သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းနဲ႔မေကြးက ခုခံစစ္မ်ား။ (ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သံုးသပ္ခ်က္)


A clash in Yin Mar Pin township, Sagaing Division
တိုက္႐ိုက္ လင့္ခ္

စစ္ေကာင္စီတပ္ရဲ႕ ပစ္ခတ္ႏွိမ္နင္းမႈကို ခုခံတိုက္ခိုက္လို႔ ထင္ရွားတဲ့ နယ္ေျမေတြထဲမွာ စစ္ကိုင္းနဲ႔ မေကြးတိုင္းတို႔ ပါဝင္ပါတယ္။ တိုင္းႀကီး (၇) တိုင္းမွာ စစ္ကိုင္းတိုင္းဟာ အက်ယ္ဝန္းဆုံးပါ။ ျမန္မာျပည္အလယ္ပိုင္းက ေျမာက္ပိုင္းစြန္းအနီးအထိ ရွည္လ်ားပါတယ္။ ေျမာက္ဘက္စြန္း ခႏၲီးခ႐ိုင္က ေတာင္ဘက္စြန္း ယင္းမာပင္ခ႐ိုင္အထိ (၁၁) ခ႐ိုင္ ရွိပါတယ္။ ဒီအထဲမွာ ယင္းမာပင္၊ ေ႐ႊဘို၊ စစ္ကိုင္း၊ မုံ႐ြာနဲ႔ ကေလးခ႐ိုင္ေတြမွာ ခုခံေရးတိုက္ပြဲေတြ စတင္တာ ေတြ႕ရပါတယ္။ အခုေတာ့ အျခားအရပ္ေဒသမ်ားမွာပါ ရရာလက္နက္နဲ႔ ခုခံတြန္းလွန္ေနၾကၿပီျဖစ္လို႔ စစ္ကိုင္းတိုင္းကို ခ်ဳပ္ကိုင္ဖို႔ ခက္ခဲႏိုင္ပါတယ္။

စစ္ကိုင္းတိုင္းမွာ ေက်း႐ြာေပါင္း (၅,၉၉၁) ရွိၿပီး လူဦးေရ ငါးသန္းေက်ာ္ရွိတာမို႔ ေရရွည္ခုခံစစ္ ဆင္ႏႊဲႏိုင္မယ့္ အေျခအေန ရွိပါတယ္။ မေကြးတိုင္းမွာေတာ့ ေက်း႐ြာ (၄,၇၈၈) ရွိၿပီး လူဦးေရက (၄) သန္းနီးပါး ရွိပါတယ္။ ေဒသခံ PDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြက မိုင္းေထာင္၊ မိုင္းဆြဲ တိုက္ခိုက္တာ မ်ားပါတယ္။ စစ္ေကာင္စီတပ္ကေတာ့ ေက်း႐ြာေတြမွာ တပ္စြဲၿပီး အိမ္မီးရႈိ႕မႈ၊ အရပ္သားေတြကို ဖမ္းဆီးၿပီး လူသားဒိုင္းအျဖစ္ အသုံးခ်မႈ၊ ေလေၾကာင္းတိုက္ခိုက္မႈ စတာေတြနဲ႔ ထိုးစစ္ဆင္ၿပီး တုံ႔ျပန္ပါတယ္။ PDF တပ္ကို ရင္ဆိုင္မယ့္အစား ႐ြာထဲကို အေဝးကေန လက္နက္ႀကီးနဲ႔ လွမ္းပစ္ပါတယ္။

ကနီၿမိဳ႕နယ္မွာ တူမီးကိုင္ကနီ PDF နဲ႔ စစ္ေကာင္စီတပ္တို႔ ဧၿပီနဲ႔ေမလမွာ ႏွစ္လနီးပါးတိုက္ခိုက္ရာ ကနီဘက္က (၅၀) ေက်ာ္ က်ဆုံးၿပီး စစ္ေကာင္စီဘက္က (၃၀၀) ေလာက္ ေသဆုံးေၾကာင္း ေမလ (၂၇) ရက္ေန႔ထုတ္ RFA သတင္းမွာ ေဖာ္ျပပါတယ္။ ကနီၿမိဳ႕နယ္မွာ မၾကာခဏ တိုက္ပြဲျဖစ္ပြားတာမို႔ ႐ြာေပါင္း (၅၀) ေက်ာ္က စစ္ေဘးေရွာင္သူ ေသာင္းခ်ီ ရွိႏိုင္တယ္လို႔ ကနီ PDF ေျပာတာကို ဇူလိုင္လ (၁) ရက္ေန႔ထုတ္ RFAသတင္းမွာ ေဖာ္ျပပါတယ္။ ေရဦးၿမိဳ႕နယ္နဲ႔ ကေလးၿမိဳ႕နယ္ေတြမွာ ရဟတ္ယာဥ္ေတြနဲ႔ ပစ္ခတ္ၿပီး ႐ြာထဲဝင္ မီးရႈိ႕ေၾကာင္း ဒီဇင္ဘာ (၂၇) ရက္ထုတ္ DVB သတင္းမွာ ေဖာ္ျပပါတယ္။ ဒါေပမဲ့ စစ္ေကာင္စီတပ္ကို ခုခံတိုက္ခိုက္ခ်င္သူ တိုးပြားေနပါတယ္။ ရဟတ္ယာဥ္ေတြ ပ်ံဝဲေနတဲ့ၾကားက မုံ႐ြာေတာင္ဘက္ ေခ်ာင္းဦးၿမိဳ႕အနီးမွာ စစ္ေကာင္စီယာဥ္တန္းကို ေဒသခံ PDF က ပထမဦးဆုံးအႀကိမ္ မိုင္းဆြဲတိုက္ခိုက္ပုံကို ဒီဇင္ဘာ (၃၁) ရက္ေန႔ထုတ္ VOA သတင္းမွာ ေဖာ္ျပပါတယ္။

စစ္ကိုင္းတိုင္း ကန႔္ဘလူခ႐ိုင္၊ ကြၽန္းလွၿမိဳ႕နယ္မွာ ေဒသခံ PDF အဖြဲ႕ေတြ တိုးပြားလာေၾကာင္း သိရပါတယ္။ KIA ကခ်င္တပ္ဖြဲ႕ အကူအညီနဲ႔ လက္လုပ္မိုင္းနဲ႔ လက္လုပ္ေသနတ္ေတြကို ထုတ္လုပ္ၿပီး စစ္သင္တန္းလည္း ေပးေနပါတယ္။ ကြၽန္းလွေဒသမွာတင္ PDF ေတြ ေထာင္ခ်ီ ရွိမယ္လို႔ ခန႔္မွန္းရပါတယ္။ စစ္ေကာင္စီတပ္က ရဟတ္ယာဥ္ (၄) စီး၊ ဂ်က္တိုက္ေလယာဥ္ (၂) စီးနဲ႔ ေအာက္တိုဘာလ (၂၈) ရက္ေန႔က ထိုးစစ္ဆင္ေၾကာင္း Myanmar Now က သတင္းေပးပို႔ပါတယ္။ စစ္ကိုင္းနဲ႔ မေကြးတိုင္းက တူမီးကိုင္ PDF ကို စစ္ဆင္ရာမွာ ခက္ခဲလာတဲ့အတြက္ စစ္ေကာင္စီတပ္က တိုက္ေလယာဥ္နဲ႔ စစ္ရဟတ္ယာဥ္ကို ေနရာတိုင္းမွာ အသုံးျပဳလာတာ ျဖစ္ပုံရပါတယ္။

ျပည္သူ႔ကာကြယ္ေရးတပ္ေတြဟာ စစ္လက္နက္ပစၥည္း ထုတ္လုပ္ဖို႔ ႀကိဳးစားအားထုတ္ေနပုံကို မေကြးတိုင္း ၿမိဳင္ၿမိဳ႕နယ္ PDF ဥကၠ႒ ဦးေအာင္ေဇယ် ကို ေျမလတ္အသံ သတင္းဌာနက ဒီဇင္ဘာလ (၂၇) ရက္ေန႔က ဆက္သြယ္ေမးျမန္းပါတယ္။ လက္လုပ္ RPG နည္းပညာ ရထားၿပီျဖစ္လို႔ ပုခုံးထမ္းေရွာ့ဂန္း ထုတ္လုပ္ဖို႔ ႀကိဳးစားေနတယ္ လို႔ ဆိုပါတယ္။ ေလာေလာဆယ္ေတာ့ ဆြဲမိုင္း၊ တိုက္မိုင္းနဲ႔ Remote မိုင္းေတြကို ထုတ္လုပ္ၿပီး ခုခံစစ္ဆင္ႏႊဲေနပါတယ္။ လက္နက္တီထြင္ထုတ္လုပ္ရတာ အလြန္အႏၲရာယ္ရွိပါတယ္။ စမ္းသပ္ရင္း အခ်ိန္အဆမမွန္လို႔ ထိခိုက္ ဒဏ္ရာရတာမ်ိဳးေတြ ရွိပါတယ္။ တခါတေလ အသက္ဆုံးရႈံးရတဲ့အထိ ျဖစ္သြားပါတယ္။ စစ္ေကာင္စီ ဗ်ဴဟာေျပာင္း တိုက္ခိုက္သလို PDF ေတြကလည္း ဗ်ဴဟာေျပာင္းၿပီး မျဖစ္မေန ခုခံတိုက္ခိုက္ေနမွာ ျဖစ္တယ္လို႔ ဦးေအာင္ေဇယ်က ေျပာပါတယ္။

စစ္ေကာင္စီကို မေထာက္ခံလို႔ တပ္ကထြက္ေျပးၿပီး PDF နဲ႔ ပူးေပါင္းလိုက္သူေတြ ရွိေပမယ့္ တပ္ကမထြက္ဘဲ PDF ကို အလႉေငြထည့္ၿပီး ေထာက္ခံသူေတြကေတာ့ အလြန္ရွားမယ္ ထင္ပါတယ္။ ဒါေပမဲ့ မုံ႐ြာအေျခစိုက္ စစ္ေကာင္စီတပ္ (ခမရ/၁၆) က မုံ႐ြာ PDF ကို က်ပ္ (၅) သိန္းလႉဒါန္းတဲ့အေၾကာင္းကို ႏိုဝင္ဘာလ (၁၆) ရက္ေန႔ ထုတ္ Myanmar Now သတင္းမွာ ေဖာ္ျပပါတယ္။

တူမီးေသနတ္နဲ႔ စလိုက္တဲ့ ေဒသခံ PDF ေတြရဲ႕ ခုခံစစ္ကို စစ္ေကာင္စီက ေလေၾကာင္းကေန အျပင္းအထန္ တိုက္ခိုက္လာပါတယ္။ တပ္သားေတြကို ရဟတ္ယာဥ္နဲ႔ ပို႔ေဆာင္ၿပီး ေက်း႐ြာေတြကို တိုက္ခိုက္ခိုင္းပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ပတ္ေလာက္ကပဲ ပုလဲၿမိဳ႕နယ္နဲ႔ ဒီပဲယင္းမွာ ေလေၾကာင္းထိုးစစ္ေတြ လုပ္ပါတယ္။ ၂၀၂၁ အတြင္း စစ္ကိုင္းတိုင္းမွာ မိုင္းဆြဲ မိုင္းေထာင္မႈအပါအဝင္ တိုက္ပြဲသုံးရာေက်ာ္ ျဖစ္ပြားၿပီး စစ္ေကာင္စီတပ္သား (၇၀၀) ခန႔္ ေသဆုံးကာ ေနအိမ္ (၅၀၀၀) ေက်ာ္ ဖ်က္ဆီးခံရၿပီး၊ စစ္ေရွာင္သူ (၆) ေသာင္းေက်ာ္ ရွိႏိုင္ေၾကာင္း ဇန္နဝါရီလ (၁၂) ရက္ေန႔ထုတ္ ဧရာဝတီသတင္းမွာ ေဖာ္ျပထားပါတယ္။

======Unicode======

ဦးအောင်ခင်ရဲ့မြန်မာ့အရေး သုံးသပ်ချက်

စစ်ကိုင်းနဲ့မကွေးက ခုခံစစ်များ

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်နှိမ်နင်းမှုကို ခုခံတိုက်ခိုက်လို့ ထင်ရှားတဲ့ နယ်မြေတွေထဲမှာ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့ ပါဝင်ပါတယ်။ တိုင်းကြီး (၇) တိုင်းမှာ စစ်ကိုင်းတိုင်းဟာ အကျယ်ဝန်းဆုံးပါ။ မြန်မာပြည်အလယ်ပိုင်းက မြောက်ပိုင်းစွန်းအနီးအထိ ရှည်လျားပါတယ်။ မြောက်ဘက်စွန်း ခန္တီးခရိုင်က တောင်ဘက်စွန်း ယင်းမာပင်ခရိုင်အထိ (၁၁) ခရိုင် ရှိပါတယ်။ ဒီအထဲမှာ ယင်းမာပင်၊ ရွှေဘို၊ စစ်ကိုင်း၊ မုံရွာနဲ့ ကလေးခရိုင်တွေမှာ ခုခံရေးတိုက်ပွဲတွေ စတင်တာ တွေ့ရပါတယ်။ အခုတော့ အခြားအရပ်ဒေသများမှာပါ ရရာလက်နက်နဲ့ ခုခံတွန်းလှန်နေကြပြီဖြစ်လို့ စစ်ကိုင်းတိုင်းကို ချုပ်ကိုင်ဖို့ ခက်ခဲနိုင်ပါတယ်။

စစ်ကိုင်းတိုင်းမှာ ကျေးရွာပေါင်း (၅,၉၉၁) ရှိပြီး လူဦးရေ ငါးသန်းကျော်ရှိတာမို့ ရေရှည်ခုခံစစ် ဆင်နွှဲနိုင်မယ့် အခြေအနေ ရှိပါတယ်။ မကွေးတိုင်းမှာတော့ ကျေးရွာ (၄,၇၈၈) ရှိပြီး လူဦးရေက (၄) သန်းနီးပါး ရှိပါတယ်။ ဒေသခံ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းထောင်၊ မိုင်းဆွဲ တိုက်ခိုက်တာ များပါတယ်။ စစ်ကောင်စီတပ်ကတော့ ကျေးရွာတွေမှာ တပ်စွဲပြီး အိမ်မီးရှို့မှု၊ အရပ်သားတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးချမှု၊ လေကြောင်းတိုက်ခိုက်မှု စတာတွေနဲ့ ထိုးစစ်ဆင်ပြီး တုံ့ပြန်ပါတယ်။ PDF တပ်ကို ရင်ဆိုင်မယ့်အစား ရွာထဲကို အဝေးကနေ လက်နက်ကြီးနဲ့ လှမ်းပစ်ပါတယ်။

ကနီမြို့နယ်မှာ တူမီးကိုင်ကနီ PDF နဲ့ စစ်ကောင်စီတပ်တို့ ဧပြီနဲ့မေလမှာ နှစ်လနီးပါးတိုက်ခိုက်ရာ ကနီဘက်က (၅၀) ကျော် ကျဆုံးပြီး စစ်ကောင်စီဘက်က (၃၀၀) လောက် သေဆုံးကြောင်း မေလ (၂၇) ရက်နေ့ထုတ် RFA သတင်းမှာ ဖော်ပြပါတယ်။ ကနီမြို့နယ်မှာ မကြာခဏ တိုက်ပွဲဖြစ်ပွားတာမို့ ရွာပေါင်း (၅၀) ကျော်က စစ်ဘေးရှောင်သူ သောင်းချီ ရှိနိုင်တယ်လို့ ကနီ PDF ပြောတာကို ဇူလိုင်လ (၁) ရက်နေ့ထုတ် RFAသတင်းမှာ ဖော်ပြပါတယ်။ ရေဦးမြို့နယ်နဲ့ ကလေးမြို့နယ်တွေမှာ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ပြီး ရွာထဲဝင် မီးရှို့ကြောင်း ဒီဇင်ဘာ (၂၇) ရက်ထုတ် DVB သတင်းမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ချင်သူ တိုးပွားနေပါတယ်။ ရဟတ်ယာဉ်တွေ ပျံဝဲနေတဲ့ကြားက မုံရွာတောင်ဘက် ချောင်းဦးမြို့အနီးမှာ စစ်ကောင်စီယာဉ်တန်းကို ဒေသခံ PDF က ပထမဦးဆုံးအကြိမ် မိုင်းဆွဲတိုက်ခိုက်ပုံကို ဒီဇင်ဘာ (၃၁) ရက်နေ့ထုတ် VOA သတင်းမှာ ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ ဒေသခံ PDF အဖွဲ့တွေ တိုးပွားလာကြောင်း သိရပါတယ်။ KIA ကချင်တပ်ဖွဲ့ အကူအညီနဲ့ လက်လုပ်မိုင်းနဲ့ လက်လုပ်သေနတ်တွေကို ထုတ်လုပ်ပြီး စစ်သင်တန်းလည်း ပေးနေပါတယ်။ ကျွန်းလှဒေသမှာတင် PDF တွေ ထောင်ချီ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ စစ်ကောင်စီတပ်က ရဟတ်ယာဉ် (၄) စီး၊ ဂျက်တိုက်လေယာဉ် (၂) စီးနဲ့ အောက်တိုဘာလ (၂၈) ရက်နေ့က ထိုးစစ်ဆင်ကြောင်း Myanmar Now က သတင်းပေးပို့ပါတယ်။ စစ်ကိုင်းနဲ့ မကွေးတိုင်းက တူမီးကိုင် PDF ကို စစ်ဆင်ရာမှာ ခက်ခဲလာတဲ့အတွက် စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ်ကို နေရာတိုင်းမှာ အသုံးပြုလာတာ ဖြစ်ပုံရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ဖို့ ကြိုးစားအားထုတ်နေပုံကို မကွေးတိုင်း မြိုင်မြို့နယ် PDF ဥက္ကဋ္ဌ ဦးအောင်ဇေယျ ကို မြေလတ်အသံ သတင်းဌာနက ဒီဇင်ဘာလ (၂၇) ရက်နေ့က ဆက်သွယ်မေးမြန်းပါတယ်။ လက်လုပ် RPG နည်းပညာ ရထားပြီဖြစ်လို့ ပုခုံးထမ်းရှော့ဂန်း ထုတ်လုပ်ဖို့ ကြိုးစားနေတယ် လို့ ဆိုပါတယ်။ လောလောဆယ်တော့ ဆွဲမိုင်း၊ တိုက်မိုင်းနဲ့ Remote မိုင်းတွေကို ထုတ်လုပ်ပြီး ခုခံစစ်ဆင်နွှဲနေပါတယ်။ လက်နက်တီထွင်ထုတ်လုပ်ရတာ အလွန်အန္တရာယ်ရှိပါတယ်။ စမ်းသပ်ရင်း အချိန်အဆမမှန်လို့ ထိခိုက် ဒဏ်ရာရတာမျိုးတွေ ရှိပါတယ်။ တခါတလေ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်သွားပါတယ်။ စစ်ကောင်စီ ဗျူဟာပြောင်း တိုက်ခိုက်သလို PDF တွေကလည်း ဗျူဟာပြောင်းပြီး မဖြစ်မနေ ခုခံတိုက်ခိုက်နေမှာ ဖြစ်တယ်လို့ ဦးအောင်ဇေယျက ပြောပါတယ်။

စစ်ကောင်စီကို မထောက်ခံလို့ တပ်ကထွက်ပြေးပြီး PDF နဲ့ ပူးပေါင်းလိုက်သူတွေ ရှိပေမယ့် တပ်ကမထွက်ဘဲ PDF ကို အလှူငွေထည့်ပြီး ထောက်ခံသူတွေကတော့ အလွန်ရှားမယ် ထင်ပါတယ်။ ဒါပေမဲ့ မုံရွာအခြေစိုက် စစ်ကောင်စီတပ် (ခမရ/၁၆) က မုံရွာ PDF ကို ကျပ် (၅) သိန်းလှူဒါန်းတဲ့အကြောင်းကို နိုဝင်ဘာလ (၁၆) ရက်နေ့ ထုတ် Myanmar Now သတင်းမှာ ဖော်ပြပါတယ်။

တူမီးသေနတ်နဲ့ စလိုက်တဲ့ ဒေသခံ PDF တွေရဲ့ ခုခံစစ်ကို စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်လာပါတယ်။ တပ်သားတွေကို ရဟတ်ယာဉ်နဲ့ ပို့ဆောင်ပြီး ကျေးရွာတွေကို တိုက်ခိုက်ခိုင်းပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကပဲ ပုလဲမြို့နယ်နဲ့ ဒီပဲယင်းမှာ လေကြောင်းထိုးစစ်တွေ လုပ်ပါတယ်။ ၂၀၂၁ အတွင်း စစ်ကိုင်းတိုင်းမှာ မိုင်းဆွဲ မိုင်းထောင်မှုအပါအဝင် တိုက်ပွဲသုံးရာကျော် ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၇၀၀) ခန့် သေဆုံးကာ နေအိမ် (၅၀၀၀) ကျော် ဖျက်ဆီးခံရပြီး၊ စစ်ရှောင်သူ (၆) သောင်းကျော် ရှိနိုင်ကြောင်း ဇန်နဝါရီလ (၁၂) ရက်နေ့ထုတ် ဧရာဝတီသတင်းမှာ ဖော်ပြထားပါတယ်။

PDF, Sagaing, Magwe, PDF Defensive War, Military Troops, SAC, NUG, EAOs, စစ်ကိုင်း၊ မကွေး၊ ခုခံစစ်၊ ပြည်သူ့ကာကွယ်ရေးတပ်၊ အာဏာသိမ်းစစ်ကောင်စီ၊

XS
SM
MD
LG