သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ လူ ၃ သန်းကျော် အသက်ကယ်အကူအညီ လိုအပ် (ကုလစာနာမှု အကြီးအကဲ)


ချင်းပြည်နယ် မင်းတပ်မြို့က စစ်ဘေးရှောင်တချို့။ (ဓာတ်ပုံ - CJ)
ချင်းပြည်နယ် မင်းတပ်မြို့က စစ်ဘေးရှောင်တချို့။ (ဓာတ်ပုံ - CJ)

( Zawgyi/ Unicode)

မြန်မာနိုင်ငံမှာ လူ ၃ သန်းကျော်လာက်အတွက် အသက်ကယ်ဆယ်ရေး အရေးပေါ်လူသားခြင်း စာနာမှု ဆိုင်ရာအထောက်အပံတွေလိုအပ်နေကြောင်းနဲ့၊ ကြံကြာမှုမရှိစေဘဲကူညီထောက်ပံမှု တွေပေးနိုင်ဖို့ အတွက်၊ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ခွင့်ပြုဖို့ကုလသမဂ္ဂ လူသားခြင်းစာနာမှု ဆိုင်ရာအကြီးအကဲ Martin Griffiths က တနင်္လာနေ့မှာတိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ စစ်တပ်ကအာဏာသိမ်းပြီးနောက် လက်နှက်ကိုင်ပဌိပက္ခတွေနဲ့လုံခြုံမှု မရှိတဲ့အခြေအနေတွေတိုးလာခဲ့ပြီး၊ ကိုဗစ် ၁၉ နဲ့ တိုင်းပြည်စီးပွားကျဆင်းမှုတွေကြောင့် အခုလို အရေးအပေါ်အကူအညီတွေလိုအပ်နေတာ ဖြစ်တယ်လို့ သူကပြောဆိုခဲ့ပါတယ်။

တနင်္လာနေ့တုန်းက ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီတခါးပိတ်အစည်းအဝေးမှာ လူသားခြင်းစာနာမှုဆိုင်ရာအကြီးအကဲက အခုလိုကြေငြာချက်ထုတ်ပြီးတောင်းဆိုခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကလက်နှက်ကိုင်ပဌိပက္ခတွေနဲ့အာဏာသိမ်းစစ်ကောင်စီရဲ့ထိုးစစ်တွေနဲ့ပတ်သက်ပြီးဗြိတိန် နိုင်ငံတောင်းဆိုတဲ့အတွက် လုံခြုံရေးကောင်စီအစည်းအဝေးကိုတနင်္လာနေ့ကခေါ်ယူခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက လူသားခြင်းစာနာမှုဆိုင်ရာကိစ္စတွေအတွက် ကုလသမဂ္ဂက တောင်းခံထားတဲ့ အမေရိကန်ဒေါ်လာ ၃၈၅ သန်းကိစ္စကိုလည်းအလှုရှင်တွေအနေနဲ့ ဆက်လက်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒီထဲကတဝက်လောက်ကိုဘဲရရှိသေးတယ်လို့ ကုလသမဂ္ဂလူသားခြင်းစာနာမှု ဆိုင်ရာအကြီးအကဲ Martin Griffiths ကပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


(Unicode)






XS
SM
MD
LG