်ကူးစက်တာပဲ ဖြစ်မှာ။ ရမ်တိန်မှာ။ တနေရာမှာဆိုရင် အနံ့ မရတဲ့သူတွေလည်း ရှိတယ်။ ကိုဗစ်ဖြစ်နိုင်တဲ့ အခြေအနေ။ စစ်ဆေးဖို့က ကိရိယာတွေ ကျနော်တို့မှာ မရှိဘူး။”

ချင်းပြည်နယ် မတူပီမြို့နယ် မတူပီ-မင်းတပ် လမ်းမကြီးတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေအပေါ် စစ်တပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ရမ်တိန်ရွာ၊ ခြန်ပြန်းကရွာ၊ ခြန်ပြန်းခရွာ စတဲ့ ကျေးရွာတွေ ရွာလုံးကြွတ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

နိုဝင်ဘာ ပထမပတ်လောက်က ခြန်ပြန်းကျေးရွာ ကျေးရွာအုပ်စုက အဖျားပြင်းတဲ့ စစ်ဘေးရှောင် အသက်ကြီးပိုင်း အမျိုးသားတဦးကို မတူပီဆေးရုံကြီးကို ပို့တော့မှ ကိုဗစ်ကပ်ရောဂါ ဖြစ်နေတယ်ဆိုတာ စစ်ဆေးတွေ့ရှိတယ်လို့ ခြန်ပြန်းက ကျေးရွာအုပ်စုက ဒေသခံတဦးက ပြောပြပါတယ်။

ခြန်ပြန်းကျေးရွာအုပ်စုက စစ်ဘေးဒုက္ခသည် ၅၀၀ လောက်ရှိပါတယ်။ အဲ့ဒီထဲက သုံးပုံ နှစ်ပုံလောက်ဟာ ဖျားနာ ချောင်းဆိုးနေကြပေမယ့် ကိုဗစ်ဟုတ်၊ မဟုတ် စစ်ဆေးနိုင်တဲ့ အခြေအနေ မရှိဘူးလို့ အခုလို ပြောပါတယ်။

“ရာသီတုပ်ကွေးဖြစ်တာပဲ ရှိတယ်။ ဟိုတခေါက်တုန်းက ရွာက အဖိုးကြီးတယောက် ဒီမှာစစ်ဘေးရှောင်ရင်းနဲ့ ဖျားတယ်။ ဖျားပြီးတော့ ကျနော်တို့ တောလမ်းကနေ မြို့ပေါ်ကို ပေါ့နော်၊ ဆေးရုံကို ပို့ကြတယ်။ အဲ့ဒါ ဆေးရုံတင်တဲ့အချိန်မှာ သူတို့က ဆေးရုံမှာ စစ်လိုက်တော့ ကိုဗစ်ရောဂါရှိတယ်ဆိုပြီးမှာ အဲ့ဒါ ကိုဗစ်တွေလည်း ဖြစ်နေတယ်ထင်တယ်။ အဲ့ဒါကျနော်တို့ကလည်း မစစ်နိုင်တဲ့ တောထဲမှာ မစစ်နိုင်တဲ့အခါကျတော့ ကျနော်တို့ကိုဗစ်ဖြစ်လည်း ကျနော်တို့က မသိဘူး။ အဲ့လိုပဲ ဆေးရှိတဲ့ဟာ မရှိတဲ့ဟာ ဆေးတွေလေ။ အဲ့လိုမျိုးတွေ ကုပြီးတော့ နေနေကြတာဆိုတော့ အခုက ကိုဗစ်ဖြစ်မှန်းကို ကျနော်တို့ မသိရဘူး။”

စစ်ဘေးဒုက္ခသည် ကိုယ်ဝန်ဆောင်အမျိုးသမီး တဦးလည်း ဖျားနာ၊ ချောင်းဆိုးပြီး တကိုယ်လုံးကိုက်ခဲ နာကျင်တယ်လို့ ပြောပါတယ်။ လသားအရွယ် ကလေးငယ်တွေလည်း အသက်ရှူကြပ်ပြီး ဖျားနာနေကြတယ်လို့ ပြောပါတယ်။

“ရာသီတုပ်ကွေးက ချောင်းဆိုးတယ်၊ နှာချေတယ်။ ပြီးတော့ ဘယ်လိုလဲ အန်လည်းအန်ချင်တယ်။ တကိုယ်လုံးကိုက်ခဲတယ်။ ဟို အဆစ်တွေ အကုန်လုံး နာတယ်။ ကိုယ်ဝန်သည်ဆိုတော့နော် ယောင်လည်း ယောင်တယ်ပေါ့။ ကိုယ်ဝန်သည်ဆိုတော့နော် တအား အားပြတ်တယ်။ စစ်ရှောင်ဆိုတော့ အဟာရတွေလည်း မရှိ။ အဟာရဆိုတာ ထန်လျက်ခဲတောင်မှ လုံးလုံး မစာနိုင်တော့ဘူး။ လက်ရှိ ကျမရဲ့ ဘေးပတ်ဝန်းကျင်မှာလေး ညီမတွေ ကိုယ့်အစ်ကိုတွေ အစ်မတွေရဲ့ ကလေးတွေ တစ်လအောက် တွေ ရှိတယ်။ သုံးလအောက်တွေ ရှိတယ်။ အဲ့ဒါ နှာစီးလို့ အသက်မရှူနိုင်တဲ့ ကလေးတွေ အများကြီးရှိတယ်။ လေး၊ ငါး ယောက် လောက်ရှိတယ်။”

ဖျားနာ နေမကောင်းတဲ့ သူတွေအတွက် တောတောင်ထဲမှာ ကျန်းမာရေးကုသမှု၊ ဆေးဝါးနဲ့ အစာအဟာရ ရရှိမှု အတော်ခက်ခဲရှားပါးနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ဗွီအိုအေ ကို ပြောပါတယ်။ သူနာပြုဆရာဝန်တွေ၊ ဒေသခံ ဆေးအကြောင်း နားလည်တဲ့သူတွေဆီက အကူအညီတောင်းခံပြီး အဆင်ပြေသလို ကုသနေရတယ်လို့ ပြောပါတယ်။ ချင်းပြည်နယ်မှာ ဆောင်းတွင်းကာလ ရာသီဥတုအေးတဲ့အတွက် အနွေးထည်၊ စောင်တွေ လိုအပ်သလို ဆေးဝါးနဲ့ အစားအသောက်တွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ပြောကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG