သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာနာမှုအထောက်အပံ့တွေ ပို့ဆောင်ရေး ဒုက္ခရောက်အောင်မြန်မာစစ်တပ်လုပ်နေ (လူ့အခွင့်အရေးအဖွဲ့)


ရန်ကုန်ဆင်းရဲသားရပ်ကွက်တွေအတွက် ကမ္ဘာ့စားနပ်ရိက္ခအစီအစဉ်က အစားအစာလှူဒါန်းမှု (မေလ ၂၁၊ ၂၀၂၁)
ရန်ကုန်ဆင်းရဲသားရပ်ကွက်တွေအတွက် ကမ္ဘာ့စားနပ်ရိက္ခအစီအစဉ်က အစားအစာလှူဒါန်းမှု (မေလ ၂၁၊ ၂၀၂၁)

[[Zawgyi/Unicode]]

လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့တွေ ပို့ဆောင်ရာမှာ အကြပ်အတည်းဖြစ်အောင်မြန်မာစစ်တပ်က လုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့ကစလို့ထောင်သောင်းချီတဲ့ မိသားစုတွေဟာ နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ရပြီး လက်နက်ကိုင် ခုခံဆန့်ကျင်သူတွေကို ချေမှုန်းဖို့ ရည်ရွယ်ချက်နဲ့ ဒေသခံတွေရဲ့စားနပ်ရိက္ခာ၊ ပိုင်ဆိုင်မှုတွေကိုလည်း ဖျက်စီးပစ်နေတယ်ဆိုပြီး ထောက်ပြပါတယ်။

မြန်မာစစ်တပ်နဲ့ လက်နက်ကိုင် ဆန့်ကျင်ခုခံကြတဲ့ အဖွဲ့ဟောင်း အဖွဲ့သစ်တွေရဲ့တိုက်ပွဲကြောင့် လစဉ်လတိုင်း ဒေသခံတွေဟာ ကိုယ့်မြို့ကိုယ့်ရွာကနေ စွန့်ခွာထွက်ပြေးလာရပြီး ဒီဇင်ဘာ အစောပိုင်းထိ အရေအတွက်အရ လူဦးရေ ၂၈၄,၀၀၀ ကျော် ရှိနေပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ အဲဒီထဲက တော်တော်များများဟာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုနဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွါးလ့ရှိတဲ့ ဝေးလံခေါင်သီတဲ့မြန်မာနိုင်ငံ အနောက်မြောက်နဲ့ အရှေ့တောင်ဒေသက ဖြစ်ပါတယ်။

"စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအတွက် ထောက်ပံ့ရေးလမ်းကြောင်းတွေကို ပိတ်ဆို့နေတဲ့တချိန်တည်းမှာ ဒေသခံတွေအတွက် လိုအပ်တဲ့ ထောာက်ပံ့ရေးလမ်းကြောင်းကိုပါ ပိတ်ဆို့တာတွေ့ရပါတယ်။ ဒီပစ္စည်းတွေဟာ လူတွေရဲ့သာမန်အခြေခံလိုအပ်ချက် တွေပါ" လို့ Amnesty International အဖွဲ့ဒေသဆိုင်ရာ သုတေသန ညွှန်ကြားရေးမှူး Emerlynne Gil က ဗွီအိုအေကို ပြောပါတယ်။

သောကြာနေ့က ထုတ်ပြန်တဲ့ အကူအညီပေးရေးဆိုင်ရာ အစီအရင်ခံစာမှာ ရွှေ့ပြောင်းနေထိုင်ရတဲ့ မိသားစုတွေ၊ ဒေသဆိုင်ရာ စေတနာ့ဝန်ထမ်းတွေကို ကိုးကားပြီးအဲဒီလို ရေးသားထားပါတယ်။ ကုလသမဂ္ဂကလည်း စစ်တပ်ရဲ့အခုလိုအပြုအမူတွေဟာ အကူအညီပေးရေးအစီအစဉ်တွေ နှောင့်နှေးကြံ့ကြာစေသလို လူတွေ ဘေးဒုက္ခနဲ့ ပိုပြီး တွေ့ကြုံစေတယ်လို့ ဆိုပါတယ်။

"ဒေသခံတွေနဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေဟာ ထွက်ပြေး ရှောင်တိမ်းနေရတဲ့ ဒေသခံတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပို့ဆောင်ဖို့ ကြိုးစားပေမယ့်လည်း စစ်တပ်နဲ့ရဲက လမ်းတွေကို ပိတ်ဆို့ထားသလိုထောက်ပံ့ရေးပစ္စည်းတွေကို သိမ်းဆည်းတာ၊ မီးရှို့ဖျက်စီးတာ၊ အကူအညီပေးရေးအဖွဲ့ဝင်တွေကိုလည်း ဖမ်းဆီးပါတယ်" လို့HRW. လူ့အခွင့်အရေးအဖွဲ့ကြီးကအာရှသုတေသီ Shayna Bauchner ကလည်း ပြောပါတယ်။

တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတဲ့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်အာဏာသိမ်းပြီးကတည်းက လူပေါင်း ၈၀,၀၀၀ကျော် အိုးအိမ်မဲ့ဖြစ်ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အကူအညီပေးရေးအဖွဲ့တွေအနေနဲ့ အဓိကကျတဲ့ မြို့ကြီးအချို့ကို ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်နိုင်ပေမယ့် ကိုယ့်နေအိမ်တွေကို စွန့်ခွာပြီး တော တောင်တွေအတွင်း ပုန်းအောင်းနေထိုင်ရသူတွေကို ကူညီဖို့ အတွက်တော့ စစ်တပ်က ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီလို ကူညီဖို့ကြိုးစားသူတွေအနေနဲ့ ဖမ်းဆီးခံရတာ ဒါမှ မဟုတ် ပျောက်ဆုံးတာတွေရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

"ဒေသခံတွေ အစာရေစာပြတ်လပ်အောင် အင်အားချိနည့်အောင် ရည်ရွယ်ပြီး လုပ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒေသတွင်းမှာ ရှိနေသူတွေအားလုံးကို ထိခိုက်အောင် လုပ်တာပါ" လို့ ချင်း လူ့အခွင့် အရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဆလိုင်း Za Uk Lingက ပြောပါတယ်။

အခုလို အခြေအနေတွေကြောင့် သူတို့အဖွဲ့ဟာ အိန္ဒိယနဲ့ မြန်မာနယ်စပ်အနီးမှာ ခိုလှုံနေသူတွေအတွက် ဆန်၊ ဆီ၊ ပဲ တွေကို အိန္ဒိယကနေတဆင့် လျှို့ဝှက် ပို့ဆောင်ပေးနေရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီလို အားထုတ်ကြိုးပမ်းမှုဟာ သမုဒ္ဒရာထဲက ရေတစက်ပမာပဲရှိလိမ့်မယ်လို့လည်း ပြောပါတယ်။ တချို့ ရွှေ့ပြောင်း နေထိုင်ရသူတွေဆိုရင် စစ်တပ်ရဲ့ ဘေးရန်ကိုကြောက်ပြီး ဆေးကုသဖို့ဆေးရုံ ဆေးခန်းမသွားနိုင်တာကြောင့် သေဆုံးကုန်တယ်လို့ ဆိုပါတယ်။

အခုလို ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်တာဝန်ရှိသူတွေကို ဆက်သွယ်ရာမှာ ဆက်သွယ်လို့မရခဲ့ပါဘူး။

===============

[[Unicode]]












XS
SM
MD
LG