သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီလက္ခ်က္ေၾကာင့္ ေသဆုံးသူ ၁,၇၈၂ ေယာက္ရွိ - AAPP


စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး ၿငိမ္းခ်မ္းစြာ ဆႏၵျပသူမ်ားကုိ ပစ္ခတ္ႏွိမ္နင္းေနတဲ့ စစ္ေကာင္စီတပ္ဖြဲ႔ဝင္အခ်ဳိ႕။ (မတ္ ၁၁၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္တပ္က အာဏာသိမ္းယူခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကေန ဒီႏွစ္ ဧၿပီလ ၂၂ ရက္ေန႔အထိဆိုရင္ ျမန္မာႏိုင္ငံတဝန္း စစ္ေကာင္စီလက္ခ်က္ေၾကာင့္ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ေသဆုံးသူအေရအတြက္ ၁,၇၈၂ ေယာက္ရွိၿပီလို႔ ေစာင့္ၾကည့္ မွတ္တမ္းတင္ေနတဲ့ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က ထုတ္ျပန္ထားပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ ဒီအေရအတြက္ဟာ လုပ္ႀကံ ခ်ဲ႕ကားထားတဲ့ အေရအတြက္ ျဖစ္တယ္ဆိုၿပီး ပယ္ခ်ထားပါတယ္။ ဒါေပမဲ့ စစ္တပ္နဲ႔ ရဲက ဖမ္းသြားၿပီးတဲ့ေနာက္ ေသဆုံးသြားတဲ့ သတင္းေတြ ထြက္ေနဆဲျဖစ္ၿပီး အဲဒါေတြနဲ႔ပတ္သက္လို႔ေတာ့ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္ေလ့ မရွိပါဘူး။ ဒါေပမဲ့လည္း စစ္တပ္သတင္းေပးလို႔ စြပ္စြဲခံရသူေတြ၊ ျပည္ခိုင္ၿဖိဳးပါတီဝင္ေတြ စသည္အားျဖင့္ သတ္ျဖတ္ခံရတာေတြ ရွိရင္ေတာ့ သတင္းထုတ္ျပန္ေလ့ ရွိပါတယ္။

စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ကန႔္ကြက္တဲ့ လႈပ္ရွားမႈအသီးသီးနဲ႔ ဆက္စပ္ၿပီး ဖမ္းဆီးခံထားရသူ၊ စြဲခ်က္တင္ခံထားရသူ ဒါမွမဟုတ္ ျပစ္ဒဏ္ခ်မွတ္ခံထားရသူေပါင္းက ၁၀,၂၉၀ ဦးရွိၿပီလို႔လည္း AAPP ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

စစ္အာဏာသိမ္းမႈ ဆန႔္က်င္ကန႔္ကြက္တဲ့ ၿငိမ္းခ်မ္းတဲ့ ဆႏၵျပပြဲေတြကို စစ္တပ္နဲ႔ရဲက ကားနဲ႔ဝင္တိုက္ၿပီး ၿဖိဳခြဲဖမ္းဆီးတာ အပါအဝင္ အၾကမ္းဖက္ႏွိမ္နင္းတာေတြ ဆက္လုပ္ေနတဲ့ၾကားမွာပဲ ရန္ကုန္နဲ႔ တျခားေဒသတခ်ိဳ႕မွာ ဆႏၵျပပြဲေတြ ႀကိဳးၾကားဆိုသလို ဆက္ရွိေနဆဲပါပဲ။

ဒါ့အျပင္ စစ္ေကာင္စီကို လက္နက္ကိုင္ ခုခံတြန္းလွန္တာေတြ၊ မိုင္းနဲ႔ခြဲ၊ ဗုံးနဲ႔ပစ္ စတဲ့နည္းလမ္းေတြနဲ႔ တိုက္ခိုက္တာေတြလည္း ေန႔စဥ္လို ဆက္ရွိေနပါတယ္။ အထူးသျဖင့္ေတာ့ စစ္ကိုင္းတိုင္း၊ မေကြးတိုင္း၊ ကယားျပည္နယ္၊ ခ်င္းျပည္နယ္၊ ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္ စတဲ့ေဒသေတြမွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံ ကာကြယ္ေရး PDF အဖြဲ႕ေတြ၊ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြၾကား တိုက္ခိုက္တာေတြ ေန႔စဥ္လို ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ ၁,၇၈၂ ယောက်ရှိ - AAPP

စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီနှစ် ဧပြီလ ၂၂ ရက်နေ့အထိဆိုရင် မြန်မာနိုင်ငံတဝန်း စစ်ကောင်စီလက်ချက်ကြောင့် အကြောင်းအမျိုးမျိုးနဲ့ သေဆုံးသူအရေအတွက် ၁,၇၈၂ ယောက်ရှိပြီလို့ စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီအရေအတွက်ဟာ လုပ်ကြံ ချဲ့ကားထားတဲ့ အရေအတွက် ဖြစ်တယ်ဆိုပြီး ပယ်ချထားပါတယ်။ ဒါပေမဲ့ စစ်တပ်နဲ့ ရဲက ဖမ်းသွားပြီးတဲ့နောက် သေဆုံးသွားတဲ့ သတင်းတွေ ထွက်နေဆဲဖြစ်ပြီး အဲဒါတွေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လေ့ မရှိပါဘူး။ ဒါပေမဲ့လည်း စစ်တပ်သတင်းပေးလို့ စွပ်စွဲခံရသူတွေ၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေ စသည်အားဖြင့် သတ်ဖြတ်ခံရတာတွေ ရှိရင်တော့ သတင်းထုတ်ပြန်လေ့ ရှိပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုအသီးသီးနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ၊ စွဲချက်တင်ခံထားရသူ ဒါမှမဟုတ် ပြစ်ဒဏ်ချမှတ်ခံထားရသူပေါင်းက ၁၀,၂၉၀ ဦးရှိပြီလို့လည်း AAPP ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲက ကားနဲ့ဝင်တိုက်ပြီး ဖြိုခွဲဖမ်းဆီးတာ အပါအဝင် အကြမ်းဖက်နှိမ်နင်းတာတွေ ဆက်လုပ်နေတဲ့ကြားမှာပဲ ရန်ကုန်နဲ့ တခြားဒေသတချို့မှာ ဆန္ဒပြပွဲတွေ ကြိုးကြားဆိုသလို ဆက်ရှိနေဆဲပါပဲ။

ဒါ့အပြင် စစ်ကောင်စီကို လက်နက်ကိုင် ခုခံတွန်းလှန်တာတွေ၊ မိုင်းနဲ့ခွဲ၊ ဗုံးနဲ့ပစ် စတဲ့နည်းလမ်းတွေနဲ့ တိုက်ခိုက်တာတွေလည်း နေ့စဉ်လို ဆက်ရှိနေပါတယ်။ အထူးသဖြင့်တော့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် စတဲ့ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေး PDF အဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ခိုက်တာတွေ နေ့စဉ်လို ရှိနေပါတယ်။

XS
SM
MD
LG