သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကေလးၿမိဳ႕အနီးတဝိုက္နဲ႔ ခ်င္း မင္းတပ္အနီးတိုက္ပြဲမ်ားျဖစ္ပြား


ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕က စစ္ေဘးေရွာင္တခ်ိဳ႕၊ ယခင္ပံုေဟာင္း။ (ဓာတ္ပုံ - CJ)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ သံဖိုေက်း႐ြာမွာ တိုက္ပြဲမရွိဘဲ အိမ္မီးရႈိ႕ခံရသလို နတ္ေခ်ာင္းေက်း႐ြာမွာ တနဂၤေႏြေန႔ညက စစ္ေကာင္စီတပ္နဲ႔ ေဒသခံ PDF အဖြဲ႔တို႔တိုက္ပြဲျဖစ္ပြါးခဲ့ပါတယ္။ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္မွာလည္း အလားတူ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ စစ္ကိုင္းနဲ႔ ခ်င္းဘက္က တိုက္ပြဲေတြအေျခအေန ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုသိန္းထိုက္ဦးက တင္ျပေပးထားပါတယ္။

အာဏာသိမ္းစစ္ေကာင္စီကို ခုခံတြန္းလွန္မႈေတြ အရွိန္ေကာင္းေနတဲ့ စစ္ကိုင္းတိုင္းအတြင္းမွာ စစ္ေကာင္စီတပ္ေတြ နယ္ေျမရွင္းလင္းေရးလုပ္ေနသလို၊ အနီးအနားဝန္းက်င္ေက်း႐ြာေတြမွာ ေနအိမ္မီးရႈိ႕ခံရတာေတြ ရက္ဆက္ျဖစ္ေနပးေနပါတယ္။ ဒီကေန႔မနက္ပိုင္းကေတာ့ ကေလးၿမိဳ႕နယ္ သံဖိုေက်း႐ြာမွာ တိုက္ပြဲတစုံတရာမျဖစ္ပဲ ေနအိမ္နဲ႔ဆန္စက္ မီးရႈိ႕ခံရတာေတြရွိခဲ့တယ္လို႔ သံဖိုေက်း႐ြာသားတဦးက ေျပာပါတယ္။

“သံဖို႐ြာ ဒီမနက္ (၉) နာရီခြဲေလာက္မွာ မီးရႈိ႕တယ္ဗ်။ ႏွစ္အိမ္ရႈိ႕တယ္။ တအိမ္ေတာ့က်ေနာ္တို႔လူငယ္ေတြ ျပန္လည္ၿငိမ္းေတာ့ တအိမ္ဟာမေလာင္ျဖစ္ဘူးဗ်။ တအိမ္ေတာ့အကုန္ေလာင္တယ္ဗ်။ စက္ (ဆန္စက္) တလုံးေတာ့အကုန္ျပာက်တာေပါ့။ ေထာ္လာဂ်ီတစီးနဲ႔ႏြားတဲ ၊ ဝက္၊ စပါးတိုက္(စပါးက်ီ)၊ ႏြားစာတိုက္ အကုန္ျပာက်တယ္ဗ်။ တိုက္ပြဲမျဖစ္ဘူးဗ်။ တိုက္ပြဲမျဖစ္ဘဲနဲ႔ သူတို႔ကလာ ဒီအတိုင္းမီးရႈိ႕တာဗ်။”

သံဖိုေက်း႐ြာထဲမွာ စစ္ေကာင္စီတပ္က ေသနတ္ပစ္ေဖာက္ေနလို႔ ႐ြာသားေထာင္ေက်ာ္ ထြက္ေျပးတိမ္းေရွာင္ေနရ တယ္လို႔ သူကဆက္ေျပာပါတယ္။

“႐ြာသားေတြကအကုန္ေရွာင္ေနၾကၿပီဗ်။ မေန႔ညေတာ့ (၁၀) နာရီေလာက္မွာ သူတို႔က လက္နက္ႀကီး ႐ြာထဲမွာပစ္၊ ေသနတ္ေတြေဖာက္ လုပ္ခဲ့တာနဲ႔သူတို႔ကအကုန္ေရွာင္တယ္ အဲဒီ႐ြာဘက္မွာ။ ေလးပုံတပုံေလာက္ပဲက်န္ရင္က်န္မယ္ က်ေနာ္တို႔သံဖို႐ြာက။ အနည္းဆုံး (၃,၀၀၀) နဲ႔ (၄,၀၀၀) ၾကားေပါ့အကုန္ေရွာင္ေနၾကၿပီ။ ”

မေန႔က ဒီဇင္ဘာ (၂၆) ရက္ေန႔ညက နတ္ေခ်ာင္းေက်း႐ြာမွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံျပည္ သူ႔ကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႔ PDF အဖြဲ႔တို႔ ပစ္ခတ္တိုက္ခိုက္မႈျဖစ္ပြါးခဲ့တယ္လို႔ PDF ေခါင္းေဆာင္တဦးကေျပာပါတယ္။

“မေန႔က PDF ကေလး၊ CNDF နဲ႔ ပကဖ ( ျပည္သူ႔ကာကြယ္ေရး) အဖြဲ႔ေတြပူးေပါင္းၿပီးေတာ့မွ နတ္ေခ်ာင္း႐ြာအထက္တန္းေက်ာင္းနဲ႔ တဆက္တစပ္တည္းရွိတဲ့ ေအာင္ဆုပန္ဘုန္းႀကီးေက်ာင္းမွာတပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ေတြကို က်ေနာ္တို႔ပူးေပါင္းတပ္ဖြဲ႔ေတြ သြားေရာက္ တိုက္ခိုက္ခဲ့ပါတယ္ဗ်။ ညေန (၆) နာရီကေန သြားေရာက္ပစ္ခတ္ တိုက္ခိုက္ခဲ့ပါတယ္။ ဒီေန႔မနက္ (၆) နာရီခြဲအထိ တိုက္ပြဲေတြ ၾကာျမင့္ခဲ့ပါတယ္ဗ်။ စစ္ေကာင္စီတပ္ဖြဲ႔ဘက္က ထိခိုက္ေသဆုံးမႈေတြရွိႏိုင္ပါတယ္။ က်ေနာ္တို႔အတိအက်မသိရေသးပါဘူးဗ်။ ပူးေပါင္းတပ္ဖြဲ႔ေတြဘက္ကေတာ့ ပကဖ အဖြဲ႔ဝင္ (၂) ဦးက်ဆုံးပါတယ္။ က်န္တာကေတာ့ (၆) ဦးေလာက္ အေသးစားထိခိုက္ဒဏ္ရာရပါတယ္။ မစိုးရိမ္ရပါဘူး။”

မေန႔ညကတိုက္ပြဲအတြင္းမွာ နတ္ေခ်ာင္းေက်း႐ြာအိမ္ (၃) လုံးမီးရႈိ႕ခံရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ဒါ့အျပင္ကေလးၿမိဳ႕အႏုပညာတကၠသိုလ္အနား တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ဖြဲ႔နဲ႔ လုံၿခဳံေရးကင္းစခန္း မူးယစ္ရဲ တပ္ဖြဲ႔စခန္းကိုလည္း PDF ပူးေပါင္းတပ္ဖြဲ႔ေတြက ဒီေန႔မနက္မွာ တိုက္ခိုက္ခဲ့ေၾကာင္း PDF ေခါင္းေဆာင္တဦးကေျပာပါတယ္။

ၿပီးခဲ့တဲ့ဒီဇင္ဘာ ၂၃ ရက္ကလည္း ကေလးၿမိဳ႕ေတာင္ပိုင္းက နတ္ေခ်ာင္းေက်း႐ြာမွာ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ တိုက္ပြဲျဖစ္ပြားၿပီး စစ္ေကာင္စီက ရဟတ္ယာဥ္သုံးၿပီး တိုက္ခိုက္ခဲ့လို႔ PDF အဖြဲ႔ဝင္ေတြနဲ႔ အရပ္သားေတြေသဆုံးမႈရွိခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

အလားတူခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္အတြင္းမွာလည္း ေဒသခံ CDF အဖြဲ႔နဲ႔ စစ္ေကာင္စီတို႔အၾကား တိုက္ပြဲရက္ ဆက္ျဖစ္ပြါးေနပါတယ္။

မေန႔က ဒီဇင္ဘာ(၂၆) ရက္ေန႔မွာေတာ့ မင္းတပ္ၿမိဳ႕နယ္ ရွစ္ေမြး႐ြာအတြင္းတိုက္ပြဲမွာ ႏွစ္ဘက္ ထိခိုက္မႈရွိခဲ့တယ္လို႔ CDF ေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းေယာမာန္ကေျပာပါတယ္။

“မေန႔ကတိုက္ပြဲမွာေတာ့ စကစႏွစ္ဦးေလာက္က်တယ္။ က်ေနာ္တို႔ဘက္က တေယာက္ေတာ့က်တယ္။ ဒီရွစ္ေမြး႐ြာမွာပဲ စကစနဲ႔ျဖစ္တာေပါ့။ ေတာက္ေလွ်ာက္ပါပဲ။ (၁၇) ရက္၊ ဒီကန႔ဝင္လာတယ္။ (၁၉)၊ (၂၀)၊ (၂၁)၊ (၂၄) တို႔ေပါ့။ ေတာက္ေလွ်ာက္ တိုက္ပြဲကေတာ့ ႏွစ္ေနရာ သုံးေနရာေပါ့ေနာ္။ ေတာက္ေလွ်ာက္တိုက္ပြဲျဖစ္တာပဲ။”

ဒီဇင္ဘာ ၁၇ ရက္ေန႔မွစၿပီး ဒီဇင္ဘာ ၂၆ အထိမင္းတပ္ၿမိဳ႕နယ္အတြင္း စတင္ထိုးစစ္ဆင္ လာတဲ့ စစ္ေကာင္စီတပ္နဲ႔ ေဒသခံခ်င္းျပည္သူ႔ကာကြယ္‌ေရးတပ္ဖြဲ႔ (CDF-MINDAT) တိုက္ပြဲ အႀကိမ္ႀကိမ္ျဖစ္ပြားခဲ့ပါတယ္။

ကေလးၿမိဳ႕နယ္နတ္ေခ်ာင္းေက်း႐ြာတိုက္ပြဲနဲ႔ မင္းတပ္ၿမိဳ႕နယ္တိုက္ပြဲျဖစ္ပြါးမႈအေျခအေနနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကအခုလိုေျပာပါတယ္။

“နတ္ေခ်ာင္းဘက္ကေတာ့ မေန႔ကေတာ့ ညကျဖစ္ခဲ့တာရွိပါတယ္။ အဲဒီမွာက်ေနာ္တို႔ အထက နတ္ေခ်ာင္းနားေလးမွာ လုံၿခဳံေရးေဆာင္႐ြက္ေနတဲ့အဖြဲ႔ေတြကို အၾကမ္းဖက္အင္အား (၁၀၀) ေလာက္က သုံးေနရာကေန ပစ္ခတ္တာရွိပါတယ္ဗ်။ က်ေနာ္တို႔ဆီက စစ္သည္တခ်ိဳ႕ဒဏ္ရာရတာရွိပါတယ္။ မင္းတပ္ဘက္မွာလည္း အဲဒီ မင္းတပ္ လုံၿခဳံေရးေဆာင္႐ြက္ေနတဲ့ အဖြဲ႔ေတြကို အၾကမ္းဖက္ (၁၅) ဦးေလာက္က လာၿပီးပစ္တာရွိ တယ္။ အဲဒီမွာေတာ့ ထိခိုက္ ဒဏ္ရာရရွိမႈမရွိဘူးလို႔ သိရပါတယ္။ ”

ခ်င္းျပည္နယ္ပလက္ဝၿမိဳ႕နယ္မွာလဲ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ခ်င္းျပည္နယ္ NLD ပါတီ အတြင္းေရး မႉးလဲျဖစ္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဆလိုင္းမ်ိဳးထိုက္ေနအိမ္ကို စစ္ေကာင္စီကေန ခ်ိတ္ပိတ္လိုက္တယ္လို႔ ေဒသခံတဦးကေျပာပါတယ္။

“မေန႔ညက (၁၂) နာရီခြဲေလာက္မွာသူ႔အိမ္ကို စစ္ေကာင္စီဌာနဆိုင္ရာအားလုံးကခ်ိတ္ပိတ္ တယ္လို႔ၾကားရတယ္။ ဆလိုင္းမ်ိဳးထက္ရဲ႕အိမ္ကိုပဲ ခ်ိတ္ပိတ္တယ္လို႔ၾကားရတယ္။ သူကအစကတည္းကိုက မရွိတာ။ သူတို႔ကမေနေတာ့ဘူးအိမ္မွာ။”

ဆလိုင္းမ်ိဳးထိုက္နဲ႔မိသားစုဝင္ေတြဟာ စစ္တပ္ကေနအာဏာထိန္းသိမ္းခဲ့ၿပီးေနာက္ပိုင္း တဘက္ႏိုင္ငံ ကိုတိမ္းေရွာင္ ေနလို႔ ဖမ္းဆီးခံရတာမ်ိဳးေတာ့မရွိဘူးလို႔ ေဒသခံေတြကဆိုပါတယ္။

ခ်င္းျပည္နယ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္တေယာက္ရဲ႕ ပိုင္ဆိုင္မႈခ်ိတ္ပိတ္ခံရတာ (ေတာင္ပိုင္းခ်င္းျပည္နယ္ဘက္မွာ) ပထမဆုံးအႀကိမ္ျဖစ္ၿပီး အရင္ က NUG ဝန္ႀကီး ေဒါက္တာဆလိုင္းလ်န္မႈန္ရဲ႕ ဟားခါးၿမိဳ႕က ေနအိမ္ကိုလည္း ခ်ိတ္ပိတ္ခံရပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

ကလေးမြို့အနီးတဝိုက်နဲ့ ချင်း မင်းတပ်အနီးတိုက်ပွဲများဖြစ်ပွား

စစ်ကိုင်းတိုင်း ကလေးမြို့နယ် သံဖိုကျေးရွာမှာ တိုက်ပွဲမရှိဘဲ အိမ်မီးရှို့ခံရသလို နတ်ချောင်းကျေးရွာမှာ တနင်္ဂနွေနေ့ညက စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF အဖွဲ့တို့တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။ ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာလည်း အလားတူ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စစ်ကိုင်းနဲ့ ချင်းဘက်က တိုက်ပွဲတွေအခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို ခုခံတွန်းလှန်မှုတွေ အရှိန်ကောင်းနေတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေးလုပ်နေသလို၊ အနီးအနားဝန်းကျင်ကျေးရွာတွေမှာ နေအိမ်မီးရှို့ခံရတာတွေ ရက်ဆက်ဖြစ်နေပးနေပါတယ်။ ဒီကနေ့မနက်ပိုင်းကတော့ ကလေးမြို့နယ် သံဖိုကျေးရွာမှာ တိုက်ပွဲတစုံတရာမဖြစ်ပဲ နေအိမ်နဲ့ဆန်စက် မီးရှို့ခံရတာတွေရှိခဲ့တယ်လို့ သံဖိုကျေးရွာသားတဦးက ပြောပါတယ်။

“ သံဖိုရွာ ဒီမနက် (၉) နာရီခွဲလောက်မှာ မီးရှို့တယ်ဗျ။ နှစ်အိမ်ရှို့တယ်။ တအိမ်တော့ကျနော်တို့လူငယ်တွေ ပြန်လည်ငြိမ်းတော့ တအိမ်ဟာမလောင်ဖြစ်ဘူးဗျ။ တအိမ်တော့အကုန်လောင်တယ်ဗျ။ စက် (ဆန်စက်) တလုံးတော့အကုန်ပြာကျတာပေါ့။ ထော်လာဂျီတစီးနဲ့နွားတဲ ၊ ဝက်၊ စပါးတိုက်(စပါးကျီ)၊ နွားစာတိုက် အကုန်ပြာကျတယ်ဗျ။ တိုက်ပွဲမဖြစ်ဘူးဗျ။ တိုက်ပွဲမဖြစ်ဘဲနဲ့ သူတို့ကလာ ဒီအတိုင်းမီးရှို့တာဗျ။”

သံဖိုကျေးရွာထဲမှာ စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်နေလို့ ရွာသားထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ တယ်လို့ သူကဆက်ပြောပါတယ်။

“ရွာသားတွေကအကုန်ရှောင်နေကြပြီဗျ။ မနေ့ညတော့ (၁၀) နာရီလောက်မှာ သူတို့က လက်နက်ကြီး ရွာထဲမှာပစ်၊ သေနတ်တွေဖောက် လုပ်ခဲ့တာနဲ့သူတို့ကအကုန်ရှောင်တယ် အဲဒီရွာဘက်မှာ။ လေးပုံတပုံလောက်ဘဲကျန်ရင်ကျန်မယ် ကျနော်တို့သံဖိုရွာက။ အနည်းဆုံး (၃,၀၀၀) နဲ့ (၄,၀၀၀)ကြားပေါ့အကုန်ရှောင်နေကြပြီ။ ”

မနေ့က ဒီဇင်ဘာ (၂၆) ရက်နေ့ညက နတ်ချောင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည် သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ PDF အဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့တယ်လို့ PDF ခေါင်းဆောင်တဦးကပြောပါတယ်။

“မနေ့က PDF ကလေး၊ CNDF နဲ့ ပကဖ ( ပြည်သူ့ကာကွယ်ရေး) အဖွဲ့တွေပူးပေါင်းပြီးတော့မှ နတ်ချောင်းရွာအထက်တန်းကျောင်းနဲ့ တဆက်တစပ်တည်းရှိတဲ့ အောင်ဆုပန်ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကျနော်တို့ပူးပေါင်းတပ်ဖွဲ့တွေ သွားရောက် တိုက်ခိုက်ခဲ့ပါတယ်ဗျ။ ညနေ (၆) နာရီကနေ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ဒီနေ့မနက် (၆) နာရီခွဲအထိ တိုက်ပွဲတွေ ကြာမြင့်ခဲ့ပါတယ်ဗျ။ စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်ပါတယ်။ ကျနော်တို့အတိအကျမသိရသေးပါဘူးဗျ။ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ပကဖ အဖွဲ့ဝင် (၂) ဦးကျဆုံးပါတယ်။ ကျန်တာကတော့ (၆) ဦးလောက် အသေးစားထိခိုက်ဒဏ်ရာရပါတယ်။ မစိုးရိမ်ရပါဘူး။”

မနေ့ညကတိုက်ပွဲအတွင်းမှာ နတ်ချောင်းကျေးရွာအိမ် (၃) လုံးမီးရှို့ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင်ကလေးမြို့အနုပညာတက္ကသိုလ်အနား တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ လုံခြုံရေးကင်းစခန်း မူးယစ်ရဲ တပ်ဖွဲ့စခန်းကိုလည်း PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့မနက်မှာ တိုက်ခိုက်ခဲ့ကြောင်း PDF ခေါင်းဆောင်တဦးကပြောပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၃ ရက်ကလည်း ကလေးမြို့တောင်ပိုင်းက နတ်ချောင်းကျေးရွာမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်ခဲ့လို့ PDF အဖွဲ့ဝင်တွေနဲ့ အရပ်သားတွေသေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အလားတူချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းမှာလည်း ဒေသခံ CDF အဖွဲ့နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲရက် ဆက်ဖြစ်ပွါးနေပါတယ်။

မနေ့က ဒီဇင်ဘာ(၂၆) ရက်နေ့မှာတော့ မင်းတပ်မြို့နယ် ရှစ်မွေးရွာအတွင်းတိုက်ပွဲမှာ နှစ်ဘက် ထိခိုက်မှုရှိခဲ့တယ်လို့ CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကပြောပါတယ်။

“မနေ့ကတိုက်ပွဲမှာတော့ စကစနှစ်ဦးလောက်ကျတယ်။ ကျနော်တို့ဘက်က တယောက်တော့ကျတယ်။ ဒီရှစ်မွေးရွာမှာပဲ စကစနဲ့ဖြစ်တာပေါ့။ တောက်လျှောက်ပါပဲ။ (၁၇) ရက်၊ ဒီကန့ဝင်လာတယ်။ (၁၉)၊ (၂၀)၊ (၂၁)၊ (၂၄) တို့ပေါ့။ တောက်လျှောက် တိုက်ပွဲကတော့ နှစ်နေရာ သုံးနေရာပေါ့နော်။ တောက်လျှောက်တိုက်ပွဲဖြစ်တာပဲ။”

ဒီဇင်ဘာ ၁၇ ရက်နေ့မှစပြီး ဒီဇင်ဘာ ၂၆ အထိမင်းတပ်မြို့နယ်အတွင်း စတင်ထိုးစစ်ဆင် လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံချင်းပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ (CDF-MINDAT) တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

ကလေးမြို့နယ်နတ်ချောင်းကျေးရွာတိုက်ပွဲနဲ့ မင်းတပ်မြို့နယ်တိုက်ပွဲဖြစ်ပွါးမှုအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကအခုလိုပြောပါတယ်။

“နတ်ချောင်းဘက်ကတော့ မနေ့ကတော့ ညကဖြစ်ခဲ့တာရှိပါတယ်။အဲဒီမှာကျနော်တို့ အထက နတ်ချောင်းနားလေးမှာ လုံခြုံရေးဆောင်ရွက်နေတဲ့အဖွဲ့တွေကို အကြမ်းဖက်အင်အား (၁၀၀) လောက်က သုံးနေရာကနေ ပစ်ခတ်တာရှိပါတယ်ဗျ။ ကျနော်တို့ဆီက စစ်သည်တချို့ဒဏ်ရာရတာရှိပါတယ်။ မင်းတပ်ဖက်မှာလည်း အဲဒီ မင်းတပ် လုံခြုံရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေကို အကြမ်းဖက် (၁၅) ဦးလောက်က လာပြီးပစ်တာရှိ တယ်။ အဲဒီမှာတော့ ထိခိုက် ဒဏ်ရာရရှိမှုမရှိဘူးလို့ သိရပါတယ်။ ”

ချင်းပြည်နယ်ပလက်ဝမြို့နယ်မှာလဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ချင်းပြည်နယ် NLD ပါတီ အတွင်းရေး မှူးလဲဖြစ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဆလိုင်းမျိုးထိုက်နေအိမ်ကို စစ်ကောင်စီကနေ ချိတ်ပိတ်လိုက်တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“မနေ့ညက (၁၂) နာရီခွဲလောက်မှာသူ့အိမ်ကို စစ်ကောင်စီဌာနဆိုင်ရာအားလုံးကချိတ်ပိတ် တယ်လို့ကြားရတယ်။ ဆလိုင်းမျိုးထက်ရဲ့အိမ်ကိုပဲ ချိတ်ပိတ်တယ်လို့ကြားရတယ်။ သူကအစကတည်းကိုက မရှိတာ။ သူတို့ကမနေတော့ဘူးအိမ်မှာ။ ”

ဆလိုင်းမျိုးထိုက်နဲ့မိသားစုဝင်တွေဟာ စစ်တပ်ကနေအာဏာထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း တဘက်နိုင်ငံ ကိုတိမ်းရှောင် နေလို့ ဖမ်းဆီးခံရတာမျိုးတော့မရှိဘူးလို့ ဒေသခံတွေကဆိုပါတယ်။

ချင်းပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်တယောက်ရဲ့ ပိုင်ဆိုင်မှုချိတ်ပိတ်ခံရတာ (တောင်ပိုင်းချင်းပြည်နယ်ဘက်မှာ) ပထမဆုံးအကြိမ်ဖြစ်ပြီး အရင် က NUG ဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်ရဲ့ ဟားခါးမြို့က နေအိမ်ကိုလည်း ချိတ်ပိတ်ခံရပါတယ်။

#MyanmarViolence #MyanmarMilitaryCoup #VOABurmese

#စစ်ကိုင်း၊နတ်ချောင်း #ချင်းပြည်နယ် #သံဖိုကျေးရွာ #နေအိမ်မီးရှို့ #မင်းတပ် #ဗွီအိုအေ #စစ်ကောင်စီ

==================

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG