သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ခ်င္း မတူပီၿမိဳ႕နယ္တြင္းတိုက္ပြဲေၾကာင့္ ေဒသခံေတြေဘးလြတ္ရာေရွာင္


ခ်င္းျပည္နယ္အတြင္း တုိက္ပြဲေတြေၾကာင့္ ေတာေတာင္ေတြထဲ ပုန္းေအာင္းေနရတဲ့ ေဒသခံအခ်ဳိ႕။ (ေမ ၂၀၊ ၂၀၂၁) (ဓာတ္ပံု - AFP)

ခ်င္းျပည္နယ္ မတူပီၿမိဳ႕နယ္ ေရဇြာၿမိဳ႕ဘက္မွာ စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ ခ်င္းကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕ေတြအၾကား တိုက္ပြဲေတြ ရက္ဆက္ျဖစ္ေနတာေၾကာင့္၊ ေဒသခံ ေထာင္ဂဏန္းဟာ ေဘးလြတ္ရာေဒသေတြနဲ႔ အိႏၵိယနယ္စပ္ကို တိမ္းေရွာင္ေနၾကရပါတယ္။ ခ်င္းျပည္နယ္တြင္း စစ္ေရးေနာက္ဆုံးအေျခအေန ရန္ကုန္က ေရးသားေပးပို႔လာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းေျပာျပမွာပါ။

မတူပီၿမိဳ႕နယ္ ေရဇြာၿမိဳ႕ဘက္ ဇိုသုန္နယ္တဝိုက္မွာ စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ CDF-Zotung၊ပူးေပါင္းတပ္ဖြဲ႕အၾကား တိုက္ပြဲေတြ ရက္ဆက္ျဖစ္ပြားေနတာပါ။ ဇန္နဝါရီလ ၉ ရက္ေန႔ကေႏွ ဇန္နဝါရီလ ၁၈ ရက္ေန႔အထိ စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ CDFZotung, ခ်င္းအမ်ိဳးသားတပ္ဦး CNA, ေရဇြာကာကြယ္ေရးအဖြဲ႕YDF,PDF-YAW, CDF-ဟားခါး, CDF-ZOPHEI, CDF-Matupi,အစရွိတဲ့ ပူးေပါင္း တပ္ဖြဲ႕တို႔ တိုက္ပြဲအႀကိမ္ေရ(၁၁)ႀကိမ္ျဖစ္ပြါးခဲ့တယ္လို႔ CDF-Zotung ျပန္ၾကားေရးတာဝန္ခံက ေျပာပါတယ္။

“ တိုက္ပြဲအေျခအေနကေတာ့ ေတာက္ေလွ်ာက္ျဖစ္ေနတယ္။ သူတို႔ကလာထိုးတာျဖစ္လို႔ ကြၽန္ေတာ္တို႔က ခုခံတဲ့ သေဘာပါ။ အခုျဖစ္တာက မတူပီက စစ္တပ္လာထိုးတဲ့ဟာနဲ႔ျဖစ္တာဆိုေတာ့ အခုကအႀကိမ္ေရ(၁၁)ႀကိမ္ေလာက္။ ထိခိုက္မႈကေတာ့ ကြၽန္ေတာ္တို႔ဘက္က မေန႔က တေယာက္က်သြားတယ္။ (၂)ေယာက္က ဒဏ္ရာရတယ္။ ဟိုဘက္ က်ေတာ့ အက်က(၁၈)ေယာက္။ ဒီထက္လဲမ်ားႏိုင္တယ္။ ”

တိုက္ပြဲကာလအတြင္း လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ ဟုန္းေလးေက်း႐ြာႏွင့္ ရမ္ဆိုင္း ေက်း႐ြာဘက္က ႐ြာသားေတြ ေဘးလြတ္ရာနဲ႔ နယ္စပ္ဘက္ကို တိမ္းေရွာင္ေနရတယ္လို႔ CDF-Zotung ျပန္ၾကားေရးတာဝန္ခံက ေျပာပါတယ္။

“ တိုက္ပြဲျဖစ္တဲ့ေနရာမွာ လက္နက္ႀကီးေတြနဲ႔ ဘာေတြနဲ႔အဓိကကေတာ့ ေၾကာက္သြားေအာင္ေပါ့ဗ်ာ။ ျပည္သူေတြကို အဓိကပစ္မွတ္ထားေတာ့။ ကြၽန္ေတာ္တို႔ျပည္သူေတြကလဲ တိမ္းရေရွာင္ရတယ္။ ေလး ငါး႐ြာေလာက္ေတာ့ရွိမယ္။ အဲဒီတိုက္ပြဲျဖစ္တဲ့႐ြာအနီးနားကသူလဲ အကုန္လုံးေရွာင္ေနရတယ္။ တခ်ိဳ႕ဟာေတြက်ေတာ့ အနီးအနားက႐ြာ အမ်ိဳးေတြ ရွိတဲ့႐ြာကိုသြားတဲ့သူသြား။ ၿပီးေတာ့ အိႏၵိယနယ္စပ္ဘက္ကို ေရွာင္တဲ့သူေရွာင္။ နယ္စပ္ဘက္ကိုလာတဲ့ဟာက်ေတာ့ အနဲဆုံး(၄၀၀) အကုန္လုံးကေတာ့ဖ႐ိုဖရဲေတာ့ျဖစ္ေနတယ္။ ”

တိုက္ပြဲေတြေၾကာင့္ ေဒသအတြင္း စစ္ေျပးဒုကၡသည္ ၃၀၀၀ ေက်ာ္ရွိလာၿပီး နယ္စပ္ဖက္ကို စစ္ေဘးေရွာင္သူ (၄၀၀)ခန႔္ ရွိလာၿပီလို႔လည္း CDF-Zotung ကထုတ္ျပန္ထားပါတယ္။ ဒီ ဒုကၡသည္ေတြအတြက္ စားနပ္ရိကၡာအခက္အခဲေတြရွိေနတယ္လို႔လည္း သိရပါတယ္။

“ နီးစပ္ရာ႐ြာေတြကေန ေပါင္းစုၿပီးေတာ့ ရွိတာေလး ဆန္ေတြဘာေတြ ေပါင္းၿပီး အဲဒီလိုေဝစားေသာက္ရတာေပါ့။ တခ်ိဳ႕႐ြာေတြ တခ်ိဳ႕သူေတြ ေတာထဲမွာ သူတို႔ေနၾကတာရွိတယ္။ ”

မတူပီၿမိဳ႕နယ္ ေရဇြာၿမိဳ႕ဇိုသုန္နယ္ဘက္ ႏွစ္ဖက္တိုက္ပြဲမွာ စစ္ေကာင္စီ စစ္သည္တခ်ိဳ႕ ထိခိုက္ဒဏ္ရာရတာရွိတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက VOA ကို ေျပာပါတယ္။

“ (၁၆)ရက္ေန႕က ေန႕လယ္တနာရီမွာ မတူပီ ေရဇြာဘက္မွာလဲ လုံဖ်ာရာရြာရဲ႕ အေနာက္ေျမာက္ဘက္မွာ အၾကမ္း ဖက္(၅၀)နဲ႕ကြ်န္ေတာ္တို႕ ျဖစ္ခဲ့တာရွိတယ္။ မိနစ္(၃၀)ေလာက္ျဖစ္တယ္။ အဲဒီမွာေတာ့ ေျမာက္ဘက္ကိုဆုတ္သြား တယ္။ ကြ်န္ေတာ္တို႕ဆီက စစ္သည္တခ်ိဳ႕ဒဏ္ရာရရွိခဲ့တာရွိတယ္။ ၿပီးရင္(၁၈)ရက္ေန႕မွာလဲ ရမ္ဆိုင္းရြာရဲ႕ အေနာက္ ေျမာက္ဘက္ မီတာ(၂၀၀)ေလာက္မွာ အၾကမးဖက္(၅၀)ေလာက္နဲ႕လဲျဖစ္ပြါးခဲ့တာရွိတယ္။ အဲဒီမွာေတာ့ သူတို႕ဆီက ေနၿပီးေတာ့က လက္နက္တခ်ိဳ႕ရယ္။ မိုင္းရယ္ လက္လုပ္မိုင္းေတြရယ္။ ယမ္းေပ်ာ့ရယ္။ အဲတာေတြကိုကြ်န္ေတာ္တို႕ သိမ္းဆီးရမိတာရွိတယ္။ ”

ဇိုတုန္နယ္ဟာ မတူပီၿမိဳ႕ေျမာက္ဘက္ ေရဇြာၿမိဳ႕ဘက္မွာတည္ရွိေနၿပီး မတူပီနဲ႔ဟားခါးၿမိဳ႕နယ္ အၾကားမွာ တည္ရွိေန ပါတယ္။ တိုက္ပြဲေတြေၾကာင့္ ဇိုသုန္နယ္အတြင္း မျဖစ္မေန ျဖတ္သန္း သြားလာဖို႔ကိစၥရွိပါက သက္ဆိုင္ရာကို ႀကိဳတင္ အသိ ေပးဖို႔ကိုလဲ CDF-Zotung ကေန သတင္းထုတ္ျပန္ထားပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီး ဆႏၵျပပြဲေတြႏွိမ္နင္းခံရၿပီးတဲ့ေနာက္ ခ်င္းျပည္နယ္အပါအဝင္ ျမန္မာႏိုင္ငံေနရာအမ်ားအျပားမွာ ေဒသခံေတြက ကာကြယ္ေရးအဖြဲ႕ေတြဖြဲ႕ၿပီး စစ္ေကာင္စီတပ္ေတြကို ျပန္လည္ တိုက္ခိုက္လာၾကတာပါ။ ခ်င္းျပည္နယ္ မတူပီၿမိဳ႕နယ္အတြင္းမွာလည္း စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ CDF ပူးေပါင္းတပ္ဖြဲ႕အၾကားတိုက္ပြဲေတြ ေတာက္ေလွ်ာက္ဆိုသလိုျဖစ္လာေနပါတယ္။

..............................................................................................

တိုက္႐ိုက္ လင့္ခ္


ချင်း မတူပီမြို့နယ်တွင်းတိုက်ပွဲကြောင့် ဒေသခံတွေဘေးလွတ်ရာရှောင်

(Unicode)

ချင်းပြည်နယ် မတူပီမြို့နယ် ရေဇွာမြို့ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေတာကြောင့်၊ ဒေသခံ ထောင်ဂဏန်းဟာ ဘေးလွတ်ရာဒေသတွေနဲ့ အိန္ဒိယနယ်စပ်ကို တိမ်းရှောင်နေကြရပါတယ်။ ချင်းပြည်နယ်တွင်း စစ်ရေးနောက်ဆုံးအခြေအနေ ရန်ကုန်က ရေးသားပေးပို့လာတဲ့သတင်းကို ကိုငြိမ်းချမ်းပြောပြမှာပါ။

မတူပီမြို့နယ် ရေဇွာမြို့ဘက် ဇိုသုန်နယ်တဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ CDF-Zotung၊ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေတာပါ။ ဇန်နဝါရီလ ၉ ရက်နေ့ကနှေ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့နဲ့ CDFZotung, ချင်းအမျိုးသားတပ်ဦး CNA, ရေဇွာကာကွယ်ရေးအဖွဲ့YDF,PDF-YAW, CDF-ဟားခါး, CDF-ZOPHEI, CDF-Matupi,အစရှိတဲ့ ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲအကြိမ်ရေ(၁၁)ကြိမ်ဖြစ်ပွါးခဲ့တယ်လို့ CDF-Zotung ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ တိုက်ပွဲအခြေအနေကတော့ တောက်လျှောက်ဖြစ်နေတယ်။ သူတို့ကလာထိုးတာဖြစ်လို့ ကျွန်တော်တို့က ခုခံတဲ့ သဘောပါ။ အခုဖြစ်တာက မတူပီက စစ်တပ်လာထိုးတဲ့ဟာနဲ့ဖြစ်တာဆိုတော့ အခုကအကြိမ်ရေ(၁၁)ကြိမ်လောက်။ ထိခိုက်မှုကတော့ ကျွန်တော်တို့ဘက်က မနေ့က တယောက်ကျသွားတယ်။ (၂)ယောက်က ဒဏ်ရာရတယ်။ ဟိုဘက် ကျတော့ အကျက(၁၈)ယောက်။ ဒီထက်လဲများနိုင်တယ်။ ”

တိုက်ပွဲကာလအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ဟုန်းလေးကျေးရွာနှင့် ရမ်ဆိုင်း ကျေးရွာဘက်က ရွာသားတွေ ဘေးလွတ်ရာနဲ့ နယ်စပ်ဘက်ကို တိမ်းရှောင်နေရတယ်လို့ CDF-Zotung ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ တိုက်ပွဲဖြစ်တဲ့နေရာမှာ လက်နက်ကြီးတွေနဲ့ ဘာတွေနဲ့အဓိကကတော့ ကြောက်သွားအောင်ပေါ့ဗျာ။ ပြည်သူတွေကို အဓိကပစ်မှတ်ထားတော့။ ကျွန်တော်တို့ပြည်သူတွေကလဲ တိမ်းရရှောင်ရတယ်။ လေး ငါးရွာလောက်တော့ရှိမယ်။ အဲဒီတိုက်ပွဲဖြစ်တဲ့ရွာအနီးနားကသူလဲ အကုန်လုံးရှောင်နေရတယ်။ တချို့ဟာတွေကျတော့ အနီးအနားကရွာ အမျိုးတွေ ရှိတဲ့ရွာကိုသွားတဲ့သူသွား။ ပြီးတော့ အိန္ဒိယနယ်စပ်ဘက်ကို ရှောင်တဲ့သူရှောင်။ နယ်စပ်ဘက်ကိုလာတဲ့ဟာကျတော့ အနဲဆုံး(၄၀၀) အကုန်လုံးကတော့ဖရိုဖရဲတော့ဖြစ်နေတယ်။ ”

တိုက်ပွဲတွေကြောင့် ဒေသအတွင်း စစ်ပြေးဒုက္ခသည် ၃၀၀၀ ကျော်ရှိလာပြီး နယ်စပ်ဖက်ကို စစ်ဘေးရှောင်သူ (၄၀၀)ခန့် ရှိလာပြီလို့လည်း CDF-Zotung ကထုတ်ပြန်ထားပါတယ်။ ဒီ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာအခက်အခဲတွေရှိနေတယ်လို့လည်း သိရပါတယ်။

“ နီးစပ်ရာရွာတွေကနေ ပေါင်းစုပြီးတော့ ရှိတာလေး ဆန်တွေဘာတွေ ပေါင်းပြီး အဲဒီလိုဝေစားသောက်ရတာပေါ့။ တချို့ရွာတွေ တချို့သူတွေ တောထဲမှာ သူတို့နေကြတာရှိတယ်။ ”

မတူပီမြို့နယ် ရေဇွာမြို့ဇိုသုန်နယ်ဘက် နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီ စစ်သည်တချို့ ထိခိုက်ဒဏ်ရာရတာရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက VOA ကို ပြောပါတယ်။

“ (၁၆)ရက်နေ့က နေ့လယ်တနာရီမှာ မတူပီ ရေဇွာဘက်မှာလဲ လုံဖျာရာရွာရဲ့ အနောက်မြောက်ဘက်မှာ အကြမ်း ဖက်(၅၀)နဲ့ကျွန်တော်တို့ ဖြစ်ခဲ့တာရှိတယ်။ မိနစ်(၃၀)လောက်ဖြစ်တယ်။ အဲဒီမှာတော့ မြောက်ဘက်ကိုဆုတ်သွား တယ်။ ကျွန်တော်တို့ဆီက စစ်သည်တချို့ဒဏ်ရာရရှိခဲ့တာရှိတယ်။ ပြီးရင်(၁၈)ရက်နေ့မှာလဲ ရမ်ဆိုင်းရွာရဲ့ အနောက် မြောက်ဘက် မီတာ(၂၀၀)လောက်မှာ အကြမးဖက်(၅၀)လောက်နဲ့လဲဖြစ်ပွါးခဲ့တာရှိတယ်။ အဲဒီမှာတော့ သူတို့ဆီက နေပြီးတော့က လက်နက်တချို့ရယ်။ မိုင်းရယ် လက်လုပ်မိုင်းတွေရယ်။ ယမ်းပျော့ရယ်။ အဲတာတွေကိုကျွန်တော်တို့ သိမ်းဆီးရမိတာရှိတယ်။ ”

ဇိုတုန်နယ်ဟာ မတူပီမြို့မြောက်ဘက် ရေဇွာမြို့ဘက်မှာတည်ရှိနေပြီး မတူပီနဲ့ဟားခါးမြို့နယ် အကြားမှာ တည်ရှိနေ ပါတယ်။ တိုက်ပွဲတွေကြောင့် ဇိုသုန်နယ်အတွင်း မဖြစ်မနေ ဖြတ်သန်း သွားလာဖို့ကိစ္စရှိပါက သက်ဆိုင်ရာကို ကြိုတင် အသိ ပေးဖို့ကိုလဲ CDF-Zotung ကနေ သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ဆန္ဒပြပွဲတွေနှိမ်နင်းခံရပြီးတဲ့နောက် ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံနေရာအများအပြားမှာ ဒေသခံတွေက ကာကွယ်ရေးအဖွဲ့တွေဖွဲ့ပြီး စစ်ကောင်စီတပ်တွေကို ပြန်လည် တိုက်ခိုက်လာကြတာပါ။ ချင်းပြည်နယ် မတူပီမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ CDF ပူးပေါင်းတပ်ဖွဲ့အကြားတိုက်ပွဲတွေ တောက်လျှောက်ဆိုသလိုဖြစ်လာနေပါတယ်။

XS
SM
MD
LG