သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္း ဝန္ႀကီးခ်ဳပ္ကား မိုင္းဆဲြတိုက္ခိုက္ခံရ


[[ ZAWGYI ]]

စစ္ကိုင္းတိုင္း ဝန္ႀကီးခ်ဳပ္ကား မိုင္းဆဲြတိုက္ခိုက္ခံရ

စစ္ကိုင္းတိုင္းေဒသႀကီးထဲက စစ္ေကာင္စီတပ္ေတြ နယ္ေျမရွင္းလင္းေနတဲ့ ကနီနဲ႔ မင္းကင္းတို႔မွာ ေနအိမ္ေတြ ထပ္ၿပီး မီး႐ႈိ႕ခံရပါတယ္။ မင္းကင္းနယ္ထဲမွာ ေနအိမ္ (၁၀၀)နီးပါး မီးေလာင္ကၽြမ္းခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ကနီဘက္မွာလည္း တနလၤာေန႔အထိ တိုက္ပြဲေတြျဖစ္ေနပါတယ္။ အိုင္ေတာင္႐ြာထဲကို စစ္တပ္ေတြ ဝင္ေရာက္မီးရႈိ႕ခဲ့တာမွာ အရပ္သား ေသဆံုးမႈ႐ွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ယင္းမာပင္ ဘက္မွာလည္း စစ္ေရးတင္းမာေနၿပီး စစ္ကိုင္းတိုင္း ၀န္ႀကီးခ်ဳပ္ယာဥ္တန္း မိုင္းဆြဲ တိုက္ခိုက္ခံရပါတယ္။ ခုလို စစ္ကိုင္းတိုင္းထဲက အေျခအေနေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုရဲမြန္ ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္းေဒသႀကီးထဲက ေနရာေတာ္ေတာ္မ်ားမ်ားကို စစ္ေကာင္စီတပ္ေတြ နယ္ေျမ႐ွင္းလင္းမႈေတြ ဆက္လုပ္ေနပါတယ္။ မင္းကင္းၿမိဳ႕အပိုင္ထဲက ကူလဲ အေနာက္ရြာကို စစ္ေကာင္စီတပ္ေတြက ေဖေဖာ္၀ါရီ ၂၁ ရက္ မနက္အေစာပိုင္းမွာ ၀င္ေရာက္လာၿပီး ေနအိမ္ေတြကို မီးရိႈ႕တဲ့အတြက္ ေနအိမ္ (၁၀၀)နီးပါး မီးေလာင္ကြ်မ္းခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ တုိက္ပဲြျဖစ္တာမ်ဳိး မ႐ွိပဲ ႐ြာထဲ၀င္ေရာက္ မီးရိႈ႕သြားခဲ့တာျဖစ္တယ္လို႔ ေဒသခံတဦးက အခုလိုေျပာျပပါတယ္။

“ကူလဲရြာမွာက သူ႔အလိုလိုမီးရိႈ႕ခံရတာ။ ဘာမွ ပစ္ခတ္ခ်င္းမရွိဘဲနဲ႔ မီးရိႈ႕ခံရတာ စစ္ေကာင္စီက လာၿပီး၀င္ရိႈ႕တာ။ အိမ္ေျခအေနအတြက္နဲ႔ဆိုရင္ ၁၀၀ နည္းနည္းေလာက္ေတာ့ရွိသြားၿပီ က်န္တဲ့ အိမ္ေတြလည္း က်န္ေသးတယ္ မေလာင္ေသးတာေတြလဲ။ မီးက မၿငိမ္းေသးဘူး။ ဘယ္သူမွလည္း မ၀င္ရဲဘူး။ ၀င္လာတဲ့ သူေတြဆိုရင္လည္း လက္နက္ႀကီးနဲ႔ လွမ္းၿပီးပစ္တယ္။”

မင္းကင္းနယ္ထဲမွာ႐ွိတဲ့ ကူလဲရြာအနီးပတ္၀န္းက်င္မွာ အရင္ကတည္းက ထိေတြ႔တိုက္ပြဲ မ႐ွိသလို စစ္ေကာင္စီတပ္ေတြနဲ႔ တိုက္ပဲြျဖစ္ေနတဲ့ ေဒသခံ ကာကြယ္ေရးတပ္ေတြလည္း လႈပ္႐ွားမႈ မ႐ွိဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

ကနီၿမိဳ႕နယ္ထဲက ေက်းရြာေတြမွာေတာ့ ခ်င္းတြင္းျမစ္ေဘးက မုေဌာ(မုတ္ေထာ) ၊ ခ်ိဳင္ စတဲ့ ေက်းရြာေတြနားမွာ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတို႔ တနလၤာေန႔အထိ တိုက္ပြဲေတြ ျဖစ္ပြားေနပါတယ္။ ကနီနဲ႔ ဘုတလင္ၾကားက အဲဒီေနရာေတြမွာ ေဖေဖာ္၀ါရီ ၁၉ ရက္ စေနေန႔ထဲက တိုက္ပြဲေတြ စျဖစ္ေနတာပါ။ တနလၤာေန႔ ေဖေဖာ္၀ါရီ ၂၁ ရက္ မနက္ လင္းအားႀကီးအခ်ိန္မွာ တိုက္ပြဲေတြျဖစ္ပြားေနတဲ့အနီးက အိုင္ေတာင္ အေနာက္ရြာက ေနအိမ္အခ်ိဳ႕ကို စစ္ေကာင္စီက မီးရိႈ႕သြားတဲ့အတြက္ ေနအိမ္ထဲမွာရွိတဲ့ အရပ္သား ၁ ဦး မီးေလာင္ကြ်မ္းၿပီး ေသဆံုးခဲ့တယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“၂ နာရီေလာက္ကတည္းက ခ်ိဳင္ကေန အိုင္ေတာင္ကို မီးရိႈ႕ထားခဲ့ၿပီး ခ်ိဳင္ကို ျပန္ေျပးသြားၾကတယ္။ ရိႈ႕ခံရတဲ့ အိမ္ထဲကေန ေတြ႕တာ Dead Body ကေလ ဘယ္သူဘယ္၀ါဆိုတာ မသိဘူး။”

စစ္ေကာင္စီတပ္ေတြ မီးရိႈ႕တာေၾကာင့္ ေနအိမ္ ၁၂ လံုးနဲ႔ အိမ္ေမြးတိရစၦာန္ေတြ ထားရွိတဲ့ တဲေတြ မီးေလာင္ကြ်မ္းသြားၿပီး ေဒသခံေက်းရြာသား အမ်ားအျပားလည္း ထြက္ေျပး တိမ္းေရွာင္ေနရပါတယ္။ အခုလို ကနီနဲ႔ မင္းကင္းနယ္ေတြက ေက်းရြာေတြမွာ တိုက္ပြဲေတြျဖစ္ပြားၿပီး ေနအိမ္ေတြမီးရိႈ႕တာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစံုတရာ သတင္းထုတ္ျပန္တာမရွိေသးပါဘူး။

ဒါေတြကေတာ့ စစ္ကိုင္းတိုင္းထဲက မင္းကင္းနယ္နဲ႔ ကနီနယ္ေတြမွာ ေနအိမ္ေတြမီးရိႈ႕ခံရတဲ့ အေျခအေနေတြျဖစ္ပါတယ္။ ယင္းမာပင္ၿမိဳ႕နယ္ထဲမွာေတာ့ စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြၾကား ထိေတြ႔တုိက္ပဲြေတြ ဆက္တိုက္ ႐ွိေနပါတယ္။

တနလၤာေန႔ကပဲ ေႏွာရိုးရြာအနီးမွာ စစ္ေကာင္စီခန္႔ စစ္ကိုင္းတိုင္း၀န္ႀကီးခ်ဳပ္ ယာဥ္တန္းကို ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြက မုိင္းဆြဲတိုက္ခိုက္ခဲ့ပါတယ္။ မိုင္းဆြဲတိုက္ခိုက္တဲ့အေျခအေနနဲ႔ ပတ္သက္လို႔ ယင္းမာပင္ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕၀င္တဦးက အခုလို ေျပာျပပါတယ္။

“စစ္ကိုင္းတိုင္း၀န္ႀကီးခ်ဳပ္ ျမင့္ေက်ာ္ေပါ့ေနာ္။ သူက မံုရြာကေန ယင္းမာပင္ဘက္ကို ထြက္လာတယ္ေပါ့ေနာ္။ ယင္းမာပင္ၿမိဳ႕နယ္ အေရွ႕ဘက ေႏွာရိုးရြာနားမွာ ကြ်န္ေတာ္တို႔ ေျမာက္ယမား ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ကေနၿပီး ၾကားျဖတ္ မိုင္းဆြဲတိုက္ခိုက္ႏိုင္ခဲ့တယ္။ အဲ့မွာ မိုင္းဆြဲတိုက္ခိုက္ခဲ့တာေၾကာင့္ သူတို႔ရဲ႕ စစ္ပြိဳင့္ကားေတြနဲ႔ သူတို႔ရဲ႕ တပ္ဖြဲ႕၀င္တခ်ိဳ႕ ထိခိုက္က်ဆံုးမႈေတြရွိႏိုင္တယ္။ သူတို႔ဘက္ကေနၿပီး RPG ေတြ 40 ေတြနဲ႔ ေနာက္ၿပီး စက္ေသနတ္ ေမာ္တာေတြနဲ႔ တရစပ္ပစ္ခတ္ခဲ့တယ္ေပါ့ေနာ္။ သူတို႔ရဲ႕ ပစ္ခတ္တာေၾကာင့္ ကြ်န္ေတာ္တို႔ တပ္ဖြဲ႕၀င္ေတြ ထိခိုက္က်ဆံုးတာေတာ့ မရွိပါဘူး။ စစ္ကိုင္းတိုင္း၀န္ႀကီးခ်ဳပ္က အျပန္မွာ ယာဥ္တန္းနဲ႔မသြားေတာ့ဘဲ ရဟတ္ယာဥ္ေခၚၿပီး ျပန္ရတဲ့ အဆင့္ ျဖစ္သြားတာေပါ့ေနာ္။”

တနဂၤေႏြေန႔တုန္းကလည္း ယင္းမာပင္ၿမိဳ႕နယ္ အေရွ႕ဘက္ ဖုိး၀င္းေတာင္အနီးမွာ စစ္ေကာင္စီယာဥ္တန္း မိုင္းဆြဲ တိုက္ခိုက္ခံရၿပီး ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲျဖစ္ပြားခဲ့ပါေသးတယ္။ ယင္းမာပင္နဲ႔ ၿမိဳ႕နယ္ခ်င္းကပ္ေနတဲ့ ပုလဲၿမိဳ႕နယ္ထဲက ေက်းရြာေတြမွာဆိုရင္လည္း စစ္ေကာင္စီက နယ္ေျမရွင္းလင္းမႈေတြ ဆက္လုပ္ေနပါတယ္။ အခုႏွစ္ထဲမွာကို ပုလဲၿမိဳ႕နယ္ထဲက ေက်းရြာ ၆ ရြာ မီးရိႈ႕ ခံရတဲ့အတြက္ ေနအိမ္ ၂ ေထာင္နီးပါး မီးေလာင္ကြ်မ္းခဲ့ပါတယ္။ အဲဒီဘက္မွာ စစ္တပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြၾကားမွာလည္း စစ္ေရးတင္းမာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

= = = = = = = = = = = = = =

{{ UNICODE }}

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီးထဲက စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းနေတဲ့ ကနီနဲ့ မင်းကင်းတို့မှာ နေအိမ်တွေ ထပ်ပြီး မီးရှို့ခံရပါတယ်။ မင်းကင်းနယ်ထဲမှာ နေအိမ် (၁၀၀)နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကနီဘက်မှာလည်း တနင်္လာနေ့အထိ တိုက်ပွဲတွေဖြစ်နေပါတယ်။ အိုင်တောင်ရွာထဲကို စစ်တပ်တွေ ဝင်ရောက်မီးရှို့ခဲ့တာမှာ အရပ်သား သေဆုံးမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ယင်းမာပင် ဘက်မှာလည်း စစ်ရေးတင်းမာနေပြီး စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပါတယ်။ ခုလို စစ်ကိုင်းတိုင်းထဲက အခြေအနေတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီးထဲက နေရာတော်တော်များများကို စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းမှုတွေ ဆက်လုပ်နေပါတယ်။ မင်းကင်းမြို့အပိုင်ထဲက ကူလဲ အနောက်ရွာကို စစ်ကောင်စီတပ်တွေက ဖေဖော်ဝါရီ ၂၁ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့တဲ့အတွက် နေအိမ် (၁၀၀)နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်တာမျိုး မရှိပဲ ရွာထဲဝင်ရောက် မီးရှို့သွားခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက အခုလိုပြောပြပါတယ်။

“ကူလဲရွာမှာက သူ့အလိုလိုမီးရှို့ခံရတာ။ ဘာမှ ပစ်ခတ်ချင်းမရှိဘဲနဲ့ မီးရှို့ခံရတာ စစ်ကောင်စီက လာပြီးဝင်ရှို့တာ။ အိမ်ခြေအနေအတွက်နဲ့ဆိုရင် ၁၀၀ နည်းနည်းလောက်တော့ရှိသွားပြီ ကျန်တဲ့ အိမ်တွေလည်း ကျန်သေးတယ် မလောင်သေးတာတွေလဲ။ မီးက မငြိမ်းသေးဘူး။ ဘယ်သူမှလည်း မဝင်ရဲဘူး။ ဝင်လာတဲ့ သူတွေဆိုရင်လည်း လက်နက်ကြီးနဲ့ လှမ်းပြီးပစ်တယ်။”

မင်းကင်းနယ်ထဲမှာရှိတဲ့ ကူလဲရွာအနီးပတ်ဝန်းကျင်မှာ အရင်ကတည်းက ထိတွေ့တိုက်ပွဲ မရှိသလို စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေလည်း လှုပ်ရှားမှု မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ်ထဲက ကျေးရွာတွေမှာတော့ ချင်းတွင်းမြစ်ဘေးက မုဌော(မုတ်ထော) ၊ ချိုင် စတဲ့ ကျေးရွာတွေနားမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တနင်္လာနေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ကနီနဲ့ ဘုတလင်ကြားက အဲဒီနေရာတွေမှာ ဖေဖော်ဝါရီ ၁၉ ရက် စနေနေ့ထဲက တိုက်ပွဲတွေ စဖြစ်နေတာပါ။ တနင်္လာနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက် လင်းအားကြီးအချိန်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အနီးက အိုင်တောင် အနောက်ရွာက နေအိမ်အချို့ကို စစ်ကောင်စီက မီးရှို့သွားတဲ့အတွက် နေအိမ်ထဲမှာရှိတဲ့ အရပ်သား ၁ ဦး မီးလောင်ကျွမ်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“၂ နာရီလောက်ကတည်းက ချိုင်ကနေ အိုင်တောင်ကို မီးရှို့ထားခဲ့ပြီး ချိုင်ကို ပြန်ပြေးသွားကြတယ်။ ရှို့ခံရတဲ့ အိမ်ထဲကနေ တွေ့တာ Dead Body ကလေ ဘယ်သူဘယ်ဝါဆိုတာ မသိဘူး။”

စစ်ကောင်စီတပ်တွေ မီးရှို့တာကြောင့် နေအိမ် ၁၂ လုံးနဲ့ အိမ်မွေးတိရစ္ဆာန်တွေ ထားရှိတဲ့ တဲတွေ မီးလောင်ကျွမ်းသွားပြီး ဒေသခံကျေးရွာသား အများအပြားလည်း ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ အခုလို ကနီနဲ့ မင်းကင်းနယ်တွေက ကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်ပွားပြီး နေအိမ်တွေမီးရှို့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဒါတွေကတော့ စစ်ကိုင်းတိုင်းထဲက မင်းကင်းနယ်နဲ့ ကနီနယ်တွေမှာ နေအိမ်တွေမီးရှို့ခံရတဲ့ အခြေအနေတွေဖြစ်ပါတယ်။ ယင်းမာပင်မြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဆက်တိုက် ရှိနေပါတယ်။

တနင်္လာနေ့ကပဲ နှောရိုးရွာအနီးမှာ စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ယာဉ်တန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ မိုင်းဆွဲတိုက်ခိုက်တဲ့အခြေအနေနဲ့ ပတ်သက်လို့ ယင်းမာပင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက အခုလို ပြောပြပါတယ်။

“စစ်ကိုင်းတိုင်းဝန်ကြီးချုပ် မြင့်ကျော်ပေါ့နော်။ သူက မုံရွာကနေ ယင်းမာပင်ဘက်ကို ထွက်လာတယ်ပေါ့နော်။ ယင်းမာပင်မြို့နယ် အရှေ့ဘက နှောရိုးရွာနားမှာ ကျွန်တော်တို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကနေပြီး ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်။ အဲ့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် သူတို့ရဲ့ စစ်ပွိုင့်ကားတွေနဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးမှုတွေရှိနိုင်တယ်။ သူတို့ဘက်ကနေပြီး RPG တွေ 40 တွေနဲ့ နောက်ပြီး စက်သေနတ် မော်တာတွေနဲ့ တရစပ်ပစ်ခတ်ခဲ့တယ်ပေါ့နော်။ သူတို့ရဲ့ ပစ်ခတ်တာကြောင့် ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးတာတော့ မရှိပါဘူး။ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က အပြန်မှာ ယာဉ်တန်းနဲ့မသွားတော့ဘဲ ရဟတ်ယာဉ်ခေါ်ပြီး ပြန်ရတဲ့ အဆင့် ဖြစ်သွားတာပေါ့နော်။”

တနင်္ဂနွေနေ့တုန်းကလည်း ယင်းမာပင်မြို့နယ် အရှေ့ဘက် ဖိုးဝင်းတောင်အနီးမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ ယင်းမာပင်နဲ့ မြို့နယ်ချင်းကပ်နေတဲ့ ပုလဲမြို့နယ်ထဲက ကျေးရွာတွေမှာဆိုရင်လည်း စစ်ကောင်စီက နယ်မြေရှင်းလင်းမှုတွေ ဆက်လုပ်နေပါတယ်။ အခုနှစ်ထဲမှာကို ပုလဲမြို့နယ်ထဲက ကျေးရွာ ၆ ရွာ မီးရှို့ ခံရတဲ့အတွက် နေအိမ် ၂ ထောင်နီးပါး မီးလောင်ကျွမ်းခဲ့ပါတယ်။ အဲဒီဘက်မှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြားမှာလည်း စစ်ရေးတင်းမာနေပါတယ်။

XS
SM
MD
LG