သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ခ်င္း ဖလမ္းၿမိဳ႕နယ္တြင္း စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရးတိုက္ပြဲျဖစ္ပြား


Chinland Defence Force (CDF) အဖြဲ႔က ျမန္မာစစ္တပ္ဘက္ကသိမ္းဆည္းရမိတဲ့ စစ္ကားေပၚပါ ပစၥည္းမ်ားကို စစ္ေဆးေနစဥ္။ (ေမ ၂၁၊ ၂၀၂၁)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္နဲ႔ထိစပ္ေနတဲ့ ခ်င္းျပည္နယ္ဖလမ္းၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္ဖြဲ႕တခုကို ကေလးျပည္သူ႔ကာကြယ္ေရးအဖြဲ႔ PDF နဲ႔ ခ်င္းအမ်ိဳးသား ကာကြယ္ေရး CDNF ပူးေပါင္းတပ္ေတြက တနလၤာေန႔ညက ဝင္ေရာက္တိုက္ခိုက္ ခဲ့တဲ့အတြက္ အျပန္အလွန္ ပစ္ခတ္တိုက္ပြဲျဖစ္ခဲ့ပါတယ္။ ကေလးၿမိဳ႕တြင္းမွာလည္း ပစ္ခတ္ေပါက္ကြဲသံေတြၾကားေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအေၾကာင္းရန္ကုန္ကေန ေပးပို႔တဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕နယ္ စီးစံေက်း႐ြာဘက္မွာ တပ္စြဲေနတဲ့ စစ္ေကာင္စီတပ္ေတြကို ကေလးျပည္သူ႔ကာကြယ္ေရးအဖြဲ႕ PDF-Kalay နဲ႔ ခ်င္းအမ်ိဳးသားကာကြယ္ေရး CDNF ပူးေပါင္းတပ္ေတြက ဒီဇင္ဘာ ၂၀ ရက္ တနလၤာေန႔ညပိုင္းက စတင္တိုက္ ခိုက္ခဲ့တဲ့အတြက္ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ ႐ြာထဲလာေရာက္တပ္စြဲတာကို ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ ပူးေပါင္းတိုက္ခိုက္တာျဖစ္တယ္လို႔ ေဒသခံ ႐ြာသားတဦးက ခုလိုေျပာျပပါတယ္။

“ညအခ်ိန္ (၈) နာရီေလာက္က ဝင္ပစ္တာေလ။ ထိခိုက္မႈက တပ္ဘက္က တေယာက္ေလ်ာတယ္။ PDF ဘက္က တေယာက္ေလ်ာတယ္။ ႏွစ္ေယာက္ဒဏ္ ရာရတယ္။ ျဖစ္ပုံက သူတို႔က ႐ြာမွာတပ္စြဲထားတာေပါ့ေလ။ CNDF’ PDF ေပါင္းၿပီးေတာ့ျပန္ခ်တယ္ေလ။”

ည ၈ နာရီေလာက္မွာ စတင္တဲ့ တိုက္ပြဲအတြင္း ၂ ဘက္လုံး ထိခိုက္မႈရွိခဲ့တယ္လို႔ ခ်င္းအမ်ိဳးသားကာကြယ္ေရး CDNF ျပန္ၾကားေရး တာဝန္ရွိသူတဦး ကေျပာပါတယ္။

“စီးစံ႐ြာဘက္မွာျဖစ္တယ္။ သူတို႔က လက္နက္ႀကီးနဲ႔ အခ်က္ (၃၀) ေလာက္ပစ္တယ္။ က်ေနာ္တို႔ဘက္က PDF နဲ႔ပူးေပါင္း တိုက္တာေပါ့ေနာ။ ပူးေပါင္းတိုက္ေတာ့ PDF ဘက္က တေယာက္ေတာ့က်တယ္။ သူတို႔ဘက္ကတေယာက္ေတာ့ ထိမယ္ လို႔ ၾကားတယ္။”

ခုလို ဖလမ္းၿမိဳ႕နယ္ဘက္က တိုက္ပြဲအေျခအေနကိုသိရဖို႔ စစ္ေကာင္စီေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

စီးစံေက်း႐ြာမွာျဖစ္တဲ့ တိုက္ပြဲေၾကာင့္ စီးစံ႐ြာကအျပင္ အနီးကပ္ရက္မွာရွိတဲ့ ရွားေတာ၊ စကၠန႔္၊ ေျမာင္စုံ၊ ဆင္ေတာ စတဲ့ေက်း႐ြာေတြက ေထာင္ခ်ီတဲ့ေဒသခံေတြ ေဘးလြတ္ရာကို စစ္ေဘး တိမ္းေရွာင္ၾကရတယ္လို႔ ေဒသခံ႐ြာသားတဦးက ဆက္ေျပာပါတယ္။

“အဲဒီနားက႐ြာအကုန္လုံး ေရွာင္ေနရတာေပါ့။ ခန႔္မွန္းဦးေရက ၁,၀၀၀ နဲ႔ ၂,၀၀၀ ၾကားထဲမွာ။ ေလာေလာဆယ္ ေတာထဲမွာ ေရွာင္ေနရတယ္။”

စစ္ေျပးဒုကၡသည္ေတြဟာ ေဘးလြတ္ရာနဲ႔ ေဆြမ်ိဳးရွိရာ႐ြာဘက္ကို တိမ္းေရွာင္ေနၾကတယ္လို႔ ေျပာပါတယ္။ အလားတူ ဖလမ္းၿမိဳ႕နယ္နဲ႔ နယ္နမိတ္ထိစပ္ေနတဲ့ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕ တာဟန္းရပ္ကြက္မွာလည္း ညတုန္းက ေပါက္ကြဲသံနဲ႔ ပစ္ခတ္သံၾကားေနရတယ္လို႔ ကေလးၿမိဳ႕ခံတဦးကေျပာပါတယ္။

“တာဟန္းဘက္အျခမ္းပဲဗ် ညကေတာ့။ တာဟန္းဘက္အျခမ္းကေတာ့ ညက ေသနတ္သံရယ္။ ဗုံးသံေတြၾကားေနရတယ္။ တိုက္ပြဲျဖစ္တဲ့ပုံစံမ်ိဳးဗ်။”

ဘာေၾကာင့္ပစ္ခတ္မႈရွိတာကိုေတာ့ မသိရေသးသလို မနက္ပိုင္းမွာ ကေလးၿမိဳ႕ တြင္း ေနရာအေတာ္မ်ားမ်ားနဲ႔ ၿမိဳ႕အဝင္အထြက္ေတြမွာ စစ္ေကာင္စီတပ္ေတြကေန လုံၿခဳံေရးတင္းၾကပ္ၿပီး စစ္ေဆးေမးျမန္းမႈေတြလုပ္ေနတယ္လို႔လည္း ေျပာပါတယ္။

ကေလးၿမိဳ႕နယ္မွာ ျပည္သူ႔ကာကြယ္ေရး PDF အဖြဲ႕နဲ႔ စစ္တပ္အၾကား တိုက္ပြဲေတြ မၾကာမၾကာျဖစ္ေနသလို စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ကန႔္ကြက္တဲ့ ပုံစံမ်ိဳးစုံ ဆႏၵျပပြဲေတြလည္း ဆက္ၿပီးရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ချင်း ဖလမ်းမြို့နယ်တွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ထိစပ်နေတဲ့ ချင်းပြည်နယ်ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တခုကို ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF နဲ့ ချင်းအမျိုးသား ကာကွယ်ရေး CDNF ပူးပေါင်းတပ်တွေက တနင်္လာနေ့ညက ဝင်ရောက်တိုက်ခိုက် ခဲ့တဲ့အတွက် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ကလေးမြို့တွင်းမှာလည်း ပစ်ခတ်ပေါက်ကွဲသံတွေကြားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းရန်ကုန်ကနေ ပေးပို့တဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ချင်းပြည်နယ် ဖလမ်းမြို့နယ် စီးစံကျေးရွာဘက်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF-Kalay နဲ့ ချင်းအမျိုးသားကာကွယ်ရေး CDNF ပူးပေါင်းတပ်တွေက ဒီဇင်ဘာ ၂၀ ရက် တနင်္လာနေ့ညပိုင်းက စတင်တိုက် ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ရွာထဲလာရောက်တပ်စွဲတာကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်တာဖြစ်တယ်လို့ ဒေသခံ ရွာသားတဦးက ခုလိုပြောပြပါတယ်။

“ညအချိန် (၈) နာရီလောက်က ဝင်ပစ်တာလေ။ ထိခိုက်မှုက တပ်ဘက်က တယောက်လျောတယ်။ PDF ဘက်က တယောက်လျောတယ်။ နှစ်ယောက်ဒဏ် ရာရတယ်။ ဖြစ်ပုံက သူတို့က ရွာမှာတပ်စွဲထားတာပေါ့လေ။ CNDF’ PDF ပေါင်းပြီးတော့ပြန်ချတယ်လေ။”

ည ၈ နာရီလောက်မှာ စတင်တဲ့ တိုက်ပွဲအတွင်း ၂ ဘက်လုံး ထိခိုက်မှုရှိခဲ့တယ်လို့ ချင်းအမျိုးသားကာကွယ်ရေး CDNF ပြန်ကြားရေး တာဝန်ရှိသူတဦး ကပြောပါတယ်။

“စီးစံရွာဘက်မှာဖြစ်တယ်။ သူတို့က လက်နက်ကြီးနဲ့ အချက် (၃၀) လောက်ပစ်တယ်။ ကျနော်တို့ဘက်က PDF နဲ့ပူးပေါင်း တိုက်တာပေါ့နော။ ပူးပေါင်းတိုက်တော့ PDF ဘက်က တယောက်တော့ကျတယ်။ သူတို့ဘက်ကတယောက်တော့ ထိမယ် လို့ ကြားတယ်။”

ခုလို ဖလမ်းမြို့နယ်ဘက်က တိုက်ပွဲအခြေအနေကိုသိရဖို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

စီးစံကျေးရွာမှာဖြစ်တဲ့ တိုက်ပွဲကြောင့် စီးစံရွာကအပြင် အနီးကပ်ရက်မှာရှိတဲ့ ရှားတော၊ စက္ကန့်၊ မြောင်စုံ၊ ဆင်တော စတဲ့ကျေးရွာတွေက ထောင်ချီတဲ့ဒေသခံတွေ ဘေးလွတ်ရာကို စစ်ဘေး တိမ်းရှောင်ကြရတယ်လို့ ဒေသခံရွာသားတဦးက ဆက်ပြောပါတယ်။

“အဲဒီနားကရွာအကုန်လုံး ရှောင်နေရတာပေါ့။ ခန့်မှန်းဦးရေက ၁,၀၀၀ နဲ့ ၂,၀၀၀ ကြားထဲမှာ။ လောလောဆယ် တောထဲမှာ ရှောင်နေရတယ်။”

စစ်ပြေးဒုက္ခသည်တွေဟာ ဘေးလွတ်ရာနဲ့ ဆွေမျိုးရှိရာရွာဘက်ကို တိမ်းရှောင်နေကြတယ်လို့ ပြောပါတယ်။ အလားတူ ဖလမ်းမြို့နယ်နဲ့ နယ်နမိတ်ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်းရပ်ကွက်မှာလည်း ညတုန်းက ပေါက်ကွဲသံနဲ့ ပစ်ခတ်သံကြားနေရတယ်လို့ ကလေးမြို့ခံတဦးကပြောပါတယ်။

“တာဟန်းဘက်အခြမ်းပဲဗျ ညကတော့။ တာဟန်းဘက်အခြမ်းကတော့ ညက သေနတ်သံရယ်။ ဗုံးသံတွေကြားနေရတယ်။ တိုက်ပွဲဖြစ်တဲ့ပုံစံမျိုးဗျ။”

ဘာကြောင့်ပစ်ခတ်မှုရှိတာကိုတော့ မသိရသေးသလို မနက်ပိုင်းမှာ ကလေးမြို့ တွင်း နေရာအတော်များများနဲ့ မြို့အဝင်အထွက်တွေမှာ စစ်ကောင်စီတပ်တွေကနေ လုံခြုံရေးတင်းကြပ်ပြီး စစ်ဆေးမေးမြန်းမှုတွေလုပ်နေတယ်လို့လည်း ပြောပါတယ်။

ကလေးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ မကြာမကြာဖြစ်နေသလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ပုံစံမျိုးစုံ ဆန္ဒပြပွဲတွေလည်း ဆက်ပြီးရှိနေပါတယ်။

#MyanmarViolence #MyanmarMilitary #ChinFighting #VOABurmese

#ကလေး #ဖလမ်း #တာဟန်း #စစ်ပြေးဒုက္ခသည် #စီးစံကျေးရွာ #CNDF'PDF #PDF-KALAY #ဗွီအိုအေ

=============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG