သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေလယာဥ္မပ်ံသန္းရဇုန္သတ္မွတ္ဖို႔နဲ႔ လူသားစာနာမႈအကူအညီေပးဖို႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၃ ဖြဲ႕ တောင္းဆို


ေလ ေၾကာင္းတိုက္ခိုက္မႈတခုအတြြင္း ကရင္ရြာသားတခ်ိဳ ့တောတြင္းထြက္ေျပးခိုလႈံၾကစဥ္ (၃၊၂၉၊၂၀၂၁) (ဓာတ္ပံု - Free Burma Rangers / AFP)

အရပ္သားျပည္သူေတြ တိုက္ခိုက္ခံရတာကေန ကာကြယ္ဖို႔အတြက္ ျမန္မာႏိုင္ငံမွာ ေလယာဥ္မပ်ံသန္းရဇုန္ သတ္မွတ္ေရး၊ ေက်း႐ြာေတြ၊ ဒုကၡသည္ေတြ ခိုလႈံေနတဲ့ေနရာေတြကို အႏၲရာယ္မျပဳတဲ့ေနရာေတြအျဖစ္ သတ္မွတ္ဖန္တီးေပးေရးနဲ႔ လူသားခ်င္း စာနာမႈဆိုင္ရာ အေထာက္အကူေပးႏိုင္ေရး လမ္းေၾကာင္းေတြသတ္မွတ္ဖို႔ ကုလသမဂၢ၊ အာဆီယံနဲ႔ ႏိုင္ငံတကာ အသိုင္းအဝိုင္း ကို ကရင္၊ ကရင္နီနဲ႔ ခ်င္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕သုံးဖြဲ႕က ေတာင္းဆိုလိုက္ပါတယ္။ ျမန္မာႏိုင္ငံမွာ လူသားခ်င္းစာနာမႈ ဆိုင္ရာ အကူအညီေတြအျပင္ ျပည္သူေတြ လုံၿခဳံေဘးကင္းေအာင္ အကာအကြယ္ေပးႏိုင္ဖို႔လည္း အဓိက လိုအပ္ေနတာေၾကာင့္ ျဖစ္တယ္လို႔ေျပာပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္ေတြရဲ႕ ေတာင္းဆိုမႈသတင္း ရန္ကုန္က ေပးပို႔ထားတာကို ကိုၿငိမ္းခ်မ္းက ေျပာျပပါမယ္။

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer ဟာ ဇန္နဝါရီလ ၁၃ ရက္ေန႔က ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ Hun Sen နဲ႔ အြန္လိုင္းမွာ ျမန္မာ့အေရး ေဆြးေႏြးခဲ့ၿပီး ျမန္မာႏိုင္ငံအတြက္ လူသားစာနာမႈ အကူအညီ ေတြေပးႏိုင္ေရး ႀကိဳးပမ္းမႈေတြမွာ ပူးေပါင္းေဆာင္႐ြက္ဖို႔ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း ASEAN ကို တိုက္တြန္းခဲ့ပါတယ္။

ဒီတိုက္တြန္းခ်က္ကို တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြျဖစ္တဲ့ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU၊ ကရင္နီ အမ်ိဳးသား တိုးတက္ေရးပါတီ KNPP နဲ႔ ခ်င္းအမ်ိဳးသားတပ္ဦး CNF စတဲ့ အဖြဲ႕ ၃ဖြဲ႕က ေၾကညာခ်က္ထုတ္ျပန္ ႀကိဳဆိုပါတယ္။ အဲဒီေၾကညာခ်က္မွာ အရပ္သားျပည္သူေတြ ေဘးကင္းလုံၿခဳံေရး ကာကြယ္ေပးဖို႔နဲ႔ လူသားခ်င္းစာနာမႈအကူအညီေတြ ပံ့ပိုးႏိုင္ေရးအတြက္ အခ်က္ ၃ ခ်က္ကိုလည္း တိုင္းရင္းသားအဖြဲ႕ေတြက ေတာင္းဆိုလိုက္ပါတယ္။

သူတို႔ရဲ႕ ေတာင္းဆိုခ်က္နဲ႔ပတ္သက္ၿပီး KNU ကရင္အမ်ိဳးသားအစည္းအ႐ုံးရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ႏိုင္ငံျခားေရးဌာနတာဝန္ခံ ပဒိုေစာေတာနီးက VOA ကို အခုလိုေျပာပါတယ္။

“အဓိကအခ်က္က လူသားခ်င္း စာနာေထာက္ထားျခင္းဆိုင္ရာ လိုအပ္တဲ့ အေရးေပၚအကူအညီေတြအျပင္ေပါ့ေနာ္၊ သူတို႔ အတြက္ အဓိကလိုအပ္တာ သူတို႔ကို အကာအကြယ္ေပးမႈပဲ ျဖစ္ပါတယ္။ ၁ အခ်က္က No fly Zone၊ စစ္ေကာင္စီဘက္က ဗုံးႀကဲတာ တိုက္တာေတြကို ကာကြယ္ေပးႏိုင္ဖို႔အတြက္။ ဒုတိယအခ်က္က ဒီမနက္မွာ ေျပး၊ ညေနက်ေတာ့ အဲဒီေနရာမွာ မရွိေတာ့ျပန္ဘူး။ တျခားေနရာမွာ ေရာက္တဲ့အခါက်ေတာ့ ဒါမ်ိဳးက လုပ္ရကိုင္ရခက္တယ္ဆိုတာ လူသားခ်င္း စာနာေထာက္ထား မႈ အကူအညီေပးတဲ့လူတိုင္း နားလည္တယ္။ အဲဒါေၾကာင့္ လုံၿခဳံစိတ္ခ်ရတဲ့ေနရာ အင္မတန္လိုအပ္တယ္။ ေနာက္တခ်က္ အခု က်ယ္ျပန႔္လာတဲ့ အေနအထားမွာ ျမန္မာျပည္အတြင္းမွာရွိတဲ့ စစ္ကိုင္းတို႔ မေကြးတို႔ ဒီဟာ သက္ေရာက္မႈေတြက ေတာ္ေတာ္ ႀကီးႀကီးမားမားျဖစ္လာတယ္ဆိုတာ သိရတယ္။ အဲဒါေၾကာင့္မို႔ Humanitarian Corridor ဆိုတဲ့ နယ္စပ္ျဖတ္ေက်ာ္မႈတင္ မက ေတာ့ဘူး။ အတြင္းပိုင္းကို ေကာင္းေကာင္းလုပ္ႏိုင္မယ့္ဟာတခုက လိုအပ္ေနၿပီဆိုတာ က်ေနာ္တို႔ကေန ေျပာျပလိုက္တာပဲ ျဖစ္တယ္။”

ေလယာဥ္မပ်ံသန္းရဇုန္သတ္မွတ္ဖို႔ ဒီဇင္ဘာလကတည္းက KNU က ေတာင္းဆိုထားတာျဖစ္ပါတယ္။ Humanitarian Corridor လို႔ေျပာတဲ့ လူသားစာနာမႈအကူအညီေတြေပးႏိုင္မယ့္ လမ္းေၾကာင္းကို ကရင္၊ ကရင္နီ၊ ခ်င္းအျပင္ ကခ်င္၊ စစ္ကိုင္း၊ မေကြး စတဲ့ေဒသေတြကိုပါ ခ်ဲ႕ထြင္သြားဖို႔လည္း တိုင္းရင္းသား ၃ ဖြဲ႕က ေတာင္းဆိုၾကပါတယ္။ ကရင္၊ ကရင္နီနဲ႔ ခ်င္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၃ ဖြဲ႕ရဲ႕ေတာင္းဆိုမႈအေပၚမွာ ကရင္နီအမ်ိဳးသမီးအစည္းအ႐ုံးရဲ႕ အတြင္းေရးမႉး ၂ ျဖစ္တဲ့ ေမာ္ဖေရးျမာကလည္း ႀကိဳဆိုပါတယ္။

“က်မတို႔ ကရင္နီျပည္နယ္မွာဆိုလို႔ရွိရင္ ပိုပိုၿပီးေတာ့မွ စစ္ေရးတင္းမာလာတာနဲ႔အမွ် IDP လည္း တိုးလာတယ္။ ၿပီးရင္ ၿမိဳ႕ေပၚထိ တိုက္ပြဲျဖစ္ေနတဲ့အေနအထားမ်ိဳးမွာ ကုန္စီးဆင္းမႈေတြလည္း ရပ္တန႔္ေနတယ္။ အစာေရစာဆိုလို႔ရွိရင္လည္း အကန႔္အသတ္နဲ႔ စားေနရတဲ့ဘ၀ ျဖစ္ေနၿပီ။ ဆိုေတာ့ အမ်ားႀကီး ဒုကၡေရာက္ၾကတယ္ေပါ့။ က်မတို႔လူထုဆိုရင္လည္း ေရာက္ရွိေနတဲ့ စစ္ေရွာင္ ေနရာေတာင္မွ လာၿပီးေတာ့ ဗုံးႀကဲတဲ့အေနအထားမ်ိဳးမွာ၊ ၿပီးလို႔ရွိရင္ လမ္းေပၚမွာသြားလာလည္း ဒီမီးရႈိ႕သတ္ျဖတ္တဲ့ ကိစၥေတြ လည္း သူတို႔ျမင္ေနရေတာ့ ဘယ္လိုမွ ေန႔ေရာ၊ ညေရာ မလုံၿခဳံေတာ့ဘူးေပါ့ေနာ္။ ဆိုေတာ့ ႏိုင္ငံတကာအေနနဲ႔ အဲဒီဟာကို ရပ္တန႔္ဖို႔လည္း အရမ္းလိုအပ္ေနၿပီေပါ့။ အျမန္ဆုံးအေကာင္အထည္ေဖာ္ဖို႔ လိုအပ္ေနတယ္ဆိုတဲ့ဟာကိုလည္း ထပ္ေျပာခ်င္တာ ေပါ့။ ”

လူသားစာနာမႈဆိုင္ရာအကူအညီေတြကို အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ ႏိုင္ငံတကာက ပူးေပါင္းေဆာင္႐ြက္ေနတဲ့တခ်ိန္တည္းမွာ ျမန္မာႏိုင္ငံက ပါဝင္ပတ္သက္သူေတြနဲ႔အတူ အာဆီယံနဲ႔ ႏိုင္ငံတကာအသိုင္းအဝိုင္းတို႔အၾကား အျပဳသေဘာေဆာင္တဲ့ ေဆြးေႏြးညႇိႏႈိင္းမႈေတြ ေဖာ္ေဆာင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္တဲ့အေၾကာင္း KNU၊ KNPP နဲ႔ CNF အဖြဲ႕တို႔ရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလ ၂၇ ရက္ေန႔အထိဆိုရင္ စစ္ေျပးဒုကၡသည္ ၃ သိန္း ေက်ာ္ရွိေနၿပီး ျပည္သူေတြရဲ႕ေနအိမ္ ၂,၀၀၀ ေက်ာ္ မီးရႈိ႕ဖ်က္ဆီးခံခဲ့ရေၾကာင္း ကုလသမဂၢ လူသားစာနာမႈဆိုင္ရာ ပူးေပါင္း ေဆာင္႐ြက္ေရးအဖြဲ႕ OCHA ကထုတ္ျပန္ထားပါတယ္။

................................................................................................

တိုက္႐ိုက္ လင့္ခ္


လေယာဉ်မပျံသန်းရဇုန်သတ်မှတ်ဖို့နဲ့ လူသားစာနာမှုအကူအညီပေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ဖွဲ့ တောင်းဆို

(Unicode)

အရပ်သားပြည်သူတွေ တိုက်ခိုက်ခံရတာကနေ ကာကွယ်ဖို့အတွက် မြန်မာနိုင်ငံမှာ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရေး၊ ကျေးရွာတွေ၊ ဒုက္ခသည်တွေ ခိုလှုံနေတဲ့နေရာတွေကို အန္တရာယ်မပြုတဲ့နေရာတွေအဖြစ် သတ်မှတ်ဖန်တီးပေးရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အကူပေးနိုင်ရေး လမ်းကြောင်းတွေသတ်မှတ်ဖို့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း ကို ကရင်၊ ကရင်နီနဲ့ ချင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့က တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေအပြင် ပြည်သူတွေ လုံခြုံဘေးကင်းအောင် အကာအကွယ်ပေးနိုင်ဖို့လည်း အဓိက လိုအပ်နေတာကြောင့် ဖြစ်တယ်လို့ပြောပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တောင်းဆိုမှုသတင်း ရန်ကုန်က ပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ဟာ ဇန်နဝါရီလ ၁၃ ရက်နေ့က ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen နဲ့ အွန်လိုင်းမှာ မြန်မာ့အရေး ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအတွက် လူသားစာနာမှု အကူအညီ တွေပေးနိုင်ရေး ကြိုးပမ်းမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ကို တိုက်တွန်းခဲ့ပါတယ်။

ဒီတိုက်တွန်းချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP နဲ့ ချင်းအမျိုးသားတပ်ဦး CNF စတဲ့ အဖွဲ့ ၃ဖွဲ့က ကြေညာချက်ထုတ်ပြန် ကြိုဆိုပါတယ်။ အဲဒီကြေညာချက်မှာ အရပ်သားပြည်သူတွေ ဘေးကင်းလုံခြုံရေး ကာကွယ်ပေးဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပံ့ပိုးနိုင်ရေးအတွက် အချက် ၃ ချက်ကိုလည်း တိုင်းရင်းသားအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

သူတို့ရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီးက VOA ကို အခုလိုပြောပါတယ်။

“အဓိကအချက်က လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ လိုအပ်တဲ့ အရေးပေါ်အကူအညီတွေအပြင်ပေါ့နော်၊ သူတို့ အတွက် အဓိကလိုအပ်တာ သူတို့ကို အကာအကွယ်ပေးမှုပဲ ဖြစ်ပါတယ်။ ၁ အချက်က No fly Zone၊ စစ်ကောင်စီဘက်က ဗုံးကြဲတာ တိုက်တာတွေကို ကာကွယ်ပေးနိုင်ဖို့အတွက်။ ဒုတိယအချက်က ဒီမနက်မှာ ပြေး၊ ညနေကျတော့ အဲဒီနေရာမှာ မရှိတော့ပြန်ဘူး။ တခြားနေရာမှာ ရောက်တဲ့အခါကျတော့ ဒါမျိုးက လုပ်ရကိုင်ရခက်တယ်ဆိုတာ လူသားချင်း စာနာထောက်ထား မှု အကူအညီပေးတဲ့လူတိုင်း နားလည်တယ်။ အဲဒါကြောင့် လုံခြုံစိတ်ချရတဲ့နေရာ အင်မတန်လိုအပ်တယ်။ နောက်တချက် အခု ကျယ်ပြန့်လာတဲ့ အနေအထားမှာ မြန်မာပြည်အတွင်းမှာရှိတဲ့ စစ်ကိုင်းတို့ မကွေးတို့ ဒီဟာ သက်ရောက်မှုတွေက တော်တော် ကြီးကြီးမားမားဖြစ်လာတယ်ဆိုတာ သိရတယ်။ အဲဒါကြောင့်မို့ Humanitarian Corridor ဆိုတဲ့ နယ်စပ်ဖြတ်ကျော်မှုတင် မက တော့ဘူး။ အတွင်းပိုင်းကို ကောင်းကောင်းလုပ်နိုင်မယ့်ဟာတခုက လိုအပ်နေပြီဆိုတာ ကျနော်တို့ကနေ ပြောပြလိုက်တာပဲ ဖြစ်တယ်။”

လေယာဉ်မပျံသန်းရဇုန်သတ်မှတ်ဖို့ ဒီဇင်ဘာလကတည်းက KNU က တောင်းဆိုထားတာဖြစ်ပါတယ်။ Humanitarian Corridor လို့ပြောတဲ့ လူသားစာနာမှုအကူအညီတွေပေးနိုင်မယ့် လမ်းကြောင်းကို ကရင်၊ ကရင်နီ၊ ချင်းအပြင် ကချင်၊ စစ်ကိုင်း၊ မကွေး စတဲ့ဒေသတွေကိုပါ ချဲ့ထွင်သွားဖို့လည်း တိုင်းရင်းသား ၃ ဖွဲ့က တောင်းဆိုကြပါတယ်။ ကရင်၊ ကရင်နီနဲ့ ချင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ရဲ့တောင်းဆိုမှုအပေါ်မှာ ကရင်နီအမျိုးသမီးအစည်းအရုံးရဲ့ အတွင်းရေးမှူး ၂ ဖြစ်တဲ့ မော်ဖရေးမြာကလည်း ကြိုဆိုပါတယ်။

“ကျမတို့ ကရင်နီပြည်နယ်မှာဆိုလို့ရှိရင် ပိုပိုပြီးတော့မှ စစ်ရေးတင်းမာလာတာနဲ့အမျှ IDP လည်း တိုးလာတယ်။ ပြီးရင် မြို့ပေါ်ထိ တိုက်ပွဲဖြစ်နေတဲ့အနေအထားမျိုးမှာ ကုန်စီးဆင်းမှုတွေလည်း ရပ်တန့်နေတယ်။ အစာရေစာဆိုလို့ရှိရင်လည်း အကန့်အသတ်နဲ့ စားနေရတဲ့ဘ၀ ဖြစ်နေပြီ။ ဆိုတော့ အများကြီး ဒုက္ခရောက်ကြတယ်ပေါ့။ ကျမတို့လူထုဆိုရင်လည်း ရောက်ရှိနေတဲ့ စစ်ရှောင် နေရာတောင်မှ လာပြီးတော့ ဗုံးကြဲတဲ့အနေအထားမျိုးမှာ၊ ပြီးလို့ရှိရင် လမ်းပေါ်မှာသွားလာလည်း ဒီမီးရှို့သတ်ဖြတ်တဲ့ ကိစ္စတွေ လည်း သူတို့မြင်နေရတော့ ဘယ်လိုမှ နေ့ရော၊ ညရော မလုံခြုံတော့ဘူးပေါ့နော်။ ဆိုတော့ နိုင်ငံတကာအနေနဲ့ အဲဒီဟာကို ရပ်တန့်ဖို့လည်း အရမ်းလိုအပ်နေပြီပေါ့။ အမြန်ဆုံးအကောင်အထည်ဖော်ဖို့ လိုအပ်နေတယ်ဆိုတဲ့ဟာကိုလည်း ထပ်ပြောချင်တာ ပေါ့။ ”

လူသားစာနာမှုဆိုင်ရာအကူအညီတွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်နေတဲ့တချိန်တည်းမှာ မြန်မာနိုင်ငံက ပါဝင်ပတ်သက်သူတွေနဲ့အတူ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတို့အကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း KNU၊ KNPP နဲ့ CNF အဖွဲ့တို့ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့အထိဆိုရင် စစ်ပြေးဒုက္ခသည် ၃ သိန်း ကျော်ရှိနေပြီး ပြည်သူတွေရဲ့နေအိမ် ၂,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ကုလသမဂ္ဂ လူသားစာနာမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ OCHA ကထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG