သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကရင္ ေလးေက့ေကာ္ၿမိဳ႕သစ္ တုိက္ပြဲျပင္းထန္


စစ္ေကာင္စီတပ္နဲ႔ ရင္ဆုိင္တုိက္ခုိက္ေနတဲ့ KNU တပ္ဖြဲ႔ဝင္အခ်ဳိ႕။

(Zawgyi / Unicode)

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ေလးေက့ေကာ္ၿမိဳ႕သစ္ထဲမွာ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ (KNLA)၊ ျပည္သူ႔ကာကြယ္ေရးတပ္ (PDF) ပူးေပါင္းတပ္ေတြနဲ႔ စစ္ေကာင္စီတပ္ေတြၾကားမွာ ဧၿပီလ ၁၀ ရက္ေန႔က တိုက္ပြဲ ျပင္းထန္ေနပါတယ္။ ဒီေန႔တိုက္ခိုက္မႈအတြင္း စစ္ေကာင္စီဘက္က ေလေၾကာင္းသုံး ပစ္ခတ္တာေတြလည္း ရွိတယ္လို႔ သိရပါတယ္။ အျပည့္အစုံကုိ ဗြီအိုေအသတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

KNU ကရင္အမ်ိဳးသားအစည္းအ႐ုံး တပ္မဟာ ၆ နယ္ေျမ ေလးေက့ေကာ္ျမိဳ႕သစ္က ရပ္ကြက္ေတြထဲမွာ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ (KNLA)၊ ျပည္သူ႔ကာကြယ္ေရးတပ္ (PDF) ပူးေပါင္းတပ္္ေတြနဲ့ စစ္ေကာင္စီတပ္ေတြၾကားမွာ ဧျပီလ ၁၀ ရက္ေန့က တိုက္ပြဲေတြ ျပင္းထန္ေနပါတယ္။ မနက္ ၂ နာရီေလာက္ကတည္းက ႏွစ္ဖက္တုိက္ပဲြေတြ ျဖစ္ေနတယ္လို့ ျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔က ဆုိပါတယ္။ တုိက္ပြဲေတြအတြင္း ေလေၾကာင္းကပါ တိုက္ခုိက္မႈေတြ လုပ္ခဲ့ေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔က ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုေစာမြန္က ေျပာျပပါတယ္။

“မနက္ ၂ နာရီကတည္းက တုိ္က္ပဲြျဖစ္ေနတယ္။ သူတို့က စစ္ေၾကာင္းေတြ ခ်ီတက္လာျပီး တုိက္ပဲြေတြ အႀကီးအက်ယ္ျဖစ္တယ္။ ခန့္မွန္းတာကေတာ့ သူတို့အင္အားက စစ္ေၾကာင္းတေၾကာင္းကို အင္အား ၂၀၀ ေလာက္ရွိတယ္။ အားလံုးေပါင္း စစ္ေၾကာင္း ၂ ေၾကာင္းဆုိေတာ့ အင္အား ၄၀၀ ေလာက္ရိွတယ္။ နယ္ေျမစိုးမိုးေရးဆိုျပီး ေလးေက့ေကာ္ကို ျပန္ျပီး စိုးမိုးေရးဆိုျပီး စစ္ေၾကာင္းေတြ ခ်ီလာတာေပါ့။ PDF နဲ့ KNU ပူးေပါင္းထားတဲ့ ေျပာက္က်ားတပ္ဖဲြ႔က ေလးေက့ေကာ္ထဲက က်ေနာ္တုိ့ ေနေနၾကေနရာဆုိေတာ့ ဘယ္ေနရာ ဘယ္ေနရာ ေရာက္သလဲဆုိတာ သိေနေတာ့ ကိုယ့္ေနရာကိုယ္ ေနၾကတာေပါ့။ အခုေတာ့ သူတုိ့ အထိနာေတာ့ ေလယာဥ္ပါ ပါလာတယ္။ ေလယာဥ္နဲ့လည္း ႀကဲတာေတြ လုပ္တယ္။”

ေလးေက့ေကာ္ျမိဳ႕သစ္ထဲမွာ ေဒသခံေတြက မေနရဲၾကဘဲ ေသာင္ရင္းျမစ္တေလွ်ာက္နဲ့ ေတာေတာင္ေတြထဲမွာပဲ စစ္ေဘးေရွာင္ေနတာေၾကာင့္ လက္နက္ႀကီးေတြ က်တဲ့အခါမွာေတာ့ ေဒသခံေတြရဲ႕ အိမ္ေတြ အေတာ္ပ်က္စီးတာေတြ ရွိေၾကာင္း ကိုေစာမြန္က ေျပာပါတယ္။

“က်ေနာ္တို့ဘက္ကေတာ့ ၂ ေယာက္ေလာက္ ဒဏ္ရာရတယ္။ လက္နက္ႀကီးက ေတာက္ေလ်ွာက္ပစ္တယ္။ မနက္ကတည္းက စစ္ေၾကာင္းထြက္ျပီဆုိ မသကၤာတဲ့ေနရာဆုိ လက္နက္ႀကီးနဲ့ အရင္ပစ္ျပီးမွ သြားတယ္။ ေလးေက့ေကာ္မွာက အိမ္ေတြပဲရွိတာ၊ ဗ်ဴဟာကုန္းကေန လွမ္းလွမ္းပစ္တာ၊ ေလယာဥ္နဲ့ႀကဲေတာ့ အိမ္ေတြလည္း ၿပိဳပ်က္တယ္၊ အိမ္ေတြလည္းထိတယ္၊ အိမ္ေပၚကုိက်တာမ်ားတယ္။”

ႏွစ္ဖက္တိုက္ပဲြေတြေၾကာင့္ေရာ လက္နက္ႀကီးေတြနဲ့ ပစ္ခတ္မႈေတြ၊ ေလေၾကာင္းကေန တိုက္ခိုက္မႈေတြေၾကာင့္ပါ စစ္ေဘးေရွာင္ေနတဲ့ ျပည္သူေတြကေတာ့ ထပ္မံၿပီး ေနရာေတြ ေရႊ႕ေျပာင္းျပီး ေျပးရပါတယ္။ တိုက္ပဲြျပင္းထန္တဲ့အတြက္ စစ္ေဘးေရွာင္ေတြ ပိုမ်ားလာတယ္လို့လည္း ကရင္လူ႔အခြင့္ေရးအဖဲြ႔ KHRG က ေျပာေရးဆိုခြင့့္ရွိသူ ေစာနန္ဒဆူးက အခုလိုေျပာပါတယ္။

“တပ္မဟာ ၆ အတြင္းမွာ စစ္ေဘးေရွာင္ေနရတဲ့ ျပည္သူေတြက မ်ားသထက္မ်ားလာတယ္။ ၃ ေသာင္းေလာက္ရွိေနၿပီ။ ဒီလို ရမ္းသမ္းပစ္ခတ္မႈေတြေၾကာင့္ ျပည္သူေတြက ထြက္ေျပးတိမ္းေရွာင္ေနရတယ္။”

တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္ကေရာ ေကအန္ယူနဲ့ ပူးေပါင္းတပ္ဖဲြ႔ဘက္ကပါ ထိခိုက္ဒဏ္ရာရတာေတြ ရွိေနသလို စစ္ေကာင္စီတပ္မ ၄၄ က ဗိုလ္ႀကီးတဦးကိုလည္း အရွင္ဖမ္းမိထားတယ္လို့ ပူးေပါင္းတပ္ဖဲြ႔ေတြဘက္က ဆိုပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ ဒီေန႔တုိက္ပဲြနဲ႔ ပတ္သက္လို့ သတင္းထုတ္ျပန္တာေတြ မရွိေသးပါဘူး။ ႏွစ္ဖက္တုိက္ပဲြေတြ ျပင္းထန္ေနျပီး ထိုင္း-ျမန္မာနယ္စပ္ မဲေဆာက္ျမိဳ့အနီး ျမန္မာဘက္မွာ စစ္ေကာင္စီဘက္က ေလေၾကာင္းကေန တုိက္ခိုက္မႈေတြ ရွိေနေၾကာင္း ထုိင္းသတင္းေတြမွာလည္း ေဖာ္ျပၾကပါတယ္။

ကရင္ ေလးေက့ေကာ္ၿမိဳ႕သစ္ တုိက္ပြဲျပင္းထန္
please wait

No media source currently available

0:00 0:03:10 0:00
တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ကရင် လေးကေ့ကော်မြို့သစ် တိုက်ပွဲပြင်းထန်

ကရင်ပြည်နယ် မြဝတီခရိုင်လေးကေ့ကော်မြို့သစ်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားမှာ ဧပြီလ ၁၀ ရက်နေ့က တိုက်ပွဲ ပြင်းထန်နေပါတယ်။ ဒီနေ့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လေကြောင်းသုံး ပစ်ခတ်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ လေးကေ့ကော်မြို့သစ်က ရပ်ကွက်တွေထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားမှာ ဧပြီလ ၁၀ ရက်နေ့က တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ မနက် ၂ နာရီလောက်ကတည်းက နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။ တိုက်ပွဲတွေအတွင်း လေကြောင်းကပါ တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်က ပြောပြပါတယ်။

“မနက် ၂ နာရီကတည်းက တိုက်ပွဲဖြစ်နေတယ်။ သူတို့က စစ်ကြောင်းတွေ ချီတက်လာပြီး တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်တယ်။ ခန့်မှန်းတာကတော့ သူတို့အင်အားက စစ်ကြောင်းတကြောင်းကို အင်အား ၂၀၀ လောက်ရှိတယ်။ အားလုံးပေါင်း စစ်ကြောင်း ၂ ကြောင်းဆိုတော့ အင်အား ၄၀၀ လောက်ရှိတယ်။ နယ်မြေစိုးမိုးရေးဆိုပြီး လေးကေ့ကော်ကို ပြန်ပြီး စိုးမိုးရေးဆိုပြီး စစ်ကြောင်းတွေ ချီလာတာပေါ့။ PDF နဲ့ KNU ပူးပေါင်းထားတဲ့ ပြောက်ကျားတပ်ဖွဲ့က လေးကေ့ကော်ထဲက ကျနော်တို့ နေနေကြနေရာဆိုတော့ ဘယ်နေရာ ဘယ်နေရာ ရောက်သလဲဆိုတာ သိနေတော့ ကိုယ့်နေရာကိုယ် နေကြတာပေါ့။ အခုတော့ သူတို့ အထိနာတော့ လေယာဉ်ပါ ပါလာတယ်။ လေယာဉ်နဲ့လည်း ကြဲတာတွေ လုပ်တယ်။”

လေးကေ့ကော်မြို့သစ်ထဲမှာ ဒေသခံတွေက မနေရဲကြဘဲ သောင်ရင်းမြစ်တလျှောက်နဲ့ တောတောင်တွေထဲမှာပဲ စစ်ဘေးရှောင်နေတာကြောင့် လက်နက်ကြီးတွေ ကျတဲ့အခါမှာတော့ ဒေသခံတွေရဲ့ အိမ်တွေ အတော်ပျက်စီးတာတွေ ရှိကြောင်း ကိုစောမွန်က ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ ၂ ယောက်လောက် ဒဏ်ရာရတယ်။ လက်နက်ကြီးက တောက်လျှောက်ပစ်တယ်။ မနက်ကတည်းက စစ်ကြောင်းထွက်ပြီဆို မသင်္ကာတဲ့နေရာဆို လက်နက်ကြီးနဲ့ အရင်ပစ်ပြီးမှ သွားတယ်။ လေးကေ့ကော်မှာက အိမ်တွေပဲရှိတာ၊ ဗျူဟာကုန်းကနေ လှမ်းလှမ်းပစ်တာ၊ လေယာဉ်နဲ့ကြဲတော့ အိမ်တွေလည်း ပြိုပျက်တယ်၊ အိမ်တွေလည်းထိတယ်၊ အိမ်ပေါ်ကိုကျတာများတယ်။”

နှစ်ဖက်တိုက်ပွဲတွေကြောင့်ရော လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ၊ လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့်ပါ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေကတော့ ထပ်မံပြီး နေရာတွေ ရွှေ့ပြောင်းပြီး ပြေးရပါတယ်။ တိုက်ပွဲပြင်းထန်တဲ့အတွက် စစ်ဘေးရှောင်တွေ ပိုများလာတယ်လို့လည်း ကရင်လူ့အခွင့်ရေးအဖွဲ့ KHRG က ပြောရေးဆိုခွင့်ရှိသူ စောနန်ဒဆူးက အခုလိုပြောပါတယ်။

“တပ်မဟာ ၆ အတွင်းမှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေက များသထက်များလာတယ်။ ၃ သောင်းလောက်ရှိနေပြီ။ ဒီလို ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ပြည်သူတွေက ထွက်ပြေးတိမ်းရှောင်နေရတယ်။”

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကရော ကေအန်ယူနဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်ကပါ ထိခိုက်ဒဏ်ရာရတာတွေ ရှိနေသလို စစ်ကောင်စီတပ်မ ၄၄ က ဗိုလ်ကြီးတဦးကိုလည်း အရှင်ဖမ်းမိထားတယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီနေ့တိုက်ပွဲနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာတွေ မရှိသေးပါဘူး။ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီး မြန်မာဘက်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်မှုတွေ ရှိနေကြောင်း ထိုင်းသတင်းတွေမှာလည်း ဖော်ပြကြပါတယ်။

XS
SM
MD
LG