သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်း မတူပီမြို့နယ်တွင်း စစ်ပွဲနဲ့ အဖမ်းအဆီးများရှိနေ


မတူပီမြို့နယ်ကနေ ပလက်ဝမြို့ကိုသွားတဲ့လမ်းက တိုက်ပွဲဖြစ်နေတဲ့ ထယ်ဗွေးကျေးရွာပြမြေပုံ။ (MIMU)
မတူပီမြို့နယ်ကနေ ပလက်ဝမြို့ကိုသွားတဲ့လမ်းက တိုက်ပွဲဖြစ်နေတဲ့ ထယ်ဗွေးကျေးရွာပြမြေပုံ။ (MIMU)

[[Zawgyi/Unicode]]

ချင်းပြည်နယ် မတူပီမြို့နယ်ထဲက ထယ်ဘွေးကျေးရွာမှာ ဒီနေ့ ဇန်နဝါရီ ၃ ရက်နေ့ မနက် အစောပိုင်းက ချင်းကာကွယ်ရေးအဖွဲ့နဲ့စစ်ကောင်စီတပ်တွေကြား မနေ့ညပိုင်းကတည်းက တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ မတူပီနယ်ထဲမှာ အဖမ်းအဆီး ပိုများလာနေတာမှာဒီဇင်ဘာလ တတိယပတ်ကနေ ဒီနေ့အထိ ဖမ်းဆီးခံရသူ ၁၇ ထက်မနည်းရှိပြီး ၁ ယောက်သေဆုံးခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်လာနဲ့ သတင်းကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေတဲ့ ချင်းပြည်နယ်ထဲက မတူပီမြို့နယ် ထယ်ဘွေးကျေးရွာမှာ ဒီနေ့ ဇန်နဝါရီလ ၃ ရက် မနက်ပိုင်းကလည်း ၂ ဘက်ကြား တိုက်ပွဲတွေဖြစ်နေပါတယ်။ မတူပီ-ပလက်ဝလမ်းမှာရှိတဲ့ ထယ်ဘွေးကျေးရွာမှာ မနေ့ညကတည်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မတူပီဒေသခံတဦးက ပြောပါတယ်။

“မနေ့ညကပေါ့နာ်- ထယ်ဘွေးကျေးရွာမှာ စကစ စခန်းရှိတယ်လေ။ တပ်စခန်းတယ်ဆိုတော့ အဲ့ဒီနေရာမှာ သူတို့က တိုက်ပွဲဖြစ်တယ်တဲ့။ မနေ့ညက အခုကလည်း အကျအဆုံးဘယ်လိုရှိသလဲဆိုတာ သူတို့က မသိရသေးဘူး။ အဲ့ဒီထည်ဘွေးရွာက လူတွေကျတော့ အားလုံးထွက်ပြေးကုန်ပြီ၊ မရှိတော့ဘူး။ အရင်ကတည်းက ထွက်ပြေးတာ။”

ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) ရဲ့ ထုတ်ပြန်ချက်မှာတော့ ထယ်ဘွေးကျေးရွာဘက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဒီနေ့ မနက် ၇ နာရီခွဲလောက်မှာ သူတို့အဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မတူပီမြို့နယ် အခြေစိုက် စစ်ကောင်စီဗျူဟာကုန်းမှာ တပ်စွဲထားတဲ့တပ်ရင်း (၁၄၀) က ပြီးခဲ့တဲ့ရက်ပိုင်းက ငလိုင်ကျေးရွာဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ ရွာဘက်ကို လက်နက်ကြီးနဲ့ မကြာခဏပစ် ခတ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ခုလို တိုက်ပွဲအခြေအနေရှိနေတာနဲ့အတူ မတူပီနယ်မှာ စစ်ကောင်စီရဲ့ အဖမ်းအဆီး စစ်ဆေးမှုတွေ ပိုမိုများလာတယ်လို့ ဒေသခံက ပြောပါတယ်။ စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်အာဏာဖီဆန်နေတဲ့ CDM ဝန်ထမ်းအပါအဝင် ဒီဇင်ဘာလ တတိယအပတ်ကနေ ဇန်နဝါရီ ၃ ရက်နေ့ အထိ ဖမ်းခံရသူ သိရသလောက် ၁၇ ဦးရှိတယ်လို့ မတူပီဒေသခံက ပြောပါတယ်။ ဖမ်းခံရသူတွေထဲက ၁ ဦး သေဆုံးခဲ့ပြီး ၅ ဦးပြန်လွတ်လာတယ်လို့ ပြောပါတယ်။

“ရွာကနေ လာတဲ့ဟာကျတော့ အဲ့ဒီ ၃ ယောက်ဖမ်းတဲ့ တယောက်ဆုံးသွားဆိုတဲ့ဟာက အဲ့ဒီ ၃ယောက်ကျတော့ ၂ ယောက်က လွတ်သွားတယ်။ တယောက်ကျတော့ သတင်းကို မသိရဘူး။ အဲ့ဒါနဲ့ဆိုရင် ၁၂ ယောက်ဖြစ်မှာပေါ့။ ပျောက်သွားတဲ့ဟာတယောက်၊ အခုဖမ်းထားတယ်။”

အဖမ်းခံရသူ တယောက်ကတော့ သေဆုံးသွားတယ်လို့ နောက်ဒေသခံ တယောက်ကလည်းပြောပါတယ်။

ဖမ်းခံရသူတချို့ဟာ မတူပီမြို့ပေါ်မှာ ဖမ်းဆီးခံရတာဖြစ်ပြီး တချို့ကတော့ မတူပီမြို့မှာ လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့လာစဉ် လမ်းမှာ ဖမ်းခံရတဲ့ ရွာသွားတွေဖြစ်ကြပါတယ်။ မတူပီမြို့ကနေ ပလက်ဝ၊ မင်းတပ် နဲ့ ဟားခါးဘက်ကို ဆက်သွယ်ထားတဲ့ လမ်းတလျှောက် စစ်တပ်က စစ်ဆေးရေးဂိတ်တွေလုပ်ထားပြီးမတူပီမြို့ဘက်ကို သွားတဲ့ ရွာသားတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးပြီး ဖမ်းဆီးနေတာလို့ ပြောပါတယ်။

ကျေးရွာက လူတွေ မြို့ပေါ်တက် ဈေးဝယ်ဖို့ အတော်လေး အန္တရာယ်များနေတယ်လို့ မတူပီမြို့နယ် ဒေသခံ တဦးက ပြောပါတယ်။ ကျေးရွာတွေမှာ ဆန် ဆီ ဆား စတဲ့ ကုန်ပစ္စည်းတွေ လုံလုံလောက်လောက် မရှိတာကြောင့် မျှတပြီး စားသောက်နေရတာလို့ ပြောပါတယ်။

“ကျနော်တို့က ဒီမှာ စားသောက်မှုမှာ ခက်ခဲတာကျတော့ ကျနော်တို့ ကျေးရွာမှာပေါ့နော်။ ကျေးရွာမှာ အရင်က ကျနော်တို့ IPD ကနေ စုထားတဲ့ ဆန် ပေါ့နော်။ အဲ့ ဆန် ရှိတာကို ကျနော်တို့က မျှပြီးတော့ စားသောက်နေကြတယ်။ အခုလည်း ပိုပိုပြီးတော့ အဲ့လိုမျိုး ကြပ်တည်းလာတာ။ အခုက ကျနော်တို့က မြို့ပေါ် မတက်ရဲအောင်ကို ဖမ်းဆီးခံရတဲ့ သူတွေလည်း ရှိနေပြီဆိုတော့လေ။ အဲ့လိုမျိုးတွေ မြို့ပေါ်တက်ဖို့က ကျနော်တို့အတွက် တော်တော်လေးကို အန္တရာယ်များနေတယ်။”

စစ်တပ်က အသွားအလာတွေ တင်းကြပ်ကန့်သတ်ထားတာကြောင့် ခရီးသည်တင် ယာဉ်တွေ၊ ကုန်စည်ပို့ဆောင်တဲ့ယာဉ်တွေ၊ မတူပီမြို့ထဲကို မသွားနိုင်သလောက်ဖြစ်နေပြီး ဓာတ်ဆီနဲ့ ကုန်စည် ပြတ်လတ်မှုနဲ့ ရင်ဆိုင်နေရဆဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတူပီမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းထဲက ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံစားကုန်တွေ ရောင်းဝယ်တာကို စစ်တပ်က ကန့်သတ်ထားပါတယ်။ ဘာသာရေး ခေါင်းဆောင်တွေရဲ့ တောင်းဆိုမှုကြောင့် ဒီဇင်ဘာလထဲမှာ ဈေးဆိုင်မှာ ပြန်ရောင်းခွင့်ပြုပေမယ့် ကုန်စည်ပို့ဆောင်တဲ့ယာဉ်တွေ သွားလာလို့ မရတာကြောင့် ကုန်စည်ပြတ်လပ်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဒေသခံတွေ ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]
















===========

XS
SM
MD
LG