သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လိုအပ္ေနသူေတြဆီ စာနာမႈအကူအညီ ေရာက္ရွိေအာင္ ေဆာင္ရြက္ၾကဖို႔ ကုလတိုက္တြန္း


UN Spokesperson Farhan Haq

ျမန္မာႏိုင္ငံမွာ အကူအညီ လိုအပ္ေနသူေတြထံကို အကူအညီ ေပးသူေတြ အဟန္႔အတား မရွိ ေဘးကင္းလံုျခံဳစြာ သြားေရာက္ႏိုင္ေရး ကုလသမဂၢက ေတာင္းဆိုလိုက္ပါတယ္

Zawgyi/ Unicode

Zawgyi

ျမန္မာႏိုင္ငံမွာ အကူအညီ လိုအပ္ေနသူေတြထံကို လူသားခ်င္း စာနာမႈ အကူအညီ ေပးသူေတြ အဟန္႔အတား မရွိ ေဘးကင္းလံုျခံဳစြာ သြားေရာက္ႏိုင္ေရး သက္ဆိုင္ရာ ဘက္အားလံုးက ေဆာင္ရြက္ေပးဖို႔ ကုလသမဂၢက ေတာင္းဆိုလိုက္ပါတယ္။ ျမန္မာႏိုင္ငံတြင္း လူသားခ်င္း စာနာမႈ အကူအညီေတြ ေပးအပ္ႏိုင္ေရး အတြက္ အလွဴရွင္ေတြဘက္က ပိုၿပီး ထည့္၀င္လာေရး အတြက္လည္း ကုလသမဂၢက တနလာၤေန႔မွာ ပန္ၾကားပါတယ္။


ႏိုင္ငံတြင္း ေဒသအမ်ာအးျပားမွာ တိုက္ပြဲေတြ ျပင္းထန္ၿပီး လံုျခံဳေရး အေျခအေန မတည္မၿငိမ္ ျဖစ္ေနတဲ႔ အေတာအတြင္း လူသားခ်င္း စာနာေထာက္ကူမႈ ဆိုင္ရာ အေျခအေနေတြလည္း ယိုယြင္းဆိုးရြားေနေၾကာင္း ျမန္မာႏိုင္ငံမွာ ရွိေနတဲ႔ ကုလသမဂၢ အဖြဲ႔က ေျပာဆိုထားေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ တဦး ျဖစ္တဲ႔ Farhan Haq က တနလာၤေန႔ နယူးေယာက္ ကုလသမဂၢ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

ဒီႏွစ္ အေစာပိုင္းက စလို႔ ႏိုင္ငံတြင္း အိုးအိမ္စြန္႔ခြာ ထြက္ေျပးတိမ္းေရွာင္ေနရသူ ေနာက္ထပ္ ၂၄၀,၀၀၀ နီးပါးရွိၿပီး သူတို႔ကို အကာအကြယ္ေပးဖို႔နဲ႔ လူသားခ်င္း စာနာမႈ အကူအညီေတြ ေပးဖို႔လိုအပ္ေနေၾကာင္းလည္း သူက ေျပာပါတယ္။

ကုလသမဂၢ စားနပ္ရိကၡာ အဖြဲ႔ WFP နဲ႔ မိတ္ဖက္ အဖြဲ႔ေတြ ဘက္က စက္တင္ဘာလ အတြင္း ကခ်င္၊ ရွမ္းျပည္ ေျမာက္ပိုင္း၊ ရခိုင္နဲ႔ ခ်င္းျပည္နယ္တြင္းက ေနရပ္စြန္႔ခြာ ထြက္ေျပးရသူ ၃၆၀,၀၀၀ နီးပါးကို စားနပ္ရိကၡာနဲ႔ ေငြေၾကး ေထာက္ပံ႔မႈ ေပးခဲ႔ေၾကာင္း၊ ေနရပ္စြန္႔ခြာ ထြက္ေျပးသူေတြ တိုးလာေနတဲ႔ အေျခအေန၊ စားနပ္ရိကၡာ မလံုေလာက္မႈနဲ႔ ေဘးဒဏ္ သင့္လြယ္တဲ႔ အေျခအေနေတြ တိုးလာေနတဲ႔ ကိစၥေတြကို ကုလသမဂၢနဲ႔ မိတ္ဖက္ေတြက တုံ႔ျပန္ေဆာင္ရြက္ေနတယ္လို႔လည္း ေျပာဆိုခဲ႔ပါတယ္။

ျမန္မာႏိုင္ငံ အတြက္ အေရးေပၚ ကူညီေပးႏိုင္ေရး ေဒၚလာ ၃၈၅ သန္း ကုလသမဂၢက ပန္ၾကားထားတာမွာ သံုးပံု တပံုဘဲ ရရွိေသးတာေၾကာင့္ ႏိုင္ငံတကာက ျမန္မာႏိုင္ငံ အတြက္ ရန္ပံုေငြ ထပ္တိုး ထည့္၀င္ၾကဖို႔ ကုလသမဂၢက ပန္ၾကားေနတာ ျဖစ္ပါတယ္။

Unicode

မြန်မာနိုင်ငံမှာ အကူအညီ လိုအပ်နေသူတွေထံကို လူသားချင်း စာနာမှု အကူအညီ ပေးသူတွေ အဟန့်အတား မရှိ ဘေးကင်းလုံခြုံစွာ သွားရောက်နိုင်ရေး သက်ဆိုင်ရာ ဘက်အားလုံးက ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်နိုင်ရေး အတွက် အလှူရှင်တွေဘက်က ပိုပြီး ထည့်ဝင်လာရေး အတွက်လည်း ကုလသမဂ္ဂက တနလာၤနေ့မှာ ပန်ကြားပါတယ်။


နိုင်ငံတွင်း ဒေသအမျာအးပြားမှာ တိုက်ပွဲတွေ ပြင်းထန်ပြီး လုံခြုံရေး အခြေအနေ မတည်မငြိမ် ဖြစ်နေတဲ့ အတောအတွင်း လူသားချင်း စာနာထောက်ကူမှု ဆိုင်ရာ အခြေအနေတွေလည်း ယိုယွင်းဆိုးရွားနေကြောင်း မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကုလသမဂ္ဂ အဖွဲ့က ပြောဆိုထားကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ တဦး ဖြစ်တဲ့ Farhan Haq က တနလာၤနေ့ နယူးယောက် ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီနှစ် အစောပိုင်းက စလို့ နိုင်ငံတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ နောက်ထပ် ၂၄၀,၀၀၀ နီးပါးရှိပြီး သူတို့ကို အကာအကွယ်ပေးဖို့နဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးဖို့လိုအပ်နေကြောင်းလည်း သူက ပြောပါတယ်။

ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့ WFP နဲ့ မိတ်ဖက် အဖွဲ့တွေ ဘက်က စက်တင်ဘာလ အတွင်း ကချင်၊ ရှမ်းပြည် မြောက်ပိုင်း၊ ရခိုင်နဲ့ ချင်းပြည်နယ်တွင်းက နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၃၆၀,၀၀၀ နီးပါးကို စားနပ်ရိက္ခာနဲ့ ငွေကြေး ထောက်ပံ့မှု ပေးခဲ့ကြောင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေ တိုးလာနေတဲ့ အခြေအနေ၊ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ဘေးဒဏ် သင့်လွယ်တဲ့ အခြေအနေတွေ တိုးလာနေတဲ့ ကိစ္စတွေကို ကုလသမဂ္ဂနဲ့ မိတ်ဖက်တွေက တုံ့ပြန်ဆောင်ရွက်နေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ အတွက် အရေးပေါ် ကူညီပေးနိုင်ရေး ဒေါ်လာ ၃၈၅ သန်း ကုလသမဂ္ဂက ပန်ကြားထားတာမှာ သုံးပုံ တပုံဘဲ ရရှိသေးတာကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံ အတွက် ရန်ပုံငွေ ထပ်တိုး ထည့်ဝင်ကြဖို့ ကုလသမဂ္ဂက ပန်ကြားနေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG