သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကနီနဲ႔ ယင္းမာပင္ စစ္ေကာင္စီက ရဟတ္ယာဥ္သုံး တိုက္ခိုက္


ယင္းမာပင္ ေလေၾကာင္းတိုက္ခိုက္မႈ

[[ ZAWGYI / UNICODE ]]

ကနီနဲ႔ ယင္းမာပင္ စစ္ေကာင္စီက ရဟတ္ယာဥ္သုံးတိုက္ခိုက္

စစ္ကိုင္းတိုင္း ယင္းမာပင္နယ္နဲ႔ ကနီနယ္တို႔မွာ စစ္ေကာင္စီက ေလေၾကာင္းကေန တိုက္ခိုက္ၿပီး နယ္ေျမ ရွင္းလင္းတာေတြ ျပဳလုပ္ေနပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက ေလေၾကာင္းကေန ပစ္ခတ္ခံရတဲ့ ခ်င္းပုန္း႐ြာထဲ ေသဆုံးခဲ့တဲ့ ႐ုပ္အေလာင္းတခ်ိဳ႕ေတြ႕ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို ရဲမြန္ကေျပာျပပါမယ္။

စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕တို႔ စစ္ေရးတင္းမာေနတဲ့ ယင္းမာပင္ၿမိဳ႕နယ္နဲ႔ ကနီၿမိဳ႕နယ္ၾကားက သေျပေအးေက်း႐ြာကို ေဖေဖာ္ဝါရီ ၂၈ ရက္ မနက္ပိုင္းမွာ စစ္ေကာင္စီက ေလေၾကာင္းကေနပစ္ခတ္ၿပီး နယ္ေျမရွင္းလင္းတာေတြ ျပဳလုပ္ေနပါတယ္။

စစ္ေကာင္စီက သေျပေအးေက်း႐ြာကို ေလေၾကာင္းက ပစ္ခတ္ၿပီး မီးရႈိ႕တာေတြ ျပဳလုပ္ေနသလို ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔လည္း တိုက္ပြဲေတြျဖစ္ပြားေနတယ္လို႔ ကာကြယ္ေရး တပ္ဖြဲ႕ဝင္တဦးက ေျပာပါတယ္။

“မနက္ပိုင္းတုန္းက အၾကမ္းဖက္ စစ္ေကာင္စီက ရဟတ္ယာဥ္ ၄ စီးနဲ႔ ယင္းမာပင္ၿမိဳ႕နယ္ ဝါးစိမ္းေတာင္တေၾကာကို ပစ္ခတ္တာေတြလုပ္ပါတယ္။ အခုလက္ရွိအေျခအေနက ဝါးစိမ္းေတာင္ ေနာက္ေက်ာက သေျပေအးေက်း႐ြာကို အၾကမ္းဖက္ စစ္ေကာင္စီနဲ႔ ကြၽန္ေတာ္တို႔ ခ႐ိုင္ပူးေပါင္း PDF တပ္ဖြဲ႕ေတြ တိုက္ပြဲအႀကီးမားဆုံးေပါ့ေနာ္ ျဖစ္ေနတာရွိပါတယ္။ တရစပ္ ရဟတ္ယာဥ္ေပၚကေန အကုန္ပတ္ၿပီး ပစ္သြားတဲ့ အေနအထားရွိပါတယ္။ ဗုံးသီးေတြနဲ႔လည္း သူတို႔ခ်တာရွိပါတယ္။ သေျပ႐ြာကို အၾကမ္းဖက္ စစ္ေကာင္စီက ႐ြာလုံးကြၽတ္မီးရႈိ႕ေနတယ္။ အဲ့မွာ တိုက္ပြဲအႀကီးမားဆုံးျဖစ္ေနတယ္။ ကြၽန္ေတာ္တို႔ ခ႐ိုင္ ပူးေပါင္း PDF တပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲျဖစ္ေနတယ္။ အခုရဟတ္ယာဥ္ ၂ စီးနဲ႔ အခုလာၿပီး ထပ္ပစ္ေနျပန္ၿပီ။”

ယင္းမာပင္ၿမိဳ႕နယ္ သေျပေအး႐ြာကို စစ္ေကာင္စီက ရဟတ္ယာဥ္နဲ႔ပစ္ခတ္တာေၾကာင့္ ေဒသခံ အမ်ားအျပားဟာ ႐ြာနဲ႔အနီးဆုံးျဖစ္တဲ့ ကနီနယ္ထဲကို ထြက္ေျပး တိမ္းေရွာင္ေနရပါတယ္။ ကနီနယ္ထဲက ေခ်ာင္းမအေရွ႕႐ြာနဲ႔ လင္းပုန္းရည္႐ြာဘက္ကို ထြက္ေျပး တိမ္းေရွာင္လာတဲ့ ေဒသခံေတြကိုလည္း ေန႔လည္ပိုင္းမွာ စစ္ေကာင္စီက ရဟတ္ယာဥ္ေတြနဲ႔ ပစ္ခတ္တာေတြ ျပဳလုပ္တယ္လို႔ ကနီေဒသခံတဦးက ေျပာပါတယ္။

“စစ္ေဘးေရွာင္ေနတဲ့ဟာေတြက ေတာထဲမွာ သရက္ပင္ေတြေအာက္မွာ ဇီးပင္ေတြေအာက္မွာ ရွိေနတာခင္ဗ်။ ေတာေစာင့္တဲေလးေတြထဲမွာ ရွိေနတာ အဲ့လိုေလးေတြေရွာင္ေနရတာ။ စစ္ေဘးေရွာင္ေတြက လင္ပုန္းရည္႐ြာရဲ႕ အေနာက္ဖက္ ေခ်ာင္းမေက်း႐ြာရဲ႕ အေနာက္ဖက္ေပါ့ အဲ့လိုမ်ိဳး စစ္ေဘးေရွာင္ေတြ လူစုလူေဝး ျဖစ္တဲ့ေနရာေတြမွာ သူတို႔က ေလယာဥ္နဲ႔ ပစ္တာခင္ဗ်။”

အခုလို ေလေၾကာင္းက ပစ္ခတ္တာေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္တာမရွိေသးသလို၊ ေဖေဖာ္ဝါရီ ၂၆ ရက္က ယင္းမာပင္နယ္ထဲက ခ်င္းပုန္း႐ြာနဲ႔ ေညာင္ကိုင္း႐ြာကို ေလေၾကာင္းက ပစ္ခတ္ နယ္ေျမရွင္းလင္းတာနဲ႔ ပတ္သက္လို႔လည္း သတင္းထုတ္ျပန္တာမရွိေသးပါဘူး။

ခ်င္းပုန္း႐ြာနဲ႔ ေညာင္ကိုင္း႐ြာကို ေလေၾကာင္းကေန ပစ္ခတ္ခဲ့လို႔ ခ်င္းပုန္း႐ြာမွာ ေသဆုံးသူေတြရွိခဲ့တယ္လို႔ သိရပါတယ္။ ႐ြာထဲ ပိတ္မိေနတဲ့ ကေလးငယ္ေတြလည္း မိဘေတြလက္ထဲ ျပန္လည္ေရာက္ရွိသြားၿပီလို႔ ေဒသခံတဦးက ေျပာပါတယ္။

“၉ေလာင္းေတာ့ လက္ရွိသိရတယ္။ အဲ့အေလာင္းေတြကို ေကာက္ၿပီးေတာ့ အကုန္လုံးမီးရႈိ႕ထားခဲ့တာ။ ကားေတြဆိုင္ကယ္ေတြ အကုန္မီးရႈိ႕ပစ္ထားခဲ့တာ။ ဘုန္းႀကီးကေခၚၿပီးေတာ့ ျပန္ေပးေတာ့ အားလုံး သူတို႔အေမေတြလက္ထဲကို ေရာက္သြားၿပီ။”

ေဖေဖာ္ဝါရီလအစကတည္းက ယင္းမာပင္ ကနီ စတဲ့ၿမိဳ႕ေတြကို စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြ ဆက္တိုက္ျပဳလုပ္ေနတဲ့အတြက္ ေထာင္နဲ႔ခ်ီနဲ႔ ေဒသခံေတြဟာ ေဘးလြတ္ရာကို တိမ္းေရွာင္ေနရၿပီး လက္ရွိမွာ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲေတြျဖစ္ပြားၿပီး စစ္ေရးတင္းမာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

{{ UNICODE }}

ကနီနဲ့ ယင်းမာပင် စစ်ကောင်စီက ရဟတ်ယာဉ်သုံးတိုက်ခိုက်

စစ်ကိုင်းတိုင်း ယင်းမာပင်နယ်နဲ့ ကနီနယ်တို့မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ပြီး နယ်မြေ ရှင်းလင်းတာတွေ ပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက လေကြောင်းကနေ ပစ်ခတ်ခံရတဲ့ ချင်းပုန်းရွာထဲ သေဆုံးခဲ့တဲ့ ရုပ်အလောင်းတချို့တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ရဲမွန်ကပြောပြပါမယ်။

စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တို့ စစ်ရေးတင်းမာနေတဲ့ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်ကြားက သပြေအေးကျေးရွာကို ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေပစ်ခတ်ပြီး နယ်မြေရှင်းလင်းတာတွေ ပြုလုပ်နေပါတယ်။

စစ်ကောင်စီက သပြေအေးကျေးရွာကို လေကြောင်းက ပစ်ခတ်ပြီး မီးရှို့တာတွေ ပြုလုပ်နေသလို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“မနက်ပိုင်းတုန်းက အကြမ်းဖက် စစ်ကောင်စီက ရဟတ်ယာဉ် ၄ စီးနဲ့ ယင်းမာပင်မြို့နယ် ဝါးစိမ်းတောင်တကြောကို ပစ်ခတ်တာတွေလုပ်ပါတယ်။ အခုလက်ရှိအခြေအနေက ဝါးစိမ်းတောင် နောက်ကျောက သပြေအေးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီနဲ့ ကျွန်တော်တို့ ခရိုင်ပူးပေါင်း PDF တပ်ဖွဲ့တွေ တိုက်ပွဲအကြီးမားဆုံးပေါ့နော် ဖြစ်နေတာရှိပါတယ်။ တရစပ် ရဟတ်ယာဉ်ပေါ်ကနေ အကုန်ပတ်ပြီး ပစ်သွားတဲ့ အနေအထားရှိပါတယ်။ ဗုံးသီးတွေနဲ့လည်း သူတို့ချတာရှိပါတယ်။ သပြေရွာကို အကြမ်းဖက် စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့နေတယ်။ အဲ့မှာ တိုက်ပွဲအကြီးမားဆုံးဖြစ်နေတယ်။ ကျွန်တော်တို့ ခရိုင် ပူးပေါင်း PDF တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတယ်။ အခုရဟတ်ယာဉ် ၂ စီးနဲ့ အခုလာပြီး ထပ်ပစ်နေပြန်ပြီ။”

ယင်းမာပင်မြို့နယ် သပြေအေးရွာကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ပစ်ခတ်တာကြောင့် ဒေသခံ အများအပြားဟာ ရွာနဲ့အနီးဆုံးဖြစ်တဲ့ ကနီနယ်ထဲကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ကနီနယ်ထဲက ချောင်းမအရှေ့ရွာနဲ့ လင်းပုန်းရည်ရွာဘက်ကို ထွက်ပြေး တိမ်းရှောင်လာတဲ့ ဒေသခံတွေကိုလည်း နေ့လည်ပိုင်းမှာ စစ်ကောင်စီက ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်တယ်လို့ ကနီဒေသခံတဦးက ပြောပါတယ်။

“စစ်ဘေးရှောင်နေတဲ့ဟာတွေက တောထဲမှာ သရက်ပင်တွေအောက်မှာ ဇီးပင်တွေအောက်မှာ ရှိနေတာခင်ဗျ။ တောစောင့်တဲလေးတွေထဲမှာ ရှိနေတာ အဲ့လိုလေးတွေရှောင်နေရတာ။ စစ်ဘေးရှောင်တွေက လင်ပုန်းရည်ရွာရဲ့ အနောက်ဖက် ချောင်းမကျေးရွာရဲ့ အနောက်ဖက်ပေါ့ အဲ့လိုမျိုး စစ်ဘေးရှောင်တွေ လူစုလူဝေး ဖြစ်တဲ့နေရာတွေမှာ သူတို့က လေယာဉ်နဲ့ ပစ်တာခင်ဗျ။”

အခုလို လေကြောင်းက ပစ်ခတ်တာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးသလို၊ ဖေဖော်ဝါရီ ၂၆ ရက်က ယင်းမာပင်နယ်ထဲက ချင်းပုန်းရွာနဲ့ ညောင်ကိုင်းရွာကို လေကြောင်းက ပစ်ခတ် နယ်မြေရှင်းလင်းတာနဲ့ ပတ်သက်လို့လည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ချင်းပုန်းရွာနဲ့ ညောင်ကိုင်းရွာကို လေကြောင်းကနေ ပစ်ခတ်ခဲ့လို့ ချင်းပုန်းရွာမှာ သေဆုံးသူတွေရှိခဲ့တယ်လို့ သိရပါတယ်။ ရွာထဲ ပိတ်မိနေတဲ့ ကလေးငယ်တွေလည်း မိဘတွေလက်ထဲ ပြန်လည်ရောက်ရှိသွားပြီလို့ ဒေသခံတဦးက ပြောပါတယ်။

“၉လောင်းတော့ လက်ရှိသိရတယ်။ အဲ့အလောင်းတွေကို ကောက်ပြီးတော့ အကုန်လုံးမီးရှို့ထားခဲ့တာ။ ကားတွေဆိုင်ကယ်တွေ အကုန်မီးရှို့ပစ်ထားခဲ့တာ။ ဘုန်းကြီးကခေါ်ပြီးတော့ ပြန်ပေးတော့ အားလုံး သူတို့အမေတွေလက်ထဲကို ရောက်သွားပြီ။”

ဖေဖော်ဝါရီလအစကတည်းက ယင်းမာပင် ကနီ စတဲ့မြို့တွေကို စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် ထောင်နဲ့ချီနဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး လက်ရှိမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ရေးတင်းမာနေပါတယ်။

XS
SM
MD
LG