သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္ စစ္ေရွာင္ဒုကၡသည္ေတြ ေဘးကင္းလံုၿခံဳစြာေနရပ္ျပန္ေရး လိုအပ္ခ်က္ေတြရွိေန


ကခ်င္ဒုကၡသည္စခန္းျမင္ကြင္း (ေမလ ၂၁၊၂ဝ၂ဝ)

{{Zawgyi/Unicode}}

တရုတ္ ျမန္မာနယ္စပ္ စစ္ေရွာင္ဒုကၡသည္စခန္းေတြမွာ ႏွစ္ေပါင္းအတန္ၾကာခိုလႈံေနၾကတဲ့ ကခ်င္စစ္ေရွာင္ဒုကၡသည္ေတြ လာမယ့္ႏွစ္ဆန္းပိုင္းမွာ ေဘးကင္းလံုၿခံဳစိတ္ခ်စြာ ေနရပ္ျပန္ႏိုင္ေရး လိုအပ္ခ်က္ေတြရွိေနဆဲျဖစ္တယ္လို႔ ဒုကၡသည္စခန္း တာ၀န္ခံတခ်ဳိ႕က ဗီြအိုေအကိုေျပာပါတယ္။ လက္နက္ကိုင္ ပဋိပကၡေတြ ေလ်ာ့ပါးလာတဲ့ ကခ်င္ျပည္နယ္မွာ စစ္ေရွာင္ဒုကၡသည္ေတြ ေနရပ္ျပန္ေရး စီစဥ္ေနတဲ့ေနာက္ဆံုးအေျခအေနေတြကို ဗီြအိုေအ သတင္းေထာက္ ႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

တ႐ုတ္ႏုိင္ငံနဲ႔ နယ္စပ္မွာ ခုိလႈံေနၾကတဲ့ ဆဒုံးနဲ႔ ၀ိုင္းေမာ္ျမိဳ႕နယ္က ကခ်င္စစ္ေရွာင္ဒုကၡသည္ေတြ ေရွ႕ႏွစ္ထဲ ေနရပ္ျပန္ဖို႔စီစဥ္ေနတယ္လုိ႔ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အသင္း (KBC) ဥကၠဌ ေဒါက္တာ ခလန္ဆန္ဆြမ္က ဗီြအိုေအကို အခုလုိေျပာပါတယ္။

“မွတ္တိုင္(၆) ေပါ့ ဆဒုံး(၆)မွာရွိတဲ့ ကြ်န္ေတာ္တို႕ရြာ(၅)ရြာေပါ့။ ကန္ပိုက္တီလမ္းဖက္ကရြာ(၅)ရြာက အဲဒီမွာစစ္ေရွာင္ (၆၀)အိမ္ေထာင္စု။ လမ္းတေလွ်ာက္မွာေတာ့ ရွင္ၾကိဳင္ရယ္ ကဇုရယ္ ေပါင္းရင္ေတာ့ အိမ္ေထာင္စုကေတာ့(၂၅၀) (၃၀၀)ပတ္၀န္းက်င္ရွိပါတယ္။ လူဦးေရကေတာ့(၇၀၀)ပတ္၀န္းက်င္ေလာက္မွာရွိမွာပါ။ အဲဒီေနရာမွာသူတို႕ေနလို႕ မရေတာ့ဘူး။ တရုတ္ျပည္ဖက္ကလဲရိကၡာသယ္လို႕မရ။ ကြ်န္ေတာ္တို႕ဆီဖက္ကလဲ ရိကၡာသယ္ယူပို႕ေဆာင္ေရး လမ္းပမ္းဆက္သြယ္လဲခက္တယ္။ ၀ိုင္းေမာ္မွာေတာ့မ်ားတယ္။ ကြ်န္ေတာ္တို႕KBC Camp မွာေရာ RC Campမွာေတြ ေနာက္ျပီးမွ အဲဒီ၀ိုင္းေမာ္ျမိဳ႕နယ္ဘုန္းၾကီးေက်ာင္းမွာရွိပါတယ္။ လာမဲ့ႏွစ္မိုးမကုန္ခင္မွာ ကြ်န္ေတာ္တို႕ေရႊ႕ေျပာင္းဖို႕ အခုလုပ္ေနပါတယ္ဆိုတာေျပာခ်င္ပါတယ္။”

၂၀၁၁ ဇြန္လကေနစတင္ခဲ့တဲ့ ကခ်င္တေက်ာ့ျပန္စစ္ပြဲေၾကာင့္ သိန္းနဲ႕ခ်ီတဲ့ ကခ်င္စစ္ေဘးေရွာင္ေတြဟာ ျမစ္ၾကီးနား ၀ိုင္းေမာ္ ဆဒုံး ကန္ပိုက္တီ တရုတ္နယ္စပ္နဲ႕ KIOထိန္းခ်ဳပ္နယ္ေျမေတြမွာတိမ္းေရွာင္ေနၾကရတာပါ။ေနရပ္ျပန္မဲ့စစ္ေရွာင္တြကို လုံျခံဳတဲ့ေနရာမွာေနရာခ်ထားေပးမယ္လို႕ ေဒါက္တာခလန္ဆမ္ဆြန္ကေျပာပါတယ္။

“သူတို႕အရင္သူတို႕ရြာမွာဘဲ သူတို႕ေနခဲ့တဲ့ရြာေတြမွာဘဲ သူတို႕ျပန္ေနဖို႕ဆိုပါတယ္။ သူတို႕ေနခဲ့တဲ့ရြာေတြကေတာ့ အခုေတာ့ လုံျခံဳေရးကေတာ့စိတ္ပူစရာမလိုပါဘူး။ သူတို႕နယ္ျခားေစာင့္တပ္ေတြေနတဲ့ေနရာတ၀ိုက္ျဖစ္တာေပါ့။ ျပန္လို႕ရပါတယ္။ ဒီျမစ္ၾကီးနားနဲ႕ကန္ပိုင္တီလမ္းတလွ်ာက္ကရြာေတြျဖစ္ပါတယ္။”

ဒုကၡသည္ေတြကုိေတာ့ အနည္းဆုံး ၃ လမွ အမ်ားဆုံး ၆ လအထိ တာဝန္ယူသြားမယ္လုိ႔လည္း ကခ်င္ေဒသ စစ္ေဘးေရွာင္ ျပည္သူမ်ားအား ကူညီေစာင့္ေရွာက္ေရး ေကာ္မတီ KHCC ကေျပာပါတယ္။ ဒါေပမဲ့လည္း စစ္ေဘးဒုကၡသည္ေတြ ေနရပ္ျပန္ႏုိင္ဖုိ႔ လုိအပ္ခ်က္ေတြ ရွိေနေသးတယ္လုိ႔လည္း ၀ိုင္းေမာ္ျမိဳ႕နယ္မိုင္းနား (KBC) စခန္းတာ၀န္ခံ ဦးဘရမ္ဆိုင္းကေျပာပါတယ္။

“ျပန္မယ္ဆိုေတာ့ ပထမလိုအပ္တာကေတာ့ကိုယ္ေနထိုင္မဲ့ အေဆာက္အဦေတြေပါ့။ ေနာက္တခုက်ေတာ့ တခ်ိဳ႕က်ေတာ့ ေတာင္ယာေတြ ဘာေတြလုပ္ကိုင္စားေသာက္ၾကတယ္ဆိုေတာ့ အဲတာပြင့္လင္းရာသီမေရာက္ခင္အထိေတာ့ စား၀တ္ေနေရးအေထာက္အပ့ံေတြေတာ့ လိုအပ္မယ္လို႕ေတာ့ထင္ပါတယ္။ အဓိကကေတာ့ လုံျခံဳေရးကိစၥေတြ ေပါ့ေနာ္။

လက္္ရွိ ကခ်င္ျပည္နယ္အတြင္း ျမန္မာစစ္တပ္နဲ႕KIOကခ်င္လြတ္လပ္ေရးအဖြဲ႕တို႕အၾကား တိုက္ပြဲရပ္တန္႕ေနတဲ့ အေျခအေနေၾကာင့္ သူတို႕ေနရပ္ျပန္နိုင္ဖို႕ စစ္ေရွာင္ေကာ္မီတီေတြ KIOကခ်င္လြတ္လပ္ေရးအဖြဲ႕နဲ႕ အစိုးရအဖြဲ႕တို႕ ညိွႏွိဳင္းျပီး ေရွ႕ႏွစ္ဆန္းမွာ ပို႕ေဆာင္နိုင္မယ္လို႕ သူကဆိုပါတယ္။

စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္နိုင္ဖို႕အတြက္ နိုဝင္ဘာလ ၁၂ ရက္ေန႔က ဝိုင္းေမာ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး၊ ေျမစာရင္းဌာနႏွင့္ လူဝင္မႈႀကီးၾကပ္ေရးအဖြဲ႕မွ တာဝန္ရွိသူေတြက ေက်းရြာအတြင္း ကြင္းဆင္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနသလို ေနရပ္ျပန္မဲ့သူေတြရဲ႕စာရင္းလည္း ေကာက္ယူထားပါတယ္။ ၀ိုင္းေမာ္ျမိဳ႕နယ္ ဒဘတ္ယာန္ေက်းရြာကိုျပန္ဖို႕ စာရင္းေပးလာတာ အိမ္ေထာင္စု(၂၅၀) ေက်ာ္ လူဦးေရ (၈၀၀) ေက်ာ္ ရွိတယ္လို႔လည္း KHCC ရဲ႕စာရင္းမွာ ေဖၚျပထားပါတယ္။ ဒါေပမဲ့ စစ္ေဘးေရွာင္ေတြလုံျခဳံစိတ္ခ်စြာ ေနရပ္ျပန္နိုင္ဖို႕အတြက္ မိုင္းရွင္းလင္းေရးလုပ္ငန္း လုပ္ေဆာင္တာ မရွိေသးတဲ့အတြက္ ေဒသခံတခ်ိဳ႕ကလဲ ပူပင္ေနၾကပါတယ္။

ကခ်င္ျပည္နယ္မွာ၂၀၁၁ ခုႏွစ္မွ စတင္ျပီး တပ္မေတာ္ႏွင့္ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA တို႔ တစ္ေက်ာ့ျပန္ တိုက္ပြဲမ်ားေၾကာင့္ ၿမိဳ႕နယ္အသီးသီးက ျပည္သူေတြ နီးစပ္ရာ ေဒသဖက္ကိုထြက္ေျပးတိမ္းေရွာင္လာျပီး စစ္ေဘးေရွာင္စခန္းေတြမွာေနထိုင္ေနရတာပါ။

လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနရဲ႕စာရင္းမ်ားအရ ၂၀၁၈ ခုႏွစ္ ဧၿပီလအထိ စစ္ေဘးေရွာင္စခန္းေပါင္း ၉၁ ခုရွိၿပီး အိမ္ေထာင္စု ၈,၀၀၀ ေက်ာ္မွ လူဦးေရ ၄၀,၀၀၀ နီးပါးေနထိုင္ၾကတယ္လုိ႕ ေဖၚျပထားပါတယ္။

ဒါေပမဲ့ ကုလသမဂၢလူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏွိုင္းေရး႐ုံး (UNOCHA) က ျမန္မာနိုင္ငံတြင္း ပဋိပကၡေတြေၾကာင့္ ေရွာင္တိမ္းေနရသူ ၂၄၁,၀၀၀ ရွိၿပီး စက္တင္ဘာလအထိ စာရင္းေတြအရ ကခ်င္ျပည္နယ္မွ ၉ ေသာင္းခဲြေက်ာ္ ရွိေၾကာင္းလည္း သတင္းထုတ္ျပန္ထားပါတယ္။

........................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

တရုတ် မြန်မာနယ်စပ် စစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်းအတန်ကြာခိုလှုံနေကြတဲ့ ကချင်စစ်ရှောင်ဒုက္ခသည်တွေ လာမယ့်နှစ်ဆန်းပိုင်းမှာ ဘေးကင်းလုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေး လိုအပ်ချက်တွေရှိနေဆဲဖြစ်တယ်လို့ ဒုက္ခသည်စခန်း တာဝန်ခံတချို့က ဗွီအိုအေကိုပြောပါတယ်။လက်နက်ကိုင် ပဋိပက္ခတွေ လျော့ပါးလာတဲ့ ကချင်ပြည်နယ်မှာ စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ပြန်ရေး စီစဉ်နေတဲ့နောက်ဆုံးအခြေအနေတွေကို ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

တရုတ်နိုင်ငံနဲ့ နယ်စပ်မှာ ခိုလှုံနေကြတဲ့ ဆဒုံးနဲ့ ဝိုင်းမော်မြို့နယ်က ကချင်စစ်ရှောင်ဒုက္ခသည်တွေ ရှေ့နှစ်ထဲ နေရပ်ပြန်ဖို့စီစဉ်နေတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်း (KBC) ဥက္ကဌ ဒေါက်တာ ခလန်ဆန်ဆွမ်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“မှတ်တိုင်(၆) ပေါ့ ဆဒုံး(၆)မှာရှိတဲ့ ကျွန်တော်တို့ရွာ(၅)ရွာပေါ့။ ကန်ပိုက်တီလမ်းဖက်ကရွာ(၅)ရွာက အဲဒီမှာစစ်ရှောင် (၆၀)အိမ်ထောင်စု။ လမ်းတလျှောက်မှာတော့ ရှင်ကြိုင်ရယ် ကဇုရယ် ပေါင်းရင်တော့ အိမ်ထောင်စုကတော့(၂၅၀) (၃၀၀)ပတ်ဝန်းကျင်ရှိပါတယ်။ လူဦးရေကတော့(၇၀၀)ပတ်ဝန်းကျင်လောက်မှာရှိမှာပါ။ အဲဒီနေရာမှာသူတို့နေလို့ မရတော့ဘူး။ တရုတ်ပြည်ဖက်ကလဲရိက္ခာသယ်လို့မရ။ ကျွန်တော်တို့ဆီဖက်ကလဲ ရိက္ခာသယ်ယူပို့ဆောင်ရေး လမ်းပမ်းဆက်သွယ်လဲခက်တယ်။ ဝိုင်းမော်မှာတော့များတယ်။ ကျွန်တော်တို့KBC Camp မှာရော RC Campမှာတွေ နောက်ပြီးမှ အဲဒီဝိုင်းမော်မြို့နယ်ဘုန်းကြီးကျောင်းမှာရှိပါတယ်။ လာမဲ့နှစ်မိုးမကုန်ခင်မှာ ကျွန်တော်တို့ရွှေ့ပြောင်းဖို့ အခုလုပ်နေပါတယ်ဆိုတာပြောချင်ပါတယ်။”

၂၀၁၁ ဇွန်လကနေစတင်ခဲ့တဲ့ ကချင်တကျော့ပြန်စစ်ပွဲကြောင့် သိန်းနဲ့ချီတဲ့ ကချင်စစ်ဘေးရှောင်တွေဟာ မြစ်ကြီးနား ဝိုင်းမော် ဆဒုံး ကန်ပိုက်တီ တရုတ်နယ်စပ်နဲ့ KIOထိန်းချုပ်နယ်မြေတွေမှာတိမ်းရှောင်နေကြရတာပါ။နေရပ်ပြန်မဲ့စစ်ရှောင်တွကို လုံခြုံတဲ့နေရာမှာနေရာချထားပေးမယ်လို့ ဒေါက်တာခလန်ဆမ်ဆွန်ကပြောပါတယ်။

“သူတို့အရင်သူတို့ရွာမှာဘဲ သူတို့နေခဲ့တဲ့ရွာတွေမှာဘဲ သူတို့ပြန်နေဖို့ဆိုပါတယ်။ သူတို့နေခဲ့တဲ့ရွာတွေကတော့ အခုတော့ လုံခြုံရေးကတော့စိတ်ပူစရာမလိုပါဘူး။ သူတို့နယ်ခြားစောင့်တပ်တွေနေတဲ့နေရာတဝိုက်ဖြစ်တာပေါ့။ ပြန်လို့ရပါတယ်။ ဒီမြစ်ကြီးနားနဲ့ကန်ပိုင်တီလမ်းတလျှာက်ကရွာတွေဖြစ်ပါတယ်။”

ဒုက္ခသည်တွေကိုတော့ အနည်းဆုံး ၃ လမှ အများဆုံး ၆ လအထိ တာဝန်ယူသွားမယ်လို့လည်း ကချင်ဒေသ စစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ KHCC ကပြောပါတယ်။ ဒါပေမဲ့လည်း စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့လည်း ဝိုင်းမော်မြို့နယ်မိုင်းနား (KBC) စခန်းတာဝန်ခံ ဦးဘရမ်ဆိုင်းကပြောပါတယ်။

“ပြန်မယ်ဆိုတော့ ပထမလိုအပ်တာကတော့ကိုယ်နေထိုင်မဲ့ အဆောက်အဦတွေပေါ့။ နောက်တခုကျတော့ တချို့ကျတော့ တောင်ယာတွေ ဘာတွေလုပ်ကိုင်စားသောက်ကြတယ်ဆိုတော့ အဲတာပွင့်လင်းရာသီမရောက်ခင်အထိတော့ စားဝတ်နေရေးအထောက်အပံ့တွေတော့ လိုအပ်မယ်လို့တော့ထင်ပါတယ်။ အဓိကကတော့ လုံခြုံရေးကိစ္စတွေ ပေါ့နော်။

လက်ရှိ ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့KIOကချင်လွတ်လပ်ရေးအဖွဲ့တို့အကြား တိုက်ပွဲရပ်တန့်နေတဲ့ အခြေအနေကြောင့် သူတို့နေရပ်ပြန်နိုင်ဖို့ စစ်ရှောင်ကော်မီတီတွေ KIOကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အစိုးရအဖွဲ့တို့ ညှိနှိုင်းပြီး ရှေ့နှစ်ဆန်းမှာ ပို့ဆောင်နိုင်မယ်လို့ သူကဆိုပါတယ်။

စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ဖို့အတွက် နိုဝင်ဘာလ ၁၂ ရက်နေ့က ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြေစာရင်းဌာနနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတွေက ကျေးရွာအတွင်း ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ဆောင်နေသလို နေရပ်ပြန်မဲ့သူတွေရဲ့စာရင်းလည်း ကောက်ယူထားပါတယ်။ ဝိုင်းမော်မြို့နယ် ဒဘတ်ယာန်ကျေးရွာကိုပြန်ဖို့ စာရင်းပေးလာတာ အိမ်ထောင်စု(၂၅၀) ကျော် လူဦးရေ (၈၀၀) ကျော် ရှိတယ်လို့လည်း KHCC ရဲ့စာရင်းမှာ ဖေါ်ပြထားပါတယ်။ ဒါပေမဲ့ စစ်ဘေးရှောင်တွေလုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ဖို့အတွက် မိုင်းရှင်းလင်းရေးလုပ်ငန်း လုပ်ဆောင်တာ မရှိသေးတဲ့အတွက် ဒေသခံတချို့ကလဲ ပူပင်နေကြပါတယ်။

ကချင်ပြည်နယ်မှာ၂၀၁၁ ခုနှစ်မှ စတင်ပြီး တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ တစ်ကျော့ပြန် တိုက်ပွဲများကြောင့် မြို့နယ်အသီးသီးက ပြည်သူတွေ နီးစပ်ရာ ဒေသဖက်ကိုထွက်ပြေးတိမ်းရှောင်လာပြီး စစ်ဘေးရှောင်စခန်းတွေမှာနေထိုင်နေရတာပါ။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့စာရင်းများအရ ၂၀၁၈ ခုနှစ် ဧပြီလအထိ စစ်ဘေးရှောင်စခန်းပေါင်း ၉၁ ခုရှိပြီး အိမ်ထောင်စု ၈,၀၀၀ ကျော်မှ လူဦးရေ ၄၀,၀၀၀ နီးပါးနေထိုင်ကြတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကြောင့် ရှောင်တိမ်းနေရသူ ၂၄၁,၀၀၀ ရှိပြီး စက်တင်ဘာလအထိ စာရင်းတွေအရ ကချင်ပြည်နယ်မှ ၉ သောင်းခွဲကျော် ရှိကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG