သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခ်င္း တီးတိန္တြင္ ေလယာဥ္အကူသုံးရတဲ့အထိ တိုက္ပြဲျပင္းထန္


ခ်င္းျပည္နယ္အတြင္း တုိက္ပြဲေတြေၾကာင့္ ေတာေတာင္ေတြထဲ ပုန္းေအာင္းေနရတဲ့ ေဒသခံအခ်ဳိ႕။ (ေမ ၂၀၊ ၂၀၂၁)

(Zawgyi / Unicode)

ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕နယ္ Hriangzing ေက်းရြာအနီးအဝိုက္မွာ စစ္ေကာင္စီတပ္နဲ႔ ခ်င္းျပည္သူ႔ကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားေနၿပီး ေလေၾကာင္းအကူသုံး ပစ္ရတဲ့အထိ ျပင္းထန္ေၾကာင္း PDF တာဝန္ရွိသူေတြက ေျပာပါတယ္။ ရက္တပတ္ေက်ာ္အၾကာ တိုက္ပြဲေၾကာင့္ ကုန္သြယ္ေရး ကားလမ္းပိတ္ေနသလို ေဒသတြင္း စားနပ္ရိကၡာ ျပတ္လပ္ေနၿပီလို႔လည္း ၿမိဳ႕ခံေတြက ေျပာပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့ သတင္းကို ကိုသားၫြန႔္ဦး ေျပာျပမွာပါ။

ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕နယ္ ကေလး-တီးတိန္ ကားလမ္းမေပၚက Hriangzing ေက်းရြာအနီးအဝိုက္မွာ ဒီကေန႔မနက္ ေစာေစာပိုင္းမွာ စစ္ေကာင္စီတပ္နဲ႔ ခ်င္းျပည္သူ႔ကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႔တို႔အၾကား တိုက္ပြဲျဖစ္ပြားေနပါတယ္။ စစ္ေကာင္စီတပ္က ရဟတ္ယာဥ္အပါအဝင္ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ေနတယ္လို႔ PDF Zoland ျပန္ၾကားေရး တာဝန္ရွိသူတဦးက ေျပာပါတယ္။

“ဒီေန႔မနက္ေတာ့ သူတို႔ ကေလးၿမိဳ႕ကေန ကေလး University ဝင္းကေန အေျမာက္ ၃ လက္နဲ႔ ေတာက္ေလွ်ာက္ မနက္ ၇ နာရီေက်ာ္ေက်ာ္ကေန စပစ္တယ္။ ၈ နာရီခြဲေလာက္က်ေတာ့ ဟက္စကီး ၂ စီးနဲ႔ လာၿပီးေတာ့ ပစ္တယ္။ က်ေနာ္တုိ႔ လက္ရွိ တိုက္ပြဲျဖစ္တဲ့ေနရာေပါ့ေနာ္။ သူတို႔ပစ္ၿပီးေနာက္ပိုင္း ၁၁ ေက်ာ္ေက်ာ္ေလာက္မွာပဲ သူတို႔ ေရွ႕တိုးလာတယ္။ ေရွ႕တိုးလာေတာ့ က်ေနာ္တုိ႔ ေျမျပင္မွာေတာ့ ထိပ္တိုက္ေတြ႔တာေပါ့ အခုေလာေလာဆယ္မွာေလ၊ Hriangzing နယ္ေျမ စစ္မ်က္ႏွာမွာ။”

ဒီတိုက္ပြဲမွာ PDF Zoland၊ ကေလး PDF၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF၊ Zogam Army စတဲ့ ပူးေပါင္းအဖြဲ႔နဲ႔ စစ္ေကာင္စီတပ္အၾကား တိုက္ပြဲျဖစ္ပြားေနတာပါ။ အင္အား ၁၀၀ ဝန္းက်င္ေလာက္ရွိတဲ့ စစ္ေကာင္စီတပ္ဖြဲ႔ဝင္ေတြဟာ Hriangzing ေက်းရြာအနီး သိုင္းငင္းေက်းရြာေအာက္နားမွာ တပ္စြဲထားၿပီး သိုင္းငင္းေက်းရြာဘက္ကို ေရွ႕ဆက္တိုးႏိုင္ဖို႔အတြက္ အခုလို လက္နက္ႀကီးနဲ႔ ေလေၾကာင္းကေန ပစ္ကူတိုက္ခိုက္ေနတာလို႔ သူကေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁၅ ရက္ေန႔ကလည္း တီးတိန္ၿမိဳ႕နယ္ သိုင္းငင္းေက်းရြာ မေရာက္ခင္ Hriangzing ေက်းရြာနားမွာ စစ္ေကာင္စီတပ္နဲ႔ ခ်င္းကာကြယ္ေရး ပူးေပါင္းတပ္တို႔ တိုက္ပြဲမွာ စစ္ေကာင္စီဘက္က တိုက္ေလယာဥ္နဲ႔ တိုက္ခိုက္ခဲ့တယ္လို႔ ခ်င္းအမ်ိဳးသား ကာကြယ္ေရးအဖြဲ႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

သိုင္းငင္းေက်းရြာလမ္းဆုံဟာ ခ်င္းျပည္နယ္နဲ႔ စစ္ကိုင္းတိုင္းဘက္ သြားလာေရးမွာ အဓိကက်တဲ့ လမ္းေၾကာင္းတခုျဖစ္လို႔ စစ္ေကာင္စီတပ္ကေရာ ကာကြယ္ေရးတပ္ဘက္ကပါ ထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးစားေနတာလို႔ PDF Zoland ျပန္ၾကားေရး တာဝန္ရွိသူတဦးက ေျပာပါတယ္။

“ဒီ သိုင္းငင္းလမ္းဆုံဟာ ခ်င္းျပည္နယ္ေျမာက္ပိုင္း စစ္ကိုင္းတိုင္းရယ္ က်ေနာ္တုိ႔ အဲဒီလမ္းအတိုင္း သြားတယ္ဆိုရင္ တီးတိန္ၿမိဳ႕ေရာက္တယ္။ ဖလမ္းရယ္ ဟားခါးရယ္ သြားလို႔ရတယ္။ လမ္းဆုံက အဓိကက်တာေပါ့ေနာ္။ က်ေနာ္တုိ႔ စစ္ကိုင္းတိုင္းနဲ႔ အိႏၵိယဘက္ကို ဆက္သြယ္တဲ့ အခ်က္အခ်ာက်တဲ့ လမ္းမႀကီးေပါ့။ အဓိကကေတာ့ သူတို႔ ဒီပြိဳင့္ကို အသည္းအသန္ ခံစစ္ထားတဲ့ပုံစံ ျဖစ္ေနတယ္။”

တီးတိန္ဘက္ ဒီမနက္ တုိက္ပြဲျဖစ္ပြားတာနဲ႔ ပတ္သက္လို႔ မသိရေသးေၾကာင္းနဲ႔ မေန႔က မတူပီၿမိဳ႕နယ္ ေရဇြာၿမိဳ႕ ရဲစခန္း တိုက္ခိုက္ခံရေၾကာင္း စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“တီးတိန္ဘက္မွာေတာ့ ဒီေန႔ျဖစ္တာေတာ့ က်ေနာ္လည္း မသိေသးပါဘူးဗ်။ မေန႔ကေတာ့ က်ေနာ္တုိ႔ ေရဇြာဘက္မွာပဲ ရွိတယ္။ အဲဒီ ေရဇြာနယ္ေျမ ရဲစခန္းေပါ့။ အဲဒီ ေရဇြာနယ္ေျမရဲစခန္းကို အၾကမ္းဖက္ ၄၀ ေလာက္ လာၿပီး ပစ္ခတ္ခဲ့တာ ရွိတယ္။ မေန႔ကေတာ့ ေန႔လယ္ ၁၁ နာရီေလာက္၊ က်ေနာ္တုိ႔ဆီက စစ္သည္တခ်ိဳ႕လည္း ဒဏ္ရာရရွိခဲ့တဲ့ျဖစ္စဥ္ ရွိပါတယ္။ အဲဒီျဖစ္စဥ္ပါပဲ။”

တီးတိန္ၿမိဳ႕နယ္ ကေလး-တီးတိန္ ကားလမ္းမေပၚက Hriangzing ေက်းရြာဘက္မွာ တိုက္ပြဲျဖစ္ပြားေနတာ တပတ္ေက်ာ္ၾကာျမင့္ေနၿပီ ျဖစ္သလို လမ္းပန္းဆက္သြယ္ေရးကလည္း ျပတ္ေတာက္ေနပါတယ္။ ဒီအတြက္ တီးတိန္ၿမိဳ႕အတြင္း ကုန္စည္ျပတ္ေတာက္မႈ ျဖစ္ေနတယ္လို႔ တီးတိန္ၿမိဳ႕ခံတဦးက ေျပာပါတယ္။

တီးတန္မွာ လိုအပ္ေနတဲ့ စားေသာက္ကုန္ေတြအတြက္ တြန္းဇံၿမိဳ႕နယ္ကေန စစ္ကိုင္းတိုင္းဘက္ကို ပတ္ၿပီး ဝယ္ယူေနရလို႔ သယ္ယူပို႔ေဆာင္ေရးစရိတ္ ႀကီးျမင့္ေနတယ္လို႔ တျခားၿမိဳ႕ခံတဦးက ေျပာပါတယ္။

“တီးတိန္ၿမိဳ႕ေပၚေတာင္မွ ေဈးက အဆမတန္ တက္ေနတယ္ဆိုေတာ့ တခ်ိဳ႕က မေရာင္းေတာ့ဘဲနဲ႔ ဆိုင္ကိုပိတ္ထားၿပီးမွ ဒီလိုေနၾကတာ။ အခုမွ ဟိုကားက တြန္းဇံ-ဟားခါးေလးဘက္ေတာ့ တြန္းဇံနဲ႔ စစ္ကိုင္းတိုင္းနယ္စပ္ေပါ့၊ အဲဒီဘက္ပတ္ၿပီးမွ တြန္းဇံကေန တီးတိန္ကို ျပန္လွည့္တယ္။ ကုန္ေဈးႏႈန္းက ဟိုတုန္းက က်ေနာ္တို႔ဆီမွာ ဆန္တအိတ္က တန္ဆာခ ၂,၀၀၀ နဲ႔ေရာက္တာ။ အခုဆိုရင္ ၄,၅၀၀ ေလာက္ရွိမွာဗ်။ သယ္ယူစရိတ္ ဟုတ္ကဲ့။”

ဇန္နဝါရီ ၈ ရက္ေန႔ကစလို႔ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕ကေန တက္လာတဲ့ စစ္ေကာင္စီတပ္နဲ႔ ေဒသခံ ခ်င္းကာကြယ္ေရးတပ္ေတြအၾကား တီးတိန္ၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲ စတင္ျဖစ္ပြားလာခဲ့တာပါ။ တီးတိန္ၿမိဳ႕နယ္တြင္း တိုက္ပြဲေတြေၾကာင့္ အနီးအနား ရြာသား ၁,၅၀၀ ေက်ာ္လည္း စစ္ေဘးတိမ္းေရွာင္ေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ချင်း တီးတိန်တွင် လေယာဉ်အကူသုံးရတဲ့အထိ တိုက်ပွဲပြင်းထန်

ချင်းပြည်နယ် တီးတိန်မြို့နယ် Hriangzing ကျေးရွာအနီးအဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး လေကြောင်းအကူသုံး ပစ်ရတဲ့အထိ ပြင်းထန်ကြောင်း PDF တာဝန်ရှိသူတွေက ပြောပါတယ်။ ရက်တပတ်ကျော်အကြာ တိုက်ပွဲကြောင့် ကုန်သွယ်ရေး ကားလမ်းပိတ်နေသလို ဒေသတွင်း စားနပ်ရိက္ခာ ပြတ်လပ်နေပြီလို့လည်း မြို့ခံတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ သတင်းကို ကိုသားညွန့်ဦး ပြောပြမှာပါ။

ချင်းပြည်နယ် တီးတိန်မြို့နယ် ကလေး-တီးတိန် ကားလမ်းမပေါ်က Hriangzing ကျေးရွာအနီးအဝိုက်မှာ ဒီကနေ့မနက် စောစောပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေပါတယ်။ စစ်ကောင်စီတပ်က ရဟတ်ယာဉ်အပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ PDF Zoland ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒီနေ့မနက်တော့ သူတို့ ကလေးမြို့ကနေ ကလေး University ဝင်းကနေ အမြောက် ၃ လက်နဲ့ တောက်လျှောက် မနက် ၇ နာရီကျော်ကျော်ကနေ စပစ်တယ်။ ၈ နာရီခွဲလောက်ကျတော့ ဟက်စကီး ၂ စီးနဲ့ လာပြီးတော့ ပစ်တယ်။ ကျနော်တို့ လက်ရှိ တိုက်ပွဲဖြစ်တဲ့နေရာပေါ့နော်။ သူတို့ပစ်ပြီးနောက်ပိုင်း ၁၁ ကျော်ကျော်လောက်မှာပဲ သူတို့ ရှေ့တိုးလာတယ်။ ရှေ့တိုးလာတော့ ကျနော်တို့ မြေပြင်မှာတော့ ထိပ်တိုက်တွေ့တာပေါ့ အခုလောလောဆယ်မှာလေ၊ Hriangzing နယ်မြေ စစ်မျက်နှာမှာ။”

ဒီတိုက်ပွဲမှာ PDF Zoland၊ ကလေး PDF၊ ချင်းအမျိုးသားတပ်ဦး CNF၊ Zogam Army စတဲ့ ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားနေတာပါ။ အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ Hriangzing ကျေးရွာအနီး သိုင်းငင်းကျေးရွာအောက်နားမှာ တပ်စွဲထားပြီး သိုင်းငင်းကျေးရွာဘက်ကို ရှေ့ဆက်တိုးနိုင်ဖို့အတွက် အခုလို လက်နက်ကြီးနဲ့ လေကြောင်းကနေ ပစ်ကူတိုက်ခိုက်နေတာလို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ကလည်း တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာ မရောက်ခင် Hriangzing ကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ချင်းအမျိုးသား ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

သိုင်းငင်းကျေးရွာလမ်းဆုံဟာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဘက် သွားလာရေးမှာ အဓိကကျတဲ့ လမ်းကြောင်းတခုဖြစ်လို့ စစ်ကောင်စီတပ်ကရော ကာကွယ်ရေးတပ်ဘက်ကပါ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာလို့ PDF Zoland ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒီ သိုင်းငင်းလမ်းဆုံဟာ ချင်းပြည်နယ်မြောက်ပိုင်း စစ်ကိုင်းတိုင်းရယ် ကျနော်တို့ အဲဒီလမ်းအတိုင်း သွားတယ်ဆိုရင် တီးတိန်မြို့ရောက်တယ်။ ဖလမ်းရယ် ဟားခါးရယ် သွားလို့ရတယ်။ လမ်းဆုံက အဓိကကျတာပေါ့နော်။ ကျနော်တို့ စစ်ကိုင်းတိုင်းနဲ့ အိန္ဒိယဘက်ကို ဆက်သွယ်တဲ့ အချက်အချာကျတဲ့ လမ်းမကြီးပေါ့။ အဓိကကတော့ သူတို့ ဒီပွိုင့်ကို အသည်းအသန် ခံစစ်ထားတဲ့ပုံစံ ဖြစ်နေတယ်။”

တီးတိန်ဘက် ဒီမနက် တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်လို့ မသိရသေးကြောင်းနဲ့ မနေ့က မတူပီမြို့နယ် ရေဇွာမြို့ ရဲစခန်း တိုက်ခိုက်ခံရကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“တီးတိန်ဘက်မှာတော့ ဒီနေ့ဖြစ်တာတော့ ကျနော်လည်း မသိသေးပါဘူးဗျ။ မနေ့ကတော့ ကျနော်တို့ ရေဇွာဘက်မှာပဲ ရှိတယ်။ အဲဒီ ရေဇွာနယ်မြေ ရဲစခန်းပေါ့။ အဲဒီ ရေဇွာနယ်မြေရဲစခန်းကို အကြမ်းဖက် ၄၀ လောက် လာပြီး ပစ်ခတ်ခဲ့တာ ရှိတယ်။ မနေ့ကတော့ နေ့လယ် ၁၁ နာရီလောက်၊ ကျနော်တို့ဆီက စစ်သည်တချို့လည်း ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ရှိပါတယ်။ အဲဒီဖြစ်စဉ်ပါပဲ။”

တီးတိန်မြို့နယ် ကလေး-တီးတိန် ကားလမ်းမပေါ်က Hriangzing ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားနေတာ တပတ်ကျော်ကြာမြင့်နေပြီ ဖြစ်သလို လမ်းပန်းဆက်သွယ်ရေးကလည်း ပြတ်တောက်နေပါတယ်။ ဒီအတွက် တီးတိန်မြို့အတွင်း ကုန်စည်ပြတ်တောက်မှု ဖြစ်နေတယ်လို့ တီးတိန်မြို့ခံတဦးက ပြောပါတယ်။

တီးတန်မှာ လိုအပ်နေတဲ့ စားသောက်ကုန်တွေအတွက် တွန်းဇံမြို့နယ်ကနေ စစ်ကိုင်းတိုင်းဘက်ကို ပတ်ပြီး ဝယ်ယူနေရလို့ သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်နေတယ်လို့ တခြားမြို့ခံတဦးက ပြောပါတယ်။

“တီးတိန်မြို့ပေါ်တောင်မှ ဈေးက အဆမတန် တက်နေတယ်ဆိုတော့ တချို့က မရောင်းတော့ဘဲနဲ့ ဆိုင်ကိုပိတ်ထားပြီးမှ ဒီလိုနေကြတာ။ အခုမှ ဟိုကားက တွန်းဇံ-ဟားခါးလေးဘက်တော့ တွန်းဇံနဲ့ စစ်ကိုင်းတိုင်းနယ်စပ်ပေါ့၊ အဲဒီဘက်ပတ်ပြီးမှ တွန်းဇံကနေ တီးတိန်ကို ပြန်လှည့်တယ်။ ကုန်ဈေးနှုန်းက ဟိုတုန်းက ကျနော်တို့ဆီမှာ ဆန်တအိတ်က တန်ဆာခ ၂,၀၀၀ နဲ့ရောက်တာ။ အခုဆိုရင် ၄,၅၀၀ လောက်ရှိမှာဗျ။ သယ်ယူစရိတ် ဟုတ်ကဲ့။”

ဇန်နဝါရီ ၈ ရက်နေ့ကစလို့ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ တက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ချင်းကာကွယ်ရေးတပ်တွေအကြား တီးတိန်မြို့နယ်ဘက်မှာ တိုက်ပွဲ စတင်ဖြစ်ပွားလာခဲ့တာပါ။ တီးတိန်မြို့နယ်တွင်း တိုက်ပွဲတွေကြောင့် အနီးအနား ရွာသား ၁,၅၀၀ ကျော်လည်း စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

XS
SM
MD
LG