သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကၽြန္းလွၿမိဳ႕နယ္တြင္း အတိုက္ခိုက္ခံရမႈ ရြာသားေတြ ေဘးလြတ္ရာ ထြက္ေျပးေနရ


MYANMAR-POLITICS/BURNING စစ္ကိုင္းတုိင္း ေဒသႀကီး ၊ မင္းကင္းၿမိဳ႕နယ္အတြင္းက ေက်းရြာတရြာမီးရိႈ ႔ခံခဲ့ရစဥ္ (မွတ္တမ္းဓါတ္ပုံ)

စစ္ကိုင္းတုိင္း ကြ်န္းလွၿမိဳ႔နယ္ ေ၀လမူရြာကို ေသာၾကာေန႔ ညေနပိုင္းက စစ္ေကာင္စီတပ္ေတြ ၀င္ေရာက္ၿပီး လူေနအိမ္ေတြကို မီးရိႈ႔ေနေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ စစ္ကိုင္းတုိင္း ကြ်န္းလွ ၿမိဳ႔နယ္က အေျခအေန ကိုခင္ေမာင္စုိးမင္း က ေျပာျပေပးပါမယ္။

ကၽြန္းလွၿမိဳ႕နယ္တြင္း အတိုက္ခိုက္ခံရမႈ ရြာသားေတြ ေဘးလြတ္ရာ ထြက္ေျပးေနရ

{{Zawgyi/Unicode}}

စစ္ကိုင္းတုိင္း ကြ်န္းလွၿမိဳ႔နယ္ ေ၀လမူရြာကို ေသာၾကာေန႔ ညေနပိုင္းက စစ္ေကာင္စီတပ္ေတြ ၀င္ေရာက္ၿပီး လူေနအိမ္ေတြကို မီးရိႈ႔ေနေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ေလာေလာဆည္ ေ၀လမူရြာသား ၅၀၀ ေက်ာ္နဲ႔ အနီးပတ္၀န္းက်င္ရြာေတြကပါဆို လူ ၂ေထာင္ေက်ာ္ ထြက္ေျပးေနရၿပီး စစ္ေျပးဒုကၡသည္ေတြဟာ စားနပ္ရိကၡာ ေဆး၀ါး အျပင္ စိတ္ပိုင္းဆုိင္ရာ ကူညီေထာက္ပံ့မႈေတြပါ လိုအပ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ စစ္ကိုင္းတုိင္း ကြ်န္းလွ ၿမိဳ႔နယ္က အေျခအေန ကိုခင္ေမာင္စုိးမင္း က ေျပာျပေပးပါမယ္။

စစ္ကိုင္းတုိင္း ကြ်န္းလွၿမိဳ႔နယ္ ေ၀လမူရြာမွာ ျပည္သူ႔ ကာကြယ္ေရးတပ္ PDF ေတြ ရိွတယ္ဆုိၿပီး မတ္လဆန္းက ေလေၾကာင္းက တုိက္ခုိက္တာေတြရိွခဲ့ၿပီး အခုတခါ တုိက္ခုိက္ခံရတာက ဒုတိယအၾကိမ္ ျဖစ္ပါတယ္။

ေ၀လမူရြာကို စစ္ေကာင္စီတပ္ေတြက ဧၿပီလ ၁၅ရက္ေန႔ သၾကၤန္အၾကတ္ ညေနပုိင္း ၅နာရီေလာက္က ၀င္ေရာက္မီးရိႈ႔ခဲ့တဲ့ အေျခအေနကို ေဒသခံတစ္ဦးက VOA ကို အခုလုိ ေျပာပါတယ္။

“ ဒီေန႔ ဆုိရင္ စစ္သားေတြက ကုန္းသီးရြာမွာ အေျခခ်ၿပီး ေ၀လမူရြာမွာ မီးေတြရိႈ႔ေနတာဗ်။ ၅နာရီ၊ ၅နာရီခဲြေလာက္က၊ အိမ္ေျခက ၂၀ေက်ာ္ေလာက္ရိွၿပီဗ်။ အခုခ်ိန္ထိေအာင္က မၿငိမ္းေသးဘူးဗ်။ ေ၀လမူရြာကို PDF ေတြ ရိွတယ္ထင္ၿပီးမွ ရိႈ႔တာဗ်။ အထိခိုက္ အဖမ္းအဆီး အေျခအေနက ေ၀လမူရြာထဲကေတာ့ မရိွဘူးဗ်။ ကုန္းသီးရြာ မွာကေတာ့ ရိွတယ္ဗ်။ ၂ေယာက္။ ကုန္းသီးရြာနဲ႔ ေ၀လမူရြာနဲ႔က ဆက္ရက္ဗ်။ ၀င္တာကေတာ့ၾကာၿပီဗ်။ ကုန္းသီးရြာမွာ ၃ရက္ေလာက္ရိွၿပီ။ ဒီေန႔ေရာဆို ၄ရက္ေျမာက္ေန႔ဗ်။ ”

ေ၀လမူရြာကို မတ္လ ၁ရက္ေန႔က ေလေၾကာင္းက ရဟတ္ယာဥ္နဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ ရြာသူ၊ ရြာသားေတြက တျခားေက်းရြာေတြနဲ႔ ေတာေတာင္ေတြထဲကို တိမ္းေရွာင္ေနၾကတယ္လို႔လည္း ဆက္ေျပာပါတယ္။

“ ဒီစစ္ေၾကာင္းကေတာ့ ၾကာၿပီခင္ဗ်။ ၃လပိုင္း ၁ရက္ေန႔တည္းက ေလယာဥ္နဲ႔ပစ္ၿပီးကတည္းက အဲဒီစစ္ေၾကာင္းက ျပန္ၿပီးေတာ့မွ ေနာက္ တစ္ေၾကာ့ ျပန္လာတာဗ်။ အဲဒီတံုးကေတာ့ သူတုိ႔က ေလယာဥ္နဲ႔ ပစ္သြားတာဗ်။ ေ၀လမူရြာ ပတ္ပတ္လည္ ေလယာဥ္နဲ႔ ပစ္ၿပီးေတာ့မွ။ ေလယာဥ္၆စီးနဲ႔ ၊ ၃စီးကေတာ့ ပစ္တယ္။ ၃စီးက လူခ်တယ္ဗ်။ ဆရာမေလ CDM ဆရာမ ေဆးဆရာမ ၃ေယာက္နဲ႔ အမ်ိဳးသမီးတစ္ေယာက္ကိုေတာ့ ဖမ္းေခၚသြားတယ္ဗ်။ သူတို႔ရဲ့ေနာက္ဆံုးအေျခအေနက ဘာသတင္းမွေတာ့ မရေသးဘူး။ အဲဒီအခ်ိန္မယ္ ရြာက လူငယ္ ၂ေယာက္ကိုလည္း သူတုိ႔ကိုလည္း ဖမ္းေခၚၿပီး သတ္ထားခဲ့တယ္ဗ်။ မတ္လ ၁ရက္ေန႔ ပစ္ၿပီးကတည္းက ေလယာဥ္နဲ႔ပစ္ၿပီးကတည္းက လူေတြက အကုန္ထြက္ေျပးသြားတာဗ်။ အခု ယေန႔ အခ်ိန္ထိေအာင္ပါပဲ။ ထြက္ေျပးသြားတဲ့သူေတြကေတာ့ အကုန္ တစ္ရြာလံုးနီးပါးပါပဲဗ်။”

တိမ္းေရွာင္ေနသူ စစ္ေျပးဒုကၡသည္ေတြဟာ လံုၿခံဳတဲ့ေနရာထိုင္ခင္း၊ စားနပ္ရိကၡာအျပင္ စိတ္က်န္းမာေရးေစာင့္ေရွာက္မႈ အကူအညီေတြလည္း လိုအပ္ေနတယ္လုိ႔ တျခားေဒသခံတဦးက ေျပာပါတယ္။

“ဒီ စစ္ေဘးေရွာင္ေနရတဲ့ ျပည္သူေတြက စိတ္ေျခာက္ျခားၿပီးေတာ့ စိတ္ထိခိုက္မႈေတြက တအားျဖစ္ေနတာေလ။ တစ္ခုခုဆုိ ထိတ္လန္႔ေနတဲ့ အရာမ်ိဳးေတြခ်ည္းပဲ ေတာက္ေလွ်ာက္ျဖစ္ေနတာ။ ဒုန္းဒုန္း ဒိုင္းဒိုင္း အသံၾကားတယ္ဆုိ သူတို႔ မခံႏိုင္ဘူးေပါ့။ အဲလုိျဖစ္ေနတာ။ ရြာပတ္ျခာလည္ကို ေလယာဥ္နဲ႔ ပစ္လုိက္တာဆုိေတာ့ ေလယာဥ္လာၿပီဆုိ ထိတ္ထိတ္ျပာျပာနဲ႔ ဘယ္ေျပးလုိ႔ ေျပးရမွန္း မသိေပါ့ေနာ္။ အဲလို ျပာယာခတ္ေနတာမ်ိဳးေတြ ျဖစ္တာေပါ့။ စစ္ေရွာင္ေတြအတြက္ဆုိရင္ အဓိက သူတုိ႔ရဲ့ ေနရာထုိင္ခင္းလံုၿခံဳမႈရယ္၊ Safe ျဖစ္တဲ့ေနရာေပါ့ေနာ္။ ၿပီးရင္ စားနပ္ရိကၡာ၊ ေဆး၀ါးရယ္။ ၿပီးလုိ႔ရိွရင္ စိတ္ပိုင္းဆုိင္ရာ ကုစားႏိုင္မယ့္ အရာမ်ိဳးေပါ့။ ”

ေ၀လမူရြာမွာ အိမ္ေျခ ၁၃၀ေလာက္ရိွၿပီး လူ ၄၀၀ေက်ာ္ေလာက္ တိမ္းေရွာင္ေနရသလို ေ၀လမူရြာပတ္၀န္းက်င္က ေက်းရြာက လူေတြပါ တိမ္းေရွာင္ေနတာေၾကာင့္ အားလံုး စုစုေပါင္း ၂၀၀၀ ေက်ာ္ေလာက္ ရိိွႏိုင္ေၾကာင္း ခန္႔မွန္းထားပါတယ္။ ဒီလို တိမ္းေရွာင္ေနသူေတြထဲမွာ ေက်ာင္းသူ ေက်ာင္းသား ၈၀ေလာက္ အနည္းဆံုးပါရိွႏိုင္တယ္လို႔လည္း ေျပာပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ ကြ်န္းလွၿမိဳ႕နယ္ ေ၀လမူေက်းရြာမွာ PDF အမည္ခံ အၾကမ္းဖက္သမားေတြ ေရာက္ရွိေနေၾကာင္း သတင္းေပးပို႔တဲ့အတြက္ လံုၿခံဳေရးတပ္ဖြဲ႕၀င္ေတြက ေက်းရြာကို စစ္ေဆးေဆာင္ရြက္ဖို႔ သြားခ်ိန္မွာ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ၿပီး လက္နက္ေတြ သိမ္းဆည္းရမိတယ္လို႔ မတ္လ ၁ ရက္ ညပိုင္းမွာ သတင္းထုတ္ျပန္ထားတာ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

..........................................................

ကျွန်းလှမြို့နယ်တွင်း အတိုက်ခိုက်ခံရမှု ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးနေရ

{{Zawgyi/Unicode}}

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ဝေလမူရွာကို သောကြာနေ့ ညနေပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့နေကြောင်း ဒေသခံတွေက ပြောပါတယ်။ လောလောဆည် ဝေလမူရွာသား ၅၀၀ ကျော်နဲ့ အနီးပတ်ဝန်းကျင်ရွာတွေကပါဆို လူ ၂ထောင်ကျော် ထွက်ပြေးနေရပြီး စစ်ပြေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ ဆေးဝါး အပြင် စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေပါ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ စစ်ကိုင်းတိုင်း ကျွန်းလှ မြို့နယ်က အခြေအနေ ကိုခင်မောင်စိုးမင်း က ပြောပြပေးပါမယ်။

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ဝေလမူရွာမှာ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေ ရှိတယ်ဆိုပြီး မတ်လဆန်းက လေကြောင်းက တိုက်ခိုက်တာတွေရှိခဲ့ပြီး အခုတခါ တိုက်ခိုက်ခံရတာက ဒုတိယအကြိမ် ဖြစ်ပါတယ်။

ဝေလမူရွာကို စစ်ကောင်စီတပ်တွေက ဧပြီလ ၁၅ရက်နေ့ သင်္ကြန်အကြတ် ညနေပိုင်း ၅နာရီလောက်က ဝင်ရောက်မီးရှို့ခဲ့တဲ့ အခြေအနေကို ဒေသခံတစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“ ဒီနေ့ ဆိုရင် စစ်သားတွေက ကုန်းသီးရွာမှာ အခြေချပြီး ဝေလမူရွာမှာ မီးတွေရှို့နေတာဗျ။ ၅နာရီ၊ ၅နာရီခွဲလောက်က၊ အိမ်ခြေက ၂၀ကျော်လောက်ရှိပြီဗျ။ အခုချိန်ထိအောင်က မငြိမ်းသေးဘူးဗျ။ ဝေလမူရွာကို PDF တွေ ရှိတယ်ထင်ပြီးမှ ရှို့တာဗျ။ အထိခိုက် အဖမ်းအဆီး အခြေအနေက ဝေလမူရွာထဲကတော့ မရှိဘူးဗျ။ ကုန်းသီးရွာ မှာကတော့ ရှိတယ်ဗျ။ ၂ယောက်။ ကုန်းသီးရွာနဲ့ ဝေလမူရွာနဲ့က ဆက်ရက်ဗျ။ ဝင်တာကတော့ကြာပြီဗျ။ ကုန်းသီးရွာမှာ ၃ရက်လောက်ရှိပြီ။ ဒီနေ့ရောဆို ၄ရက်မြောက်နေ့ဗျ။ ”

ဝေလမူရွာကို မတ်လ ၁ရက်နေ့က လေကြောင်းက ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ရွာသူ၊ ရွာသားတွေက တခြားကျေးရွာတွေနဲ့ တောတောင်တွေထဲကို တိမ်းရှောင်နေကြတယ်လို့လည်း ဆက်ပြောပါတယ်။

“ ဒီစစ်ကြောင်းကတော့ ကြာပြီခင်ဗျ။ ၃လပိုင်း ၁ရက်နေ့တည်းက လေယာဉ်နဲ့ပစ်ပြီးကတည်းက အဲဒီစစ်ကြောင်းက ပြန်ပြီးတော့မှ နောက် တစ်ကြော့ ပြန်လာတာဗျ။ အဲဒီတုံးကတော့ သူတို့က လေယာဉ်နဲ့ ပစ်သွားတာဗျ။ ဝေလမူရွာ ပတ်ပတ်လည် လေယာဉ်နဲ့ ပစ်ပြီးတော့မှ။ လေယာဉ်၆စီးနဲ့ ၊ ၃စီးကတော့ ပစ်တယ်။ ၃စီးက လူချတယ်ဗျ။ ဆရာမလေ CDM ဆရာမ ဆေးဆရာမ ၃ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကိုတော့ ဖမ်းခေါ်သွားတယ်ဗျ။ သူတို့ရဲ့နောက်ဆုံးအခြေအနေက ဘာသတင်းမှတော့ မရသေးဘူး။ အဲဒီအချိန်မယ် ရွာက လူငယ် ၂ယောက်ကိုလည်း သူတို့ကိုလည်း ဖမ်းခေါ်ပြီး သတ်ထားခဲ့တယ်ဗျ။ မတ်လ ၁ရက်နေ့ ပစ်ပြီးကတည်းက လေယာဉ်နဲ့ပစ်ပြီးကတည်းက လူတွေက အကုန်ထွက်ပြေးသွားတာဗျ။ အခု ယနေ့ အချိန်ထိအောင်ပါပဲ။ ထွက်ပြေးသွားတဲ့သူတွေကတော့ အကုန် တစ်ရွာလုံးနီးပါးပါပဲဗျ။”

တိမ်းရှောင်နေသူ စစ်ပြေးဒုက္ခသည်တွေဟာ လုံခြုံတဲ့နေရာထိုင်ခင်း၊ စားနပ်ရိက္ခာအပြင် စိတ်ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေလည်း လိုအပ်နေတယ်လို့ တခြားဒေသခံတဦးက ပြောပါတယ်။

“ဒီ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေက စိတ်ခြောက်ခြားပြီးတော့ စိတ်ထိခိုက်မှုတွေက တအားဖြစ်နေတာလေ။ တစ်ခုခုဆို ထိတ်လန့်နေတဲ့ အရာမျိုးတွေချည်းပဲ တောက်လျှောက်ဖြစ်နေတာ။ ဒုန်းဒုန်း ဒိုင်းဒိုင်း အသံကြားတယ်ဆို သူတို့ မခံနိုင်ဘူးပေါ့။ အဲလိုဖြစ်နေတာ။ ရွာပတ်ခြာလည်ကို လေယာဉ်နဲ့ ပစ်လိုက်တာဆိုတော့ လေယာဉ်လာပြီဆို ထိတ်ထိတ်ပြာပြာနဲ့ ဘယ်ပြေးလို့ ပြေးရမှန်း မသိပေါ့နော်။ အဲလို ပြာယာခတ်နေတာမျိုးတွေ ဖြစ်တာပေါ့။ စစ်ရှောင်တွေအတွက်ဆိုရင် အဓိက သူတို့ရဲ့ နေရာထိုင်ခင်းလုံခြုံမှုရယ်၊ Safe ဖြစ်တဲ့နေရာပေါ့နော်။ ပြီးရင် စားနပ်ရိက္ခာ၊ ဆေးဝါးရယ်။ ပြီးလို့ရှိရင် စိတ်ပိုင်းဆိုင်ရာ ကုစားနိုင်မယ့် အရာမျိုးပေါ့။ ”

ဝေလမူရွာမှာ အိမ်ခြေ ၁၃၀လောက်ရှိပြီး လူ ၄၀၀ကျော်လောက် တိမ်းရှောင်နေရသလို ဝေလမူရွာပတ်ဝန်းကျင်က ကျေးရွာက လူတွေပါ တိမ်းရှောင်နေတာကြောင့် အားလုံး စုစုပေါင်း ၂၀၀၀ ကျော်လောက် ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ဒီလို တိမ်းရှောင်နေသူတွေထဲမှာ ကျောင်းသူ ကျောင်းသား ၈၀လောက် အနည်းဆုံးပါရှိနိုင်တယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ကျွန်းလှမြို့နယ် ဝေလမူကျေးရွာမှာ PDF အမည်ခံ အကြမ်းဖက်သမားတွေ ရောက်ရှိနေကြောင်း သတင်းပေးပို့တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျေးရွာကို စစ်ဆေးဆောင်ရွက်ဖို့ သွားချိန်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်တွေ သိမ်းဆည်းရမိတယ်လို့ မတ်လ ၁ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ထားတာ ရှိပါတယ်။

XS
SM
MD
LG