သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကနီနဲ႔ပုလဲၿမိဳ႕ေတြဘက္မွာ တိုက္ပြဲျဖစ္၊ ေက်း႐ြာေတြ မီးေလာင္ပ်က္စီး


စစ္ေဘးလြတ္ရာ ေတာေတာင္ေတြထဲ ထြက္ေျပးေနၾကရတဲ့ ကနီေဒသခံျပည္သူမ်ား။ (ယခင္ပံုေဟာင္း)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ေက်း႐ြာေတြမွာ စစ္ေကာင္စီတပ္က နယ္ေျမရွင္းလင္းေနၿပီး ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲျဖစ္ခဲ့သလို ႐ြာလုံးကြၽတ္နီးပါး မီးေလာင္ကြၽမ္းတာေတြ ရွိခဲ့ပါတယ္။ မီးေလာင္ကြၽမ္းခဲ့တဲ့ ကနီနယ္က ဘင္ေက်း႐ြာနဲ႔ ပုလဲၿမိဳ႕၊ ေမြ႕တုံ႐ြာက ေဒသခံေတြ အကူအညီ လိုအပ္ေနပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။
စစ္ကိုင္းတိုင္း ကနီနယ္မွာ စစ္ေကာင္စီတပ္ေတြဟာ ေရေၾကာင္း၊ ကုန္းေၾကာင္းကေနပါ နယ္ေျမရွင္းလင္းတာေတြလုပ္လို႔ ဇန္နဝါရီ ၃၁ ရက္နဲ႔ ေဖေဖာ္ဝါရီ ၁ ရက္တို႔မွာ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ ၂ ရက္ဆက္တိုက္ တိုက္ပြဲေတြ ျဖစ္ခဲ့ပါတယ္။
ဇန္နဝါရီ ၃၁ ရက္က စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕တို႔ဟာ ဘင္၊ အုတ္နဲဘုတ္၊ အေနာက္ေတာ စတဲ့ ေက်း႐ြာအနီးမွာ တိုက္ ပြဲျဖစ္ခဲ့ၿပီး အိမ္ေျခ ၁၈၀ နီးပါးရွိတဲ့ ဘင္ေက်း႐ြာ မီးေလာင္ကြၽမ္းခဲ့ၿပီးေတာ့ ႐ြာခံေတြ အကူအညီလိုအပ္ေနတယ္လို႔ အကူအညီေပးေနသူတဦးက ေျပာပါတယ္။
“အေနာက္ေတာဆိုတဲ့႐ြာက ၇ အိမ္ေလာင္တယ္။ ၇ အိမ္ေလာင္တဲ့ထဲမွာ ၃ အိမ္ကေတာ့ အေျခအေန ေတာ္ေတာ္ဆိုးပါတယ္။ ၄ အိမ္ ကေတာ့ အဲ့ေလာက္ အေျခအေန မဆိုးဘူးခင္ဗ်။ ဘင္က်ေတာ့ အိမ္ေျခ ၁၇၀ ေက်ာ္ရွိတဲ့ထဲမွာ ၁၃၀ ကေတာ့ လုံးဝ မီးကြၽမ္းသြားတယ္။ အုတ္နဲဘုတ္က်ေတာ့ ၄/၅ အိမ္ေလာက္ပဲ။ အဲ့ဒီအခ်ိန္မွာ စစ္သားေတြက ရႈိ႕ၿပီးထြက္သြားတာဆိုေတာ့ အေနာက္ကေန ျပည္သူေတြက အခ်ိန္မီလိုက္ၿပီး မီးၿငိမ္းလိုက္ႏိုင္တယ္။ လိုအပ္တာက ဘာေတြလိုအပ္လဲဆိုရင္ အေရးေပၚ အခု ေဆာင္းတြင္းပိုင္းဆိုေတာ့ အရမ္းခ်မ္းတယ္ခင္ဗ်။ အရမ္းခ်မ္းေတာ့ အေႏြးထည္ ေစာင္၊ ျခင္ေထာင္ေပါ့ေနာ္။ ေန႔တိုင္းစားေသာက္ေနက်တာဆိုေတာ့ စားဝတ္ေနေရး လုံးဝလိုအပ္တယ္။ အခုက်ေတာ့ ႐ြာအနီးမွာ ယာခင္းေတာေလးေတြ ရွိတယ္။ ယာခင္းတဲေလးေတြေပါ့။ တခ်ိဳ႕က်ေတာ့ ယာခင္းတဲေလးေတြက ကိုယ့္တဲမွာ ကိုယ္ေနတယ္။ တခ်ိဳ႕ ယာခင္းေတာမရွိတဲ့သူေတြက်ေတာ့ အဲဒီတဲေလးေတြကို အဖီဆြဲေနၾကတယ္။ တခ်ိဳ႕က ယာယီ မိုးကာတဲေလးေတြနဲ႔ေနၾကတယ္။”
လက္ရွိအခ်ိန္မွာေတာ့ အနီးအနား႐ြာေတြက ကူညီေဆာင္႐ြက္ေပးေနၿပီး ေရရွည္ စားဝတ္ေနေရးအတြက္ အခက္အခဲ ရွိလာႏိုင္သလို စစ္ေကာင္စီတပ္ေတြ ေနာက္ထပ္နယ္ေျမရွင္းလင္းခ်ိန္ တိုက္ပြဲျဖစ္လာမွာကိုလည္း စိုးရိမ္ေနၾကပါတယ္။
စစ္ကိုင္းတိုင္းထဲက ပုလဲၿမိဳ႕နယ္မွာဆိုရင္လည္း ဇန္နဝါရီ ၃၀ ရက္က ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ အင္မထီး႐ြာက ပ်ဴေစာထီးေတြၾကား တိုက္ပြဲျဖစ္ခဲ့ပါတယ္။
အဲ့ဒီေနာက္ ဇန္နဝါရီ ၃၁ ရက္မွာ စစ္ေကာင္စီတပ္ေတြေရာက္လာၿပီး ပုလဲၿမိဳ႕က ေက်း႐ြာေတြထဲ နယ္ေျမရွင္းလင္းရင္း ေမြ႕တုံေက်း႐ြာ မီးေလာင္ခဲ့တယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။
“ေမြ႕တုံေက်း႐ြာမွာ တပ္စြဲၿပီးေတာ့ အင္မထီး႐ြာက ပ်ဴေစာထီးေတြရဲ႕ ေခ်ာက္ခ်မႈေၾကာင့္ ဒီ႐ြာမွာ PDF ေတြ ရွိတယ္၊ အားေကာင္းတယ္ ဆိုၿပီး မီးရႈိ႕တာ။ အိမ္ေျခ ၂၀၀ ေက်ာ္မွာ ၄၀/၅၀ ေလာက္ပဲက်န္တယ္။ မီးေလာင္ပ်က္စီးၿပီးေတာ့ အကုန္လုံး ေဘးလြတ္ရာ အဝတ္တထည္ ကိုယ္တခုနဲ႔ ထြက္ေျပးၿပီးေတာ့ အဲ့အနီး နားတဝိုက္ ၿမိဳင္နယ္စပ္ကို တိမ္းေရွာင္ေနရတယ္။ အခုဆိုရင္ ေသာင္းခ်ီၿပီး စစ္ေဘးဒုကၡသည္ေတြရွိမယ္။ အခုဆို တပ္စြဲၿပီး မီးရႈိ႕တဲ့ အဲ့တပ္ကလည္း ၿမိဳင္ဘက္က ေရနံေမွာ္ေတြကို မီးရႈိ႕တဲ့တပ္နဲ႔ေပါင္းၿပီး အဲ့အနီးနား ေလွာ္ကား ပန္း႐ြာ အဲ့နယ္ေျမခ်င္းစပ္ေနတဲ့ ႐ြာေတြကို စစ္ေၾကာင္းထိုးေနတယ္။ အဲ့အနီးနားက အဝတ္အထည္ စားေသာက္ကုန္ေတြ ကူညီရင္း အဲ့နည္းနဲ႔ေျဖရွင္းေနရတယ္။”
အခု မီးေလာင္တဲ့ျဖစ္ရပ္ေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီက တစုံတရာ သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။
အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္နဲ႔ အနီးဆုံးမွာရွိတဲ့ ပုလဲၿမိဳ႕နယ္မွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ မၾကာခဏဆိုသလို တိုက္ပြဲေတြ ျဖစ္ေနၿပီး စစ္ေကာင္စီက ေလေၾကာင္းကေနပါ ရဟတ္ယာဥ္ေတြနဲ႔ တိုက္ခိုက္တဲ့အထိ တိုက္ပြဲေတြ ျပင္းထန္ခဲ့ပါတယ္။
ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ အားေကာင္းတဲ့ စစ္ကိုင္းတိုင္းကို စစ္ေကာင္စီတပ္ေတြ မထိန္းခ်ဳပ္ႏိုင္ေသးသလို အခုခ်ိန္ထိ တည္ၿငိမ္မႈရွိေအာင္ ေဆာင္႐ြက္ေနရဆဲျဖစ္တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက သတင္းမီဒီယာေတြကို ေျပာၾကားထားပါတယ္။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #Sagaing #voaburmese #စစ္အာဏာသိမ္းမႈ #စစ္ကိုင္း #ဗြီအိုေအျမန္မာပိုင္း

တိုက္႐ိုက္ လင့္ခ္

=========

[[Unicode]]

ကနီနဲ့ပုလဲမြို့တွေဘက်မှာ တိုက်ပွဲဖြစ်၊ ကျေးရွာတွေ မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း ကျေးရွာတွေမှာ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းနေပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့သလို ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းတာတွေ ရှိခဲ့ပါတယ်။ မီးလောင်ကျွမ်းခဲ့တဲ့ ကနီနယ်က ဘင်ကျေးရွာနဲ့ ပုလဲမြို့၊ မွေ့တုံရွာက ဒေသခံတွေ အကူအညီ လိုအပ်နေပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။
စစ်ကိုင်းတိုင်း ကနီနယ်မှာ စစ်ကောင်စီတပ်တွေဟာ ရေကြောင်း၊ ကုန်းကြောင်းကနေပါ နယ်မြေရှင်းလင်းတာတွေလုပ်လို့ ဇန်နဝါရီ ၃၁ ရက်နဲ့ ဖေဖော်ဝါရီ ၁ ရက်တို့မှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ၂ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
ဇန်နဝါရီ ၃၁ ရက်က စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တို့ဟာ ဘင်၊ အုတ်နဲဘုတ်၊ အနောက်တော စတဲ့ ကျေးရွာအနီးမှာ တိုက် ပွဲဖြစ်ခဲ့ပြီး အိမ်ခြေ ၁၈၀ နီးပါးရှိတဲ့ ဘင်ကျေးရွာ မီးလောင်ကျွမ်းခဲ့ပြီးတော့ ရွာခံတွေ အကူအညီလိုအပ်နေတယ်လို့ အကူအညီပေးနေသူတဦးက ပြောပါတယ်။
“အနောက်တောဆိုတဲ့ရွာက ၇ အိမ်လောင်တယ်။ ၇ အိမ်လောင်တဲ့ထဲမှာ ၃ အိမ်ကတော့ အခြေအနေ တော်တော်ဆိုးပါတယ်။ ၄ အိမ် ကတော့ အဲ့လောက် အခြေအနေ မဆိုးဘူးခင်ဗျ။ ဘင်ကျတော့ အိမ်ခြေ ၁၇၀ ကျော်ရှိတဲ့ထဲမှာ ၁၃၀ ကတော့ လုံးဝ မီးကျွမ်းသွားတယ်။ အုတ်နဲဘုတ်ကျတော့ ၄/၅ အိမ်လောက်ပဲ။ အဲ့ဒီအချိန်မှာ စစ်သားတွေက ရှို့ပြီးထွက်သွားတာဆိုတော့ အနောက်ကနေ ပြည်သူတွေက အချိန်မီလိုက်ပြီး မီးငြိမ်းလိုက်နိုင်တယ်။ လိုအပ်တာက ဘာတွေလိုအပ်လဲဆိုရင် အရေးပေါ် အခု ဆောင်းတွင်းပိုင်းဆိုတော့ အရမ်းချမ်းတယ်ခင်ဗျ။ အရမ်းချမ်းတော့ အနွေးထည် စောင်၊ ခြင်ထောင်ပေါ့နော်။ နေ့တိုင်းစားသောက်နေကျတာဆိုတော့ စားဝတ်နေရေး လုံးဝလိုအပ်တယ်။ အခုကျတော့ ရွာအနီးမှာ ယာခင်းတောလေးတွေ ရှိတယ်။ ယာခင်းတဲလေးတွေပေါ့။ တချို့ကျတော့ ယာခင်းတဲလေးတွေက ကိုယ့်တဲမှာ ကိုယ်နေတယ်။ တချို့ ယာခင်းတောမရှိတဲ့သူတွေကျတော့ အဲဒီတဲလေးတွေကို အဖီဆွဲနေကြတယ်။ တချို့က ယာယီ မိုးကာတဲလေးတွေနဲ့နေကြတယ်။”
လက်ရှိအချိန်မှာတော့ အနီးအနားရွာတွေက ကူညီဆောင်ရွက်ပေးနေပြီး ရေရှည် စားဝတ်နေရေးအတွက် အခက်အခဲ ရှိလာနိုင်သလို စစ်ကောင်စီတပ်တွေ နောက်ထပ်နယ်မြေရှင်းလင်းချိန် တိုက်ပွဲဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။
စစ်ကိုင်းတိုင်းထဲက ပုလဲမြို့နယ်မှာဆိုရင်လည်း ဇန်နဝါရီ ၃၀ ရက်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အင်မထီးရွာက ပျူစောထီးတွေကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။
အဲ့ဒီနောက် ဇန်နဝါရီ ၃၁ ရက်မှာ စစ်ကောင်စီတပ်တွေရောက်လာပြီး ပုလဲမြို့က ကျေးရွာတွေထဲ နယ်မြေရှင်းလင်းရင်း မွေ့တုံကျေးရွာ မီးလောင်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မွေ့တုံကျေးရွာမှာ တပ်စွဲပြီးတော့ အင်မထီးရွာက ပျူစောထီးတွေရဲ့ ချောက်ချမှုကြောင့် ဒီရွာမှာ PDF တွေ ရှိတယ်၊ အားကောင်းတယ် ဆိုပြီး မီးရှို့တာ။ အိမ်ခြေ ၂၀၀ ကျော်မှာ ၄၀/၅၀ လောက်ပဲကျန်တယ်။ မီးလောင်ပျက်စီးပြီးတော့ အကုန်လုံး ဘေးလွတ်ရာ အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးပြီးတော့ အဲ့အနီး နားတဝိုက် မြိုင်နယ်စပ်ကို တိမ်းရှောင်နေရတယ်။ အခုဆိုရင် သောင်းချီပြီး စစ်ဘေးဒုက္ခသည်တွေရှိမယ်။ အခုဆို တပ်စွဲပြီး မီးရှို့တဲ့ အဲ့တပ်ကလည်း မြိုင်ဘက်က ရေနံမှော်တွေကို မီးရှို့တဲ့တပ်နဲ့ပေါင်းပြီး အဲ့အနီးနား လှော်ကား ပန်းရွာ အဲ့နယ်မြေချင်းစပ်နေတဲ့ ရွာတွေကို စစ်ကြောင်းထိုးနေတယ်။ အဲ့အနီးနားက အဝတ်အထည် စားသောက်ကုန်တွေ ကူညီရင်း အဲ့နည်းနဲ့ဖြေရှင်းနေရတယ်။”
အခု မီးလောင်တဲ့ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
အနောက်မြောက်တိုင်း စစ်ဌာနချုပ်နဲ့ အနီးဆုံးမှာရှိတဲ့ ပုလဲမြို့နယ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းကနေပါ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်တဲ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်းကို စစ်ကောင်စီတပ်တွေ မထိန်းချုပ်နိုင်သေးသလို အခုချိန်ထိ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်နေရဆဲဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာတွေကို ပြောကြားထားပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #Sagaing #voaburmese #စစ်အာဏာသိမ်းမှု #စစ်ကိုင်း #ဗွီအိုအေမြန်မာပိုင်း

=========

XS
SM
MD
LG