သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္မွာ ေျမျမွုပ္မိုင္းအႏၱရာယ္ ႀကီးမားလာ


ရခိုင္ ဒုကၡသည္မ်ား။ (ဓာတ္ပံု - Rakhine Ethnics Congress)

{{Zawgyi/Unicode}}

တပ္မေတာ္နဲ႔ AA ရခုိင္လက္နက္ကုိင္အဖဲြ႔ၾကား စစ္ေရးတင္းမာမႈေတြ ေလ်ာ့က်ေနခ်ိန္မွာပဲ ရခုိင္ျပည္နယ္မွာ မုိင္းေပါက္ကဲြမႈေတြ ႀကံဳေနရတာေၾကာင့္ ေဒသခံေတြ စိုးရိမ္ေနၾကတဲ့ အေၾကာင္း ကိုသက္ႏိုင္ စစ္ေတြၿမိဳ႕ကေန သတင္းေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္ အမ္းၿမိဳ႕နယ္မွာ ဒီလထဲ ေျမျမဳပ္မိုင္းေပါက္ကဲြမႈ ၃ ႀကိမ္ ႀကံဳခဲ့ရတာေၾကာင့္ ေဒသခံေတြ လုံၿခံဳေရးအတြက္ စုိးရိမ္ေနၾကပါတယ္။
ဒီေန႔မနက္မွာလည္း ကဇုကုိင္းေက်းရြားအနီး မုိင္းေပါက္ကဲြမႈတခုျဖစ္ခဲ့ရာမွာ ထိခုိက္ဒဏ္ရာရသူ မရွိေပမဲ့ စုိးရိမ္ေနၾကတယ္လုိ႔ ေဒသခံတဦးက ေျပာပါတယ္။

“ က်မတို႔ကေတာ့ ဘယ္မွမသြားရဘူး။ဥယ်ာဥ္ေတြလည္း မသြားရဘူး။ စားဖို႔ ေသာက္ဖို႔လည္း ခက္ခဲေနၾကတယ္။ မိုင္းေတြလည္း ခဏခဏေပါက္တယ္။ အခုဆိုရင္ပိုဆိုးတာေပါ့ အမ္းၿမိဳ႕ နယ္ ကဇုကိုင္းမွာ ဆိုရင္ လူေသတာလည္း ရွိတယ္။ ေျမျမဳပ္မိုင္းေတြကို ႏွင္းမိလို႔ ေျချပတ္ လက္ျပေတြလည္းရွိတယ္။ စိုးရိမ္တာကေတာ့ မေျပာနဲ႔ေတာ့ စားစရာလည္းမရွိ္ ကိုဗက္ကာလ ကန္႔သတ္ထားတာကတစ္မ်ိဳး။ ဒီကလူေတြကေတာ့ ေတာေတာင္ေတြကိုပဲ မီွခိုၿပီးေနရတာ အခုက ေတာေတာင္တင္မက ကိုယ့္ရဲ႕ ရြာနီးနားေလးမွာ ရွိတဲ့ ဥယ်ာဥ္ေတြလည္း မသြားရ ဘယ္မွမသြားရတာ တစ္ႏွစ္ေက်ာ္ပါၿပီ။”

ကုဇုကိုင္းေက်းရြာအနီးမွာေတာ့ တပ္မေတာ္စခန္းေတြ အေျခစုိက္ထားသလုိ၊ AA ရခုိင္လက္နက္ကုိင္ အဖဲြ႔ရဲ႕ လႈပ္ရွားမႈေတြလည္း ရွိခဲ့ဖူးေပမဲ့ ဒီကေန႔ ေပါက္ကဲြမႈျဖစ္ခဲ့တဲ့ ေျမျမွုဳပ္မုိင္းအတြက္ ဘယ္သူ႔မွာ တာ၀န္ရွိသလဲ ဆုိတာကေတာ့ ရွင္းရွင္းလင္းလင္း မရွိပါဘူး။ လက္နက္ကုိင္တပ္ဖဲြ႔ေတြ လႈပ္ရွားရာေဒသမွာ မၾကာခဏႀကံဳေနရတဲ့ မုိင္းေပါက္ကဲြမႈေတြေၾကာင့္ ေဒသခံေတြ ထိခုိက္ေသဆုံးမႈေတြရွိေနေၾကာင္းလည္း အမ္းၿမိဳ႕နယ္ အေျခစုိက္ လူသားခ်င္းစာနာမႈဆိုင္ရာ ေစတနာ့ဝန္ထမ္း ကိုမ်ဳိးလြင္ကေျပာပါတယ္။

“ မိုင္းကြဲတာကေတာ့ အမ္းၿမိဳ႕နယ္ ကဇုကိုင္းေက်းရြာေပါ့ေနာ္။ အဲဒီေက်းရြာ အနီးမွာ ေပါက္တယ္ေပါ့ေနာ္။ ေပါက္တဲ့ ေနရာအနီးမွာေတာ့ တပ္မေတာ္က စခန္းခ်ထားတယ္ေပါ့ေနာ္။ ဒီဇင္ဘာလအတြင္းမွာ ၃ရက္ေန႔က တစ္ႀကိမ္ ၁၂ရက္ေန႔တႀကိမ္ ဒီဇင္ဘာ ၁၄ရက္ ေန႔တႀကိမ္ေပါ့ေနာ္။ အရင္ကလည္းည အဲဒီေနရာေတြမွာ မိုင္းေပါက္ခဲ့တာ ရွိတယ္။ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၃ရက္ေန႔က မိုင္းေပါက္ၿပီးေတာ့ အမ်ိဳးသမီးတစ္ဦး ေသဆံုးသြား တယ္ေပါ့ ေနာ္။”

တပ္မေတာ္ရဲ႕ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တည္ရွိရာ အမ္းၿမိဳ႕နယ္ဟာ ေတာင္ေပၚေဒသတခုျဖစ္တာေၾကာင့္ ေဒသခံအမ်ားစုဟာ ေတာင္ယာနဲ႔ ဥယ်ာဥ္ၿခံ စုိက္ပ်ဳိးေရးလုပ္ငန္းေတြကုိ အဓိကလုပ္ကုိင္ၾကပါတယ္။ ဒါေပမဲ့လည္း အခုအခါ စုိက္ပ်ဳိးေရး အဓိက အားထားေနၾကတဲ့ ေဒသခံေတြ ေျမျမွဳပ္မုိင္းအႏၱရာယ္ကုိ စိုးရိမ္ေနၾကတယ္လို႔လည္း ကိုမ်ိဳးလြင္ကေျပာပါတယ္။

“ အဲဖက္မွာေတာ့ နဂိုကတည္းက စစ္ေရးပဋိပကၡေတြ ရွိကတည္းပင္ ေဒသခံေတြက စိုးရိမ္ေနၾကတယ္။ အသက္လံုၿခံဳမႉ မရွိသလို ေဒသခံေတြက ခံစားရတယ္။ လက္နက္ႀကီးေတြနဲ႔ လွမ္းပစ္ၿပီးေတာ့ ေသဆံုးတာေတြ ဒဏ္ရာရတာေတြ ရွိတယ္ဆိုေတာ့ အဲဒီေနာက္ပိုင္း ေျမျမဳပ္မိုင္းေတြကလည္း ေတာက္ေလ်ာက္ေပါက္လာတယ္ဆိုေတာ့ အခုလက္ရွိ အပစ္အခတ္ ရပ္ထားတဲ့ ကာလမွာေတာင္မွ မိုင္းေတြ ေပါက္ကြဲေနတယ္ဆိုေတာ့ ေဒသခံေတြရဲ႕ အသက္လံုၿခံဳေရးအတြက္ အာမွခံလို႔မရတဲ့ အေနအထားမွာရွိေနတယ္ေပါ့ေနာ္။”

ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔အၾကား ၂ ႏွစ္တာ စစ္ေရးတင္းမာမႈ ကာလအတြင္း ေျမျမႇဳပ္မုိင္းနဲ႔ စစ္လက္က်န္ဗုံးေတြ ေပါက္ကြဲမႈေၾကာင့္ ထိခိုက္ေသဆုံးတာ ၃၃ ဦးထက္မနည္း ရွိခဲ့ေၾကာင္းလည္း ေဒသခံ လူထုအေျချပဳအဖဲြ႔ တခုျဖစ္တဲ့ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး (REC) ကမွတ္တမ္းတင္ထားပါတယ္။ ရခိုင္ျပည္နယ္က စစ္ေရးပဋိပကၡေတြအတြင္း အရပ္သား ထိခိုက္ေသဆုံးမႈေတြ ပိုမ်ားလာသလို စစ္ေရွာင္ဒုကၡသည္ ၂၃၀,၀၀၀ ေက်ာ္ ရွိေနၿပီလို႔လည္း ခန္႔မွန္းထားပါတယ္။

ႏုိ၀င္ဘာလ ၈ ရက္ေန႔က ရခုိင္ျပည္နယ္မွာ ေရြးေကာက္ပဲြ မက်င္းပျဖစ္ခဲ့တဲ့ ေဒသေတြမွာ ျပန္လည္က်င္းပႏုိင္မယ့္ အေျခအေနေတြ ဖန္တီးေပးဖုိ႔ AA အဖဲြ႔ရဲ႕ ကမ္းလွမ္းခ်က္ကုိ တပ္မေတာ္က လက္ခံခဲ့ၿပီးေနာက္ တုိက္ခုိက္မႈေတြ ရပ္ဆုိင္းေနတာ ၁ လေက်ာ္ေလာက္ ရွိေနေပမဲ့ ေျမျမွဳပ္မုိင္းအႏၱရာယ္ အပါအ၀င္ လုံၿခံဳေရးစုိးရိမ္မႈေၾကာင့္ ဒုကၡသည္ေတြ အမ်ားအျပား ေနရပ္မျပန္ရဲေသးပဲ ျဖစ္ေနပါတယ္။

ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး Michelle Bachelet (မီရွဲ ဘက္ရွလတ္) ကေတာ့ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတြက လက္နက္ကုိင္ ပဋိပကၡေတြအတြင္း အရပ္သား ထိခိုက္ေသဆုံးမႈေတြဟာ စစ္ရာဇဝတ္မႈေျမာက္ႏုိင္ေၾကာင္း စက္တင္ဘာလထဲ က်င္းပခဲ့တဲ့ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီမွာ သတိေပးထားပါတယ္။

----------------------------

ရခိုင္မွာ ေျမျမွုပ္မိုင္းအႏၱရာယ္ ႀကီးမားလာ
please wait

No media source currently available

0:00 0:04:07 0:00
တိုက္႐ိုက္ လင့္ခ္


{{Unicode}}

တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား စစ်ရေးတင်းမာမှုတွေ လျော့ကျနေချိန်မှာပဲ ရခိုင်ပြည်နယ်မှာ မိုင်းပေါက်ကွဲမှုတွေ ကြုံနေရတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတဲ့ အကြောင်း ကိုသက်နိုင် စစ်တွေမြို့ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ဒီလထဲ မြေမြုပ်မိုင်းပေါက်ကွဲမှု ၃ ကြိမ် ကြုံခဲ့ရတာကြောင့် ဒေသခံတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။
ဒီနေ့မနက်မှာလည်း ကဇုကိုင်းကျေးရွားအနီး မိုင်းပေါက်ကွဲမှုတခုဖြစ်ခဲ့ရာမှာ ထိခိုက်ဒဏ်ရာရသူ မရှိပေမဲ့ စိုးရိမ်နေကြတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ ကျမတို့ကတော့ ဘယ်မှမသွားရဘူး။ဥယျာဉ်တွေလည်း မသွားရဘူး။ စားဖို့ သောက်ဖို့လည်း ခက်ခဲနေကြတယ်။ မိုင်းတွေလည်း ခဏခဏပေါက်တယ်။ အခုဆိုရင်ပိုဆိုးတာပေါ့ အမ်းမြို့ နယ် ကဇုကိုင်းမှာ ဆိုရင် လူသေတာလည်း ရှိတယ်။ မြေမြုပ်မိုင်းတွေကို နှင်းမိလို့ ခြေပြတ် လက်ပြတွေလည်းရှိတယ်။ စိုးရိမ်တာကတော့ မပြောနဲ့တော့ စားစရာလည်းမရှိ ကိုဗက်ကာလ ကန့်သတ်ထားတာကတစ်မျိုး။ ဒီကလူတွေကတော့ တောတောင်တွေကိုပဲ မှီခိုပြီးနေရတာ အခုက တောတောင်တင်မက ကိုယ့်ရဲ့ ရွာနီးနားလေးမှာ ရှိတဲ့ ဥယျာဉ်တွေလည်း မသွားရ ဘယ်မှမသွားရတာ တစ်နှစ်ကျော်ပါပြီ။”

ကုဇုကိုင်းကျေးရွာအနီးမှာတော့ တပ်မတော်စခန်းတွေ အခြေစိုက်ထားသလို၊ AA ရခိုင်လက်နက်ကိုင် အဖွဲ့ရဲ့ လှုပ်ရှားမှုတွေလည်း ရှိခဲ့ဖူးပေမဲ့ ဒီကနေ့ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ မြေမြှုုပ်မိုင်းအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ လက်နက်ကိုင်တပ်ဖွဲ့တွေ လှုပ်ရှားရာဒေသမှာ မကြာခဏကြုံနေရတဲ့ မိုင်းပေါက်ကွဲမှုတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေရှိနေကြောင်းလည်း အမ်းမြို့နယ် အခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာ စေတနာ့ဝန်ထမ်း ကိုမျိုးလွင်ကပြောပါတယ်။

“ မိုင်းကွဲတာကတော့ အမ်းမြို့နယ် ကဇုကိုင်းကျေးရွာပေါ့နော်။ အဲဒီကျေးရွာ အနီးမှာ ပေါက်တယ်ပေါ့နော်။ ပေါက်တဲ့ နေရာအနီးမှာတော့ တပ်မတော်က စခန်းချထားတယ်ပေါ့နော်။ ဒီဇင်ဘာလအတွင်းမှာ ၃ရက်နေ့က တစ်ကြိမ် ၁၂ရက်နေ့တကြိမ် ဒီဇင်ဘာ ၁၄ရက် နေ့တကြိမ်ပေါ့နော်။ အရင်ကလည်းည အဲဒီနေရာတွေမှာ မိုင်းပေါက်ခဲ့တာ ရှိတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၃ရက်နေ့က မိုင်းပေါက်ပြီးတော့ အမျိုးသမီးတစ်ဦး သေဆုံးသွား တယ်ပေါ့ နော်။”

တပ်မတော်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ဟာ တောင်ပေါ်ဒေသတခုဖြစ်တာကြောင့် ဒေသခံအများစုဟာ တောင်ယာနဲ့ ဥယျာဉ်ခြံ စိုက်ပျိုးရေးလုပ်ငန်းတွေကို အဓိကလုပ်ကိုင်ကြပါတယ်။ ဒါပေမဲ့လည်း အခုအခါ စိုက်ပျိုးရေး အဓိက အားထားနေကြတဲ့ ဒေသခံတွေ မြေမြှုပ်မိုင်းအန္တရာယ်ကို စိုးရိမ်နေကြတယ်လို့လည်း ကိုမျိုးလွင်ကပြောပါတယ်။

“ အဲဖက်မှာတော့ နဂိုကတည်းက စစ်ရေးပဋိပက္ခတွေ ရှိကတည်းပင် ဒေသခံတွေက စိုးရိမ်နေကြတယ်။ အသက်လုံခြုံမှူ မရှိသလို ဒေသခံတွေက ခံစားရတယ်။ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ပြီးတော့ သေဆုံးတာတွေ ဒဏ်ရာရတာတွေ ရှိတယ်ဆိုတော့ အဲဒီနောက်ပိုင်း မြေမြုပ်မိုင်းတွေကလည်း တောက်လျောက်ပေါက်လာတယ်ဆိုတော့ အခုလက်ရှိ အပစ်အခတ် ရပ်ထားတဲ့ ကာလမှာတောင်မှ မိုင်းတွေ ပေါက်ကွဲနေတယ်ဆိုတော့ ဒေသခံတွေရဲ့ အသက်လုံခြုံရေးအတွက် အာမှခံလို့မရတဲ့ အနေအထားမှာရှိနေတယ်ပေါ့နော်။”

မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား ၂ နှစ်တာ စစ်ရေးတင်းမာမှု ကာလအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်လက်ကျန်ဗုံးတွေ ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးတာ ၃၃ ဦးထက်မနည်း ရှိခဲ့ကြောင်းလည်း ဒေသခံ လူထုအခြေပြုအဖွဲ့ တခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ကမှတ်တမ်းတင်ထားပါတယ်။ ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေအတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေ ပိုများလာသလို စစ်ရှောင်ဒုက္ခသည် ၂၃၀,၀၀၀ ကျော် ရှိနေပြီလို့လည်း ခန့်မှန်းထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ ဒေသတွေမှာ ပြန်လည်ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးပေးဖို့ AA အဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို တပ်မတော်က လက်ခံခဲ့ပြီးနောက် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းနေတာ ၁ လကျော်လောက် ရှိနေပေမဲ့ မြေမြှုပ်မိုင်းအန္တရာယ် အပါအဝင် လုံခြုံရေးစိုးရိမ်မှုကြောင့် ဒုက္ခသည်တွေ အများအပြား နေရပ်မပြန်ရဲသေးပဲ ဖြစ်နေပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet (မီရှဲ ဘက်ရှလတ်) ကတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေက လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေဟာ စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း စက်တင်ဘာလထဲ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ သတိပေးထားပါတယ်။

XS
SM
MD
LG