(Zawgyi / Unicode)
ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္အတြက္ အဓိကကုန္စည္စီးဆင္းရာျဖစ္တဲ့ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္နဲ႔ ဆက္သြယ္ထားတဲ့ ေရလမ္းေၾကာင္းကို တပ္မေတာ္ဖက္က ပိတ္ပင္ထားတာေၾကာင့္ ပလက္ဝေဒသခံေတြ အခက္ႀကံဳေနၾကပါတယ္။ ကုန္ေတြ ေရာက္မလာတာေၾကာင့္ ကုန္ေစ်းႏႈန္းေတြ တက္ၿပီး ေဆးဝါးေတြ ႐ွားပါးမႈႀကံဳေနတယ္လုိ႔ ပလက္ဝေဒသခံေတြက ေျပာၾကပါတယ္။ ရခိုင္ျပည္နယ္ကလာတဲ့ ဒီအေၾကာင္းအျပည့္အစံုကိုေတာ့ ကိုရဲမြန္ က တင္ျပေပး ပါမယ္။
ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ စစ္တပ္က အသြားအလာကန္႔သတ္ထားတာေတြေၾကာင့္ စားဝတ္ေနေရးအျပင္ လူမႈစီးပြား ထိခိုက္ေနတယ္လို႔ ပလက္ဝေဒသခံေတြက ေျပာပါ တယ္။ ပလက္ဝၿမိဳ႕နယ္အတြက္ အဓိက ကုန္စည္စီးဆင္းရာျဖစ္တဲ့ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ ေရလမ္းေၾကာင္းကို ေအာက္ တိုဘာလ ၁၄ ရက္ေန႔ကစၿပီး ပိတ္လိုက္တာေၾကာင့္ ျဖစ္တယ္လို႔ ပလက္ဝ ေဒသခံတစ္ဦး ကေျပာပါတယ္။
အရင္က တစ္ပတ္နွစ္ရက္ သြားလာခြင့္ေပးထားရာကေန လံုးဝခြင့္ မျပဳေတာ့တာျဖစ္ပါတယ္။
“တစ္ပတ္ကို နွစ္ရက္ေလာက္ေတာ့ ခလရ ၂၈၉ က သြားခြင့္ျပဳတယ္။ အဲတာကလည္း ကုန္စက္ေလွေတြ ဝန္တင္ ဘုတ္ ေတြပဲ သြားလာခြင့္ရွိတယ္။ လူသီးသန္႔စီးတဲ့ စက္ေလွေတြက်ေတာ့ ခြင့္ျပဳခ်င္တင္ စိစစ္ၿပီးမွပဲ သူတို႔ သြားခြင့္ေပးတယ္။ အခုေနာက္ပိုင္းမွာေတာ့ လူေတြလည္း ဆင္းခြင့္မေပးဘူး။ စက္ေလွကိုလည္း သြားခြင့္မေပးဘူး။ ေအာက္တိုဘာ ၁၄ ရက္ေန႔ထဲက ပိတ္ပင္ထားပါတယ္။ ”
ၿပီးခဲ့တဲ့ နွစ္ေတြတုန္းကလည္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ တပ္မေတာ္ၾကား ရခိုင္ေျမာက္ပိုင္းနဲ႔ ပလက္ဝၿမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြ အႀကီးအက်ယ္ ျဖစ္ပြားခဲ့ခ်ိန္တုန္းကလည္း ပလက္ဝ ေဒသခံေတြ သြားလာမႈကို စစ္တပ္က ပိတ္ပင္ခဲ့ပါတယ္။ တိုက္ပဲြ ၿပီးသြားခ်ိန္ကေန အခုအထိလည္း လြတ္လပ္စြာ မသြားႏိုင္ေသးဘူးလို႔ ပလက္ဝေဒသခံတဦးကေျပာပါတယ္။
“ စစ္ေကာင္စီအစိုးရတက္ကတည္းက က်ေနာ္တို႔ ဒီေန႔ဒီအခ်ိန္ထိ လြတ္လြတ္လပ္လပ္ သြားလာခြင့္ လံုးဝမရွိေသးပါဘူး။ သူတို႔ဥပမာ သြားခြင့္ေပးတာက တပတ္မွာ နွစ္ရက္ေလာက္ သြားခြင့္ရပါတယ္။ ကိုယ္သြားခ်င္သလို သြားလို႔မရဘူး။ စီးပြားေရး က်န္းမာေရး ေဆးကုသမႈခံယူဖို႔ အတြက္ဆိုရင္လည္း လြတ္လြတ္လပ္လပ္ သြားခြင့္မရပါဘူး ပိတ္ပင္မႈေတြနဲ႔ ႀကံဳေတြ႔ေနရတယ္။”
ခ်င္းျပည္နယ္ပလက္ဝ ၿမိဳ႕နယ္ဟာ ရခိုင္ျပည္နယ္ေက်ာက္ေတာ္နဲ႔ နယ္စပ္ၿမိဳ႕ျဖစ္သလို ပလက္ဝအတြက္ လိုအပ္တဲ့ ေဆးဝါးေတြ စားနပ္ရိကၡာေတြအျပင္ တျခား က်န္းမာေရး ပညာေရး စီးပြားေရးေတြက အစ ရခိုင္ျပည္နယ္ကို အဓိက အမွီအခိုျပဳေနၾကရတာလည္း ျဖစ္ပါတယ္။
လက္ရွိမွာေတာ့ ရခိုင္ျပည္နယ္ကို အသြား ပိတ္ပင္ထားတာေၾကာင့္ ပလက္ဝၿမိဳ႕ေပၚမွာ ကုန္းေစ်းနွုန္းေတြလည္း တက္ေနသလို ေဆးဝါးျပတ္လပ္တာေတြနဲ႔ပါ ႀကံဳေတြ႔ေနရတယ္လို႔ ပလက္ဝေဒသခံတဦးက ေျပာပါတယ္။ ပလက္ဝၿမိဳ႕ေပၚရပ္ကြက္ေတြမွာ ရာသီတုပ္ေကြး ျဖစ္ေနသူမ်ားေပမယ့္ ေဆးဝါးရွားပါးမႈေတြ ရွိတယ္လို႔လည္း ပလက္ဝေဒ သခံတစ္ဦးကေျပာပါတယ္။
“ပလက္ဝအတြက္ ကုန္စည္စီးဆင္းမွုက ရခိုင္ျပည္နယ္ကိုပဲ မွီခိုေနတဲ့အတြက္ ရခိုင္ျပည္က စက္ေလွေတြ အတင္အဆင္းမရွိတဲ့ အတြက္ က်ေနာ္တို႔ ပလက္ဝၿမိဳ႕ေပၚမွာ ဆန္ေတြကေတာ့ တရက္ထက္ တရက္ေစ်းတက္တယ္။ ေဆဝါးေတြဆိုရင္ အခု ၿမိဳ႕ေပၚ ရပ္ကြက္ေတြမွာ ရာသီတုပ္ေကြးေတြ ျဖစ္ေနၾကတယ္။ ေဆးဝါးေတြလည္း လံုေလာက္မႈ မရွိဘူး။ ငွက္ဖ်ားေဆးေတြ ဘာေတြလည္း ျပတ္လပ္တဲ့ အေနအထားက ပုိေတြ႔ျမင္ေနရတယ္။ ေဆးဝါးက လံုးဝကို လံုေလာက္မွု မရွိတဲ့ အေနအထားကို ေတြ႔ျမင္ေနရတယ္။”
ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ အသြားအလာကန္႔သတ္ထားတာနဲ႔ ပတ္သတ္ၿပီး ပလက္ဝၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးနဲ႔ တပ္မေတာ္တာဝန္ရွိသူေတြကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမယ့္လည္း ဖုန္းလက္ခံေျဖဆိုခဲ့ျခင္းမရွိပါဘူး။ ခ်င္းျပည္နယ္ထဲက မင္းတပ္၊ ဟားခါး၊ ဖလမ္း၊ မတူပီ စတ့ဲ ၿမိဳ႕ေတြမွာ စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးအဖဲြ႔ေတြၾကား တုိက္ပြဲေတြ႐ွိေနသလို အဲဒီေဒသေတြဘက္ အသြားအလာေတြကို စစ္တပ္က လံုၿခံဳေရး တင္းတင္းၾကပ္ၾကပ္နဲ႔ စိစစ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
(Unicode)
အသွားအလာ ကန့်သတ်မှုကြောင့် ပလက်ဝ ဒေသခံတွေ အခက်ကြုံ
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွက် အဓိကကုန်စည်စီးဆင်းရာဖြစ်တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ ဆက်သွယ်ထားတဲ့ ရေလမ်းကြောင်းကို တပ်မတော်ဖက်က ပိတ်ပင်ထားတာကြောင့် ပလက်ဝဒေသခံတွေ အခက်ကြုံနေကြပါတယ်။ ကုန်တွေ ရောက်မလာတာကြောင့် ကုန်ဈေးနှုန်းတွေ တက်ပြီး ဆေးဝါးတွေ ရှားပါးမှုကြုံနေတယ်လို့ ပလက်ဝဒေသခံတွေက ပြောကြပါတယ်။ ရခိုင်ပြည်နယ်ကလာတဲ့ ဒီအကြောင်းအပြည့်အစုံကိုတော့ ကိုရဲမွန် က တင်ပြပေး ပါမယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ စစ်တပ်က အသွားအလာကန့်သတ်ထားတာတွေကြောင့် စားဝတ်နေရေးအပြင် လူမှုစီးပွား ထိခိုက်နေတယ်လို့ ပလက်ဝဒေသခံတွေက ပြောပါ တယ်။ ပလက်ဝမြို့နယ်အတွက် အဓိက ကုန်စည်စီးဆင်းရာဖြစ်တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရေလမ်းကြောင်းကို အောက် တိုဘာလ ၁၄ ရက်နေ့ကစပြီး ပိတ်လိုက်တာကြောင့် ဖြစ်တယ်လို့ ပလက်ဝ ဒေသခံတစ်ဦး ကပြောပါတယ်။
အရင်က တစ်ပတ်နှစ်ရက် သွားလာခွင့်ပေးထားရာကနေ လုံးဝခွင့် မပြုတော့တာဖြစ်ပါတယ်။
“တစ်ပတ်ကို နှစ်ရက်လောက်တော့ ခလရ ၂၈၉ က သွားခွင့်ပြုတယ်။ အဲတာကလည်း ကုန်စက်လှေတွေ ဝန်တင် ဘုတ် တွေပဲ သွားလာခွင့်ရှိတယ်။ လူသီးသန့်စီးတဲ့ စက်လှေတွေကျတော့ ခွင့်ပြုချင်တင် စိစစ်ပြီးမှပဲ သူတို့ သွားခွင့်ပေးတယ်။ အခုနောက်ပိုင်းမှာတော့ လူတွေလည်း ဆင်းခွင့်မပေးဘူး။ စက်လှေကိုလည်း သွားခွင့်မပေးဘူး။ အောက်တိုဘာ ၁၄ ရက်နေ့ထဲက ပိတ်ပင်ထားပါတယ်။ ”
ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ တပ်မတော်ကြား ရခိုင်မြောက်ပိုင်းနဲ့ ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ချိန်တုန်းကလည်း ပလက်ဝ ဒေသခံတွေ သွားလာမှုကို စစ်တပ်က ပိတ်ပင်ခဲ့ပါတယ်။ တိုက်ပွဲ ပြီးသွားချိန်ကနေ အခုအထိလည်း လွတ်လပ်စွာ မသွားနိုင်သေးဘူးလို့ ပလက်ဝဒေသခံတဦးကပြောပါတယ်။
“ စစ်ကောင်စီအစိုးရတက်ကတည်းက ကျနော်တို့ ဒီနေ့ဒီအချိန်ထိ လွတ်လွတ်လပ်လပ် သွားလာခွင့် လုံးဝမရှိသေးပါဘူး။ သူတို့ဥပမာ သွားခွင့်ပေးတာက တပတ်မှာ နှစ်ရက်လောက် သွားခွင့်ရပါတယ်။ ကိုယ်သွားချင်သလို သွားလို့မရဘူး။ စီးပွားရေး ကျန်းမာရေး ဆေးကုသမှုခံယူဖို့ အတွက်ဆိုရင်လည်း လွတ်လွတ်လပ်လပ် သွားခွင့်မရပါဘူး ပိတ်ပင်မှုတွေနဲ့ ကြုံတွေ့နေရတယ်။”
ချင်းပြည်နယ်ပလက်ဝ မြို့နယ်ဟာ ရခိုင်ပြည်နယ်ကျောက်တော်နဲ့ နယ်စပ်မြို့ဖြစ်သလို ပလက်ဝအတွက် လိုအပ်တဲ့ ဆေးဝါးတွေ စားနပ်ရိက္ခာတွေအပြင် တခြား ကျန်းမာရေး ပညာရေး စီးပွားရေးတွေက အစ ရခိုင်ပြည်နယ်ကို အဓိက အမှီအခိုပြုနေကြရတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရခိုင်ပြည်နယ်ကို အသွား ပိတ်ပင်ထားတာကြောင့် ပလက်ဝမြို့ပေါ်မှာ ကုန်းဈေးနှုန်းတွေလည်း တက်နေသလို ဆေးဝါးပြတ်လပ်တာတွေနဲ့ပါ ကြုံတွေ့နေရတယ်လို့ ပလက်ဝဒေသခံတဦးက ပြောပါတယ်။ ပလက်ဝမြို့ပေါ်ရပ်ကွက်တွေမှာ ရာသီတုပ်ကွေး ဖြစ်နေသူများပေမယ့် ဆေးဝါးရှားပါးမှုတွေ ရှိတယ်လို့လည်း ပလက်ဝဒေ သခံတစ်ဦးကပြောပါတယ်။
“ပလက်ဝအတွက် ကုန်စည်စီးဆင်းမှုက ရခိုင်ပြည်နယ်ကိုပဲ မှီခိုနေတဲ့အတွက် ရခိုင်ပြည်က စက်လှေတွေ အတင်အဆင်းမရှိတဲ့ အတွက် ကျနော်တို့ ပလက်ဝမြို့ပေါ်မှာ ဆန်တွေကတော့ တရက်ထက် တရက်ဈေးတက်တယ်။ ဆေဝါးတွေဆိုရင် အခု မြို့ပေါ် ရပ်ကွက်တွေမှာ ရာသီတုပ်ကွေးတွေ ဖြစ်နေကြတယ်။ ဆေးဝါးတွေလည်း လုံလောက်မှု မရှိဘူး။ ငှက်ဖျားဆေးတွေ ဘာတွေလည်း ပြတ်လပ်တဲ့ အနေအထားက ပိုတွေ့မြင်နေရတယ်။ ဆေးဝါးက လုံးဝကို လုံလောက်မှု မရှိတဲ့ အနေအထားကို တွေ့မြင်နေရတယ်။”
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အသွားအလာကန့်သတ်ထားတာနဲ့ ပတ်သတ်ပြီး ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တပ်မတော်တာဝန်ရှိသူတွေကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိပါဘူး။ ချင်းပြည်နယ်ထဲက မင်းတပ်၊ ဟားခါး၊ ဖလမ်း၊ မတူပီ စတဲ့ မြို့တွေမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေရှိနေသလို အဲဒီဒေသတွေဘက် အသွားအလာတွေကို စစ်တပ်က လုံခြုံရေး တင်းတင်းကြပ်ကြပ်နဲ့ စိစစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။