သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတူပီ-မင်းတပ်လမ်း စစ်ဆင်ရေးကြောင့် ဒေသခံတွေထပ်မံတိမ်းရှောင်


မင်းတပ် စစ်ဘေးရှောင် ပြည်သူများ။ (ဇွန် ၆၊ ၂၀၂၁။ ဓာတ်ပုံ - မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့)
မင်းတပ် စစ်ဘေးရှောင် ပြည်သူများ။ (ဇွန် ၆၊ ၂၀၂၁။ ဓာတ်ပုံ - မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့)

ချင်းပြည်နယ် မတူပီမြို့နယ်တွင်းမှာ ဇန်နဝါရီ ၂၅ ရက် မနေ့ညပိုင်းတုန်းက လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံ ၄၀၀ ကျော်လောက် တောတောင်ထဲ ထပ်မံပြေးရှောင်နေကြရတယ်။ မတူပီမြို့ကနေ ပြန်ထွက်ခွာလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မွှင်တုန်းကျေးရွာအုပ်စုမှာ တပ်စွဲညအိပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းရန်ကုန်လာရေးသားပေးပို့တဲ့သတင်းကို အလိမ္မာပြောပြပါမယ်။

မတူပီမြို့နယ် မတူပီ-မင်းတပ် ကားလမ်းမနဲ့ ၃ မိုင်လောက်ဝေးတဲ့ မွှင်တုန်းကျေးရွာဟောင်းဘက် မနေ့ညပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၄၀၀ ကျော်လောက် တောတောင်တွေထဲ ပြေးရှောင်နေရတယ်လို့ စစ်ဘေးရှောင်ဒေသခံတွေက ပြောပါတယ်။ လက်နက်ကြီးကျည်တွေဟာ ကျေးရွာနေအိမ်အနီးအနားတွေမှာ ကျရောက်ခဲ့တာမို့ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရတာလို့ ဒေသခံတဦးကပြောပါတယ်။

“ ၇ နာရီကျော် ညပိုင်းမှာ လက်နက်ကြီးနဲ့ ထုတာ။ သူတို့က ၇ ထုတာပေါ့နော်။ ပတ်ပတ်လည် အကုန်လုံး၊ အခုဆိုရင် ကျမတို့ ရွာအထိနားလေးမှာပဲ ကျတာ၊ ယမ်းအနံတောင်မှ ကျမတို့ကြားရတယ် ။အနံတောင်ရတယ်ပေါ့နော်။ အဲ့လိုဆိုရင်တော့ ကျမတို့က သက်ကြီးအိုအကုန်လုံး အားလုံးက တောထဲမှာ ပြေးလွှာနေကြတာပေါ့။ တချို့ကတော့ ကျောက်ဆောင်တွေမှာပဲ ကျမတို့ကတော့ ပုန်းနေကြတယ် အဲ့လိုမျိုးပေ့ါနော်။ အခုဆို သုံးခါ သုံးကြိမ်မြောက်ပေါ့နော်။ အခုကျတော့ အဲ့ရွာဟောင်းနား ပတ်ပတ်လည်မှာ အကုန်လုံးချတော့ အသက်အန္တရာယ်တော့ စိုးရိမ်ရတာပေါ့နော်။ မနေ့ညဆိုရင် တော်တော်ကို ကျမတို့ ကြောက်လန့်နေကြတယ်။ သက်ကြီးရွယ်အိုတွေဆို တော်တော်ကို လန့်ဖြန့်ပြီးတော့ ကျမတို့ တောထဲမှာ ညကြီးမှာ ဟိုပြေးဒီပြေးနေရတယ်။”

စစ်ကောင်စီတပ်တွေဟာ ဒီရက်ပိုင်းအတွင်း မတူပီ-မင်းတပ်ကားလမ်းတလျှောက် နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ မတူပီမြို့ကနေ ပြန်လည်ထွက်ခွာလာတဲ့ စစ်ကောင်စီ ယာဉ်တန်းတွေဟာ မွှင်တုန်းကျေးရွာအုပ်စုမှာ တနင်္ဂနွေနေ့ကတည်းကနေ ဒီနေ့အထိ တပ်စွဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။ တပ်စွဲထားတဲ့ အဲဒီနေရာကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာလို့ပ မျက်မြင်ဒေသခံတွေကပြောပါတယ်။ ဒီနေ့အထိလည်း ကားလမ်းမကြီး တဖက်တချက်ကို လမ်းကြောင်းရှင်း ပစ်ခတ်တာတွေရှိတယ်လို့ မျက်မြင်ဒေသခံတဦးကပြောပါတယ်။

“ ညကဆိုရင်တော့ တော်တော်ဆိုးသွားတယ်ပေါ့နော်။ ညကတော့ ပိုဆိုးတာပေါ့။ အခုကျတော့ သူတို့ လမ်းကြောင်းရှင်းတဲ့ သဘောနဲ့ ဟိုဖက်ကို ရှေ့ဖက်ကို သူတို့သွားမယ့်လမ်းကြောင်းဖက်ကို သူက ပစ်တာ။ ကားလမ်း အပေါ် အောက်ဖက် အဲ့ဖက်ကို သူတို့က ချိန်ပြီးတော့ ပစ်နေတာ။ ရွာဖက်ကို ပစ်တာတော့ မဟုတ်ဘူး အခုကြားနေရတဲ့ လက်နက်ကြီးကပေါ့နော်။ ရွာဖက်ကို ပစ်လာတယ်ဆိုတာကတော့ ညကပဲ တော်တော်ဆိုးသွားတာ။ ကျနော်တို့က စစ်ဘေးရှောင်တဲ့ လူတွေဆီကို သူတို့ ဦးတည်ပြီးတော့ ပစ်သဘောဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ရဲ့ ခေါင်းရင်းပေါ်တွေမှာ လက်နက်ကြီးတွေ သွားနေတယ်ဆိုတော့ ကျနော်တို့ကို ချိန်ပြီးတော့ ပစ်တယ်လို့ပဲခံယူတယ်။ အခြေအနေက အခုရက်ပိုင်းမှာ ပိုပိုဆိုးလာတယ်။”

မတူပီ-မင်းတပ် ကားလမ်းမကြီးဘက်မှာ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ဒေသခံတွေဟာ ပတ်ဝန်းကျင်ကျေးရွာတွေနဲ့ တောတောင်ယာယီစစ်ရှောင်းစခန်းမှာ ခိုလှုံနေကြရတာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ် မင်းတပ်၊ မတူပီ၊ ဖလမ်း၊ ထန်တလန်၊ ကန်ပက်လက် စတဲ့ မြို့နယ်တွေမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး သောင်းနဲ့ချီတဲ့ ဒေသခံတွေလည်း စစ်ပြေးရှောင်နေကြရလို့ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

မတူပီမြို့နယ် ရေဇွာမြို့ ဇိုသုန်နယ်ဘက်မှာတော့ ရဲစခန်းကို ဝင်ရောက်ပစ်ခတ်ပြီး တိုက်ပွဲဖြစ်တာရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကို ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း မတူပီ-မင်းတပ်ကားလမ်းမပိုင်းက စစ်ဆင်ရေးတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဖက်က တစုံတရာထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။

..........................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)









XS
SM
MD
LG