သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ဆင္ေရးေတြေၾကာင့္ စစ္ကုိင္းတုိင္းအတြင္း ေဒသခံရြာသားအမ်ားအျပား တိမ္းေရွာင္ေနရ


စစ္ကိုင္းတိုင္း က ေဒသကာကြယ္ေရး PDF တပ္ဖြဲ႔ဝင္မ်ား

စစ္ကိုင္းတုိင္းထဲမွာ စစ္ေကာင္စီတပ္ေတြ နယ္ေျမ႐ွင္းလင္းေရးဆက္လုပ္ေနတာမွာ မင္းကင္းၿမိဳ႕ ေတာင္တြင္းေခ်ာင္ေဒသက ႐ြာေတြကို အခုရက္ပိုင္း ႐ွင္းလင္းေနပါတယ္။ အခုလို စစ္ကိုင္းတုိင္းထဲမွာျဖစ္ေနတဲ့ အေျခအေနအေၾကာင္း ရန္ကုန္ကေပးပို႔လာတဲ့သတင္း ကိုခင္ေမာင္စိုးမင္း ကေျပာျပပါမယ္။

စစ္ဆင္ေရးေတြေၾကာင့္ စစ္ကုိင္းတုိင္းအတြင္း ေဒသခံရြာသားအမ်ားအျပား တိမ္းေရွာင္ေနရ

{{Zawgyi/Unicode}}

စစ္ကိုင္းတုိင္းထဲမွာ စစ္ေကာင္စီတပ္ေတြ နယ္ေျမ႐ွင္းလင္းေရးဆက္လုပ္ေနတာမွာ မင္းကင္းၿမိဳ႕ ေတာင္တြင္းေခ်ာင္ေဒသက ႐ြာေတြကို အခုရက္ပိုင္း ႐ွင္းလင္းေနပါတယ္။ ေတာင္တြင္းေခ်ာင္ေဒသထဲက ႐ြာေပါင္း ၁၈ ႐ြာေလာက္က ေဒသခံေတြ ထြက္ေျပးေနၾကရပါတယ္။ မင္းကင္းၿမိဳ႕ အေနာက္ေျမာက္ဘက္မွာ တည္႐ွိတဲ့ ကေလးၿမိဳ႕နယ္ထဲမွာဆိုလည္း ေတာင္ပိုင္းေဒသက ေဒသခံအမ်ားစုဟာ ေက်းရြာေတြကို စြန္႔ခြါၿပီး တိုက္ပြဲေတြမရွိတဲ့ ၿမိဳ႕ေပၚေတြနဲ႔ ေတာေတာင္ေတြထဲကို ေျပာင္းေရႊ႕ေနထိုင္ေနၾကရပါတယ္။ အခုလို စစ္ကိုင္းတုိင္းထဲမွာျဖစ္ေနတဲ့ အေျခအေနအေၾကာင္း ရန္ကုန္ကေပးပို႔လာတဲ့သတင္း ကိုခင္ေမာင္စိုးမင္း ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္း မင္းကင္းၿမိဳ႕နယ္ထဲက မံုရြာ - ယာႀကီး - ကေလး၀ ကားလမ္းမေဘး ေတာင္တြင္းေခ်ာင္ေဒသမွာရွိတဲ့ ေက်းရြာေတြကို မတ္လ ၁၇ ရက္က စစ္ေကာင္စီတပ္ေတြ ၀င္ေရာက္ၿပီး နယ္ေျမရွင္းလင္းလို႔ ေဒသခံေတြ ထြက္ေျပးေနၾကရပါတယ္။ ေတာင္တြင္းေခ်ာင္ေဒသထဲက ေက်းရြာ ၁၈ ႐ြာေလာက္က ေဒသခံေတြ ထြက္ေျပး တိမ္းေရွာင္ေနၾကတဲ့အေၾကာင္းကို ေဒသခံတေယာက္က ခုလုိေျပာပါတယ္။

“ေက်ာ္ရြာကို၀င္တာခင္ဗ်။ ေျပးမလြတ္တဲ့သူေတြကေတာ့ ရြာထဲမွာရွိတာေပါ့ဗ်ာ။ အားလံုးအခု မေန႔ကနဲ႔ဒီေန႔ ေျပးေနရတဲ့ ရြာအေရအတြက္က ၁၈ ရြာေလာက္ေျပးရမွာ သူတို႔က အင္အားအလံုးအရင္းနဲ႔ ၀င္လာၿပီးမွ လက္နက္ႀကီးေတြနဲ႔ ပစ္၀င္လာတာဆိုေတာ့ ေဒသခံေတြက ေၾကာက္လန္႔ၿပီး ထြက္ေျပးတဲ့သူေတြက ေျပး ေျပးမလြတ္တဲ့သူေတြက အိမ္မွာပဲ ပိတ္မိေနတာ။”

ေတာင္တြင္းေခ်ာင္ေဒသမွာ ေက်းရြာေပါင္း ၃၆ ရြာရွိၿပီး လက္ရွိ စစ္ေကာင္စီတပ္ေတြ ၀င္ေရာက္လာတဲ့အတြက္ ေက်ာ္ ၊ မယ္မဲ ၊ ပ်ားသံုး ၊ ရန္ကင္း၊ ကုန္းေမာ္ စတဲ့ ေက်းရြာအပါအဝင္ ေက်း႐ြာအမ်ားအျပားက ေဒသခံေတြ ေဘးလြတ္ရာ ထြက္ေျပေနၾကတာပါ။ ေတာင္တြင္းေခ်ာင္ေဒသလို႔ ေခၚဆိုတာဟာ ခ်င္းျပည္နယ္ဘက္ကေတာင္နဲ႔ မင္းကင္းၿမိဳ႕နယ္ထဲက ေတာင္၂ ခုၾကားထဲမွာရွိတဲ့အတြက္ ေတာင္တြင္းေခ်ာင္လို႔ေခၚဆိုတာျဖစ္ပါတယ္။ မင္းကင္းၿမိဳ႕နယ္ထဲက စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြၾကား တိုက္ပြဲ ႀကီးႀကီးမားမားျဖစ္တာ အခုရက္ပိုင္း မ႐ွိပါဘူး။ အဲဒီေဒသေတြဘက္မွာ စစ္ေကာင္စီလိုလားတဲ့ ပ်ဴေစာထီးအဖဲြ႔ဝင္မ်ားတဲ့ ႐ြာေတြလည္း႐ွိပါတယ္။

အခုလို မင္းကင္းၿမိဳ႕နယ္ဘက္မွာ စစ္တပ္က စစ္ဆင္ေရးလုပ္ေနသလို စစ္ကိုင္းတိုင္းထဲကပဲ ကေလးၿမိဳ႕နယ္ထဲမွာလည္း နယ္ေျမ႐ွင္းလင္းမႈေတြ လုပ္ေနပါတယ္။ ကေလးၿမိဳ႕ေတာင္ပိုင္းက ေက်းရြာေတြဘက္မွာ ၂၀၂၁ ခုႏွစ္ နို၀င္ဘာလထဲကစလို႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ အျပင္းအထန္ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ အဲ့ဒီလို တိုက္ပြဲေတြ ျပင္းထန္ၿပီးတဲ့ေနာက္ ကေလးၿမိဳ႕နဲ႔ ၁၂ မိုင္ေလာက္သာေ၀းတဲ့ ကေလး - ဂန္႔ေဂါ ကားလမ္းမေပၚမွာရွိတဲ့ နတ္ေခ်ာင္း - နတ္ေျမာင္း - ေခ်ာင္းဂြ စတဲ့ ေက်းရြာေတြအနီး စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြလုပ္လို႔ တိုက္ပြဲေတြျဖစ္ပြားခဲ့ၿပီး ေနအိမ္ေတြ မီးေလာင္ဆံုးရံႈးခဲ့တာေတြရွိပါတယ္။

အခုလို စစ္ေကာင္စီက မၾကာခဏ ဆိုသလို ေနအိမ္ေတြမီးရိႈ႕ၿပီး ေဒသခံေတြကို ဖမ္းဆီးတာေတြ လုပ္လာတဲ့အတြက္ ေက်းရြာသားေတြဟာ ရြာေတြထဲ မေနရၾကေတာ့ဘဲ ေတာေတာင္ေတြထဲနဲ႔ တိုက္ပြဲေတြမရွိတဲ့ ၿမိဳ႕ေပၚကို ေျပာင္းေရႊ႕ေနထိုင္ေနၾကရတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“ရြာရဲ႕ ၃ ပံု ၂ ပံုေလာက္ကေတာ့ နတ္ေခ်ာင္းကို အရမ္းမီးေတြ႕ရိႈ႕ၿပီးေတာ့ ပထမ တျဖတ္တိုက္ပြဲကတည္းက တ၀က္ေလာက္ကေတာ့ မျပန္လာၾကဘူးအခုခ်ိန္ထိ နည္းနည္းပိုက္ဆံရွိတဲ့သူေတြက ၿမိဳ႕ေပၚမွာ အိမ္အလံုး အျပတ္ငွားၿပီးေနတာရွိတယ္။ တခ်ိဳ႕တ၀က္က ကြ်န္မတို႔ဆီက ေတာင္ယာလုပ္ငန္းလုပ္တယ္ဆိုေတာ့ အခုက ပဲစိုက္တဲ့အခ်ိန္ဆိုေတာ့ ေတာထဲမွာပဲ အၿပီးဆင္းေနလိုက္ၾကတယ္။ ပထမ တႀကိမ္တုန္းက အိမ္ေျခ ၄၀ ေက်ာ္ရိႈ႕တယ္။ လူေတြဖမ္းတယ္။ ကေလးနဲ႔နီးေတာ့ လမ္းျဖတ္သြားလို႔ရတဲ့ အေနအထားမ်ိဳးဆိုရင္ ခဏေလာက္ ျပန္လာတယ္။ အိမ္ေတြကိုျပန္ၾကည့္တယ္။ ကိုယ္လိုတဲ့ပစၥည္းေလးေတြကို ျပန္သယ္တယ္။ ဘုန္းႀကီးေက်ာင္းမွာ အပ္ထားလို႔ရတဲ့ ပစၥည္းေလးေတြကို အပ္ထားတယ္။ အဲ့လိုမ်ိဳးေလးေတြေတာ့ လာလုပ္ၾကတယ္။ အိမ္မွာေတာ့ လံုး၀ မေနရဲၾကေတာ့ဘူး။”

အခုႏွစ္ ေဖေဖာ္၀ါရီလထဲမွာလည္း စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြ လုပ္လို႔ တိုက္ပြဲေတြရွိခဲ့ၿပီး မတ္လ ၁၄ ရက္ကစလို႔ စစ္ေကာင္စီက တေက်ာ့ျပန္ နယ္ေျမရွင္းလင္းေရးေတြလုပ္ေနတဲ့အတြက္ ကေလးၿမိဳ႕ေတာင္ပိုင္းမွာ တိုက္ပြဲေတြ ဆက္ရွိေနပါတယ္။ မတ္လ ၁၅ ရက္က စစ္ေကာင္စီက နယ္ေျမရွင္းလင္းရင္း နတ္ေခ်ာင္းေက်းရြာက ေနအိမ္ အလံုး ၄၀ ေက်ာ္ကို မီးရိႈ႕ခံခဲ့ရပါေသးတယ္။

ကေလး - ဂန္႔ေဂါ အဓိက ကားလမ္းမႀကီးေဘးမွာရွိတဲ့ ေက်းရြာေတြအေပၚ စစ္ေကာင္စီတပ္က ၄ ႀကိမ္ထက္ မနည္း ၀င္ေရာက္နယ္ေျမရွင္းလင္းတာေတြလုပ္ခဲ့တဲ့အတြက္ ေဒသခံ႐ြာသားေတြဟာ တိုက္ပြဲမရွိတဲ့ ေနရာေတြဆီကို ေရႊ႕ေျပာင္းေနထိုင္ေနၾကတာလို႔ေျပာပါတယ္။ ေျပာင္းေရႊ႕ဖို႔ မလြယ္ကူတဲ့ ေက်းရြာသားေတြမွာေတာ့ စစ္ေကာင္စီတပ္ေတြ ၀င္ေရာက္လာခ်ိန္မွာ ရြာရဲ႕ဘုန္းႀကီးေတြမွာ စစ္ေဘးဒုကၡသည္အျဖစ္ ခိုလံႈေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

...........................................

စစ်ဆင်ရေးတွေကြောင့် စစ်ကိုင်းတိုင်းအတွင်း ဒေသခံရွာသားအများအပြား တိမ်းရှောင်နေရ

{{Unicode}}

စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေးဆက်လုပ်နေတာမှာ မင်းကင်းမြို့ တောင်တွင်းချောင်ဒေသက ရွာတွေကို အခုရက်ပိုင်း ရှင်းလင်းနေပါတယ်။ တောင်တွင်းချောင်ဒေသထဲက ရွာပေါင်း ၁၈ ရွာလောက်က ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။ မင်းကင်းမြို့ အနောက်မြောက်ဘက်မှာ တည်ရှိတဲ့ ကလေးမြို့နယ်ထဲမှာဆိုလည်း တောင်ပိုင်းဒေသက ဒေသခံအများစုဟာ ကျေးရွာတွေကို စွန့်ခွါပြီး တိုက်ပွဲတွေမရှိတဲ့ မြို့ပေါ်တွေနဲ့ တောတောင်တွေထဲကို ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။ အခုလို စစ်ကိုင်းတိုင်းထဲမှာဖြစ်နေတဲ့ အခြေအနေအကြောင်း ရန်ကုန်ကပေးပို့လာတဲ့သတင်း ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲက မုံရွာ - ယာကြီး - ကလေး၀ ကားလမ်းမဘေး တောင်တွင်းချောင်ဒေသမှာရှိတဲ့ ကျေးရွာတွေကို မတ်လ ၁၇ ရက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး နယ်မြေရှင်းလင်းလို့ ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။ တောင်တွင်းချောင်ဒေသထဲက ကျေးရွာ ၁၈ ရွာလောက်က ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြတဲ့အကြောင်းကို ဒေသခံတယောက်က ခုလိုပြောပါတယ်။

“ကျော်ရွာကိုဝင်တာခင်ဗျ။ ပြေးမလွတ်တဲ့သူတွေကတော့ ရွာထဲမှာရှိတာပေါ့ဗျာ။ အားလုံးအခု မနေ့ကနဲ့ဒီနေ့ ပြေးနေရတဲ့ ရွာအရေအတွက်က ၁၈ ရွာလောက်ပြေးရမှာ သူတို့က အင်အားအလုံးအရင်းနဲ့ ဝင်လာပြီးမှ လက်နက်ကြီးတွေနဲ့ ပစ်ဝင်လာတာဆိုတော့ ဒေသခံတွေက ကြောက်လန့်ပြီး ထွက်ပြေးတဲ့သူတွေက ပြေး ပြေးမလွတ်တဲ့သူတွေက အိမ်မှာပဲ ပိတ်မိနေတာ။”

တောင်တွင်းချောင်ဒေသမှာ ကျေးရွာပေါင်း ၃၆ ရွာရှိပြီး လက်ရှိ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတဲ့အတွက် ကျော် ၊ မယ်မဲ ၊ ပျားသုံး ၊ ရန်ကင်း၊ ကုန်းမော် စတဲ့ ကျေးရွာအပါအဝင် ကျေးရွာအများအပြားက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေနေကြတာပါ။ တောင်တွင်းချောင်ဒေသလို့ ခေါ်ဆိုတာဟာ ချင်းပြည်နယ်ဘက်ကတောင်နဲ့ မင်းကင်းမြို့နယ်ထဲက တောင်၂ ခုကြားထဲမှာရှိတဲ့အတွက် တောင်တွင်းချောင်လို့ခေါ်ဆိုတာဖြစ်ပါတယ်။ မင်းကင်းမြို့နယ်ထဲက စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲ ကြီးကြီးမားမားဖြစ်တာ အခုရက်ပိုင်း မရှိပါဘူး။ အဲဒီဒေသတွေဘက်မှာ စစ်ကောင်စီလိုလားတဲ့ ပျူစောထီးအဖွဲ့ဝင်များတဲ့ ရွာတွေလည်းရှိပါတယ်။

အခုလို မင်းကင်းမြို့နယ်ဘက်မှာ စစ်တပ်က စစ်ဆင်ရေးလုပ်နေသလို စစ်ကိုင်းတိုင်းထဲကပဲ ကလေးမြို့နယ်ထဲမှာလည်း နယ်မြေရှင်းလင်းမှုတွေ လုပ်နေပါတယ်။ ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေဘက်မှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလထဲကစလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီလို တိုက်ပွဲတွေ ပြင်းထန်ပြီးတဲ့နောက် ကလေးမြို့နဲ့ ၁၂ မိုင်လောက်သာဝေးတဲ့ ကလေး - ဂန့်ဂေါ ကားလမ်းမပေါ်မှာရှိတဲ့ နတ်ချောင်း - နတ်မြောင်း - ချောင်းဂွ စတဲ့ ကျေးရွာတွေအနီး စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေလုပ်လို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့တာတွေရှိပါတယ်။

အခုလို စစ်ကောင်စီက မကြာခဏ ဆိုသလို နေအိမ်တွေမီးရှို့ပြီး ဒေသခံတွေကို ဖမ်းဆီးတာတွေ လုပ်လာတဲ့အတွက် ကျေးရွာသားတွေဟာ ရွာတွေထဲ မနေရကြတော့ဘဲ တောတောင်တွေထဲနဲ့ တိုက်ပွဲတွေမရှိတဲ့ မြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ရွာရဲ့ ၃ ပုံ ၂ ပုံလောက်ကတော့ နတ်ချောင်းကို အရမ်းမီးတွေ့ရှို့ပြီးတော့ ပထမ တဖြတ်တိုက်ပွဲကတည်းက တဝက်လောက်ကတော့ မပြန်လာကြဘူးအခုချိန်ထိ နည်းနည်းပိုက်ဆံရှိတဲ့သူတွေက မြို့ပေါ်မှာ အိမ်အလုံး အပြတ်ငှားပြီးနေတာရှိတယ်။ တချို့တဝက်က ကျွန်မတို့ဆီက တောင်ယာလုပ်ငန်းလုပ်တယ်ဆိုတော့ အခုက ပဲစိုက်တဲ့အချိန်ဆိုတော့ တောထဲမှာပဲ အပြီးဆင်းနေလိုက်ကြတယ်။ ပထမ တကြိမ်တုန်းက အိမ်ခြေ ၄၀ ကျော်ရှို့တယ်။ လူတွေဖမ်းတယ်။ ကလေးနဲ့နီးတော့ လမ်းဖြတ်သွားလို့ရတဲ့ အနေအထားမျိုးဆိုရင် ခဏလောက် ပြန်လာတယ်။ အိမ်တွေကိုပြန်ကြည့်တယ်။ ကိုယ်လိုတဲ့ပစ္စည်းလေးတွေကို ပြန်သယ်တယ်။ ဘုန်းကြီးကျောင်းမှာ အပ်ထားလို့ရတဲ့ ပစ္စည်းလေးတွေကို အပ်ထားတယ်။ အဲ့လိုမျိုးလေးတွေတော့ လာလုပ်ကြတယ်။ အိမ်မှာတော့ လုံး၀ မနေရဲကြတော့ဘူး။”

အခုနှစ် ဖေဖော်ဝါရီလထဲမှာလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေ လုပ်လို့ တိုက်ပွဲတွေရှိခဲ့ပြီး မတ်လ ၁၄ ရက်ကစလို့ စစ်ကောင်စီက တကျော့ပြန် နယ်မြေရှင်းလင်းရေးတွေလုပ်နေတဲ့အတွက် ကလေးမြို့တောင်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ မတ်လ ၁၅ ရက်က စစ်ကောင်စီက နယ်မြေရှင်းလင်းရင်း နတ်ချောင်းကျေးရွာက နေအိမ် အလုံး ၄၀ ကျော်ကို မီးရှို့ခံခဲ့ရပါသေးတယ်။

ကလေး - ဂန့်ဂေါ အဓိက ကားလမ်းမကြီးဘေးမှာရှိတဲ့ ကျေးရွာတွေအပေါ် စစ်ကောင်စီတပ်က ၄ ကြိမ်ထက် မနည်း ဝင်ရောက်နယ်မြေရှင်းလင်းတာတွေလုပ်ခဲ့တဲ့အတွက် ဒေသခံရွာသားတွေဟာ တိုက်ပွဲမရှိတဲ့ နေရာတွေဆီကို ရွှေ့ပြောင်းနေထိုင်နေကြတာလို့ပြောပါတယ်။ ပြောင်းရွှေ့ဖို့ မလွယ်ကူတဲ့ ကျေးရွာသားတွေမှာတော့ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာချိန်မှာ ရွာရဲ့ဘုန်းကြီးတွေမှာ စစ်ဘေးဒုက္ခသည်အဖြစ် ခိုလှုံနေကြရပါတယ်။

XS
SM
MD
LG