သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လြတ္ၿငိမ္းခြင့္ ေၾကညာထားေပမဲ့ မလြတ္ေျမာက္သူေတြ ရွိေနတဲ့အေပၚ ျပည္တြင္း၊ ျပည္ပစိုးရိမ္


ျပန္လြတ္လာႏိုး အင္းစိန္ေထာင္ေရွ႕ ေစာင့္ဆိုင္းေနၾကည့္သည့္ မိသားစုဝင္မ်ား (ေအာက္တိုဘာ ၁၈ ၊ ၂၀၂၁ )

[[ Zawgyi ]]

စစ္ေကာင္စီက ေၾကညာထားတဲ့ လြတ္ၿငိမ္းသက္သာခြင့္အမိန္႔နဲ႔ ျပန္လႊတ္ေပးမယ္လို႔ သတင္းထြက္ေန သူေတြထဲက လူသိထင္ရွားတဲ့ သတင္းစာဆရာ၊ စာေရးဆရာနဲ႔ အႏုပညာရွင္ေတြ ျပန္လည္လြတ္ေျမာက္လာျခင္း မရွိေသးဘူးလို႔ ရန္ကုန္ ေရွ႕ေနအသိုင္းအဝိုင္းက ေျပာပါတယ္။ ေထာင္နဲ႔ခ်ီတဲ့သူေတြရဲ႕အမႈကို ပိတ္သိမ္းၿပီး ျပန္လႊတ္ေပးမယ္လို႔ စစ္ေကာင္စီက ေၾကညာထားေပမယ့္ စစ္အာဏာသိမ္း ဆန္႔က်င္မႈေၾကာင့္ ဖမ္းဆီးထားသူေတြ ေတာ္ေတာ္မ်ားမ်ား ျပန္လြတ္ မလာေသးတဲ့ အေပၚမွာေတာ့ ကုလသမဂၢ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀န္းကလည္း စိုးရိမ္ေနတာပါ။ အျပည့္္အစုံကိုေတာ့ ကိုဉာဏ္ဝင္းေအာင္က ေျပာျပမွာ ျဖစ္ပါတယ္။

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္တဲ့ ဆႏၵျပပဲြအတြင္း ပါဝင္ခဲ့လို႔ အဖမ္းဆီးခံရၿပီး၊ ျမန္မာႏိုင္ငံ အက်ဥ္းေထာင္အသီးသီးမွာ အမႈရင္ဆိုင္ ၾကားနာစစ္ေဆးေနသူေတြထဲက လူ(၅)ေထာင္ေက်ာ္ရဲ႕အမႈေတြကို ပိတ္သိမ္းၿပီး ျပန္လႊတ္ေပးမယ္လို႔ စစ္ေကာင္စီက ေအာက္တိုဘာ(၁၈)ရက္ တနလၤာေန႔က ေၾကညာခဲ့တာပါ။

စစ္ေကာင္စီရဲ႕ လြတ္ၿငိမ္းသက္သာခြင့္အမိန္႔နဲ႔ ျပန္လြတ္မယ္လို႔ သတင္းထြက္ေန သူေတြထဲက လူသိထင္ရွားတဲ့ သတင္းစာဆရာ၊ စာေရးဆရာနဲ႔ အႏုပညာရွင္ေတြလည္း ျပန္လည္ လြတ္ေျမာက္လာျခင္း မရွိေသးဘူးလို႔ VOA ရဲ႕ပင္တိုင္ေဆာင္းပါးရွင္ သတင္းစာဆရာ ဦးစည္သူေအာင္ျမင့္ရဲ႕ အမႈလိုက္ေရွ႕ေန ေဒၚႏွင္းဝင္းေအာင္က ေျပာပါတယ္။

"စာေရးဆရာေတြလည္း မလြတ္ေသးဘူး။ ၿပီးေတာ့ ဆရာမႀကီး သန္းျမင့္ေအာင္တို႔ ဆိုရင္လည္း သိထားတာေတာ့ လြတ္မယ္ဆိုၿပီး သိထားတာေလ။ ဒါေပမဲ့ လြတ္တဲ့ထဲ ပါမလာဘူးေပါ့ေနာ္ ခုခ်ိန္ထိ။ ပိုင္တခြန္တို႔ ဆိုလည္း မလြတ္လာေသးဘူး။ "

သတင္းစာဆရာ ဦးစည္သူေအာင္ျမင့္လည္း ျပန္လည္လြတ္ေျမာက္လာျခင္း မရွိေသးပါဘူး။ ရာဇသတ္ႀကီးပုဒ္မ ၅၀၅(က) နဲ႔တရားစြဲခံထားရတဲ့ အႏုပညာရွင္ ၂၄ ေယာက္နဲ႔ လူသိမ်ားေက်ာ္ၾကားသူ ၁၀ ေယာက္ရဲ႕ အမႈေတြကိုလည္း ပိတ္သိမ္းခဲ့တယ္လို႔ အာဏာပိုင္ေတြဖက္က ေျပာထားပါတယ္။

ဖမ္းဆီးခဲ့သူေတြထဲက ေထာင္ခ်ီတဲ့ ႏိုင္ငံေရးလႈပ္ရွားသူေတြကို ျပန္လႊတ္ေပးမယ္လို႔ စစ္ေကာင္စီက ေျပာထားေပမယ့္ သူတို႔ ေျပာထားတဲ့ အေရအတြက္အတိုင္း ျပန္လည္လြတ္ေျမာက္လာတာ မေတြ႕ရေသးဘူးလို႔ ေရွ႕ေန ေဒၚႏွင္းဝင္းေအာင္က ဆိုပါတယ္။

" မိန္းကေလးေတြခ်ည္းပဲ ၂၀၀ နီးပါးက်န္ေသးတယ္၊ အေဆာင္ေတြမွာ က်န္ေနေသးတာ။ က်မတို႔ အမႈသည္ေတြနဲ႔ ေတြ႕တဲ့အခါမွာ သူတို႔ရဲ႕ ေျပာျပခ်က္အရ သိတာေပါ့ေနာ္။ ေယာက္်ားေလးေတြလည္း က်န္ေနခဲ့ေသးတယ္၊ ေတာ္ေတာ္မ်ားမ်ား က်န္ေသးတယ္။ အဲဒါ ၅၀၅ ေတြ ေျပာတာေနာ္။ ေပါက္ကဲြတို႔ ဘာတို႔ညာတို႔ အျခားဟာေတြ မဟုတ္ပဲနဲ႔ ၅၀၅ ေတြခ်ည္းပဲ က်န္တာသပ္သပ္။ သူတို႔ေျပာတာေတာ့ ရဲက စာရင္းေပးတဲ့သူပဲ သူတို႔လႊတ္ေပးရတာပါလို႔ပဲ ေျပာတာေပါ့။ က်မတို႔ အခုၾကည့္ရ သေလာက္ေတာ့ သူတို႔ေျပာထားတဲ့ ၄ ေထာင္ေက်ာ္ဆိုတာ မရွိေသးဘူး။ "

ျပန္လြတ္လာသူေတြထဲက တခ်ဳိ႕လည္း ျပန္လည္အဖမ္းဆီး ခံေနရတဲ့ အေျခအေနေတြ ရွိေနတာပါ။ ျမန္မာစစ္ေကာင္စီရဲ႕လုပ္ရပ္ဟာ ႏိုင္ငံတကာ ဖိအားေတြကိုေလွ်ာ့ဖို႔သာ ရည္ရြယ္ပုံရတယ္လို႔ လူ႔အခြင့္အေရးေရွ႕ေန ဦးမင္းလြင္ဦးက သုံးသပ္ပါတယ္။

" စစ္ေကာင္စီ လုပ္ေနတဲ့လုပ္ရပ္က ႏိုင္ငံတကာဖိအားေတြ သက္သာသြားေအာင္ ဆိုၿပီးေတာ့၊ အျပစ္မဲ့ ဖမ္းဆီထိန္းသိမ္းထားတဲ့ အက်ဥ္းသားေတြကိုေပ့ါေနာ္ တခ်ဳိ႕ ျပန္လႊတ္ေပးတယ္။ ေနာက္ၿပီးတခါ သူတို႔ ျပန္လႊတ္ေပးမယ္လို႔ ထုတ္ျပန္ထားတဲ့ စာရင္းနဲ႔ေတာင္ မကိုက္ေသးပဲနဲ႔ အခုလြတ္လာတဲ့ သူေတြက အေတာ္နည္းေသးတယ္ ဆိုတာေတြကို က်ေနာ္တို႔ ေတြ႕ရတယ္။ တခ်ဳိ႕က်ေတာ့လည္း လႊတ္ၿပီးခါမွ ျပန္ဖမ္းတယ္၊ ျပန္ဖမ္းခံရသူက ၁၁၀ ေက်ာ္ေလာက္ ရွိတယ္လို႔ သိရတယ္။ အဓိကေတာ့ဗ်ာ စစ္ေကာင္စီရဲ႕ ႐ိုးသားပြင့္လင္းမႈပဲ အဓိက လိုအပ္တာေပါ့ဗ်ာ။ အဲဒီေတာ့ ကတိေပးထားတဲ့အတိုင္း လႊတ္ေပးမယ္ ဆိုတဲ့သူေတြကို ျပန္လည္လႊတ္ေပးဖို႔ ၊ ေနာက္ၿပီးေတာ့ ဆက္လက္ၿပီး ဖမ္းဆီးထိန္းသိမ္းထားတဲ့ သူေတြကိုလည္း ထပ္မံလႊတ္ေပးဖို႔ လိုတယ္။ ဒါမွသာ ႏိုင္ငံတကာက စစ္ေကာင္စီေပၚမွာ အယုံအၾကည္ ရွိလာမွာ ျဖစ္တယ္။"

ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrew ကေတာ့ - အက်ဥ္းသား (၅,၀၀၀)ေက်ာ္ ျပန္လႊတ္ေပးမယ္လို႔ စစ္ေကာင္စီက ေၾကညာထားေပမဲ့ လႊတ္ေပးၿပီးမွ ျပန္လည္ဖမ္းဆီးေနတဲ့ သတင္းေတြကိုလည္း သူရရွိထားေၾကာင္း ေသာၾကာေန႔ နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္မွာ က်င္းပတဲ့ အေထြေထြညီလာခံ တတိယေကာ္မတီမွာ ေျပာဆိုခဲ့တာပါ။

မန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးခံခဲ့ရသူေပါင္း (၈,၀၀၀)ေက်ာ္ရွိၿပီး ၊ အဲဒီထဲမွာ သတင္းေထာက္ အနည္းဆုံး အေယာက္(၁၀၀)ပါဝင္ေၾကာင္းလည္း လူ႔အခြင့္အေရး ကိစၥေတြကို ကိုယ္တြယ္ရတဲ့ တတိယေကာ္မတီကို အထူးကိုယ္စားလွယ္က တင္ျပခဲ့ၿပီး၊ စစ္ေကာင္စီက ျပန္လႊတ္ေပးဖို႔ ကတိျပဳထားတဲ့အတိုင္း လက္ေတြ႕ ျဖစ္မျဖစ္ အနီးကပ္ေစာင့္ၾကည့္ေနေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

{{ Unicode }}

လွတ်ငြိမ်းခွင့် ကြေညာထားပေမဲ့ မလွတ်မြောက်သူတွေ ရှိနေတဲ့အပေါ် ပြည်တွင်း၊ ပြည်ပစိုးရိမ်

စစ်ကောင်စီက ကြေညာထားတဲ့ လွတ်ငြိမ်းသက်သာခွင့်အမိန့်နဲ့ ပြန်လွှတ်ပေးမယ်လို့ သတင်းထွက်နေ သူတွေထဲက လူသိထင်ရှားတဲ့ သတင်းစာဆရာ၊ စာရေးဆရာနဲ့ အနုပညာရှင်တွေ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ ရန်ကုန် ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။ ထောင်နဲ့ချီတဲ့သူတွေရဲ့အမှုကို ပိတ်သိမ်းပြီး ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာထားပေမယ့် စစ်အာဏာသိမ်း ဆန့်ကျင်မှုကြောင့် ဖမ်းဆီးထားသူတွေ တော်တော်များများ ပြန်လွတ် မလာသေးတဲ့ အပေါ်မှာတော့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကလည်း စိုးရိမ်နေတာပါ။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲအတွင်း ပါဝင်ခဲ့လို့ အဖမ်းဆီးခံရပြီး၊ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ အမှုရင်ဆိုင် ကြားနာစစ်ဆေးနေသူတွေထဲက လူ(၅)ထောင်ကျော်ရဲ့အမှုတွေကို ပိတ်သိမ်းပြီး ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီက အောက်တိုဘာ(၁၈)ရက် တနင်္လာနေ့က ကြေညာခဲ့တာပါ။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်အမိန့်နဲ့ ပြန်လွတ်မယ်လို့ သတင်းထွက်နေ သူတွေထဲက လူသိထင်ရှားတဲ့ သတင်းစာဆရာ၊ စာရေးဆရာနဲ့ အနုပညာရှင်တွေလည်း ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ VOA ရဲ့ပင်တိုင်ဆောင်းပါးရှင် သတင်းစာဆရာ ဦးစည်သူအောင်မြင့်ရဲ့ အမှုလိုက်ရှေ့နေ ဒေါ်နှင်းဝင်းအောင်က ပြောပါတယ်။

"စာရေးဆရာတွေလည်း မလွတ်သေးဘူး။ ပြီးတော့ ဆရာမကြီး သန်းမြင့်အောင်တို့ ဆိုရင်လည်း သိထားတာတော့ လွတ်မယ်ဆိုပြီး သိထားတာလေ။ ဒါပေမဲ့ လွတ်တဲ့ထဲ ပါမလာဘူးပေါ့နော် ခုချိန်ထိ။ ပိုင်တခွန်တို့ ဆိုလည်း မလွတ်လာသေးဘူး။ "

သတင်းစာဆရာ ဦးစည်သူအောင်မြင့်လည်း ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပါဘူး။ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့တရားစွဲခံထားရတဲ့ အနုပညာရှင် ၂၄ ယောက်နဲ့ လူသိများကျော်ကြားသူ ၁၀ ယောက်ရဲ့ အမှုတွေကိုလည်း ပိတ်သိမ်းခဲ့တယ်လို့ အာဏာပိုင်တွေဖက်က ပြောထားပါတယ်။

ဖမ်းဆီးခဲ့သူတွေထဲက ထောင်ချီတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီက ပြောထားပေမယ့် သူတို့ ပြောထားတဲ့ အရေအတွက်အတိုင်း ပြန်လည်လွတ်မြောက်လာတာ မတွေ့ရသေးဘူးလို့ ရှေ့နေ ဒေါ်နှင်းဝင်းအောင်က ဆိုပါတယ်။

" မိန်းကလေးတွေချည်းပဲ ၂၀၀ နီးပါးကျန်သေးတယ်၊ အဆောင်တွေမှာ ကျန်နေသေးတာ။ ကျမတို့ အမှုသည်တွေနဲ့ တွေ့တဲ့အခါမှာ သူတို့ရဲ့ ပြောပြချက်အရ သိတာပေါ့နော်။ ယောက်ျားလေးတွေလည်း ကျန်နေခဲ့သေးတယ်၊ တော်တော်များများ ကျန်သေးတယ်။ အဲဒါ ၅၀၅ တွေ ပြောတာနော်။ ပေါက်ကွဲတို့ ဘာတို့ညာတို့ အခြားဟာတွေ မဟုတ်ပဲနဲ့ ၅၀၅ တွေချည်းပဲ ကျန်တာသပ်သပ်။ သူတို့ပြောတာတော့ ရဲက စာရင်းပေးတဲ့သူပဲ သူတို့လွှတ်ပေးရတာပါလို့ပဲ ပြောတာပေါ့။ ကျမတို့ အခုကြည့်ရ သလောက်တော့ သူတို့ပြောထားတဲ့ ၄ ထောင်ကျော်ဆိုတာ မရှိသေးဘူး။ "

ပြန်လွတ်လာသူတွေထဲက တချို့လည်း ပြန်လည်အဖမ်းဆီး ခံနေရတဲ့ အခြေအနေတွေ ရှိနေတာပါ။ မြန်မာစစ်ကောင်စီရဲ့လုပ်ရပ်ဟာ နိုင်ငံတကာ ဖိအားတွေကိုလျှော့ဖို့သာ ရည်ရွယ်ပုံရတယ်လို့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

" စစ်ကောင်စီ လုပ်နေတဲ့လုပ်ရပ်က နိုင်ငံတကာဖိအားတွေ သက်သာသွားအောင် ဆိုပြီးတော့၊ အပြစ်မဲ့ ဖမ်းဆီထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေကိုပေ့ါနော် တချို့ ပြန်လွှတ်ပေးတယ်။ နောက်ပြီးတခါ သူတို့ ပြန်လွှတ်ပေးမယ်လို့ ထုတ်ပြန်ထားတဲ့ စာရင်းနဲ့တောင် မကိုက်သေးပဲနဲ့ အခုလွတ်လာတဲ့ သူတွေက အတော်နည်းသေးတယ် ဆိုတာတွေကို ကျနော်တို့ တွေ့ရတယ်။ တချို့ကျတော့လည်း လွှတ်ပြီးခါမှ ပြန်ဖမ်းတယ်၊ ပြန်ဖမ်းခံရသူက ၁၁၀ ကျော်လောက် ရှိတယ်လို့ သိရတယ်။ အဓိကတော့ဗျာ စစ်ကောင်စီရဲ့ ရိုးသားပွင့်လင်းမှုပဲ အဓိက လိုအပ်တာပေါ့ဗျာ။ အဲဒီတော့ ကတိပေးထားတဲ့အတိုင်း လွှတ်ပေးမယ် ဆိုတဲ့သူတွေကို ပြန်လည်လွှတ်ပေးဖို့ ၊ နောက်ပြီးတော့ ဆက်လက်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူတွေကိုလည်း ထပ်မံလွှတ်ပေးဖို့ လိုတယ်။ ဒါမှသာ နိုင်ငံတကာက စစ်ကောင်စီပေါ်မှာ အယုံအကြည် ရှိလာမှာ ဖြစ်တယ်။"

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrew ကတော့ - အကျဉ်းသား (၅,၀၀၀)ကျော် ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာထားပေမဲ့ လွှတ်ပေးပြီးမှ ပြန်လည်ဖမ်းဆီးနေတဲ့ သတင်းတွေကိုလည်း သူရရှိထားကြောင်း သောကြာနေ့ နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပတဲ့ အထွေထွေညီလာခံ တတိယကော်မတီမှာ ပြောဆိုခဲ့တာပါ။

မန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရသူပေါင်း (၈,၀၀၀)ကျော်ရှိပြီး ၊ အဲဒီထဲမှာ သတင်းထောက် အနည်းဆုံး အယောက်(၁၀၀)ပါဝင်ကြောင်းလည်း လူ့အခွင့်အရေး ကိစ္စတွေကို ကိုယ်တွယ်ရတဲ့ တတိယကော်မတီကို အထူးကိုယ်စားလှယ်က တင်ပြခဲ့ပြီး၊ စစ်ကောင်စီက ပြန်လွှတ်ပေးဖို့ ကတိပြုထားတဲ့အတိုင်း လက်တွေ့ ဖြစ်မဖြစ် အနီးကပ်စောင့်ကြည့်နေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG