သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏွစ္ကူးလႊတ္တဲ့ အက်ဥ္းသားေတြထဲ ႏိုင္ငံေရးမႈနဲ႔ ဖမ္းခံရသူေတြ မပါဝင္


စစ္ေကာင္စီရဲ႕ လြတ္ၿငိမ္းသက္သာခြင့္နဲ႔ အင္းစိန္အက်ဥ္းေထာင္က လြတ္ေျမာက္လာသူမ်ား။ (ဧၿပီ ၁၇၊ ၂၀၂၂။ ဓာတ္ပုံ - Viber Press)

(Zawgyi / Unicode)

စစ္ေကာင္စီကလႊတ္လိုက္တဲ့ အက်ဥ္းသား ၁,၆၀၀ ေက်ာ္ထဲမွာ ရာဇဝတ္မႈ က်ဴးလြန္သူေတြကို လႊတ္တာျဖစ္ၿပီး ႏိုင္ငံေရးအက်ဥ္းသားေတြ မပါသလို လႊတ္လိုက္တဲ့အထဲမွာ ႏိုင္ငံျခားသားေတြ ပါဝင္ေပမဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြားေရးအႀကံေပး ပါေမာကၡ Sean Turnell လည္း မပါဝင္ပါဘူး။

ႏိုင္ငံေရးအမႈနဲ႔ ဆႏၵျပ ကန႔္ကြက္သူေတြ လႊတ္လိုက္တဲ့အထဲမွာ မပါပါဘူးလို႔ အင္းစိန္အက်ဥ္းေထာင္ အရာရွိတဦးက ေအအက္ဖ္ပီ သတင္းဌာနကို ေျပာပါတယ္။

လႊတ္လိုက္တဲ့အထဲမွာ ကိုယ့္သားခ်င္းပါမလားလို႔ အင္းစိန္အက်ဥ္းေထာင္မွာ လာေစာင့္ၾကတဲ့ မိသားစုဝင္ေတြက လူ ၁၀၀ ေက်ာ္ ရွိပါတယ္။

စစ္အစိုးရရဲ႕ လြတ္ၿငိမ္းသက္သာခြင့္နဲ႔ လႊတ္လိုက္တဲ့ အက်ဥ္းသား ၁,၆၁၉ ေယာက္ရွိၿပီး ႏိုင္ငံျခားသား ၄၂ ေယာက္ ပါဝင္ပါတယ္။ လႊတ္လိုက္တဲ့သူေတြဟာ ေနာက္ထပ္ ျပစ္မႈက်ဴးလြန္ရင္ ယခင္ခ်မွတ္ခဲ့တဲ့ ျပစ္ဒဏ္ကိုလည္း တေပါင္းတည္း ျပန္လည္က်ခံရမယ္လို႔ ဆိုပါတယ္။

ယခင္ႏိုင္ငံေတာ္အႀကီးအကဲေတြ ျဖစ္ခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ ဦးႏု၊ ဦးေနဝင္း အပါအဝင္ ယခင္ ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ပါတီေခတ္ ေခါင္းေဆာင္ေတြနဲ႔ ဗိုလ္ခ်ဳပ္မွဴးႀကီးေစာေမာင္၊ ဗိုလ္ခ်ဳပ္မွဴးႀကီးသန္းေရႊနဲ႔တကြ စစ္ဗိုလ္ေဟာင္းေတြနဲ႔ အႏုပညာရွင္တခ်ိဳ႕ကိုလည္း ႏိုင္ငံေတာ္ ဘြဲ႔ထူးဂုဏ္ထူးေတြကို အခု ျမန္မာႏွစ္သစ္ကူးမွာ ခ်ီးျမႇင့္လိုက္ပါတယ္။

မၾကာခင္တုန္းကလည္း အႏုပညာရွင္ အမ်ားႀကီးကို ဘြဲ႔ထူးေတြ ခ်ီးျမႇင့္တာရွိသလို အခုတခါမွာလည္း ကြယ္လြန္သူ အႏုပညာရွင္ အေတာ္မ်ားမ်ားကို ဘြဲ႔ထူးဂုဏ္ထူးေတြ ခ်ီးျမႇင့္ေၾကာင္း ႏွစ္သစ္မွာ ေၾကညာခဲ့ပါတယ္။

ႏိုင္ငံေတာ္ႀကီး သာယာဝေျပာေရးနဲ႔ တိုင္းျပည္ စားေရရိကၡာ ေပါမ်ားေရးကို အမ်ိဳးသားေရး ရည္မွန္းခ်က္ ၂ ရပ္အျဖစ္ ထားရွိ ႀကိဳးပမ္းသြားမယ္လို႔ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က သူ႔ရဲ႕ ႏွစ္သစ္မိန႔္ခြန္းမွာ ေျပာသြားပါတယ္။

စစ္ေကာင္စီရဲ႕ စီးပြားေရးကိုင္တြယ္မႈအေပၚ ျပည္တြင္းျပည္ပ ယုံၾကည္မႈ နည္းပါးေနတာကို ဘယ္လိုျပင္ဆင္သြားမယ္ဆုိတာ ေျပာမသြားသလို ႏိုင္ငံျခား ေငြေၾကးလဲလွယ္မႈ ႏႈန္းထားေတြ တက္ေနၿပီး ကုန္ေစ်းႏႈန္းေတြ ျမင့္မားေနတာကို ဘယ္လိုကိုင္တြယ္သြားမယ္ဆိုတဲ့ တိက်တဲ့ အစီအစဥ္ ေၾကညာသြားတာကိုလည္း ႏွစ္အကူးမွာ မေတြ႔ရပါဘူး။

စစ္ေကာင္စီရဲ႕ သိသာတဲ့ စီးပြားေရးမူဝါဒကေတာ့ ေငြေၾကးထိန္းခ်ဳပ္ေရး မူဝါဒပဲ ျဖစ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

မြန်မာနှစ်ကူးလွှတ်တဲ့ အကျဉ်းသားတွေထဲ နိုင်ငံရေးမှုနဲ့ ဖမ်းခံရသူတွေ မပါဝင်

စစ်ကောင်စီကလွှတ်လိုက်တဲ့ အကျဉ်းသား ၁,၆၀၀ ကျော်ထဲမှာ ရာဇဝတ်မှု ကျူးလွန်သူတွေကို လွှတ်တာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ မပါသလို လွှတ်လိုက်တဲ့အထဲမှာ နိုင်ငံခြားသားတွေ ပါဝင်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ပါမောက္ခ Sean Turnell လည်း မပါဝင်ပါဘူး။

နိုင်ငံရေးအမှုနဲ့ ဆန္ဒပြ ကန့်ကွက်သူတွေ လွှတ်လိုက်တဲ့အထဲမှာ မပါပါဘူးလို့ အင်းစိန်အကျဉ်းထောင် အရာရှိတဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

လွှတ်လိုက်တဲ့အထဲမှာ ကိုယ့်သားချင်းပါမလားလို့ အင်းစိန်အကျဉ်းထောင်မှာ လာစောင့်ကြတဲ့ မိသားစုဝင်တွေက လူ ၁၀၀ ကျော် ရှိပါတယ်။

စစ်အစိုးရရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွှတ်လိုက်တဲ့ အကျဉ်းသား ၁,၆၁၉ ယောက်ရှိပြီး နိုင်ငံခြားသား ၄၂ ယောက် ပါဝင်ပါတယ်။ လွှတ်လိုက်တဲ့သူတွေဟာ နောက်ထပ် ပြစ်မှုကျူးလွန်ရင် ယခင်ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်ကိုလည်း တပေါင်းတည်း ပြန်လည်ကျခံရမယ်လို့ ဆိုပါတယ်။

ယခင်နိုင်ငံတော်အကြီးအကဲတွေ ဖြစ်ခဲ့တဲ့ ဝန်ကြီးချုပ် ဦးနု၊ ဦးနေဝင်း အပါအဝင် ယခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့တကွ စစ်ဗိုလ်ဟောင်းတွေနဲ့ အနုပညာရှင်တချို့ကိုလည်း နိုင်ငံတော် ဘွဲ့ထူးဂုဏ်ထူးတွေကို အခု မြန်မာနှစ်သစ်ကူးမှာ ချီးမြှင့်လိုက်ပါတယ်။

မကြာခင်တုန်းကလည်း အနုပညာရှင် အများကြီးကို ဘွဲ့ထူးတွေ ချီးမြှင့်တာရှိသလို အခုတခါမှာလည်း ကွယ်လွန်သူ အနုပညာရှင် အတော်များများကို ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်ကြောင်း နှစ်သစ်မှာ ကြေညာခဲ့ပါတယ်။

နိုင်ငံတော်ကြီး သာယာဝပြောရေးနဲ့ တိုင်းပြည် စားရေရိက္ခာ ပေါများရေးကို အမျိုးသားရေး ရည်မှန်းချက် ၂ ရပ်အဖြစ် ထားရှိ ကြိုးပမ်းသွားမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့ နှစ်သစ်မိန့်ခွန်းမှာ ပြောသွားပါတယ်။

စစ်ကောင်စီရဲ့ စီးပွားရေးကိုင်တွယ်မှုအပေါ် ပြည်တွင်းပြည်ပ ယုံကြည်မှု နည်းပါးနေတာကို ဘယ်လိုပြင်ဆင်သွားမယ်ဆိုတာ ပြောမသွားသလို နိုင်ငံခြား ငွေကြေးလဲလှယ်မှု နှုန်းထားတွေ တက်နေပြီး ကုန်ဈေးနှုန်းတွေ မြင့်မားနေတာကို ဘယ်လိုကိုင်တွယ်သွားမယ်ဆိုတဲ့ တိကျတဲ့ အစီအစဉ် ကြေညာသွားတာကိုလည်း နှစ်အကူးမှာ မတွေ့ရပါဘူး။

စစ်ကောင်စီရဲ့ သိသာတဲ့ စီးပွားရေးမူဝါဒကတော့ ငွေကြေးထိန်းချုပ်ရေး မူဝါဒပဲ ဖြစ်နေပါတယ်။

XS
SM
MD
LG