သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံ လူသားခ်င္းစာနာမႈဆိုင္ရာ အက်ပ္အတည္း ကုလထပ္မံသတိေပး


(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ ၾကံဳေနရတဲ့ ျပႆနာေတြေၾကာင့္ လူသားခ်င္းစာနာမႈဆိုင္ရာ အက်ပ္အတည္းေတြ ေပၚေပါက္ေနတဲ့အေပၚ အထူးစိုးရိမ္ပူပန္ေၾကာင္း ကုလသမဂၢက ေျပာလိုက္ပါတယ္။

“ပဋိပကၡေတြ၊ စားနပ္ရိကၡာ မလုံေလာက္မႈေတြ၊ သဘာ၀ေဘးအႏၲရာယ္ေတြနဲ႔ ကိုဗစ္ကပ္ေရာဂါေတြေၾကာင့္ ျမန္မာႏုိင္ငံမွာ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ အပါအ၀င္ လူ ၃ သန္းေလာက္ဟာ အသက္ရွင္သန္ႏုိင္ေရးအတြက္ အေရးေပၚ အကူအညီေတြ လိုအပ္ေနေၾကာင္း ျမန္မာႏိုင္ငံအေျခစိုက္ လူသားခ်င္းစာနာမႈဆုိင္ရာ အကူအညီေပးေရး အဖဲြ႕ေတြက ေျပာပါတယ္။”

နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္က အဂၤါေန႔ သတင္းစာရွင္းလင္းပဲြမွာ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ လက္ေထာက္ေျပာခြင့္ရ Farhan Haq က သတင္းေထာက္ေတြကို ေျပာလိုက္တာပါ။

ဒီအေရးအေပၚအကူအညီေတြ လုိအပ္ေနတဲ့ ၃ သန္းထဲမွာ အာဏာမသိမ္းမီ ႏွစ္ဆန္းပုိင္းက ၁ သန္း ေက်ာ္ေလာက္သာရွိခဲ့ၿပီး ေဖၚေဖၚ၀ါရီလ ၁ ရက္ေန့ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ၂ သန္းေက်ာ္ တုိးလာခဲ့ တာျဖစ္ပါတယ္။

ေဖေဖၚ၀ါရီလ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပုိင္း စစ္ေကာင္စီတပ္ေတြနဲ့ တုိင္းရင္းသားလက္နက္ကုိင္ တပ္ဖဲြ့ေတြ၊ ျပည္သူ့ကာကြယ္ေရးတပ္ PDF တပ္ဖဲြ့ေတြအၾကား တုိက္ပဲြေတြျဖစ္ပြားခဲ့တဲ့အတြက္ ေနာက္ထပ္ လူေပါင္း ၂၁၉,၀၀၀ ေက်ာ္ အုိးအိမ္စြန့္ခြါထြက္ေျပးခဲ့ရေၾကာင္းလည္း ကုလသမဂၢက ေျပာပါတယ္။

လက္နက္ကိုင္ ပဋိကၡေတြျဖစ္ေနတဲ့ ေနရာေတြက အကူအညီလုိအပ္ေနသူေတြထံ ေရာက္ေအာင္ေပးပုိ့ၾကဖုိ့ကုိလည္း ကုလသမဂၢက ထပ္မံတုိက္တြန္းထားပါတယ္။

ရခုိင္ျပည္နယ္နဲ့ ကရင္ျပည္နယ္အတြင္းေရႀကီးေရလ်ံမွုေတြျဖစ္ခဲ့တဲ့ေဒသက လူ ၃ ေသာင္း ၃ ေထာင္ေက်ာ္အတြက္ UNICEF ကုလသမဂၢ ကေလးသူငယ္ ရန္ပံုေငြ အဖြဲ႔ က ေသာက္သုံးေရနဲ့ သန့္ရွင္းမွုအတြက္ လုိအပ္တဲ့ပစၥည္းေတြကုိ ကူညီေထာက္ပံ့ခဲ့ပါတယ္။

ကခ်င္ျပည္နယ္၊ ရွမ္းျပည္ေျမာက္ပုိင္း၊ ရခုိင္ျပည္နယ္နဲ႔ စစ္ကုိင္းတုိင္းေတြအတြင္းက အုိအိမ္ စြန့္ခြါထြက္ေျပးရသူ ၁၅၀,၀၀၀ ေက်ာ္ အတြက္လည္း UNICEF က ဆက္လက္ကူညီေထာက္ပံ့ေနေၾကာင္းလည္း ကုလသမဂၢက ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ကုလထပ်မံသတိပေး

မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ ပြဿနာတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ပေါ်ပေါက်နေတဲ့အပေါ် အထူးစိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

“ပဋိပက္ခတွေ၊ စားနပ်ရိက္ခာ မလုံလောက်မှုတွေ၊ သဘာဝဘေးအန္တရာယ်တွေနဲ့ ကိုဗစ်ကပ်ရောဂါတွေကြောင့် မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူ ၃ သန်းလောက်ဟာ အသက်ရှင်သန်နိုင်ရေးအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေကြောင်း မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။”

နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရ Farhan Haq က သတင်းထောက်တွေကို ပြောလိုက်တာပါ။

ဒီအရေးအပေါ်အကူအညီတွေ လိုအပ်နေတဲ့ ၃ သန်းထဲမှာ အာဏာမသိမ်းမီ နှစ်ဆန်းပိုင်းက ၁ သန်း ကျော်လောက်သာရှိခဲ့ပြီး ဖေါ်ဖေါ်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂ သန်းကျော် တိုးလာခဲ့ တာဖြစ်ပါတယ်။

ဖေဖေါ်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် နောက်ထပ် လူပေါင်း ၂၁၉,၀၀၀ ကျော် အိုးအိမ်စွန့်ခွါထွက်ပြေးခဲ့ရကြောင်းလည်း ကုလသမဂ္ဂက ပြောပါတယ်။

လက်နက်ကိုင် ပဋိက္ခတွေဖြစ်နေတဲ့ နေရာတွေက အကူအညီလိုအပ်နေသူတွေထံ ရောက်အောင်ပေးပို့ကြဖို့ကိုလည်း ကုလသမဂ္ဂက ထပ်မံတိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းရေကြီးရေလျံမှုတွေဖြစ်ခဲ့တဲ့ဒေသက လူ ၃ သောင်း ၃ ထောင်ကျော်အတွက် UNICEF ကုလသမဂ္ဂ ကလေးသူငယ် ရန်ပုံငွေ အဖွဲ့ က သောက်သုံးရေနဲ့ သန့်ရှင်းမှုအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ကူညီထောက်ပံ့ခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေအတွင်းက အိုအိမ် စွန့်ခွါထွက်ပြေးရသူ ၁၅၀,၀၀၀ ကျော် အတွက်လည်း UNICEFက ဆက်လက်ကူညီထောက်ပံ့နေကြောင်းလည်း ကုလသမဂ္ဂက ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG