သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မြန္အမ်ိဳးသားေရး သံုးသပ္ခ်က္မ်ား


ဒုတိယပင္လံုညီလာခံက်င္းပစဥ္ ( ဓာတ္ပံု- AP)

ဒီအပတ္မွာေတာ့ မြန္အမ်ိဳးသားေရးနဲ႔ ပတ္သက္တဲ့ မြန္အမ်ိဳးသားနဲ႔ မြန္အမ်ိဳးသမီးတို႔ရဲ႕ သုံးသပ္ခ်က္ေတြကို တင္ျပပါမယ္။ ႏွစ္ဦးစလုံးရဲ႕ ဆာင္းပါးေတြကို နယ္သာလန္ႏိုင္ငံအေျခစိုက္ Transnational Institute က ထုတ္ေဝတာ ဖစ္ပါတယ္။ မြန္ႏိုင္ငံေရးနဲ႔ ၂၀၂၁ အာဏာဖီဆန္ေရး ဆႏၵျပပြဲမွာပါဝင္ခဲ့သူ မင္းႏိုင္စြန္းရဲ႕ေဆာင္းပါးကို ဝင္ဘာလက ထုတ္ေဝၿပီး၊ မိခမြန္းရဲ႕ေဆာင္းပါးကိုေတာ့ ၂၀၂၀ ဇြန္လမွာ ထုတ္ေဝပါတယ္။ စစ္အာဏာသိမ္းမႈေၾကာင့္ မြန္လႈပ္ရွားမႈ ရင္ဆိုင္ေနရတဲ့ အက်ပ္အတည္းေတြကို တင္ျပထားတဲ့ မင္းႏိုင္စြန္းရဲ႕သမိုင္းေၾကာင္းေနာက္ခံ သုံးသပ္ခ်က္ေတြကို အရင္ဆုံးတင္ျပလိုပါတယ္။

မြန္ညီၫြတ္ေရးပါတီရဲ႕ ခါင္းေဆာင္ႏွစ္ဦး စစ္ေကာင္စီထဲ ပါဝင္ခြင့္ရတာကို
အေကာင္းျမင္သူေတြရွိသလို၊ အဆိုးျမင္သူေတြလည္း ရွိပါတယ္။ စစ္ေကာင္စီမွာ မြန္ပါဝင္သလို အမ်ိဳးသားညီၫြတ္ေရးအစိုးရအဖြဲ႕မွာလည္း မြန္ေတြ ပါဝင္ပါတယ္။ မြန္အက်ိဳးစီးပြားကို စစ္ေကာင္စီနဲ႔ ပူးေပါင္းၿပီး မွင့္တင္လိုသူ ရွိသလို၊ အမ်ိဳးသားညီၫႊတ္ေရးအစိုးရနဲ႔ ပူးေပါင္းၿပီး ျမႇင့္တင္ရမယ္လို႔ ယုံၾကည္သူလည္း ရွိပါတယ္။ သမိုင္းမွာေတာ့ ဗမာက တိုင္းရင္းသားကိုသုံးၿပီးအာဏာတည္ေဆာက္ပါတယ္။ ဗမာအခ်င္းခ်င္း သင့္ျမတ္တဲ့အခါ၊ ရင္ၾကားေစ့ပူးေပါင္းၿပီး တိုင္းရင္းသားေတြကို ဖိႏွိပ္တဲ့ သက္ေသသာဓကေတြ အမ်ားႀကီးရွိတယ္လို႔ ဆိုပါတယ္။

ဗမာအင္အားစုေတြ ၿပိဳင္ဆိုင္တဲ့အခါမွာ တဘက္ကေန ဝင္ေရာက္ကူညီလို႔ အက်ိဳးယုတ္ခဲ့ရတဲ့ သမိုင္းသင္ခန္းစာေတြ မြန္မွာ အမ်ားႀကီးရွိတယ္လို႔ မင္းႏိုင္စြန္းက ဆိုပါတယ္။
ႀကံ့ဖြံ႕အစိုးရလက္ထက္မွာေရာ၊ NLD အစိုးရလက္ထက္မွာေရာ မြန္အေရးကို လ်စ္လ်ဴရႈခဲ့ၾကပါတယ္။ႏွစ္ေပါင္းမ်ားစြာ ဗမာ့လက္ေအာက္ခံ ဖစ္ခဲ့ေပမယ့္ ကိုယ့္ၾကမၼာ ကိုယ္ဖန္တီးခ်င္တဲ့ စိတ္ဓါတ္ မြန္ေတြမွာ ရွိေနပါတယ္။ ဟံသာဝတီျပည္ကို (၁၇၅၇) မွာ ဗမာမင္း အေလာင္းဘုရား သိမ္းပိုက္ခ်ိန္ကစၿပီး မြန္ႏိုင္ငံ ကြယ္ေပ်ာက္သြားတာမို႔ စ္ေပါင္း (၂၆၅) စ္ ရွိေနပါၿပီ။ အဲဒီအခ်ိန္ကစၿပီး မြန္လြတ္ေျမာက္ေရး တိုက္ပြဲ စတင္ခဲ့တယ္လို႔ ဆိုပါတယ္။ အာဏာရွင္ဟူသမွ် ဆန႔္က်င္တာဟာ မြန္ေတာ္လွန္ေရး အစဥ္အလာ ဖစ္ပါတယ္။ ဦးေတာ္လွန္ေရးေအာင္ျမင္သြားရင္လည္း အာဏာရွင္ဓေလ့ကို ဆက္လက္ဆန႔္က်င္ရမယ္လို႔ ဆိုပါတယ္။

မြန္ကိုယ္ပိုင္ ျပဌာန္းခြင့္အတြက္ လြတ္လပ္ေရးရကတည္းက လႈပ္ရွားခဲ့ပါတယ္။ အဲဒီတုန္းကေတာ့ မြန္ျပည္သူ႔တပ္ဦးဆိုတဲ့ လက္နက္ကိုင္အဖြဲ႕ပါ။ ၁၉၆၂ မွာ မြန္ျပည္သစ္ပါတီ တည္ေထာင္ေတာ့ မြန္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ဦးဟာ ပါတီရဲ႕ လက္နက္ကိုင္တပ္ဖြဲ႕ ဖစ္လာပါတယ္။ ၁၉၇၄ မွာ မြန္ျပည္နယ္ ဖြဲ႕လိုက္ေတာ့လည္း လက္နက္ကိုင္ လႈပ္ရွားမႈ ရွိေနဆဲ ဖစ္ပါတယ္။ ၁၉၉၅ ေရာက္ေတာ့မွ နဝတစစ္အစိုးရနဲ႔ မြန္ျပည္သစ္ပါတီ အပစ္ရပ္ဖို႔ သေဘာတူၾကပါတယ္။ အပစ္ရပ္သက္တမ္း (၂၅) ႏွစ္ ရွိလာေပမယ့္ မြန္လူမ်ိဳးေတြရဲ႕ အက်ိဳးစီးပြား တိုးတက္လာတာမ်ိဳး မေတြ႕ရဘူးလို႔ မြန္အမ်ိဳးသမီး မိခမြန္းက သုံးသပ္တင္ျပထားပါတယ္။ အပစ္ရပ္ကာလမွာ စစ္တပ္အင္အားတိုးပြားလာၿပီး
င္ငံျခားမွာ အလုပ္လုပ္ၾကတဲ့ မြန္ေတြလည္း မ်ားျပားလာတဲ့အတြက္ ဆိုးက်ိဳးမ်ားၿပီး၊
ကာင္းက်ိဳးမရွိသေလာက္ပဲလို႔ ဆိုပါတယ္။

အပစ္ရပ္ကာလမွာ တိုက္ပြဲျဖစ္လိုက္၊ ညႇိႏႈိင္းလိုက္၊ ဆြးေႏြးပြဲလုပ္လိုက္နဲ႔ ၿငိမ္းခ်မ္းေရးမရဘဲ လမ္းေလွ်ာက္ရင္ တျဖည္းျဖည္း လမ္းေပ်ာက္သလို ဖစ္လာတယ္လို႔ မိခမြန္းက သုံးသပ္ပါတယ္။စီးပြားေရးလုပ္ငန္းေတြလည္း ေပ်ာက္ဆုံးလာပါတယ္။ ၂၀၀၈ အေျခခံဥပေဒအရ သဘာဝအရင္းအျမစ္ သယံဇာတကို င္ငံေတာ္က ပိုင္တယ္လို႔ သတ္မွတ္ထားတဲ့အတြက္ မြန္လူမ်ိဳးေတြကို ဘိုးဘြားအစဥ္အဆက္က ပးထားခဲ့တဲ့ အေမြအႏွစ္ေတြလည္း ေပ်ာက္ဆုံးသြားပါေတာ့တယ္။ ကိုယ္ပိုင္ျပဌာန္းခြင့္ရဖို႔အတြက္ အပစ္ရပ္ခဲ့တဲ့ မြန္ျပည္သစ္ပါတီရဲ႕ ခရီးစဥ္ဟာလည္း အေမွာင္ထဲမွာသာ ရွိေနေသးတယ္လို႔ ဆိုပါတယ္။ စစ္ေဘးေၾကာင့္ အိုးအိမ္မဲ့ျဖစ္သြားရသူေတြဟာ မိမိတို႔ ဇာတိေျမကို ပန္စရာ မမရွိေတာ့တဲ့အတြက္ မြန္ျပည္သစ္ပါတီရွိရာ တာေတာင္ထူထပ္တဲ့ေနရာေဒသေတြမွာပဲ မွီခိုေနထိုင္ၾကရပါတယ္။

အပစ္အခတ္ရပ္စဲတဲ့ အခ်ိန္ကစၿပီး ယေန႔အထိ လက္နက္ကိုင္ပဋိပကၡေတြ ဆက္လက္ျဖစ္ပြားေနတဲ့အတြက္ မြန္ျပည္သူေတြဟာ အၿမဲတမ္းစိုးရိမ္ပူပန္ေနရပါတယ္။ ယခင္စစ္အစိုးရေတြ လက္ထက္မွာ ေျမယာသိမ္းယူမႈေတြ မ်ားျပားလာသလို ဘဝပ်က္တဲ့ ဒသခံေတြလည္း မ်ားလာခဲ့ပါတယ္။ အပစ္ရပ္မတိုင္မီ ၁၉၉၅ မွာ မြန္ျပည္နယ္မွာ အစိုးရတပ္ရင္း (၃) ရင္းသာ ရွိပါတယ္။ ငါးႏွစ္ေလာက္ၾကာေတာ့ တပ္ရင္း (၂၀) က်ာ္ ရွိလာၿပီး၊ မြန္ျပည္သစ္ပါတီရဲ႕ ထိန္းခ်ဳပ္နယ္ေျမကို ဝိုင္းထားႏိုင္ပါတယ္။ မြန္ျပည္သစ္ပါတီရဲ႕ နယ္ေျမဟာ အစိုးရေျမပုံမွာ သစ္ေတာႀကိဳးဝိုင္း ဖစ္ေနတယ္လို႔ မိခမြန္းက ဆိုပါတယ္။

မြန္ျပည္နယ္ကို ရင္းႏွီးျမဳပ္နံွမႈေတြ ဝင္ေရာက္လာေပမယ့္ မြန္ျပည္သစ္ပါတီရဲ႕ အက်ိဳးအျမတ္ခံစားခြင့္ဟာ အလြန္နည္းပါတယ္။ ဓါတ္ေငြ႕ပိုက္လိုင္းေတြ မိမိတို႔ေဒသကို ဖတ္သြာ တာကိုျမင္ေနရတဲ့ မြန္ျပည္သူေတြဟာ အက်ိဳးခံစားခြင့္ မရွိၾကပါဘူး။ ဒါေၾကာင့္ မိမိတို႔
ဘိုးဘြားေတြ ပးထားခဲ့တဲ့ အေမြအႏွစ္ေတြ မကုန္ဆုံးခင္မွာ အားလုံးအတူတကြ ပူးေပါင္းကာကြယ္ဖို႔ အလြန္အေရးႀကီးပါတယ္။ ေနာင္လာမယ့္ မ်ိဳးဆက္သစ္ေတြကိုလည္း ခြန္အားအျပည့္နဲ႔ ခရီးဆက္ေစခ်င္တယ္လို႔ မြန္အမ်ိဳးသမီးသုေတသီ မိခမြန္းက သုံးသပ္ထားတာကိုျပန္လည္တင္ျပလိုက္ရပါတယ္။

................................................................................................

မြန္အမ်ိဳးသားေရး သံုးသပ္ခ်က္မ်ား
please wait

No media source currently available

0:00 0:05:25 0:00
တိုက္႐ိုက္ လင့္ခ္


မွန်အမျိုးသားရေး သုံးသပ်ချက်များ

Unicode

ဒီအပတ်မှာတော့ မွန်အမျိုးသားရေးနဲ့ ပတ်သက်တဲ့ မွန်အမျိုးသားနဲ့ မွန်အမျိုးသမီးတို့ရဲ့ သုံးသပ်ချက်တွေကို တင်ပြပါမယ်။ နှစ်ဦးစလုံးရဲ့ ဆာင်းပါးတွေကို နယ်သာလန်နိုင်ငံအခြေစိုက် Transnational Institute က ထုတ်ဝေတာ ဖစ်ပါတယ်။ မွန်နိုင်ငံရေးနဲ့ ၂၀၂၁ အာဏာဖီဆန်ရေး ဆန္ဒပြပွဲမှာပါဝင်ခဲ့သူ မင်းနိုင်စွန်းရဲ့ဆောင်းပါးကို ဝင်ဘာလက ထုတ်ဝေပြီး၊ မိခမွန်းရဲ့ဆောင်းပါးကိုတော့ ၂၀၂၀ ဇွန်လမှာ ထုတ်ဝေပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် မွန်လှုပ်ရှားမှု ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို တင်ပြထားတဲ့ မင်းနိုင်စွန်းရဲ့သမိုင်းကြောင်းနောက်ခံ သုံးသပ်ချက်တွေကို အရင်ဆုံးတင်ပြလိုပါတယ်။

မွန်ညီညွတ်ရေးပါတီရဲ့ ခါင်းဆောင်နှစ်ဦး စစ်ကောင်စီထဲ ပါဝင်ခွင့်ရတာကို
အကောင်းမြင်သူတွေရှိသလို၊ အဆိုးမြင်သူတွေလည်း ရှိပါတယ်။ စစ်ကောင်စီမှာ မွန်ပါဝင်သလို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာလည်း မွန်တွေ ပါဝင်ပါတယ်။ မွန်အကျိုးစီးပွားကို စစ်ကောင်စီနဲ့ ပူးပေါင်းပြီး မှင့်တင်လိုသူ ရှိသလို၊ အမျိုးသားညီညွှတ်ရေးအစိုးရနဲ့ ပူးပေါင်းပြီး မြှင့်တင်ရမယ်လို့ ယုံကြည်သူလည်း ရှိပါတယ်။ သမိုင်းမှာတော့ ဗမာက တိုင်းရင်းသားကိုသုံးပြီးအာဏာတည်ဆောက်ပါတယ်။ ဗမာအချင်းချင်း သင့်မြတ်တဲ့အခါ၊ ရင်ကြားစေ့ပူးပေါင်းပြီး တိုင်းရင်းသားတွေကို ဖိနှိပ်တဲ့ သက်သေသာဓကတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။

ဗမာအင်အားစုတွေ ပြိုင်ဆိုင်တဲ့အခါမှာ တဘက်ကနေ ဝင်ရောက်ကူညီလို့ အကျိုးယုတ်ခဲ့ရတဲ့ သမိုင်းသင်ခန်းစာတွေ မွန်မှာ အများကြီးရှိတယ်လို့ မင်းနိုင်စွန်းက ဆိုပါတယ်။
ကြံ့ဖွံ့အစိုးရလက်ထက်မှာရော၊ NLD အစိုးရလက်ထက်မှာရော မွန်အရေးကို လျစ်လျူရှုခဲ့ကြပါတယ်။နှစ်ပေါင်းများစွာ ဗမာ့လက်အောက်ခံ ဖစ်ခဲ့ပေမယ့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးချင်တဲ့ စိတ်ဓါတ် မွန်တွေမှာ ရှိနေပါတယ်။ ဟံသာဝတီပြည်ကို (၁၇၅၇) မှာ ဗမာမင်း အလောင်းဘုရား သိမ်းပိုက်ချိန်ကစပြီး မွန်နိုင်ငံ ကွယ်ပျောက်သွားတာမို့ စ်ပေါင်း (၂၆၅) စ် ရှိနေပါပြီ။ အဲဒီအချိန်ကစပြီး မွန်လွတ်မြောက်ရေး တိုက်ပွဲ စတင်ခဲ့တယ်လို့ ဆိုပါတယ်။ အာဏာရှင်ဟူသမျှ ဆန့်ကျင်တာဟာ မွန်တော်လှန်ရေး အစဉ်အလာ ဖစ်ပါတယ်။ ဦးတော်လှန်ရေးအောင်မြင်သွားရင်လည်း အာဏာရှင်ဓလေ့ကို ဆက်လက်ဆန့်ကျင်ရမယ်လို့ ဆိုပါတယ်။

မွန်ကိုယ်ပိုင် ပြဌာန်းခွင့်အတွက် လွတ်လပ်ရေးရကတည်းက လှုပ်ရှားခဲ့ပါတယ်။ အဲဒီတုန်းကတော့ မွန်ပြည်သူ့တပ်ဦးဆိုတဲ့ လက်နက်ကိုင်အဖွဲ့ပါ။ ၁၉၆၂ မှာ မွန်ပြည်သစ်ပါတီ တည်ထောင်တော့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်ဦးဟာ ပါတီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဖစ်လာပါတယ်။ ၁၉၇၄ မှာ မွန်ပြည်နယ် ဖွဲ့လိုက်တော့လည်း လက်နက်ကိုင် လှုပ်ရှားမှု ရှိနေဆဲ ဖစ်ပါတယ်။ ၁၉၉၅ ရောက်တော့မှ နဝတစစ်အစိုးရနဲ့ မွန်ပြည်သစ်ပါတီ အပစ်ရပ်ဖို့ သဘောတူကြပါတယ်။ အပစ်ရပ်သက်တမ်း (၂၅) နှစ် ရှိလာပေမယ့် မွန်လူမျိုးတွေရဲ့ အကျိုးစီးပွား တိုးတက်လာတာမျိုး မတွေ့ရဘူးလို့ မွန်အမျိုးသမီး မိခမွန်းက သုံးသပ်တင်ပြထားပါတယ်။ အပစ်ရပ်ကာလမှာ စစ်တပ်အင်အားတိုးပွားလာပြီး
င်ငံခြားမှာ အလုပ်လုပ်ကြတဲ့ မွန်တွေလည်း များပြားလာတဲ့အတွက် ဆိုးကျိုးများပြီး၊
ကာင်းကျိုးမရှိသလောက်ပဲလို့ ဆိုပါတယ်။

အပစ်ရပ်ကာလမှာ တိုက်ပွဲဖြစ်လိုက်၊ ညှိနှိုင်းလိုက်၊ ဆွးနွေးပွဲလုပ်လိုက်နဲ့ ငြိမ်းချမ်းရေးမရဘဲ လမ်းလျှောက်ရင် တဖြည်းဖြည်း လမ်းပျောက်သလို ဖစ်လာတယ်လို့ မိခမွန်းက သုံးသပ်ပါတယ်။စီးပွားရေးလုပ်ငန်းတွေလည်း ပျောက်ဆုံးလာပါတယ်။ ၂၀၀၈ အခြေခံဥပဒေအရ သဘာဝအရင်းအမြစ် သယံဇာတကို င်ငံတော်က ပိုင်တယ်လို့ သတ်မှတ်ထားတဲ့အတွက် မွန်လူမျိုးတွေကို ဘိုးဘွားအစဉ်အဆက်က ပးထားခဲ့တဲ့ အမွေအနှစ်တွေလည်း ပျောက်ဆုံးသွားပါတော့တယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့အတွက် အပစ်ရပ်ခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ ခရီးစဉ်ဟာလည်း အမှောင်ထဲမှာသာ ရှိနေသေးတယ်လို့ ဆိုပါတယ်။ စစ်ဘေးကြောင့် အိုးအိမ်မဲ့ဖြစ်သွားရသူတွေဟာ မိမိတို့ ဇာတိမြေကို ပန်စရာ မမရှိတော့တဲ့အတွက် မွန်ပြည်သစ်ပါတီရှိရာ တာတောင်ထူထပ်တဲ့နေရာဒေသတွေမှာပဲ မှီခိုနေထိုင်ကြရပါတယ်။

အပစ်အခတ်ရပ်စဲတဲ့ အချိန်ကစပြီး ယနေ့အထိ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် မွန်ပြည်သူတွေဟာ အမြဲတမ်းစိုးရိမ်ပူပန်နေရပါတယ်။ ယခင်စစ်အစိုးရတွေ လက်ထက်မှာ မြေယာသိမ်းယူမှုတွေ များပြားလာသလို ဘဝပျက်တဲ့ ဒသခံတွေလည်း များလာခဲ့ပါတယ်။ အပစ်ရပ်မတိုင်မီ ၁၉၉၅ မှာ မွန်ပြည်နယ်မှာ အစိုးရတပ်ရင်း (၃) ရင်းသာ ရှိပါတယ်။ ငါးနှစ်လောက်ကြာတော့ တပ်ရင်း (၂၀) ကျာ် ရှိလာပြီး၊ မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေကို ဝိုင်းထားနိုင်ပါတယ်။ မွန်ပြည်သစ်ပါတီရဲ့ နယ်မြေဟာ အစိုးရမြေပုံမှာ သစ်တောကြိုးဝိုင်း ဖစ်နေတယ်လို့ မိခမွန်းက ဆိုပါတယ်။

မွန်ပြည်နယ်ကို ရင်းနှီးမြုပ်နံှမှုတွေ ဝင်ရောက်လာပေမယ့် မွန်ပြည်သစ်ပါတီရဲ့ အကျိုးအမြတ်ခံစားခွင့်ဟာ အလွန်နည်းပါတယ်။ ဓါတ်ငွေ့ပိုက်လိုင်းတွေ မိမိတို့ဒေသကို ဖတ်သွာ တာကိုမြင်နေရတဲ့ မွန်ပြည်သူတွေဟာ အကျိုးခံစားခွင့် မရှိကြပါဘူး။ ဒါကြောင့် မိမိတို့
ဘိုးဘွားတွေ ပးထားခဲ့တဲ့ အမွေအနှစ်တွေ မကုန်ဆုံးခင်မှာ အားလုံးအတူတကွ ပူးပေါင်းကာကွယ်ဖို့ အလွန်အရေးကြီးပါတယ်။ နောင်လာမယ့် မျိုးဆက်သစ်တွေကိုလည်း ခွန်အားအပြည့်နဲ့ ခရီးဆက်စေချင်တယ်လို့ မွန်အမျိုးသမီးသုတေသီ မိခမွန်းက သုံးသပ်ထားတာကိုပြန်လည်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG