သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဒီပဲယင္း စစ္ဆင္ေရးအတြင္း မီးေလာင္ဖ်က္ဆီးခံရမႈေတြရွိ


ဒီပဲယင္းၿမိဳ႕

ဒီပဲယင္း စစ္ဆင္ေရးအတြင္း မီးေလာင္ဖ်က္ဆီးခံရမႈေတြရွိ

{{Zawgyi/Unicode}}

စစ္ေကာင္စီက နယ္ေျမရွင္းလင္းခဲ့တဲ့ ဒီပဲယင္းအေရွ႕ျခမ္း ေညာင္လွေက်းရြာမွာ ေဒသခံေတြရဲ႕ ဆိုင္ကယ္ေတြနဲ႔ ဒုကၡသည္ေတြအတြက္ လွဴဒါန္းထားတဲ့ ပစၥည္းေတြကို စစ္ေကာင္စီတပ္ေတြက မီးရိႈ႕ဖ်က္ဆီးသြားတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ မီးရိႈ႕ၿပီးေနာက္ စစ္ေကာင္စီတပ္ေတြ ေက်းရြာကေန ထြက္သြားတဲ့အတြက္ ေဒသခံအခ်ိဳ႕က ေနရပ္ျပန္ခဲ့ၾကေပမဲ့ အမ်ားစုက ဒုကၡသည္ အျဖစ္ တိမ္းေရွာင္ေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကုိ ကိုရဲမြန္ ကေျပာျပပါမယ္။

ၿပီးခဲ့တဲ့ ႏို၀င္ဘာ ၂၇ ရက္ က စစ္ေကာင္စီက ေလေၾကာင္းအင္အားပါသံုးၿပီး နယ္ေျမ႐ွင္းလင္းခဲ့တဲ့ စစ္ကိုင္းတိုင္း ဒီပဲယင္း ေညာင္လွေက်းရြာမွာ ႏို၀င္ဘာ ၃၀ အဂၤါေန႔ မနက္ပိုင္းမွာေတာ့ စစ္ေကာင္စီတပ္ေတြက ေဒသခံေတြရဲ႕ ဆိုင္ကယ္ေတြအျပင္ စစ္ေဘးဒုကၡသည္ေတြအတြက္ ထားရွိတဲ့ အ၀တ္အထည္ေတြကို မီးရိႈ႕ဖ်က္ဆီးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဖ်က္ဆီးခံရတဲ့ အေျခအေနနဲ႔ပတ္သက္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“ေညာင္လွရြာမွာ မီးရိႈ႕တယ္။ဆိုင္ကယ္ေတြ ပံုရိႈ႕တာ။ ေညာင္လွ မီးသတ္ကား ေနရာထားတဲ့ဟာေတြေကာ စစ္ေဘးေရွာင္ေတြအတြက္ လွဴဒါန္းထားတဲ့ ဟာေတြ အထုတ္ေတြေကာ အကုန္ဖ်က္ဆီးသြားတယ္။ အိမ္ကေတာ့ မေလာင္ကြ်မ္းဘူး။ ဆီဆိုင္ တဆိုင္ေတာ့ ေလာင္ကြ်မ္းသြားတယ္။ ဆိုင္ကယ္ကေတာ့ ခန္႔မွန္းေျခ ၁၅ စီး၀န္းက်င္ေတာ့ေလာက္ရွိမွာ မီးပံုရိႈ႕သြားတယ္။ ဖ်က္ဆီးၿပီးေတာ့ သူတို႔ထင္သလို ဖ်က္ဆီးၿပီးေတာ့ ျပန္ထြက္သြားတယ္။ မီးသတ္ကားေတြလည္း တံခါးေတြဖြင့္ အကုန္ရိုက္ခ်ိဳးၿပီး အကုန္ဖ်က္ဆီးသြားတယ္။”

ႏို၀င္ဘာ ၂၉ ရက္ တနလၤာေန႔ မနက္ပိုင္းကလည္း စစ္ေကာင္စီတပ္ေတြဟာ ေညာင္လွေက်းရြာက ေဒသခံေတြ ပိုင္ဆိုင္တဲ့ ဆိုင္ကယ္ေတြကို မီးရိႈ႕ဖ်က္ဆီးတာေတြ လုပ္ခဲ့ပါေသးတယ္။ အခုလို ေဒသခံေတြ ပိုင္ဆိုင္တဲ့ ပစၥည္းေတြကို ဖ်က္ဆီးၿပီးေနာက္ စစ္ေကာင္စီတပ္ေတြဟာ ေက်းရြာကေန ျပန္လည္ထြက္ခြါသြားတဲ့ အတြက္ ေဒသခံအခ်ိဳ႕ဟာ ေနရပ္ကို ျပန္ၾကပါတယ္။ အမ်ားစုကေတာ့ စစ္ေဘးဒုကၡသည္ အျဖစ္ ေဘးလြတ္ရာမွာ တိမ္းေရွာင္ေနရေသးတယ္လို႔ စစ္ေဘးဒုကၡသည္ေတြကို ကူညီေပးေနသူ တဦးက အခုလိုေျပာပါတယ္။

”ဟုတ္ကဲ့ တခ်ိဳ႕ျပန္ေနၾကၿပီ။ စစ္ေကာင္စီျပန္သြားၿပီဆိုေတာ့ ေညာင္လွမွာ မရွိတဲ့ခါက်ေတာ့ ျပန္ေရာက္သြားၾကပါၿပီ။ ဒုကၡသည္ေတြက်န္ေသးတယ္။ ကြ်န္ေတာ္တုိ႔ရြာက ၃/၄၀၀ ျပန္တယ္။ တျခားရြာေတြကလည္း ျပန္တယ္ဆိုေတာ့ ရွိေတာ့ရွိေသးတယ္။ ၁ ေထာင္နီးပါးေလာက္ေတာ့ရွိေသးတယ္။ အမ်ားစုလည္း ေၾကာက္လန္႔ၿပီးေတာ့ မျပန္ၾကေသးဘူး။ ဒီေနရာကိုျပန္ၾကည့္တာေပါ့ဗ်ာ။ စစ္ေကာင္စီ ဘာေတြလုပ္ထားခဲ့တုန္း သူတို႔မ်ား တခုခုမ်ားထားခဲ့လား ဥပမာ မိုင္းလို ဗံုးလိုဟာမ်ိဳးထားခဲ့ရင္ ထိမွာဆိုးလို႔ ျပည္သူက မသြားၾကေသးဘူး။”

ဒုကၡသည္အမ်ားစုဟာ ေတာေတာင္ေတြထဲမွာ ခိုလံႈေနရသလို စစ္ေဘးလြတ္ရာ ေက်းရြာေတြမွာသြားေရာက္ ခိုလံႈေနၾကရတာပါ။ ႏို၀င္ဘာ ၂၇ ရက္က စစ္တပ္ရဲ႕ နယ္ေျမ႐ွင္းလင္းမႈအတြင္း ရဟတ္ယာဥ္ေပၚက ပစ္ခတ္လို႔ ေညာင္လွေက်းရြာက အရပ္သား ျပည္သူ ၄ ဦးေသဆံုးခဲ့ပါတယ္။

ဒီပဲယင္းၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီတပ္ေတြကို ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ မၾကာခဏဆိုသလို မိုင္းဆြဲ တိုက္ခိုက္တာေတြလုပ္တဲ့အတြက္ ေလေၾကာင္းကေန ရဟတ္ယာဥ္ေတြသံုး စစ္အင္အားေတြတိုးခ်ၿပီး နယ္ေျမရွင္းလင္းတာေတြ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

ႏို၀င္ဘာလဆန္းပိုင္းကစလို႔ စစ္ေကာင္စီတပ္ေတြဟာ စစ္ကိုင္းတိုင္းထဲမွာ နယ္ေျမရွင္းလင္းမႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ေဆာင္လာသလို ေလေၾကာင္းကေနလည္း စစ္ကူေပးေနတယ္လို႔ ေဒသခံေတြက ေျပာျပပါတယ္။

.............................................

တိုက္႐ိုက္ လင့္ခ္


ဒီပဲယင်း စစ်ဆင်ရေးအတွင်း မီးလောင်ဖျက်ဆီးခံရမှုတွေရှိ

{{Unicode}}

စစ်ကောင်စီက နယ်မြေရှင်းလင်းခဲ့တဲ့ ဒီပဲယင်းအရှေ့ခြမ်း ညောင်လှကျေးရွာမှာ ဒေသခံတွေရဲ့ ဆိုင်ကယ်တွေနဲ့ ဒုက္ခသည်တွေအတွက် လှူဒါန်းထားတဲ့ ပစ္စည်းတွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မီးရှို့ပြီးနောက် စစ်ကောင်စီတပ်တွေ ကျေးရွာကနေ ထွက်သွားတဲ့အတွက် ဒေသခံအချို့က နေရပ်ပြန်ခဲ့ကြပေမဲ့ အများစုက ဒုက္ခသည် အဖြစ် တိမ်းရှောင်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက် က စစ်ကောင်စီက လေကြောင်းအင်အားပါသုံးပြီး နယ်မြေရှင်းလင်းခဲ့တဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်း ညောင်လှကျေးရွာမှာ နိုဝင်ဘာ ၃၀ အင်္ဂါနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်တွေက ဒေသခံတွေရဲ့ ဆိုင်ကယ်တွေအပြင် စစ်ဘေးဒုက္ခသည်တွေအတွက် ထားရှိတဲ့ အဝတ်အထည်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖျက်ဆီးခံရတဲ့ အခြေအနေနဲ့ပတ်သက်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“ညောင်လှရွာမှာ မီးရှို့တယ်။ဆိုင်ကယ်တွေ ပုံရှို့တာ။ ညောင်လှ မီးသတ်ကား နေရာထားတဲ့ဟာတွေကော စစ်ဘေးရှောင်တွေအတွက် လှူဒါန်းထားတဲ့ ဟာတွေ အထုတ်တွေကော အကုန်ဖျက်ဆီးသွားတယ်။ အိမ်ကတော့ မလောင်ကျွမ်းဘူး။ ဆီဆိုင် တဆိုင်တော့ လောင်ကျွမ်းသွားတယ်။ ဆိုင်ကယ်ကတော့ ခန့်မှန်းခြေ ၁၅ စီးဝန်းကျင်တော့လောက်ရှိမှာ မီးပုံရှို့သွားတယ်။ ဖျက်ဆီးပြီးတော့ သူတို့ထင်သလို ဖျက်ဆီးပြီးတော့ ပြန်ထွက်သွားတယ်။ မီးသတ်ကားတွေလည်း တံခါးတွေဖွင့် အကုန်ရိုက်ချိုးပြီး အကုန်ဖျက်ဆီးသွားတယ်။”

နိုဝင်ဘာ ၂၉ ရက် တနင်္လာနေ့ မနက်ပိုင်းကလည်း စစ်ကောင်စီတပ်တွေဟာ ညောင်လှကျေးရွာက ဒေသခံတွေ ပိုင်ဆိုင်တဲ့ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့ပါသေးတယ်။ အခုလို ဒေသခံတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးပြီးနောက် စစ်ကောင်စီတပ်တွေဟာ ကျေးရွာကနေ ပြန်လည်ထွက်ခွါသွားတဲ့ အတွက် ဒေသခံအချို့ဟာ နေရပ်ကို ပြန်ကြပါတယ်။ အများစုကတော့ စစ်ဘေးဒုက္ခသည် အဖြစ် ဘေးလွတ်ရာမှာ တိမ်းရှောင်နေရသေးတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူ တဦးက အခုလိုပြောပါတယ်။

”ဟုတ်ကဲ့ တချို့ပြန်နေကြပြီ။ စစ်ကောင်စီပြန်သွားပြီဆိုတော့ ညောင်လှမှာ မရှိတဲ့ခါကျတော့ ပြန်ရောက်သွားကြပါပြီ။ ဒုက္ခသည်တွေကျန်သေးတယ်။ ကျွန်တော်တို့ရွာက ၃/၄၀၀ ပြန်တယ်။ တခြားရွာတွေကလည်း ပြန်တယ်ဆိုတော့ ရှိတော့ရှိသေးတယ်။ ၁ ထောင်နီးပါးလောက်တော့ရှိသေးတယ်။ အများစုလည်း ကြောက်လန့်ပြီးတော့ မပြန်ကြသေးဘူး။ ဒီနေရာကိုပြန်ကြည့်တာပေါ့ဗျာ။ စစ်ကောင်စီ ဘာတွေလုပ်ထားခဲ့တုန်း သူတို့များ တခုခုများထားခဲ့လား ဥပမာ မိုင်းလို ဗုံးလိုဟာမျိုးထားခဲ့ရင် ထိမှာဆိုးလို့ ပြည်သူက မသွားကြသေးဘူး။”

ဒုက္ခသည်အများစုဟာ တောတောင်တွေထဲမှာ ခိုလှုံနေရသလို စစ်ဘေးလွတ်ရာ ကျေးရွာတွေမှာသွားရောက် ခိုလှုံနေကြရတာပါ။ နိုဝင်ဘာ ၂၇ ရက်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ရဟတ်ယာဉ်ပေါ်က ပစ်ခတ်လို့ ညောင်လှကျေးရွာက အရပ်သား ပြည်သူ ၄ ဦးသေဆုံးခဲ့ပါတယ်။

ဒီပဲယင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ မကြာခဏဆိုသလို မိုင်းဆွဲ တိုက်ခိုက်တာတွေလုပ်တဲ့အတွက် လေကြောင်းကနေ ရဟတ်ယာဉ်တွေသုံး စစ်အင်အားတွေတိုးချပြီး နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

နိုဝင်ဘာလဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းထဲမှာ နယ်မြေရှင်းလင်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာသလို လေကြောင်းကနေလည်း စစ်ကူပေးနေတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG