သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခ်င္းတြင္းျမစ္က ခုခံစစ္မ်ား


စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕မွာ PDF အလံကိုင္ၿပီး ခ်ီတက္ဆႏၵျပသူမ်ား။ (ဓာတ္ပံု -CJ) ေမ ၂၉ ၊ ၂၀၂၁
ခ်င္းတြင္းျမစ္က ခုခံစစ္မ်ား
please wait

No media source currently available

0:00 0:05:15 0:00
တိုက္႐ိုက္ လင့္ခ္

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရးသုံးသပ္ခ်က္

စစ္ကိုင္းတိုင္းရဲ ႔ ပင္မေရေၾကာင္းျဖစ္တဲ့ ခ်င္းတြင္းျမစ္ဟာ မိုင္ (၇၂၀) ရွည္လ်ားၿပီး ေျမာက္ကေတာင္ကို စီးဆင္းပါတယ္။ ျမင္းၿခံအနီးမွာ ဧရာဝတီျမစ္နဲ႔ ထိေတြ႔တာမုိ႔ သယ္ယူပို႔ေဆာင္ေရးမွာ ခ်င္းတြင္းျမစ္ဟာ အေရးပါေနဆဲ ျဖစ္ပါတယ္။ (၂၀၀၂) က မံုရြာမွာ ခ်င္းတြင္းတံတား ဖြင့္လွစ္တာမို႔ အေနာက္ခ်င္းတြင္းေဒသနဲ႔ ကူးသန္းေရာင္းဝယ္ေရး အားေကာင္းလာပါတယ္။ ကေလးဝ၊ ဟုမၼလင္းနဲ႔ ခႏီၱးမွာလည္း ျမစ္ကူးတံတားေတြ တည္ေဆာက္ထားတာေၾကာင့္ ခ်င္းတြင္းျမစ္ အေနာက္ဘက္ကမ္းေျခ ကုန္းလမ္းသြားလာေရးလည္း လြယ္ကူလာပါတယ္။ ဒီလမ္းမွာ ေဒသခံျပည္သူေတြရဲ ႔ ခုခံစစ္ စတယ္လို႔ ေျပာႏုိင္ပါတယ္။

ယင္းမာပင္နဲ႔ ကနီၿမိဳ ႔နယ္က ရြာေတြကို ဧၿပီလဆန္္းကစၿပီး စစ္ေကာင္စီတပ္က ပစ္မွတ္ထား တုိက္ခိုက္ေနလို႔ ေဒသခံေတြ ေသာင္းခ်ီၿပီး ထြက္ေျပးတိမ္ေရွာင္ေနရေၾကာင္း Myanmar Now သတင္းဌာနက ဧၿပီ (၂၃) က သတင္းေပးပို႔ပါတယ္။ စစ္အာဏာရွင္ ဆန္္႔က်င္ေရး စိတ္ဓါတ္ျပင္းထန္တဲ့ ေဒသျဖစ္လို႔ စစ္ေကာင္စီတပ္က နယ္ေျမစိုးမိုးႏုိင္ေၾကာင္း ျပခ်င္တာကို ေဒသခံေတြက ဆိုပါတယ္။ ၿမိဳ ႔ထဲရြာထဲမွာ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ကို စစ္ကူေပးႏိုင္မယ့္ မံုရြာ-ကေလးဝ ကားလမ္းဟာ ေဒသခံ PDF နဲ႔ စစ္ေကာင္စီတပ္ေတြ မၾကာခဏ တုိက္ပြဲျဖစ္ေနၿပီး၊ ခ်ဳပ္ကိုင္ဖို႔ ၿပိဳင္ဆိုင္ေနတဲ့ေနရာ ျဖစ္လာပါတယ္။

စစ္ကိုင္းတိုင္း ေျမာက္ဘက္စြန္းေဒသျဖစ္တဲ့ ခႏီၱး၊ ဟုမၼလင္းစတဲ့ ၿမိဳ ႔နယ္ေတြက ေက်ာက္စိမ္း၊ ကၽြန္းသစ္နဲ႔ အျခားအဖုိးတန္ သယံဇာတေတြကိ ဥပေဒမဲ့ သယ္ယူပို႔ေဆာင္ရာမွာ ခ်င္းတြင္းျမစ္ကို သံုးသလို၊ စစ္ေကာင္စီတပ္ရဲ ႔ လက္နက္ခဲယမ္း၊ ေထာက္ပို႔ပစၥည္းနဲ႔ရိကၡာ ပို႔ေဆာင္ရာမွာလည္း သံုးၾကပါတယ္။ ဒါကိုသိတဲ့ ေဒသခံ PDF တပ္ဖြဲ႔ေတြဟာ ျမစ္ေၾကာင္းတေလွ်ာက္မွာ စစ္ေကာင္စီ ေရယာဥ္ေတြကို ၿခံဳခိုတုိက္ခုိက္ၾကပါတယ္။ ဒီဇင္ဘာလ အေစာပိုင္းက စံုဆင္းလာတဲ့ စစ္ေကာင္စီေရယာဥ္ (၁၁) စီးကို ေဒသခံ PDF ေတြက ဝိုုင္းတုိက္ၾကသလုိ စစ္ေရယာဥ္ေတြကလည္း လက္နက္ႀကီးနဲ႔ ျပန္လည္ပစ္ခတ္တာမို႔ ေဒသခံ အမ်ားအျပား ရြာကထြက္ေျပး တိမ္ေရွာင္ရပါတယ္။ ေရယာဥ္နဲ႔ လိုက္ပါလာတဲ့ စစ္သားေတြဟာ ရြာထဲ ျမစ္ေဘးေက်းရြာေတြကို အမ်ားဆံုး ပစ္ခတ္တာေၾကာင့္ ေရွာင္ေျပးသူေတြ မ်ားလာပါတယ္။

လက္နက္အင္အားမေကာင္းတဲ့ ေဒသခံ PDF ေတြရဲ ႔ တုိက္ခိုက္မႈေၾကာင့္ စစ္ေကာင္စီေရယာဥ္ေတြ ခႏီၱးကေန မံုရြာကို စုန္ဆင္းတာ ႏွစ္လာေက်ာ္ ၾကာသြားတယ္လုိ႔ Myanmar Now က ဆိုပါတယ္။ ေရယာဥ္မွာ လံုၿခံဳေရးအတြက္ လုိက္ပါလာတဲ့ စစ္ေကာင္စီတပ္သားေတြကလည္း ခရီးစဥ္တေလွ်ာက္မွာ ကမ္းေဘးေက်းရြာ အမ်ားအျပားကို ဒုကၡေပးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္ေကာင္စီတပ္ ေျခကုပ္ယူထားတဲ့ ေဒသဆုိရင္၊ ကုန္းေၾကာင္းေရာ ေရေၾကာင္းေရာ တိုက္ပြဲျပင္းထန္ပါတယ္။ စစ္ေရယာဥ္တန္း မံုရြာေရာက္ေတာ့ ပါလာတဲ့ပစၥည္းေတြကို ကုန္တင္ကားေပၚတင္ၿပီး မႏၱေလးကို ပို႔ေပးေၾကာင္း သိရပါတယ္။ မံုရြာ-မႏၱေလး ကားလမ္းတေလွ်ာက္ တုိက္ပြဲအေျခအေနကိုေတာ့ မသိရေသးပါဘူး။

ခ်င္းတြင္းျမစ္ထဲမွာ စစ္တပ္ပိုင္ ေရႊဂ်ဳိးျဖဴဆီသေဘၤာနဲ႔ BOC သေဘၤာကို ေျမာင္ၿမိဳ ႔နယ္ PDF က ဒီဇင္ဘာလ (၃) ရက္ေန႔မွာ ဖမ္းဆီးထိန္းသိမ္းထားလိုက္တယ္လို႔ ဒီဇင္ဘာလ (၄) ရက္ထုတ္ RFA သတင္းမွာ ေဖာ္ျပပါတယ္။ ခ်င္းတြင္းျမစ္ထဲက တုိက္ပြဲေတြမွာ ေဒသလုပ္ ေရျမဳပ္မိုင္းထိသြားလို႔ နစ္ျမဳပ္သြားေၾကာင္း မင္းကင္း PDF က BBC ကို အတည္ျပဳပါတယ္။ ေရျမဳပ္မိုင္းကို အေဝးထိန္းစနစ္နဲ႔ ေဖာက္ခြဲတဲ့ အမ်ဳိးအစား ျဖစ္ပါတယ္။ ေရစႀကိဳေျပာက္က်ားနဲ႔ ျမစ္ၿခံေျပာက္က်ား ႏွစ္ဖြဲ႔ပူးေပါင္းၿပီး ေရျမဳပ္မိုင္း စမ္းသပ္ထုတ္လုပ္တာ ေအာင္ျမင္ေၾကာင္း ဒီဇင္ဘာလ (၇) ကတည္းက ေၾကညာထားပါတယ္။ မင္းကင္းနဲ႔ ကနီေဒသေတြမွာ ျမစ္ေၾကာင္းသြားလာမႈေတြ မလုပ္ဖုိ႔လည္း ေဒသခံ PDF ေတြက သတိေပးထားပါတယ္။

ခ်င္းတြင္းျမစ္ထဲမွာ သြားလာေနတဲ့ စစ္ေရယာဥ္ေတြကို တုိက္ခုိက္ေနတဲ့အျပင္ မံုရြာ-ကနီ-မင္းကင္း-ကေလး ကားလမ္းေတြမွာ သြားလာေနတဲ့ စစ္ေကာင္စီတပ္ေတြကိုလည္း ေဒသခံ PDF ေတြက တုိက္ခိုက္ေနေၾကာင္း သိရပါတယ္။ ဧရာဝတီျမစ္ေၾကာင္းအတိုင္း ဆန္တက္လာတဲ့ စစ္ေကာင္စီသေဘၤာႏွစ္စီးကို ထီးခ်ဳိင့္နယ္ကစၿပီး ေဒသခံ PDF ေတြက တုိက္ခိုက္ေၾကာင္း Mandalay Free Press (MFP) က သတင္းေပးပို႔ပါတယ္။ ကသာၿမိဳ ႔နားေရာက္ေတာ့ KIA ကခ်င္တပ္ဖြဲ႔နဲ႔ ၿမိဳ ႔လွ PDF တို႔က ထပ္မံတိုက္ခိုက္ျပန္တဲ့အတြက္ ထိခိုက္ပ်က္စီးမႈေတြ ရိွတယ္လို႔ ဆိုပါတယ္။

သေဘၤာပ်က္မွာ လုိက္ပါလာတဲ့ စစ္ေကာင္စီတပ္သားေတြကို သယ္ယူလာတဲ့ ေမာ္ေတာ္သံုးစီးကိုလည္း ၿမိဳ ႔လွ PDF က ဆက္လက္တုိက္ခိုက္တဲ့အတြက္ ေမာ္ေတာ္ဘုတ္တစီး နစ္ျမဳပ္ၿပီး စစ္ေကာင္စီတပ္သား အမ်ားအျပား ေသဆံုးေၾကာင္း သိရပါတယ္။ ကုန္ေၾကာင္းတုိက္ပြဲေတြအျပင္ ေရေၾကာင္းတိုက္ပြဲပါ ထပ္တိုးလာတာမို႔ စစ္ေျမက်ယ္ျပန္႔လာပါတယ္။ စစ္ေကာင္စီဟာ ေလတပ္အင္အားကို တိုက္ပြဲတိုင္းလိုလိုမွာ အသံုးျပဳေနတာေၾကာင့္ ရြာမီးရိွဳ ႔ခံရမႈ၊ ထြက္ေျပးတိမ္းေရွာင္မႈနဲ႔ ေသေၾကပ်က္စီးမႈေတြကလည္း မ်ားျပားလာတာကို ေတြ႔ရပါတယ္။

==Unicode==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

စစ်ကိုင်းတိုင်းရဲ့ ပင်မရေကြောင်းဖြစ်တဲ့ ချင်းတွင်းမြစ်ဟာ မိုင် (၇၂၀) ရှည်လျားပြီး မြောက်ကတောင်ကို စီးဆင်းပါတယ်။ မြင်းခြံအနီးမှာ ဧရာဝတီမြစ်နဲ့ ထိတွေ့တာမို့ သယ်ယူပို့ဆောင်ရေးမှာ ချင်းတွင်းမြစ်ဟာ အရေးပါနေဆဲ ဖြစ်ပါတယ်။ (၂၀၀၂) က မုံရွာမှာ ချင်းတွင်းတံတား ဖွင့်လှစ်တာမို့ အနောက်ချင်းတွင်းဒေသနဲ့ ကူးသန်းရောင်းဝယ်ရေး အားကောင်းလာပါတယ်။ ကလေးဝ၊ ဟုမ္မလင်းနဲ့ ခန္တီးမှာလည်း မြစ်ကူးတံတားတွေ တည်ဆောက်ထားတာကြောင့် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းခြေ ကုန်းလမ်းသွားလာရေးလည်း လွယ်ကူလာပါတယ်။ ဒီလမ်းမှာ ဒေသခံပြည်သူတွေရဲ့ ခုခံစစ် စတယ်လို့ ပြောနိုင်ပါတယ်။

ယင်းမာပင်နဲ့ ကနီမြို့နယ်က ရွာတွေကို ဧပြီလဆန်းကစပြီး စစ်ကောင်စီတပ်က ပစ်မှတ်ထား တိုက်ခိုက်နေလို့ ဒေသခံတွေ သောင်းချီပြီး ထွက်ပြေးတိမ်ရှောင်နေရကြောင်း Myanmar Now သတင်းဌာနက ဧပြီ (၂၃) က သတင်းပေးပို့ပါတယ်။ စစ်အာဏာရှင် ဆန့််ကျင်ရေး စိတ်ဓါတ်ပြင်းထန်တဲ့ ဒေသဖြစ်လို့ စစ်ကောင်စီတပ်က နယ်မြေစိုးမိုးနိုင်ကြောင်း ပြချင်တာကို ဒေသခံတွေက ဆိုပါတယ်။ မြို့ထဲရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို စစ်ကူပေးနိုင်မယ့် မုံရွာ-ကလေးဝ ကားလမ်းဟာ ဒေသခံ PDF နဲ့ စစ်ကောင်စီတပ်တွေ မကြာခဏ တိုက်ပွဲဖြစ်နေပြီး၊ ချုပ်ကိုင်ဖို့ ပြိုင်ဆိုင်နေတဲ့နေရာ ဖြစ်လာပါတယ်။

စစ်ကိုင်းတိုင်း မြောက်ဘက်စွန်းဒေသဖြစ်တဲ့ ခန္တီး၊ ဟုမ္မလင်းစတဲ့ မြို့နယ်တွေက ကျောက်စိမ်း၊ ကျွန်းသစ်နဲ့ အခြားအဖိုးတန် သယံဇာတတွေကိ ဥပဒေမဲ့ သယ်ယူပို့ဆောင်ရာမှာ ချင်းတွင်းမြစ်ကို သုံးသလို၊ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်း၊ ထောက်ပို့ပစ္စည်းနဲ့ရိက္ခာ ပို့ဆောင်ရာမှာလည်း သုံးကြပါတယ်။ ဒါကိုသိတဲ့ ဒေသခံ PDF တပ်ဖွဲ့တွေဟာ မြစ်ကြောင်းတလျှောက်မှာ စစ်ကောင်စီ ရေယာဉ်တွေကို ခြုံခိုတိုက်ခိုက်ကြပါတယ်။ ဒီဇင်ဘာလ အစောပိုင်းက စုံဆင်းလာတဲ့ စစ်ကောင်စီရေယာဉ် (၁၁) စီးကို ဒေသခံ PDF တွေက ဝိုင်းတိုက်ကြသလို စစ်ရေယာဉ်တွေကလည်း လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တာမို့ ဒေသခံ အများအပြား ရွာကထွက်ပြေး တိမ်ရှောင်ရပါတယ်။ ရေယာဉ်နဲ့ လိုက်ပါလာတဲ့ စစ်သားတွေဟာ ရွာထဲ မြစ်ဘေးကျေးရွာတွေကို အများဆုံး ပစ်ခတ်တာကြောင့် ရှောင်ပြေးသူတွေ များလာပါတယ်။

လက်နက်အင်အားမကောင်းတဲ့ ဒေသခံ PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရေယာဉ်တွေ ခန္တီးကနေ မုံရွာကို စုန်ဆင်းတာ နှစ်လာကျော် ကြာသွားတယ်လို့ Myanmar Now က ဆိုပါတယ်။ ရေယာဉ်မှာ လုံခြုံရေးအတွက် လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေကလည်း ခရီးစဉ်တလျှောက်မှာ ကမ်းဘေးကျေးရွာ အများအပြားကို ဒုက္ခပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ် ခြေကုပ်ယူထားတဲ့ ဒေသဆိုရင်၊ ကုန်းကြောင်းရော ရေကြောင်းရော တိုက်ပွဲပြင်းထန်ပါတယ်။ စစ်ရေယာဉ်တန်း မုံရွာရောက်တော့ ပါလာတဲ့ပစ္စည်းတွေကို ကုန်တင်ကားပေါ်တင်ပြီး မန္တလေးကို ပို့ပေးကြောင်း သိရပါတယ်။ မုံရွာ-မန္တလေး ကားလမ်းတလျှောက် တိုက်ပွဲအခြေအနေကိုတော့ မသိရသေးပါဘူး။

ချင်းတွင်းမြစ်ထဲမှာ စစ်တပ်ပိုင် ရွှေဂျိုးဖြူဆီသင်္ဘောနဲ့ BOC သင်္ဘောကို မြောင်မြို့နယ် PDF က ဒီဇင်ဘာလ (၃) ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းထားလိုက်တယ်လို့ ဒီဇင်ဘာလ (၄) ရက်ထုတ် RFA သတင်းမှာ ဖော်ပြပါတယ်။ ချင်းတွင်းမြစ်ထဲက တိုက်ပွဲတွေမှာ ဒေသလုပ် ရေမြုပ်မိုင်းထိသွားလို့ နစ်မြုပ်သွားကြောင်း မင်းကင်း PDF က BBC ကို အတည်ပြုပါတယ်။ ရေမြုပ်မိုင်းကို အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတဲ့ အမျိုးအစား ဖြစ်ပါတယ်။ ရေစကြိုပြောက်ကျားနဲ့ မြစ်ခြံပြောက်ကျား နှစ်ဖွဲ့ပူးပေါင်းပြီး ရေမြုပ်မိုင်း စမ်းသပ်ထုတ်လုပ်တာ အောင်မြင်ကြောင်း ဒီဇင်ဘာလ (၇) ကတည်းက ကြေညာထားပါတယ်။ မင်းကင်းနဲ့ ကနီဒေသတွေမှာ မြစ်ကြောင်းသွားလာမှုတွေ မလုပ်ဖို့လည်း ဒေသခံ PDF တွေက သတိပေးထားပါတယ်။

ချင်းတွင်းမြစ်ထဲမှာ သွားလာနေတဲ့ စစ်ရေယာဉ်တွေကို တိုက်ခိုက်နေတဲ့အပြင် မုံရွာ-ကနီ-မင်းကင်း-ကလေး ကားလမ်းတွေမှာ သွားလာနေတဲ့ စစ်ကောင်စီတပ်တွေကိုလည်း ဒေသခံ PDF တွေက တိုက်ခိုက်နေကြောင်း သိရပါတယ်။ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောနှစ်စီးကို ထီးချိုင့်နယ်ကစပြီး ဒေသခံ PDF တွေက တိုက်ခိုက်ကြောင်း Mandalay Free Press (MFP) က သတင်းပေးပို့ပါတယ်။ ကသာမြို့နားရောက်တော့ KIA ကချင်တပ်ဖွဲ့နဲ့ မြို့လှ PDF တို့က ထပ်မံတိုက်ခိုက်ပြန်တဲ့အတွက် ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ ဆိုပါတယ်။

သင်္ဘောပျက်မှာ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေကို သယ်ယူလာတဲ့ မော်တော်သုံးစီးကိုလည်း မြို့လှ PDF က ဆက်လက်တိုက်ခိုက်တဲ့အတွက် မော်တော်ဘုတ်တစီး နစ်မြုပ်ပြီး စစ်ကောင်စီတပ်သား အများအပြား သေဆုံးကြောင်း သိရပါတယ်။ ကုန်ကြောင်းတိုက်ပွဲတွေအပြင် ရေကြောင်းတိုက်ပွဲပါ ထပ်တိုးလာတာမို့ စစ်မြေကျယ်ပြန့်လာပါတယ်။ စစ်ကောင်စီဟာ လေတပ်အင်အားကို တိုက်ပွဲတိုင်းလိုလိုမှာ အသုံးပြုနေတာကြောင့် ရွာမီးရှို့ခံရမှု၊ ထွက်ပြေးတိမ်းရှောင်မှုနဲ့ သေကြေပျက်စီးမှုတွေကလည်း များပြားလာတာကို တွေ့ရပါတယ်။

XS
SM
MD
LG