သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီပဲယင္း စစ္ေဘးေရွာင္ေတြ ရိကၡာ နဲ႔ က်န္းမာေရး အခက္ၾကံဳ


(Zawgyi/ Unicode)

စစ္ေကာင္စီရဲ႕ နယ္ေျမရွင္းလင္းတာေတြေၾကာင့္ စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္ထဲက ေက်းရြာေတြမွာရွိတဲ့ စစ္ေဘးဒုကၡသည္ေတြအေနနဲ႔ အေျခခံစားေသာက္ကုန္အသံုးအေဆာင္ေတြလိုအပ္ေနပါတယ္။ အေျခခံစားေသာက္ကုန္ေတြအျပင္ က်န္းမာေရး ေစာင့္ေရွာက္မႈေတြလည္း လိုအပ္ေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုရဲမြန္ ကေျပာျပပါမယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၄ ရက္က စစ္ေကာင္စီက ေလေၾကာင္းကေန တိုက္ခိုက္တာေတြျပဳလုပ္ခဲ့တဲ့ စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္ထဲက ေက်းရြာေတြမွာ တိမ္းေရွာင္ေနရတဲ့ စစ္ေဘးဒုကၡသည္ေတြ အေနနဲ႔ အကူအညီေတြ လိုအပ္ေနတာပါ။ ဒီပဲယင္းၿမိဳ႕နယ္ထဲက ေက်းရြာေတြအျပင္ ဒီပဲယင္းၿမိဳ႕နဲ႔ နီးစပ္တဲ့ ေက်းရြာေတြကပါ စစ္ေဘးဒုကၡသည္အျဖစ္ လာေရာက္ခိုလံႈေနတာေတြရွိပါတယ္။ ဒုကၡသည္ေတြ အေျခအေနနဲ႔ ပတ္သက္လို႔ ကူညီေပးေနသူတဦးက အခုလိုေျပာပါတယ္။

“ကြ်န္ေတာ္တုိ႔က ဒီပဲယင္းၿမိဳ႕နယ္ထဲက စစ္ေရွာင္ေတြေကာ ဒီပဲယင္း အျပင္အျခားၿမိဳ႕နယ္၊ ၿမိဳ႕နယ္ခ်င္းဆက္တဲ႔ ေနရာေတြေကာေပါ့ေနာ္ အဲ့ဒါေတြကို ကြ်န္ေတာ္တို႔ လက္ခံကူညီေပးေနတာ ၁,၀၀၀ ေက်ာ္ ရွိတယ္။ စစ္ေကာင္စီက အထူးသျဖင့္ ေရႊဘိုနယ္ေပါ့ေနာ္ ကြ်န္ေတာ္တို႔ ဒီပဲယင္းနယ္ရဲ႕ မူးျမစ္ရဲ႕ အေရွ႕ဘက္ကမ္း ေခၚတာေပါ့။

ကြ်န္ေတာ္တို႔က အေနာက္ဖက္ကမ္း အဲ့ရြာေတြက ဆိုရင္ ပ်ဴေစာထီးေတြအားေကာင္းတဲ့အခါ က်ေတာ့ စစ္ေကာင္စီဘက္က ကြ်န္ေတာ္တို႔ျပည္သူေတြ ေနလို႔မရေအာင္ မေန႔ကဆိုရင္ မီးေတြရိႈ႕တယ္။ ခင္ဦးတို႔ ေရႊဘိုတို႔ဘက္က မအူပင္ရြာဆိုရင္ ၃ အိမ္ေလာက္ပါသြားတယ္ မီးရိႈ႕ခံရလို႔။ မီးရိႈ႕တယ္ အဲ့ရြာထဲမွာ ရွိတဲ့ စပါးေတြဆန္ေတြဆိုရင္ သူတို႔ယူသြားတယ္။ အဲ့ရြာမွာေနတယ္ဆိုရင္ သူတို႔ေတြ လက္မွတ္ထိုးၿပီး ေနရတယ္။

စပါးရိတ္မယ္ဆိုရင္ တဧကကို ၂၀၀,၀၀၀ ေသာ္လည္းေကာင္း ေပးၿပီးေတာ့ ေနရတယ္။ ဒီကိစၥဒီျဖစ္ရပ္ေတြေၾကာင့္ သူတို႔လက္ေအာက္ကို ခုိ၀င္ရမွာစိုးလို႔ အဲ့ရြာမွာရွိတဲ့လူေတြ အဲ့ရြာကိုမျပန္ရဲဘဲ ကြ်န္ေတာ္တို႔ၿမိဳ႕နယ္ထဲမွာ အေျခခ်ေနတဲ့သေဘာျဖစ္တယ္။ ကြ်န္ေတာ္တို႔ အခုလိုေနတာက စားနပ္ရိကၡာ အ၀တ္အစားပဲခင္ဗ်။”

စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြေၾကာင့္ ဒီပဲယင္းၿမိဳ႕နယ္ထဲေက်းရြာေတြအေနနဲ႔ ေၾကာက္ရြံ႕ထိတ္လန္႔မႈေတြနဲ႔ ေနထိုင္ေနရၿပီး က်န္းမာေရး ေစာင့္ေရွာက္မႈလည္း လိုအပ္ေနတယ္လို႔ ဒီပဲယင္း ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕က ေျပာပါတယ္။

“ျပည္သူလူထုက အဓိက မလံုၿခံဳတာေပါ့ဗ်ာ။ မလံုၿခံဳေတာ့ ရက္ရွည္လမ်ားျဖစ္ေနတာ။ အဓိက စိတ္မလံုၿခံဳမႈရယ္ အေၾကာက္တရားေပါ့။ အဓိက အေျခခံစားေသာက္ကုန္ျဖစ္တဲ့ ဆန္ကေတာ့ ကြ်န္ေတာ္တို႔ဆီက ဆန္ေခ်ာျဖစ္ေတာ့ ဘာမွသိပ္မျဖစ္ဘူး။ အဓိက က်န္းမာေရးေပါ့။ ကိုယ္၀န္သည္ေတြ သြားေရး လာေရး ေရာဂါသည္ေတြပါလာရင္ အဲ့ဒါေတာ့ ဒုကၡနည္းနည္းမ်ားတယ္။ ကြ်န္ေတာ္တို႔သိထားတာက။”

ဒီပဲယင္းၿမိဳ႕နယ္ဟာ ဆန္စပါး အဓိကထြက္တဲ့ေနရာျဖစ္ေပမယ့္ စစ္ေကာင္စီရဲ႕ နယ္ေျမရွင္းလင္းေရးေတြ ေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့အတြက္ သီးႏွံရိတ္သိမ္းခ်ိန္ေက်ာ္လြန္ၿပီး စပါးခင္းေတြ ပ်က္စီးဆံုးရံႈးရသလို နယ္ေျမမတည္ၿငိမ္တဲ့အတြက္ ရိတ္သိမ္းစက္ငွားရမ္းဖို႔ အခက္အခဲေတြကလည္း ရွိေနပါတယ္။

ဒီပဲယင္းၿမိဳ႕နယ္ထဲက ေက်းရြာေတြကို စစ္ေကာင္စီက ေလေၾကာင္းကေန ၂ ႀကိမ္ တိုက္ခိုက္ခဲ့ၿပီး အရပ္သားေတြ ေသဆံုးတာေတြလည္း ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

ဒီပဲယင်း စစ်ဘေးရှောင်တွေ ရိက္ခာ နဲ့ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းတာတွေကြောင့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ အခြေခံစားသောက်ကုန်အသုံးအဆောင်တွေလိုအပ်နေပါတယ်။ အခြေခံစားသောက်ကုန်တွေအပြင် ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လိုအပ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်က စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာတွေပြုလုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေမှာ တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေ အနေနဲ့ အကူအညီတွေ လိုအပ်နေတာပါ။ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေအပြင် ဒီပဲယင်းမြို့နဲ့ နီးစပ်တဲ့ ကျေးရွာတွေကပါ စစ်ဘေးဒုက္ခသည်အဖြစ် လာရောက်ခိုလှုံနေတာတွေရှိပါတယ်။ ဒုက္ခသည်တွေ အခြေအနေနဲ့ ပတ်သက်လို့ ကူညီပေးနေသူတဦးက အခုလိုပြောပါတယ်။

“ကျွန်တော်တို့က ဒီပဲယင်းမြို့နယ်ထဲက စစ်ရှောင်တွေကော ဒီပဲယင်း အပြင်အခြားမြို့နယ်၊ မြို့နယ်ချင်းဆက်တဲ့ နေရာတွေကောပေါ့နော် အဲ့ဒါတွေကို ကျွန်တော်တို့ လက်ခံကူညီပေးနေတာ ၁,၀၀၀ ကျော် ရှိတယ်။ စစ်ကောင်စီက အထူးသဖြင့် ရွှေဘိုနယ်ပေါ့နော် ကျွန်တော်တို့ ဒီပဲယင်းနယ်ရဲ့ မူးမြစ်ရဲ့ အရှေ့ဘက်ကမ်း ခေါ်တာပေါ့။

ကျွန်တော်တို့က အနောက်ဖက်ကမ်း အဲ့ရွာတွေက ဆိုရင် ပျူစောထီးတွေအားကောင်းတဲ့အခါ ကျတော့ စစ်ကောင်စီဘက်က ကျွန်တော်တို့ပြည်သူတွေ နေလို့မရအောင် မနေ့ကဆိုရင် မီးတွေရှို့တယ်။ ခင်ဦးတို့ ရွှေဘိုတို့ဘက်က မအူပင်ရွာဆိုရင် ၃ အိမ်လောက်ပါသွားတယ် မီးရှို့ခံရလို့။ မီးရှို့တယ် အဲ့ရွာထဲမှာ ရှိတဲ့ စပါးတွေဆန်တွေဆိုရင် သူတို့ယူသွားတယ်။ အဲ့ရွာမှာနေတယ်ဆိုရင် သူတို့တွေ လက်မှတ်ထိုးပြီး နေရတယ်။

စပါးရိတ်မယ်ဆိုရင် တဧကကို ၂၀၀,၀၀၀ သော်လည်းကောင်း ပေးပြီးတော့ နေရတယ်။ ဒီကိစ္စဒီဖြစ်ရပ်တွေကြောင့် သူတို့လက်အောက်ကို ခိုဝင်ရမှာစိုးလို့ အဲ့ရွာမှာရှိတဲ့လူတွေ အဲ့ရွာကိုမပြန်ရဲဘဲ ကျွန်တော်တို့မြို့နယ်ထဲမှာ အခြေချနေတဲ့သဘောဖြစ်တယ်။ ကျွန်တော်တို့ အခုလိုနေတာက စားနပ်ရိက္ခာ အဝတ်အစားပဲခင်ဗျ။”

စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေကြောင့် ဒီပဲယင်းမြို့နယ်ထဲကျေးရွာတွေအနေနဲ့ ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ နေထိုင်နေရပြီး ကျန်းမာရေး စောင့်ရှောက်မှုလည်း လိုအပ်နေတယ်လို့ ဒီပဲယင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြောပါတယ်။

“ပြည်သူလူထုက အဓိက မလုံခြုံတာပေါ့ဗျာ။ မလုံခြုံတော့ ရက်ရှည်လများဖြစ်နေတာ။ အဓိက စိတ်မလုံခြုံမှုရယ် အကြောက်တရားပေါ့။ အဓိက အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်ကတော့ ကျွန်တော်တို့ဆီက ဆန်ချောဖြစ်တော့ ဘာမှသိပ်မဖြစ်ဘူး။ အဓိက ကျန်းမာရေးပေါ့။ ကိုယ်ဝန်သည်တွေ သွားရေး လာရေး ရောဂါသည်တွေပါလာရင် အဲ့ဒါတော့ ဒုက္ခနည်းနည်းများတယ်။ ကျွန်တော်တို့သိထားတာက။”

ဒီပဲယင်းမြို့နယ်ဟာ ဆန်စပါး အဓိကထွက်တဲ့နေရာဖြစ်ပေမယ့် စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးတွေ ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် သီးနှံရိတ်သိမ်းချိန်ကျော်လွန်ပြီး စပါးခင်းတွေ ပျက်စီးဆုံးရှုံးရသလို နယ်မြေမတည်ငြိမ်တဲ့အတွက် ရိတ်သိမ်းစက်ငှားရမ်းဖို့ အခက်အခဲတွေကလည်း ရှိနေပါတယ်။

ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ၂ ကြိမ် တိုက်ခိုက်ခဲ့ပြီး အရပ်သားတွေ သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။

XS
SM
MD
LG