သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဏာသိမ္း တႏွစ္တာ ျပည္ျမန္မာ


ရန္ကုန္ၿမိဳ႕က စစ္အာဏာဖီဆန္ ဆႏၵျပျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၈၊ ၂၀၂၁)
အာဏာသိမ္း တႏွစ္တာ ျပည္ျမန္မာ
please wait

No media source currently available

0:00 0:10:35 0:00
တိုက္႐ိုက္ လင့္ခ္

အာဏာသိမ္း တက္လာတဲ့ စစ္ကာင္စီက တက္ခါစမွာေတာ့ တႏွစ္အၾကာမွာ၊ အခုေတာ့ ၂၀၂၃ ၾသဂုတ္လမွာ ေ႐ြးေကာက္ပြဲ က်င္းပၿပီး ရလဒ္အတိုင္း အာဏာလႊဲေပးမယ္လို႔ ဆိုထားပါတယ္။ အဲဒီလို လုပ္ေဆာင္ႏိုင္မယ့္ အေျခအေန အခင္းအက်င္းေတြြကို ၿပီးခဲ့တဲ့ တႏွစ္တာအတြင္း ဘယ္ေလာက္အထိ လုပ္ေဆာင္ေပးခဲ့၊ လုပ္ေဆာင္ႏိုင္ခဲ့ၾကပါသလဲ၊ ျမန္မာ့အေရးသုံးသပ္သူ ကိုေအာင္သူၿငိမ္းနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းခဲ့တာ တႏွစ္ျပည့္ေတာ့မွာ ျဖစ္ပါတယ္။ ဒီတႏွစ္ကာလအတြင္း စစ္ေကာင္စီရဲ ႔ လုပ္ေဆာင္ခ်က္ေတြဟာ တိုင္းျပည္ျပန္ေကာင္းလာဖို႔အတြက္ ဘယ္ေလာက္မ်ား ထိေရာက္ခဲ့သလဲ။ ဘာေတြမ်ား လုပ္ေဆာင္ခဲ့သလဲဆိုတာကို ပထမဦးဆံုး သံုးသပ္ၾကည့္ခ်င္ပါတယ္။ အာဏာသိမ္းခဲ့တဲ့ကိစၥ မွန္မမွန္။ ဘာျဖစ္ညာျဖစ္ဆိုတာကေတာ့ ေျပာစရာမလိုေတာ့တဲ့ကိစၥ ျဖစ္ပါတယ္။ တိုင္းျပည္ျပန္ေကာင္းလာဖို႔အတြက္ အေျခခံတည္ၿငိမ္မႈတို႔၊ လူမႈေရး၊ စီးပြားေရး ပံုမွန္လည္ပတ္ဖို႔အတြက္ သူတို႔ရဲ ႔ လုပ္ေဆာင္ခ်က္ေတြ ထိေရာက္မႈေတြ ဘယ္ေလာက္အထိ ရိွခဲ့တယ္လို႔ သံုးသပ္လိုပါလဲ။

ေျဖ ။ ။ အထူးသျဖင့္ေတာ့ ႏုိင္ငံတကာအဖြဲ႔အစည္းေတြ၊ ကမာၻ႔ဘဏ္၊ IMF တို႔က သံုးသပ္ထားတာ ရိွပါတယ္။ က်ေနာ္တို႔တိုင္းျပည္က စီးပြားေရးအရက နဂိုကတည္းကိုက ကိုဗစ္-၁၉ ေၾကာင့္ က်ေနတဲ့ အေနအထားမွာ အာဏာသိမ္းတဲ့အခါၾကေတာ့ ထူးထူးျခားျခား က်သြားတဲ့အေနအထား ရိွပါတယ္။ အဲဒီေတာ့ စီးပြားေရး ဖြံ႔ၿဖိဳးတိုးတက္မႈက (-18) အႏုတ္(၁၈) ရာခိုင္ႏႈန္းေလာက္အထိ က်သြားတယ္ဆိုတဲ့ သံုးသပ္ခ်က္ ရိွပါတယ္။ အဲဒီကေန အခုအာဏာသိမ္းၿပီးတဲ့ (၁) ႏွစ္ကာလမွာ ျပန္ၿပီးေတာ့ တက္လာသလားဆိုတဲ့ အေနအထားမွာေတာ့ က်ေနာ္ထင္္တယ္ ေတာ္ေတာ္ႀကီး ရုန္းကန္ေနရတဲ့ အေနအထားမ်ဳိး ရိွတယ္ဆိုတာကို ေတြ႔ရပါတယ္။ အေရးႀကီးတဲ့ကိစၥက ဘဏ္ေတြပါ။ ဘဏ္ေတြမွာ သိတဲ့အတုိင္းပဲ ATM မွာ ပိုက္ဆံထုတ္လို႔မရဘူး။ က်ေနာ္ဆီမွာ ေငြရိွရင္လဲ ဘဏ္ကေန အပတ္စဥ္မွာ ပံုမွန္ထုတ္ေပးဖို႔၊ မရတဲ့အေနအထားေတြ ျဖစ္ပါတယ္။ အဲဒီေတာ့ ရင္းႏီွးျမဳပ္ႏံွမႈကိစၥ၊ ဝန္ထမ္းေတြ လစာေပးဖို႔၊ ေနာက္ က်န္တဲ့ကိစၥ ေတာ္ေတာ္မ်ားမ်ားက ျပႆနာ ရိွပါတယ္။ အဲဒီေတာ့ ရာခိုင္ႏႈန္းတခုကို အျမတ္ေပးၿပီးေတာ့ ထုတ္ေနရတဲ့ အေနအထားကလည္း အခုအခ်ိန္အထိ ရိွတုန္းဆိုတာကို က်ေနာ္တို႔ ေတြ႔ရပါတယ္။

ကုန္သြယ္မႈပိုင္းမွာလည္း အထူးသျဖင့္က တရုတ္ျပည္က Zero Covid Policy က်င့္သံုးေနတယ္။ သူထဲကို အထူးသျဖင့္ေတာ့ ကူးစက္မႈ မျပန္႔ေအာင္ လုပ္ထားတဲ့ၾကားမွာ နယ္စပ္ကုန္သြယ္ေရးေတြမွာလည္း ေတာ္ေတာ္ႀကီးကို က်ဆင္းေနတဲ့ အေနအထားကို ေတြ႔ရပါတယ္။ ႏုိင္ငံေရးျပႆနာေတြ ခဏထားအံုး၊ စီးပြားေရးအရ ေျပာမယ္ဆိုရင္ ျပန္နလန္ထူဖို႔ အေနအထားကို ဆက္ရုန္းကန္ရအံုးမယ္လို႔ ထင္ပါတယ္။

ေမး ။ ။ ႏုိုင္ငံေရးကိုလည္း ဆက္ေျပာပါအံုး။

ေျဖ ။ ။ ႏိုင္ငံေရးပိုင္းမွာေတာ့ အခုစစ္ေကာင္စီကေတာ့ သူက လာမယ့္ ၂၀၂၃ မွာ ေရြးေကာက္ပြဲ လုပ္ေပးမယ္။ ကိုယ္စားျပဳခြင့္နည္းတဲ့ ပါတီေတြအတြက္ Proportional Representation (PR) ေခၚ အခ်ဳိးက်ကိုယ္စားျပဳခြင့္စနစ္ ဆိုတာမ်ဳိးေတြကို အခုေဆြးေႏြးေနတာ ရိွပါတယ္။ ဒါေပမဲ့ ျပႆနာက ျပည္သူေတြအေနနဲ႔ ဒီေဆြးေႏြးမႈေတြအေပၚမွာ ေတာ္ေတာ္စိတ္မဝင္စားတဲ့ အေနအထား ရိွတယ္။ ေနာက္တခုကလဲ ၂၀၂၃ မွာ ေရြးေကာက္ပြဲ ျဖစ္လာရင္ေတာင္၊ က်ေနာ္တို႔ ျပည္သူေတြဘက္က ယံုၾကည္ကိုးစားမႈ တကယ္လုပ္ၾကမလားဆိုတာက ေတာ္ေတာ္အခက္အခဲ ရိွတဲ့ အေနအထားမ်ဳိးကို ေတြ႔ရတယ္လို႔ က်ေနာ္ ထင္ပါတယ္။ တခုရိွတာေတာ့ အခုအာဏာသိမ္းၿပီးတဲ့ (၁) ႏွစ္အၾကာ၊ ဒီအေနအထားမွာေတာ့ စစ္ေကာင္စီဘက္က တခ်ဳိ ႔ေနရာေတြ၊ ၿမိဳ ႔ႀကီးေတြ နယ္ေျမေတာ္ေတာ္မ်ားမ်ားကို ထိန္းခ်ဳပ္မႈ ရလာတဲ့ အေနအထားမွာေတာ့ ရိွပါတယ္။ ဒါေပမဲ့လဲ သူ မထိန္းခ်ဳပ္ႏုိင္တဲ့ ၿမိဳ ႔ေတြေဒသေတြ၊ တုိက္ပြဲဆက္ျဖစ္ေနတဲ့ ေနရာေတြက ေတာ္ေတာ္မ်ားမ်ားရိွတဲ့ အေနအထားမွာ ေတြ႔ရတယ္။ တဘက္မွာၾကေတာ့ ျပည္တြင္းဒုကၡသည္ေတြ၊ စစ္ေျပးရတယ္၊ ဒုကၡေရာက္ၾကတယ္ဆိုတဲ့ လူဦးေရးအေရအတြက္ကေတာ့ ေတာ္ေတာ္တိုးလာတဲ့ အေနအထား ရိွပါတယ္။

ေမး ။ ။ ျပည္တြင္းမွာ သူတုိ႔ထိန္းခ်ဳပ္တဲ့ ေဒသေတြ နည္းနည္းပိုလာတယ္လို႔ ဆိုေပမဲ့လဲ သူတုိ႔လက္ေအာက္မွာ ရိွေနတဲ့ ေဒသေတြရဲ ႔ အေထြေထြတည္ၿငိမ္မႈကိုေရာ ဘယ္ေလာက္အထိ အားရစရာ ေကာင္းပါလဲ။ နည္းနည္းတိုးတက္မႈေကာ ရိွလာပါရဲ ႔လား။ ဥပမာအားျဖင့္ တရားဥပေဒ စိုးမိုးေရး၊ စစ္မွန္တဲ့ ဥပေဒစနစ္တုိ႔ ဘာတို႔ သူတုိ႔ဆီမွာ ရိွပါရဲ ႔လား။ အခုၾကားရတဲ့ ကိစၥေတြက ေတာ္ေတာ္ေလး ေၾကာက္စရာေကာင္းတဲ့ အမႈအခင္းေတြကိုလည္း ၾကားရပါတယ္။ အဖမ္းအဆီးေတြကလည္း အေတာ္မ်ားတယ္။ သံသယနဲ႔ ဖမ္းဆီးတာေတြဆိုေတာ့ အဲဒီကိစၥေတြကိုလည္း နည္းနည္းသံုးသပ္ပါအံုး။ အဲဒီ သူတုိ႔ထိန္းခ်ဳပ္မႈေအာက္မွာရိွတဲ့ ေဒသေတြရဲ ႔ အေထြေထြတည္ၿငိမ္မႈ အေျခအေန။

ေျဖ ။ ။ က်ေနာ္ ပထမေျပာခ်င္တာကေတာ့ ဝန္ေဆာင္မႈအပိုင္းေပါ့။ အထူးသျဖင့္ ေထြအုပ္ရံုး - အေထြေထြအုပ္ခ်ဳပ္ေရးဌာနက အုပ္ခ်ဳပ္ေရးဆိုင္ရာ ဝန္ေဆာင္မႈေပးတာေတြ ပါမယ္။ ေနာက္တခါ လွ်ပ္စစ္လို ကိစၥမ်ဳိး။ ေရေပးေရးကိစၥမ်ဳိး။ ေနာက္တခါ ကာကြယ္ေဆးထိုးတဲ့ ကိစၥမ်ဳိးေတြ ရိွပါတယ္။ ဒါက ဝန္ေဆာင္မႈပိုင္းပါ။ ေနာက္တခုကေတာ့ တရားဥပေဒ စိုးမိုးေရး။ အခုနေျပာတဲ့ ရာဇဝတ္မႈေတြ မ်ားလာတာတို႔။ တရားရံုးေတြက သူတုိ႔ရဲ ႔ တာဝန္ကို ေသခ်ာမထမ္းေဆာင္ႏိုင္တာတို႔ ဒီလိုအပိုင္းကို က်ေနာ္ နည္းနည္းခြဲေျပာခ်င္ပါတယ္။ အုပ္ခ်ဳပ္ေရးပိုင္းမွာေတာ့ အခု က်ေနာ္တုိ႔ ေလ့လာမိသေလာက္ေတာ့ အေနအထားကေတာ့ mix ေရာေထြေနတယ္လို႔ ထင္ပါတယ္။ တခ်ဳိ ႔ေျပာတာေတာ့ အခုလိုကာလမွာ အုပ္ခ်ဳပ္ေရးက ပိုၿပီးျမန္လာတယ္လို႔ ေျပာတာေတြ ရိွပါတယ္။ ဒါေပမဲ့ တခ်ဳိ ႔ေနရာေတြမွာေတာ့ အခုအခ်ိန္မွာ လာဘ္ေပးလာဘ္ယူမႈက ပိုမ်ားတယ္၊ လာဘ္ေပးရင္ ျမန္ျမန္ျဖစ္တယ္ဆိုတဲ့ သံုးသပ္ခ်က္ေတြ ရိွပါတယ္။

ေနာက္တခါ ကာကြယ္ေဆးကေတာ့ က်ေနာ္ျမင္တာ လူေတာ္ေတာ္မ်ားမ်ား ထိုးၾကတယ္ဆိုတဲ့ သတင္းမ်ဳိးလည္း က်ေနာ္တုိိ႔ ေတြ႔ပါတယ္။ လွ်ပ္စစ္မီးကိစၥကေတာ့ အားလံုး ေတာ္ေတာ္ဒုကၡေရာက္ေနတဲ့ ကိစၥ ျဖစ္ပါတယ္။ တရားရံုးေတြကေတာ့ အခုန ေဆြးေႏြးတဲ့အတုိင္းပါပဲ - တရားရံုးေတြမွာေတာ့ တရားဥပေဒ စိုးမိုးေရးကိစၥ၊ ေတာ္ေတာ္က်ဆင္းသြားတယ္လို႔ က်ေနာ္ထင္တယ္။ ေနာက္ ရာဇဝတ္အမႈအခင္းေတြ ေတာ္ေတာ္မ်ားလာတယ္လို႔ ထင္ပါတယ္။ လူေတြ အလုပ္အကိုင္ က်ပ္တည္းတာ၊ စီးပြားေရး အခက္အခဲ မ်ားလာတာနဲ႔အမွ် ရာဇဝတ္မႈေတြ ပိုမ်ားလာတယ္လို႔ ယူဆႏုိင္ပါတယ္။

ေမး ။ ။ ေနာက္တခုက စစ္ေကာင္စီအေနနဲ႔ သူတို႔ရဲ ႔ အုပ္ခ်ဳပ္မႈကို ႏုိင္ငံတကာ အမ်ားစုလက္ခံလာေအာင္။ လူေတြသံုးတာက International Legitimacy လို႔ သံုးၾကတယ္။ ထားပါေတာ့ - အဲဒီဘက္မွာ သူတို႔ ႀကိဳးပမ္းမႈက ဘယ္ေလာက္အထိ တိုးတက္မႈရိွတယ္ ထင္ပါသလဲ။ က်ေနာ္ အထူးေမးခ်င္တာက ကေမာၻဒီးယားဝန္ႀကီး ဟြန္ဆန္ရဲ ႔ Initiative သူက သူကိုယ္တိုင္ တေယာက္ထဲသြားၿပီးေတာ့ ျမန္မာႏုိင္ငံ စစ္ေကာင္စီကို အာဆီယံအသိုင္းအဝန္းထဲကို ျပန္သြင္းဖို႔ သူက ႀကိဳးပမ္းတယ္လို႔ ဆိုပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက ရွဳတ္ခ်ၾကတယ္။ ဒီကိစၥက ဘယ္ေလာက္အထိ ထိေရာက္တယ္လို႔ ထင္ပါသလဲ။

ေျဖ ။ ။ က်ေနာ္ထင္တာကေတာ့ သံတမန္ေရးမွာ အထူးသျဖင့္ အထိနာတယ္လို႔ ထင္ပါတယ္။ အထူးသျဖင့္ေတာ့ ကုလသမဂၢမွာ ခန္႔ထားတဲ့ ဦးေက်ာ္မုိးထြန္းက ဒီမိုကေရစီအင္အားစုေတြဘက္ ရပ္တည္လိုက္တဲ့ ေနာက္ပိုင္းမွာ အခုအခ်ိန္အထိ ႏုိင္ငံတကာသံတမန္ေရးပိုင္းမွာ စၿပီးေတာ့ အထိနာတဲ့အပိုင္းေတြ ရိွပါတယ္။ ဒါေပမဲ့လဲ တဘက္က ေအာက္ေျခေျမျပင္ကို ထိန္းခ်ဳပ္ထားတဲ့ အေနအထားမွာ၊ ေနာက္တခါ အာဆီယံအေနနဲ႔ကလဲ ေျပလည္ေရးကို ဦးတည္ခ်င္ေတာ့ စၿပီးေတာ့ ဆက္ဆံလာတဲ့ လမ္းေၾကာင္းေတြ၊ ေနာက္တခါ ေျပလည္ေရးကို စဥ္းစားေနတဲ့ လမ္းေၾကာင္းေတြကိုလည္း ေတြ႔ပါတယ္။ ဆိုေတာ့ အဲဒီအေနအထားမွာေတာ့ ေျပာရရင္ Legitimacy လို႔ေခၚတဲ့ တရားဝင္မႈအပိုင္းမွာ ႏုိင္ငံတကာဘက္က ျငင္းပယ္တာ၊ ဖယ္ထားတာ။ က်ေနာ္တို႔ အထီက်န္ျဖစ္ေအာင္ လုပ္ထားတာ - ဒီလိုအေနအထားေတြေတာ့ အေတာ္ရိွပါတယ္။ ဒါေပမဲ့ က်ေနာ္တို႔ ၂၀၂၁ ကုန္ခါနီး၊ အဲဒီကာလကစလို႔ Shuttle Diplomacy လို႔ ေျပာလို႔ရတဲ့ သံအမတ္ေတြ အျပန္အလွန္ ကူးလူးဝင္ထြက္ ဒီကိစၥမ်ဳိးေတြနဲ႔ ေျပလည္ေအာင္ ႀကိဳးပမ္းေနတာမ်ဳိးေတြကို က်ေနာ္တို႔ ေတြ႔ပါတယ္။

ေမး ။ ။ ဆိုေတာ့ ေနာက္တခုက ႏုိင္ငံတကာ ဆက္ဆံေရးနဲ႔ ေျပာမယ္ဆိုရင္ အေနာက္ႏုိင္ငံေတြရဲ ႔ ဖိအားေပးမႈေတြ၊ အခု Total, Chevron တို႔ကလည္း ပိုၿပီးေတာ့ ျပင္းျပင္းထန္ထန္ လုပ္လာမယ္ဆိုၿပီးေတာ့ ေျပာေနၾကတယ္။ သို႔ေသာ္လဲပဲ အဲဒီလိုစကားေတြ အေနာက္ႏုိင္ငံေတြဘက္က ဖိအားေတြ ပိုၿပီးျမင့္လာမယ္ ေျပာတိုင္းေျပာတိုင္း လူေတြရဲ ႔ စိတ္ထဲမွာ သံသယ ရိွတာကေတာ့ ဘယ္ေလာက္ထိေရာက္မွာမို႔လဲ။ တရုတ္နဲ႔ ရုရွားက သူတုိ႔ဘက္က ရိွေနတာပဲ။ ဝမ္းသာအားရ ေစာင့္ေနမွာပဲ။ ဒီဘက္က ဖိအားေပး ပိတ္စို႔လိုက္ရင္ သူတုိ႔ ဝင္လုပ္ၾကမယ္လုိ႔ သံုးသပ္ၾကပါတယ္။ အဲဒီကိစၥကို ဘယ္လိုျမင္ပါသလဲ။

ေျဖ ။ ။ က်ေနာ္ျမင္တာကေတာ့ အေနာက္ႏုိင္ငံေတြဘက္က ဖိအားေပးမႈေတြ ရိွပါတယ္။ ဒါေပမဲ့လဲ က်ေနာ့္အထင္ေပါ့ စစ္ေကာင္စီဘက္ကေတာ့ သူတုိ႔က တခ်ိန္တုန္းကလဲ စစ္အစိုးရေအာက္မွာ ဒီလိုမ်ဳိး ဖိအားေပးမႈေတြကို ရင္ဆိုင္လာရတယ္ဆိုတဲ့ အျမင္မ်ဳိးက ရိွေနလို႔ထင္တယ္။ ေနာက္တခါၾကေတာ့ ေျပာမယ္ဆိုရင္ အရင္ကာလကလဲ အေနာက္က ဖိအားေပးလိုက္၊ က်ေနာ္တုိ႔က တရုတ္နဲ႔ ရုရွားကို ပိုၿပီးေတာ့ မီွခိုရတယ္။ ပိုကပ္သြားတဲ့ အေနအထားမ်ဳိး ျဖစ္ခဲ့တယ္ဆိုေတာ့ ဒါကလဲ အခုအခ်ိန္မွာ နည္းနည္းေလးေတာ့ စဥ္းစားစရာေကာင္းတဲ့အခ်က္ ျဖစ္တယ္လို႔ ထင္ပါတယ္။

ေမး ။ ။ ဆိုေတာ့ ဒီ (၁) ႏွစ္ ကုန္ဆံုးခဲ့တဲ့အတြင္းမွာ သူတုိ႔ရဲ ႔ လုပ္ေဆာင္ခ်က္ေတြ ျဖစ္ေပၚတုိးတက္မႈေတြဟာ ျမန္မာႏုိင္ငံ အေရွ ႔ကို ေကာင္းလာေအာင္ လုပ္ဖို႔အတြက္ ဘယ္ေလာက္အထိ အေထာက္အပံ့ ျဖစ္ေစပါလဲ။ ယုတ္စြအဆံုး စစ္ေကာင္စီက သူတုိ႔ေျပာထားတဲ့ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္တင္ေပးပါမယ္။ ေရြးေကာက္ပြဲ လုပ္ေပးပါမယ္ ေျပာတဲ့ကိစၥေတြအတြက္ ဘယ္ေလာက္အထိ အေထာက္အပံ့ ျဖစ္လာမယ္လို႔ ထင္ပါသလဲ။ ခိုင္လံုစိတ္ခ်ရတဲ့ အေထာက္အပံ့ေတြ ျဖစ္မယ္လို႔ ထင္ပါသလား။

ေျဖ ။ ။ က်ေနာ္ျမင္တာကေတာ့ စစ္ေကာင္စီဘက္က သူတုိ႔ေျပာပါတယ္။ ဒါက အာဏာသိမ္းတာ မဟုတ္ဘူး။ အာဏာကို ထိန္းထားတာေပါ့။ ၿပီးတဲ့အခါၾကေတာ့ ေရြးေကာက္ပြဲ ျပန္လုပ္ေပးမယ္။ ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္သြားမယ္ဆိုတဲ့ ကတိကဝတ္ ရိွပါတယ္။ တဘက္ကၾကေတာ့ ဘာျဖစ္လဲဆိုေတာ့ က်ေနာ္တို႔ျမင္တာက အထူးသျဖင့္ ထိုင္းႏုိင္ငံမွာ ေတြ႔တာက က်ေနာ္တို႔ေခၚတာ Veto Coup လို႔ ေခၚပါတယ္။ သူတုိ႔လိုခ်င္တဲ့ Veto အာဏာ တစံုတရာကုိ ျဖည့္ၿပီးေတာ့ ေရးဆြဲလိုက္တယ္။ က်န္တဲ့ကိစၥ ေတာ္ေတာ္မ်ားမ်ားကို ဝင္မရွဳပ္ဘူး။ ၿပီးလို႔ရိွရင္ သူက ျပန္ဆင္းသြားၿပီးေတာ့ အရပ္သားကို ျပန္ၿပီးေတာ့ အာဏာလႊဲတယ္ေပါ့။ ဒီလိုလမ္းေၾကာင္းေတြကို က်ေနာ္တုိ႔ ေတြ႔ပါတယ္။ ဒါေပမဲ့ ဗမာျပည္မွာၾကေတာ့ အခုျဖစ္ေနတာကေတာ့ အေျခခံက်က် ေခတ္ေျပာင္းေတာ္လွန္ေရးႀကီး လုပ္ေနသလားလို႔ ထင္ရတယ္။ အကုန္ ေအာက္ေျခကေန ေျပာင္းေနတဲ့အခါၾကေတာ့ ေတာ္ေတာ္ေလးလဲ စိတ္ပ်က္စရာ ေကာင္းတယ္လို႔ ထင္ပါတယ္။ အထူးသျဖင့္ေတာ့ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးကိစၥေတြ ေျပာင္းတယ္။ ေနာက္တခါ အင္တာနက္လို ကိစၥမ်ဳိးေတြ၊ ေနာက္ အခု VPN အစရိွသျဖင့္ ဥပေဒ ေတာ္ေတာ္မ်ားမ်ားက တကယ့္ကို ေအာက္ေျခကေန အကုန္လံုး ေျပာင္းျပန္လွန္ပစ္မယ္ဆိုတာေတြ ျဖစ္ေနတယ္။ ေနာက္တခါ ဘတ္ဂ်က္နွစ္ေျပာင္းတယ္။ အဲဒါမ်ဳိးေတြ လိုက္ေျပာင္းေနတဲ့အခါၾကေတာ့ ၾကည့္ရတာ ဟုတ္မွဟုတ္ေသးရဲ ႔လားဆိုတဲ့ အျမင္မ်ဳိးေတာ့ ရိွပါတယ္။


==Unicode==

အာဏာသိမ်း တက်လာတဲ့ စစ်ကာင်စီက တက်ခါစမှာတော့ တနှစ်အကြာမှာ၊ အခုတော့ ၂၀၂၃ သြဂုတ်လမှာ ရွေးကောက်ပွဲ ကျင်းပပြီး ရလဒ်အတိုင်း အာဏာလွှဲပေးမယ်လို့ ဆိုထားပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်မယ့် အခြေအနေ အခင်းအကျင်းတွေကို ပြီးခဲ့တဲ့ တနှစ်တာအတွင်း ဘယ်လောက်အထိ လုပ်ဆောင်ပေးခဲ့၊ လုပ်ဆောင်နိုင်ခဲ့ကြပါသလဲ၊ မြန်မာ့အရေးသုံးသပ်သူ ကိုအောင်သူငြိမ်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ တနှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒီတနှစ်ကာလအတွင်း စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေဟာ တိုင်းပြည်ပြန်ကောင်းလာဖို့အတွက် ဘယ်လောက်များ ထိရောက်ခဲ့သလဲ။ ဘာတွေများ လုပ်ဆောင်ခဲ့သလဲဆိုတာကို ပထမဦးဆုံး သုံးသပ်ကြည့်ချင်ပါတယ်။ အာဏာသိမ်းခဲ့တဲ့ကိစ္စ မှန်မမှန်။ ဘာဖြစ်ညာဖြစ်ဆိုတာကတော့ ပြောစရာမလိုတော့တဲ့ကိစ္စ ဖြစ်ပါတယ်။ တိုင်းပြည်ပြန်ကောင်းလာဖို့အတွက် အခြေခံတည်ငြိမ်မှုတို့၊ လူမှုရေး၊ စီးပွားရေး ပုံမှန်လည်ပတ်ဖို့အတွက် သူတို့ရဲ့ လုပ်ဆောင်ချက်တွေ ထိရောက်မှုတွေ ဘယ်လောက်အထိ ရှိခဲ့တယ်လို့ သုံးသပ်လိုပါလဲ။

ဖြေ ။ ။ အထူးသဖြင့်တော့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကမ္ဘာ့ဘဏ်၊ IMF တို့က သုံးသပ်ထားတာ ရှိပါတယ်။ ကျနော်တို့တိုင်းပြည်က စီးပွားရေးအရက နဂိုကတည်းကိုက ကိုဗစ်-၁၉ ကြောင့် ကျနေတဲ့ အနေအထားမှာ အာဏာသိမ်းတဲ့အခါကြတော့ ထူးထူးခြားခြား ကျသွားတဲ့အနေအထား ရှိပါတယ်။ အဲဒီတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက (-18) အနုတ်(၁၈) ရာခိုင်နှုန်းလောက်အထိ ကျသွားတယ်ဆိုတဲ့ သုံးသပ်ချက် ရှိပါတယ်။ အဲဒီကနေ အခုအာဏာသိမ်းပြီးတဲ့ (၁) နှစ်ကာလမှာ ပြန်ပြီးတော့ တက်လာသလားဆိုတဲ့ အနေအထားမှာတော့ ကျနော်ထင်တယ် တော်တော်ကြီး ရုန်းကန်နေရတဲ့ အနေအထားမျိုး ရှိတယ်ဆိုတာကို တွေ့ရပါတယ်။ အရေးကြီးတဲ့ကိစ္စက ဘဏ်တွေပါ။ ဘဏ်တွေမှာ သိတဲ့အတိုင်းပဲ ATM မှာ ပိုက်ဆံထုတ်လို့မရဘူး။ ကျနော်ဆီမှာ ငွေရှိရင်လဲ ဘဏ်ကနေ အပတ်စဉ်မှာ ပုံမှန်ထုတ်ပေးဖို့၊ မရတဲ့အနေအထားတွေ ဖြစ်ပါတယ်။ အဲဒီတော့ ရင်းနှီးမြုပ်နံှမှုကိစ္စ၊ ဝန်ထမ်းတွေ လစာပေးဖို့၊ နောက် ကျန်တဲ့ကိစ္စ တော်တော်များများက ပြဿနာ ရှိပါတယ်။ အဲဒီတော့ ရာခိုင်နှုန်းတခုကို အမြတ်ပေးပြီးတော့ ထုတ်နေရတဲ့ အနေအထားကလည်း အခုအချိန်အထိ ရှိတုန်းဆိုတာကို ကျနော်တို့ တွေ့ရပါတယ်။

ကုန်သွယ်မှုပိုင်းမှာလည်း အထူးသဖြင့်က တရုတ်ပြည်က Zero Covid Policy ကျင့်သုံးနေတယ်။ သူထဲကို အထူးသဖြင့်တော့ ကူးစက်မှု မပြန့်အောင် လုပ်ထားတဲ့ကြားမှာ နယ်စပ်ကုန်သွယ်ရေးတွေမှာလည်း တော်တော်ကြီးကို ကျဆင်းနေတဲ့ အနေအထားကို တွေ့ရပါတယ်။ နိုင်ငံရေးပြဿနာတွေ ခဏထားအုံး၊ စီးပွားရေးအရ ပြောမယ်ဆိုရင် ပြန်နလန်ထူဖို့ အနေအထားကို ဆက်ရုန်းကန်ရအုံးမယ်လို့ ထင်ပါတယ်။

မေး ။ ။ နိုင်ငံရေးကိုလည်း ဆက်ပြောပါအုံး။

ဖြေ ။ ။ နိုင်ငံရေးပိုင်းမှာတော့ အခုစစ်ကောင်စီကတော့ သူက လာမယ့် ၂၀၂၃ မှာ ရွေးကောက်ပွဲ လုပ်ပေးမယ်။ ကိုယ်စားပြုခွင့်နည်းတဲ့ ပါတီတွေအတွက် Proportional Representation (PR) ခေါ် အချိုးကျကိုယ်စားပြုခွင့်စနစ် ဆိုတာမျိုးတွေကို အခုဆွေးနွေးနေတာ ရှိပါတယ်။ ဒါပေမဲ့ ပြဿနာက ပြည်သူတွေအနေနဲ့ ဒီဆွေးနွေးမှုတွေအပေါ်မှာ တော်တော်စိတ်မဝင်စားတဲ့ အနေအထား ရှိတယ်။ နောက်တခုကလဲ ၂၀၂၃ မှာ ရွေးကောက်ပွဲ ဖြစ်လာရင်တောင်၊ ကျနော်တို့ ပြည်သူတွေဘက်က ယုံကြည်ကိုးစားမှု တကယ်လုပ်ကြမလားဆိုတာက တော်တော်အခက်အခဲ ရှိတဲ့ အနေအထားမျိုးကို တွေ့ရတယ်လို့ ကျနော် ထင်ပါတယ်။ တခုရှိတာတော့ အခုအာဏာသိမ်းပြီးတဲ့ (၁) နှစ်အကြာ၊ ဒီအနေအထားမှာတော့ စစ်ကောင်စီဘက်က တချို့နေရာတွေ၊ မြို့ကြီးတွေ နယ်မြေတော်တော်များများကို ထိန်းချုပ်မှု ရလာတဲ့ အနေအထားမှာတော့ ရှိပါတယ်။ ဒါပေမဲ့လဲ သူ မထိန်းချုပ်နိုင်တဲ့ မြို့တွေဒေသတွေ၊ တိုက်ပွဲဆက်ဖြစ်နေတဲ့ နေရာတွေက တော်တော်များများရှိတဲ့ အနေအထားမှာ တွေ့ရတယ်။ တဘက်မှာကြတော့ ပြည်တွင်းဒုက္ခသည်တွေ၊ စစ်ပြေးရတယ်၊ ဒုက္ခရောက်ကြတယ်ဆိုတဲ့ လူဦးရေးအရေအတွက်ကတော့ တော်တော်တိုးလာတဲ့ အနေအထား ရှိပါတယ်။

မေး ။ ။ ပြည်တွင်းမှာ သူတို့ထိန်းချုပ်တဲ့ ဒေသတွေ နည်းနည်းပိုလာတယ်လို့ ဆိုပေမဲ့လဲ သူတို့လက်အောက်မှာ ရှိနေတဲ့ ဒေသတွေရဲ့ အထွေထွေတည်ငြိမ်မှုကိုရော ဘယ်လောက်အထိ အားရစရာ ကောင်းပါလဲ။ နည်းနည်းတိုးတက်မှုကော ရှိလာပါရဲ့လား။ ဥပမာအားဖြင့် တရားဥပဒေ စိုးမိုးရေး၊ စစ်မှန်တဲ့ ဥပဒေစနစ်တို့ ဘာတို့ သူတို့ဆီမှာ ရှိပါရဲ့လား။ အခုကြားရတဲ့ ကိစ္စတွေက တော်တော်လေး ကြောက်စရာကောင်းတဲ့ အမှုအခင်းတွေကိုလည်း ကြားရပါတယ်။ အဖမ်းအဆီးတွေကလည်း အတော်များတယ်။ သံသယနဲ့ ဖမ်းဆီးတာတွေဆိုတော့ အဲဒီကိစ္စတွေကိုလည်း နည်းနည်းသုံးသပ်ပါအုံး။ အဲဒီ သူတို့ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဒေသတွေရဲ့ အထွေထွေတည်ငြိမ်မှု အခြေအနေ။

ဖြေ ။ ။ ကျနော် ပထမပြောချင်တာကတော့ ဝန်ဆောင်မှုအပိုင်းပေါ့။ အထူးသဖြင့် ထွေအုပ်ရုံး - အထွေထွေအုပ်ချုပ်ရေးဌာနက အုပ်ချုပ်ရေးဆိုင်ရာ ဝန်ဆောင်မှုပေးတာတွေ ပါမယ်။ နောက်တခါ လျှပ်စစ်လို ကိစ္စမျိုး။ ရေပေးရေးကိစ္စမျိုး။ နောက်တခါ ကာကွယ်ဆေးထိုးတဲ့ ကိစ္စမျိုးတွေ ရှိပါတယ်။ ဒါက ဝန်ဆောင်မှုပိုင်းပါ။ နောက်တခုကတော့ တရားဥပဒေ စိုးမိုးရေး။ အခုနပြောတဲ့ ရာဇဝတ်မှုတွေ များလာတာတို့။ တရားရုံးတွေက သူတို့ရဲ့ တာဝန်ကို သေချာမထမ်းဆောင်နိုင်တာတို့ ဒီလိုအပိုင်းကို ကျနော် နည်းနည်းခွဲပြောချင်ပါတယ်။ အုပ်ချုပ်ရေးပိုင်းမှာတော့ အခု ကျနော်တို့ လေ့လာမိသလောက်တော့ အနေအထားကတော့ mix ရောထွေနေတယ်လို့ ထင်ပါတယ်။ တချို့ပြောတာတော့ အခုလိုကာလမှာ အုပ်ချုပ်ရေးက ပိုပြီးမြန်လာတယ်လို့ ပြောတာတွေ ရှိပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာတော့ အခုအချိန်မှာ လာဘ်ပေးလာဘ်ယူမှုက ပိုများတယ်၊ လာဘ်ပေးရင် မြန်မြန်ဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိပါတယ်။

နောက်တခါ ကာကွယ်ဆေးကတော့ ကျနော်မြင်တာ လူတော်တော်များများ ထိုးကြတယ်ဆိုတဲ့ သတင်းမျိုးလည်း ကျနော်တို့ တွေ့ပါတယ်။ လျှပ်စစ်မီးကိစ္စကတော့ အားလုံး တော်တော်ဒုက္ခရောက်နေတဲ့ ကိစ္စ ဖြစ်ပါတယ်။ တရားရုံးတွေကတော့ အခုန ဆွေးနွေးတဲ့အတိုင်းပါပဲ - တရားရုံးတွေမှာတော့ တရားဥပဒေ စိုးမိုးရေးကိစ္စ၊ တော်တော်ကျဆင်းသွားတယ်လို့ ကျနော်ထင်တယ်။ နောက် ရာဇဝတ်အမှုအခင်းတွေ တော်တော်များလာတယ်လို့ ထင်ပါတယ်။ လူတွေ အလုပ်အကိုင် ကျပ်တည်းတာ၊ စီးပွားရေး အခက်အခဲ များလာတာနဲ့အမျှ ရာဇဝတ်မှုတွေ ပိုများလာတယ်လို့ ယူဆနိုင်ပါတယ်။

မေး ။ ။ နောက်တခုက စစ်ကောင်စီအနေနဲ့ သူတို့ရဲ့ အုပ်ချုပ်မှုကို နိုင်ငံတကာ အများစုလက်ခံလာအောင်။ လူတွေသုံးတာက International Legitimacy လို့ သုံးကြတယ်။ ထားပါတော့ - အဲဒီဘက်မှာ သူတို့ ကြိုးပမ်းမှုက ဘယ်လောက်အထိ တိုးတက်မှုရှိတယ် ထင်ပါသလဲ။ ကျနော် အထူးမေးချင်တာက ကမ္ဘောဒီးယားဝန်ကြီး ဟွန်ဆန်ရဲ့ Initiative သူက သူကိုယ်တိုင် တယောက်ထဲသွားပြီးတော့ မြန်မာနိုင်ငံ စစ်ကောင်စီကို အာဆီယံအသိုင်းအဝန်းထဲကို ပြန်သွင်းဖို့ သူက ကြိုးပမ်းတယ်လို့ ဆိုပါတယ်။ လူတော်တော်များများက ရှုတ်ချကြတယ်။ ဒီကိစ္စက ဘယ်လောက်အထိ ထိရောက်တယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ ကျနော်ထင်တာကတော့ သံတမန်ရေးမှာ အထူးသဖြင့် အထိနာတယ်လို့ ထင်ပါတယ်။ အထူးသဖြင့်တော့ ကုလသမဂ္ဂမှာ ခန့်ထားတဲ့ ဦးကျော်မိုးထွန်းက ဒီမိုကရေစီအင်အားစုတွေဘက် ရပ်တည်လိုက်တဲ့ နောက်ပိုင်းမှာ အခုအချိန်အထိ နိုင်ငံတကာသံတမန်ရေးပိုင်းမှာ စပြီးတော့ အထိနာတဲ့အပိုင်းတွေ ရှိပါတယ်။ ဒါပေမဲ့လဲ တဘက်က အောက်ခြေမြေပြင်ကို ထိန်းချုပ်ထားတဲ့ အနေအထားမှာ၊ နောက်တခါ အာဆီယံအနေနဲ့ကလဲ ပြေလည်ရေးကို ဦးတည်ချင်တော့ စပြီးတော့ ဆက်ဆံလာတဲ့ လမ်းကြောင်းတွေ၊ နောက်တခါ ပြေလည်ရေးကို စဉ်းစားနေတဲ့ လမ်းကြောင်းတွေကိုလည်း တွေ့ပါတယ်။ ဆိုတော့ အဲဒီအနေအထားမှာတော့ ပြောရရင် Legitimacy လို့ခေါ်တဲ့ တရားဝင်မှုအပိုင်းမှာ နိုင်ငံတကာဘက်က ငြင်းပယ်တာ၊ ဖယ်ထားတာ။ ကျနော်တို့ အထီကျန်ဖြစ်အောင် လုပ်ထားတာ - ဒီလိုအနေအထားတွေတော့ အတော်ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ ၂၀၂၁ ကုန်ခါနီး၊ အဲဒီကာလကစလို့ Shuttle Diplomacy လို့ ပြောလို့ရတဲ့ သံအမတ်တွေ အပြန်အလှန် ကူးလူးဝင်ထွက် ဒီကိစ္စမျိုးတွေနဲ့ ပြေလည်အောင် ကြိုးပမ်းနေတာမျိုးတွေကို ကျနော်တို့ တွေ့ပါတယ်။

မေး ။ ။ ဆိုတော့ နောက်တခုက နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပြောမယ်ဆိုရင် အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေ၊ အခု Total, Chevron တို့ကလည်း ပိုပြီးတော့ ပြင်းပြင်းထန်ထန် လုပ်လာမယ်ဆိုပြီးတော့ ပြောနေကြတယ်။ သို့သော်လဲပဲ အဲဒီလိုစကားတွေ အနောက်နိုင်ငံတွေဘက်က ဖိအားတွေ ပိုပြီးမြင့်လာမယ် ပြောတိုင်းပြောတိုင်း လူတွေရဲ့ စိတ်ထဲမှာ သံသယ ရှိတာကတော့ ဘယ်လောက်ထိရောက်မှာမို့လဲ။ တရုတ်နဲ့ ရုရှားက သူတို့ဘက်က ရှိနေတာပဲ။ ဝမ်းသာအားရ စောင့်နေမှာပဲ။ ဒီဘက်က ဖိအားပေး ပိတ်စို့လိုက်ရင် သူတို့ ဝင်လုပ်ကြမယ်လို့ သုံးသပ်ကြပါတယ်။ အဲဒီကိစ္စကို ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ ကျနော်မြင်တာကတော့ အနောက်နိုင်ငံတွေဘက်က ဖိအားပေးမှုတွေ ရှိပါတယ်။ ဒါပေမဲ့လဲ ကျနော့်အထင်ပေါ့ စစ်ကောင်စီဘက်ကတော့ သူတို့က တချိန်တုန်းကလဲ စစ်အစိုးရအောက်မှာ ဒီလိုမျိုး ဖိအားပေးမှုတွေကို ရင်ဆိုင်လာရတယ်ဆိုတဲ့ အမြင်မျိုးက ရှိနေလို့ထင်တယ်။ နောက်တခါကြတော့ ပြောမယ်ဆိုရင် အရင်ကာလကလဲ အနောက်က ဖိအားပေးလိုက်၊ ကျနော်တို့က တရုတ်နဲ့ ရုရှားကို ပိုပြီးတော့ မှီခိုရတယ်။ ပိုကပ်သွားတဲ့ အနေအထားမျိုး ဖြစ်ခဲ့တယ်ဆိုတော့ ဒါကလဲ အခုအချိန်မှာ နည်းနည်းလေးတော့ စဉ်းစားစရာကောင်းတဲ့အချက် ဖြစ်တယ်လို့ ထင်ပါတယ်။

မေး ။ ။ ဆိုတော့ ဒီ (၁) နှစ် ကုန်ဆုံးခဲ့တဲ့အတွင်းမှာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပေါ်တိုးတက်မှုတွေဟာ မြန်မာနိုင်ငံ အရှေ့ကို ကောင်းလာအောင် လုပ်ဖို့အတွက် ဘယ်လောက်အထိ အထောက်အပံ့ ဖြစ်စေပါလဲ။ ယုတ်စွအဆုံး စစ်ကောင်စီက သူတို့ပြောထားတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တင်ပေးပါမယ်။ ရွေးကောက်ပွဲ လုပ်ပေးပါမယ် ပြောတဲ့ကိစ္စတွေအတွက် ဘယ်လောက်အထိ အထောက်အပံ့ ဖြစ်လာမယ်လို့ ထင်ပါသလဲ။ ခိုင်လုံစိတ်ချရတဲ့ အထောက်အပံ့တွေ ဖြစ်မယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ကျနော်မြင်တာကတော့ စစ်ကောင်စီဘက်က သူတို့ပြောပါတယ်။ ဒါက အာဏာသိမ်းတာ မဟုတ်ဘူး။ အာဏာကို ထိန်းထားတာပေါ့။ ပြီးတဲ့အခါကြတော့ ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်သွားမယ်ဆိုတဲ့ ကတိကဝတ် ရှိပါတယ်။ တဘက်ကကြတော့ ဘာဖြစ်လဲဆိုတော့ ကျနော်တို့မြင်တာက အထူးသဖြင့် ထိုင်းနိုင်ငံမှာ တွေ့တာက ကျနော်တို့ခေါ်တာ Veto Coup လို့ ခေါ်ပါတယ်။ သူတို့လိုချင်တဲ့ Veto အာဏာ တစုံတရာကို ဖြည့်ပြီးတော့ ရေးဆွဲလိုက်တယ်။ ကျန်တဲ့ကိစ္စ တော်တော်များများကို ဝင်မရှုပ်ဘူး။ ပြီးလို့ရှိရင် သူက ပြန်ဆင်းသွားပြီးတော့ အရပ်သားကို ပြန်ပြီးတော့ အာဏာလွှဲတယ်ပေါ့။ ဒီလိုလမ်းကြောင်းတွေကို ကျနော်တို့ တွေ့ပါတယ်။ ဒါပေမဲ့ ဗမာပြည်မှာကြတော့ အခုဖြစ်နေတာကတော့ အခြေခံကျကျ ခေတ်ပြောင်းတော်လှန်ရေးကြီး လုပ်နေသလားလို့ ထင်ရတယ်။ အကုန် အောက်ခြေကနေ ပြောင်းနေတဲ့အခါကြတော့ တော်တော်လေးလဲ စိတ်ပျက်စရာ ကောင်းတယ်လို့ ထင်ပါတယ်။ အထူးသဖြင့်တော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးကိစ္စတွေ ပြောင်းတယ်။ နောက်တခါ အင်တာနက်လို ကိစ္စမျိုးတွေ၊ နောက် အခု VPN အစရှိသဖြင့် ဥပဒေ တော်တော်များများက တကယ့်ကို အောက်ခြေကနေ အကုန်လုံး ပြောင်းပြန်လှန်ပစ်မယ်ဆိုတာတွေ ဖြစ်နေတယ်။ နောက်တခါ ဘတ်ဂျက်နှစ်ပြောင်းတယ်။ အဲဒါမျိုးတွေ လိုက်ပြောင်းနေတဲ့အခါကြတော့ ကြည့်ရတာ ဟုတ်မှဟုတ်သေးရဲ့လားဆိုတဲ့ အမြင်မျိုးတော့ ရှိပါတယ်။

XS
SM
MD
LG