သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကနီနယ္ေက်း႐ြာေတြမွာ ေဒသခံကာကြယ္ေရးနဲ႔ စစ္ေကာင္စီတပ္ တိုက္ပြဲျဖစ္ပြား


ကနီ စစ္ေဘးေရွာင္ျပည္သူမ်ား ေတာတြင္း တေနရာမွာ ေခတၱ နားခိုစဥ္။

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္းအထက္ပိုင္း ကနီၿမိဳ႕နယ္ ခ်င္းတြင္းျမစ္အေနာက္ဘက္က ေက်း႐ြာေတြမွာ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ေတြ ဇန္နဝါရီ ၃၁ ရက္ ညေနပိုင္းအထိ တိုက္ပြဲျဖစ္ပြားေနပါတယ္။ တိုက္ပြဲျဖစ္ေနစဥ္ စစ္ေကာင္စီတပ္ေတြက အနီးအနားက႐ြာေတြထဲဝင္ၿပီး မီးရႈိ႕တဲ့အတြက္ ဘင္ေက်း႐ြာမွာ အိမ္ေျခ ၁၀၀ ေက်ာ္မီးေလာင္ကြၽမ္းခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္က သတင္းေရးသားေပးပို႔ထားပါတယ္။

ဇန္နဝါရီ ၃၁ ေန႔လယ္ပိုင္းမွာ ကနီနယ္ ခ်င္းတြင္းျမစ္အေနာက္ဘက္ကမ္းက ေက်း႐ြာေတြျဖစ္တဲ့ ကင္း ၊ ဘင္ ၊ အေနာက္ေတာ၊ အုႏၷဲဘုတ္ စတဲ့ေက်း႐ြာေတြအနီးမွာ စစ္ေကာင္စီတပ္ေတြ နယ္ေျမရွင္းလင္း ထိုးစစ္ဆင္လာတဲ့အတြက္ ေဒသခံကာကြယ္ေရးတပ္ေတြ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။

ဇန္နဝါရီ ၃၀ ကစလို႔ စစ္သားအင္အား ၁၀၀ ေက်ာ္နဲ႔ ကနီနယ္ထဲကို ဝင္ေရာက္နယ္ေျမရွင္းလင္းတာျဖစ္တယ္လို႔ ကာကြယ္ေရးတပ္ေတြဘက္က ေျပာပါတယ္။ တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ ေဒသခံကာကြယ္ေရးအဖြဲ႔တခုျဖစ္တဲ့ မဟူရာနဂါးအဖြဲ႔ တာဝန္ရွိသူတဦးက အခုလိုေျပာပါတယ္။

“ေန႔လယ္ ၁ နာရီေလာက္မွာ စျဖစ္တာ။ ကနီနဲ႔မင္းကင္းအစပ္မွာ သူတို႔စစ္ေၾကာင္းထိုးတာက မေန႔ကတည္းက။ သူတို႔က ပ်ဴေတြေကာအပါအဝင္ အင္အား ၁၅၀/၂၀၀ ဝန္းက်င္ေလာက္- အထက္ဘက္ မင္းကင္းဘက္ကေန စထိုးတာဗ်။ သူတို႔က ေတာ္ေတာ္ေလးေတာ့ က်ဆုံးသြားမယ္ထင္တယ္။ ဒီေန႔က ၂ ႀကိမ္ ဟိုးေန႔က ၁ ႀကိမ္၊ က်ေနာ္တို႔နဲ႔ ၃ ႀကိမ္ျဖစ္တယ္။ ၃ ႀကိမ္ျဖစ္တာ ပထမအႀကိမ္က ထိခိုက္က်ဆုံးမႈမရွိႏိုင္ဘူး။ အခု ဒီေန႔ျဖစ္တဲ့ ၂ ႀကိမ္ မွာ သူတို႔ထိခိုက္က်ဆုံးမႈရွိႏိုင္တယ္။ ေသခ်ာတယ္။ ပုံမွန္နယ္ေျမရွင္းလင္းတာဆိုရင္ က်ေနာ္တို႔ PDF ေတြကို ရွာၿပီးေတာ့ တိုက္ခိုက္လို႔ရပါတယ္။ အခုက အဲ့လိုမဟုတ္ဘူး။ က်ေနာ္တို႔ PDF ေတြကို မတိုက္ခိုက္ဘဲနဲ႔ ရပ္႐ြာေတြကိုမီးရႈိ႕တယ္။ ျပည္သူလူထုေတြကို သတ္ျဖတ္တယ္။ အခု႐ြာ ၃ ႐ြာကို အခုမီးရႈိ႕ေနတာ မီးေတာက္ႀကီးျမင္ေနရတယ္။”

သူေျပာတဲ့ထဲက ပ်ဴဆိုတာကေတာ့ စစ္တပ္လိုလားတဲ့ပ်ဴေစာထီးအဖြဲ႔ကို ေျပာတာျဖစ္ပါတယ္။ အဲဒီအဖြဲ႔ကို လက္နက္ကတပ္ဆင္ေပးထားျခင္း မရွိဘူးလို႔ စစ္ေကာင္စီဘက္ကေတာ့ အေစာပိုင္းက ျငင္းဆန္ထားပါတယ္။ စစ္ေကာင္စီတပ္ေတြဟာ ဘင္ ၊ အေနာက္ေတာ ၊ အုႏၷဲဘုတ္ စတဲ့ ေက်း႐ြာေတြက ေနအိမ္ေတြကို မီးရႈိ႕သြားတဲ့အတြက္ ေနအိမ္ ၂၀၀ နီးပါးရွိတဲ့ ဘင္ေက်း႐ြာဟာ ေနအိမ္ ၁၀၀ ေက်ာ္ မီးေလာင္ကြၽမ္းေနၿပီး စစ္ေကာင္စီရဲ႕ တပ္မ ၁၀၁ က မီးရႈိ႕တာ ျဖစ္တယ္လို႔ မ်က္ျမင္ေဒသခံေတြက အခုလို အခိုင္အမာ ေျပာပါတယ္။

“အေနာက္ေတာ ေက်း႐ြာက အိမ္ ၂ အိမ္ေလာင္ပါတယ္။ မီးသတ္ကားနဲ႔သြားၿပီး ၿငိမ္းသတ္ေတာ့ အဲ့ေက်း႐ြာက ၂ အိမ္ပဲေလာင္ပါတယ္။ မီးသတ္ကားနဲ႔ သြားၿငိမ္းပါတယ္။ ဘင္ေက်း႐ြာမွာက ေလာင္ေနတာ ဝင္ကပ္လို႔မရပါဘူး။ တ႐ြာလုံးကၽြတ္မွာပါ။ အိမ္ေျခက ၁၅၀ ေက်ာ္ ၂၀၀ ပတ္လည္ရွိမွာ ေတာင္သူဦးႀကီး႐ြာေတြပါ။ အေနာက္ေတာေက်း႐ြာက ပ်ဴေစာထီးက ရႈိ႕သြားတာ သိလိုက္ပါတယ္။ ဘင္ေက်း႐ြာက တပ္မ ၁၀၁ က တပ္က ရႈိ႕တဲ့ အေနအထားပါ။ ဘာလို႔ေျပာႏိုင္လဲဆိုေတာ့ သူက ဘင္ရဲ႕႐ြာေျမာက္ဘက္မွာ အင္းရွိတယ္။ အဲ့အင္းရဲ႕ အေနာက္ဘက္ကေနပတ္ၿပီး အုႏၷဲဘုတ္႐ြာဘက္ကို ပတ္ဝင္သြားပါတယ္။ က်ေနာ္တို႔ ဒ႐ုန္းနဲ႔ မွတ္တမ္းရွိပါတယ္။”

စစ္ေကာင္စီရဲ႕ တပ္မ ၁၀၁ ဟာ စေန၊ တနဂၤေႏြ႐ုံးပိတ္ရက္က ကင္းေအာက္ေက်း႐ြာမွာ စခန္းခ်ေနၿပီးဇန္နဝါရီ ၃၁ ရက္မွာေတာ့ အဲဒီ႐ြာကေနတျခား႐ြာေတြဘက္ ဆက္လက္ နယ္ေျမရွင္းလင္းေနတာျဖစ္ပါတယ္။ ကင္းေအာက္ေက်း႐ြာမွာ စစ္တပ္ဝင္ေရာက္ တပ္စြဲေနခ်ိန္ ႐ြာသားတဦးကို သတ္ျဖတ္သြားသလို ေနအိမ္ေတြက ပစၥည္းေတြကို ယူေဆာင္သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ႐ြာသား ၆ ဦးလည္း ေပ်ာက္ဆုံးေနတယ္လို႔ ေျပာပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေက်း႐ြာက ေဒသခံေတြဟာ ေဘးလြတ္ရာ တိမ္းေရွာင္ေနရၿပီး ညေနပိုင္းအထိ စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေတြရွိေနပါတယ္။ ခ်င္းတြင္းျမစ္ထဲကေနလည္း စစ္ေကာင္စီရဲ႕ ေရယာဥ္ေတြကေန လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တဲ့အတြက္ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြဘက္ကလည္း ျပန္လည္ပစ္ခတ္လို႔ စစ္တပ္ ေရယာဥ္တစီး မီးေလာင္ခဲ့တယ္လို႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြက ေျပာပါတယ္။

============

[[Unicode]]

ကနီနယ်ကျေးရွာတွေမှာ ဒေသခံကာကွယ်ရေးနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်းအထက်ပိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်အနောက်ဘက်က ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေပါတယ်။ တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီတပ်တွေက အနီးအနားကရွာတွေထဲဝင်ပြီး မီးရှို့တဲ့အတွက် ဘင်ကျေးရွာမှာ အိမ်ခြေ ၁၀၀ ကျော်မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်က သတင်းရေးသားပေးပို့ထားပါတယ်။

ဇန်နဝါရီ ၃၁ နေ့လယ်ပိုင်းမှာ ကနီနယ် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက ကျေးရွာတွေဖြစ်တဲ့ ကင်း ၊ ဘင် ၊ အနောက်တော၊ အုန္နဲဘုတ် စတဲ့ကျေးရွာတွေအနီးမှာ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်း ထိုးစစ်ဆင်လာတဲ့အတွက် ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဇန်နဝါရီ ၃၀ ကစလို့ စစ်သားအင်အား ၁၀၀ ကျော်နဲ့ ကနီနယ်ထဲကို ဝင်ရောက်နယ်မြေရှင်းလင်းတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တခုဖြစ်တဲ့ မဟူရာနဂါးအဖွဲ့ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“နေ့လယ် ၁ နာရီလောက်မှာ စဖြစ်တာ။ ကနီနဲ့မင်းကင်းအစပ်မှာ သူတို့စစ်ကြောင်းထိုးတာက မနေ့ကတည်းက။ သူတို့က ပျူတွေကောအပါအဝင် အင်အား ၁၅၀/၂၀၀ ဝန်းကျင်လောက်- အထက်ဘက် မင်းကင်းဘက်ကနေ စထိုးတာဗျ။ သူတို့က တော်တော်လေးတော့ ကျဆုံးသွားမယ်ထင်တယ်။ ဒီနေ့က ၂ ကြိမ် ဟိုးနေ့က ၁ ကြိမ်၊ ကျနော်တို့နဲ့ ၃ ကြိမ်ဖြစ်တယ်။ ၃ ကြိမ်ဖြစ်တာ ပထမအကြိမ်က ထိခိုက်ကျဆုံးမှုမရှိနိုင်ဘူး။ အခု ဒီနေ့ဖြစ်တဲ့ ၂ ကြိမ် မှာ သူတို့ထိခိုက်ကျဆုံးမှုရှိနိုင်တယ်။ သေချာတယ်။ ပုံမှန်နယ်မြေရှင်းလင်းတာဆိုရင် ကျနော်တို့ PDF တွေကို ရှာပြီးတော့ တိုက်ခိုက်လို့ရပါတယ်။ အခုက အဲ့လိုမဟုတ်ဘူး။ ကျနော်တို့ PDF တွေကို မတိုက်ခိုက်ဘဲနဲ့ ရပ်ရွာတွေကိုမီးရှို့တယ်။ ပြည်သူလူထုတွေကို သတ်ဖြတ်တယ်။ အခုရွာ ၃ ရွာကို အခုမီးရှို့နေတာ မီးတောက်ကြီးမြင်နေရတယ်။”

သူပြောတဲ့ထဲက ပျူဆိုတာကတော့ စစ်တပ်လိုလားတဲ့ပျူစောထီးအဖွဲ့ကို ပြောတာဖြစ်ပါတယ်။ အဲဒီအဖွဲ့ကို လက်နက်ကတပ်ဆင်ပေးထားခြင်း မရှိဘူးလို့ စစ်ကောင်စီဘက်ကတော့ အစောပိုင်းက ငြင်းဆန်ထားပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဘင် ၊ အနောက်တော ၊ အုန္နဲဘုတ် စတဲ့ ကျေးရွာတွေက နေအိမ်တွေကို မီးရှို့သွားတဲ့အတွက် နေအိမ် ၂၀၀ နီးပါးရှိတဲ့ ဘင်ကျေးရွာဟာ နေအိမ် ၁၀၀ ကျော် မီးလောင်ကျွမ်းနေပြီး စစ်ကောင်စီရဲ့ တပ်မ ၁၀၁ က မီးရှို့တာ ဖြစ်တယ်လို့ မျက်မြင်ဒေသခံတွေက အခုလို အခိုင်အမာ ပြောပါတယ်။

“အနောက်တော ကျေးရွာက အိမ် ၂ အိမ်လောင်ပါတယ်။ မီးသတ်ကားနဲ့သွားပြီး ငြိမ်းသတ်တော့ အဲ့ကျေးရွာက ၂ အိမ်ပဲလောင်ပါတယ်။ မီးသတ်ကားနဲ့ သွားငြိမ်းပါတယ်။ ဘင်ကျေးရွာမှာက လောင်နေတာ ဝင်ကပ်လို့မရပါဘူး။ တရွာလုံးကျွတ်မှာပါ။ အိမ်ခြေက ၁၅၀ ကျော် ၂၀၀ ပတ်လည်ရှိမှာ တောင်သူဦးကြီးရွာတွေပါ။ အနောက်တောကျေးရွာက ပျူစောထီးက ရှို့သွားတာ သိလိုက်ပါတယ်။ ဘင်ကျေးရွာက တပ်မ ၁၀၁ က တပ်က ရှို့တဲ့ အနေအထားပါ။ ဘာလို့ပြောနိုင်လဲဆိုတော့ သူက ဘင်ရဲ့ရွာမြောက်ဘက်မှာ အင်းရှိတယ်။ အဲ့အင်းရဲ့ အနောက်ဘက်ကနေပတ်ပြီး အုန္နဲဘုတ်ရွာဘက်ကို ပတ်ဝင်သွားပါတယ်။ ကျနော်တို့ ဒရုန်းနဲ့ မှတ်တမ်းရှိပါတယ်။”

စစ်ကောင်စီရဲ့ တပ်မ ၁၀၁ ဟာ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်က ကင်းအောက်ကျေးရွာမှာ စခန်းချနေပြီးဇန်နဝါရီ ၃၁ ရက်မှာတော့ အဲဒီရွာကနေတခြားရွာတွေဘက် ဆက်လက် နယ်မြေရှင်းလင်းနေတာဖြစ်ပါတယ်။ ကင်းအောက်ကျေးရွာမှာ စစ်တပ်ဝင်ရောက် တပ်စွဲနေချိန် ရွာသားတဦးကို သတ်ဖြတ်သွားသလို နေအိမ်တွေက ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာသား ၆ ဦးလည်း ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး ညနေပိုင်းအထိ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိနေပါတယ်။ ချင်းတွင်းမြစ်ထဲကနေလည်း စစ်ကောင်စီရဲ့ ရေယာဉ်တွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ပြန်လည်ပစ်ခတ်လို့ စစ်တပ် ရေယာဉ်တစီး မီးလောင်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

#MyanmarViolence #MyanmarMilitaryCoup #SagaingFighting #VOA

#ကနီ #ရွာမီးရှို့ #တပ်မ၁၀၁

============

XS
SM
MD
LG