သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လြတ္ေျမာက္လာသူေတြ ျပန္ဖမ္းခံရတဲ့အေပၚ စိုးရိမ္မႈေတြထြက္ေပၚ


မိသားစုဝင္ေတြ ျပန္လြတ္လာႏိုးနဲ႔ အင္းစိန္ေထာင္ေရွ႕ လာေစာင့္ေနသူမ်ား ( ၁၉ ေအာက္တိုဘာ ၂၀၂၁)

[[ Zawgyi ]]

အာဏာသိမ္း စစ္ေကာင္စီက ေအာက္တိုဘာလ ၁၈ ရက္ေန့မွာ ႏို္င္ငံေရးအက်ဥ္း ၁,၃၀၀ ေက်ာ္ကို ျပန္လႊတ္ေပးခဲ့ေပမယ့္ တခ်ိဳ့ကို ျပန္ျပီး ဖမ္းဆီးထားပါတယ္။ မိထၳီလာအက်ဥ္းေထာင္က လြတ္ျပီး ရဲစခန္းမွာ ထပ္မံအဖမ္းခံရသူ ၁၁ ေယာက္ထဲက ၄ ေယာက္ကိုေတာ့ ေအာက္တိုဘာလ ၁၉ ရက္ေန့မွာ ျပန္လႊတ္ေပးခဲ့ပါတယ္။ ျပန္လြတ္လာေပမယ့္ စိတ္မလံုျခံုမူေတြနဲ့ ေနထုိင္ေနရတယ္လုိ့ ျပန္လြတ္ေျမာက္လာသူေတြက ဆိုပါတယ္။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက ေျပာျပထားပါတယ္။

ျမန္မာအာဏာသိမ္း စစ္ေကာင္စီက ႏို္င္ငံေရးအက်ဥ္းသား ၁,၃၀၀ ေက်ာ္နဲ့ တရားစဲြဆုိခံထားရတဲ့ လူ ၄,၀၀၀ ေက်ာ္ကို ေအာက္တိုဘာလ ၁၈ ရက္ေန့မွာ ကန့္သတ္ခ်က္ေတြနဲ့ ျပန္လြတ္ေပးခဲ့ျပီး ျပန္လြတ္လာတဲ့ေန႔မွာပဲ ျပန္ျပီး အဖမ္းခံထားရသူေတြ လည္းရွိတာပါ။ မိထၳီလာ အက်ဥ္းေထာင္ကေန ၃၈ ေယာက္ ျပန္လႊတ္တဲ့အထဲက ၁၁ ေယာက္ကို ျပန္ျပီးဖမ္းဆီးထားပါတယ္။ ဒီထဲက ၄ ဦးကို ရဲစခန္းကေန ျပန္လႊတ္ေပးခဲ့ေၾကာင္း ၄ ဦးထဲက ျပန္လည္ လြတ္ေျမာက္လာသူတဦးက VOA ကုိ ေျပာျပပါတယ္။

"ေ၀မ်ိဳးေအာင္ရယ္ ေနလင္းေအာင္ ထြန္းေအာင္ေက်ာ္ ေစာနႏၵ က်ေနာ္တို့ ၁၁ ေယာက္ထဲမွာ ၄ ေယာက္။ က်န္တာက ၇ ေယာက္ က်န္ေသးတာေပါ့။ ၃၈ ေယာက္ထဲမွာ က်ေနာ္တို့ ၁၁ ေယာက္ပဲ ခ်န္ခဲ့တာေပါ့။ က်န္တဲ့သူေတြကေတာ့ ၁၈ ရက္ေန့ထဲကလြတ္သြားျပီ။ က်ေနာ္တုိ့ ၁၁ ေယာက္ကို အမွတ္(၁) ရဲစခန္းထဲ ေခၚသြားတာေပါ့။ က်ေနာ္တို့လည္း သတင္းအဆက္သြယ္ျပတ္တာ ၅ လေက်ာ္သြားျပီ သတင္းနဲ့ေ၀းေနတာ။ အခုက အျပင္မွာၾကားေနရတာက ျပန္လႊတ္ေပးတယ္ အိမ္ကိုလာျပန္ဖမ္းတယ္ဆိုလို့ အိမ္မွာသာေနေနရတာ ေနရတာ ေက်ာမလံုဘူးဗ်။"

ဘာေၾကာင့္ ျပန္လြတ္ေပးသလဲဆိုတာကို ေမးၾကည့္တဲ့အခါမွာ သူက အခုလိုေျပာျပပါတယ္။

"အဲဒါေတြလည္း က်ေနာ္တို့က ေထြေထြထူးထူး မသိဘူးဗ်။ က်ေနာ္တုိ့ကို အေစာပုိင္းမွာ စအဖ(စစ္ဖက္ေရးရာလံုျခံဳေရးတပ္ဖဲြ ့)က လာေခၚမယ္လို့ေျပာတယ္။ တျခားသူေတြကိုေတာ့ ၅၀(ည)နဲ့ကပ္လိုက္တယ္ဗ်။ က်ေနာ္တို့ကိုေတာ့ မကပ္ဘူး က်ေနာ္တို့ကိုေနာက္အမႈစဲြဖို့အတြက္ သက္ေသမရွိလို႔မ်ား စစ္ေၾကာေရးကို ျပန္ေခၚမလားဆိုျပီး အဲဒီလိုေတြးလိုက္မိတယ္။ ေနာက္မွ အဲဒီလို ျပန္လႊတ္ေပးလိုက္တာပဲ။ သူတို့က တပ္ခ်င္တဲ့အမႈ တပ္တာပဲ။ လမ္းေပၚမွာ ၿငိမ္းခ်မ္းစြာ ဆႏၵျပတာပဲေလ။ တုတ္တေခ်ာင္းေတာင္ မပါဘူး၊ အဲဒါကုိ ၅၀၅ နဲ့ စဲြခဲ့တာပဲေလ။ သူတို့ကေတာ့ သူတို့တပ္ခ်င္တဲ့ပုဒ္မ တပ္တာပဲ။"

ပုဒ္မ ၅၀(ည)ဆုိတာကေတာ့ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒျဖစ္ပါတယ္ ။ အခုဆိုရင္ မိထၳီလာ အက်ဥ္းေထာင္ထဲမွာေတာ့ ၅၀၅(က)အျပင္ ေနာက္ထပ္ ပုဒ္မေတြ တပ္ထားတဲ့အတြက္ မလြတ္ေသးသူေတြ ရွိေနေသးတယ္လို့ိဆုိပါတယ္။

" ၀မ္းတြင္းက ကုိမိုး၀င္းရယ္၊ ေနာက္ျပီးေတာ့ ဦး၀င္းေအာင္ရယ္ မိထၳီလာက ကိုေက်ာ္တို့ က်န္ခဲ့တယ္။ ေထာင္က်ထဲက အဲဒီ ၃ ေယာက္ က်န္ခဲ့တယ္။ အခ်ဳပ္ထဲက ဘယ္သူလြတ္သလဲ မလြတ္ဘူးလည္းဆုိတာ မသိဘူး။"

ပုဒ္မ ၅၀၅(က) နဲ့ တရားစဲြဆုိခံရသူေတြဟာ ေထာင္ဒဏ္ ၁ႏွစ္ အမိန္ခ်ခံရျပီးေနာက္၊ ေနာက္ထပ္ ၂ ႏွစ္ ထပ္တုိးကာ ၃ ႏွစ္ထိ ေထာင္ခ် ခံခဲ့ရတယ္လို့ဆိုပါတယ္။ အခု လြတ္ေျမာက္လာသူေတြဟာ ေနာက္တႀကိမ္ ျပစ္မႈ ထပ္မံက်ဴးလြန္ရင္ အဲဒီျပစ္ဒဏ္အျပင္ ယခုက်န္႐ွိတဲ့ ျပစ္ဒဏ္တုိ႔နဲ႔ေပါင္းၿပီး က်ခံရမယ္ဆိုတဲ့ ကန္႔သတ္ခ်က္နဲ႔ လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳခဲ့ေၾကာင္း၊ စစ္ေကာင္စီဘက္က ထုတ္ျပန္ထားပါတယ္ ရွင္။

တိုက္႐ိုက္ လင့္ခ္

{{ Unicode }}

လွတ်မြောက်လာသူတွေ ပြန်ဖမ်းခံရတဲ့အပေါ် စိုးရိမ်မှုတွေထွက်ပေါ်

အာဏာသိမ်း စစ်ကောင်စီက အောက်တိုဘာလ ၁၈ ရက်နေ့မှာ နိုင်ငံရေးအကျဉ်း ၁,၃၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် တချို့ကို ပြန်ပြီး ဖမ်းဆီးထားပါတယ်။ မိထ္ထီလာအကျဉ်းထောင်က လွတ်ပြီး ရဲစခန်းမှာ ထပ်မံအဖမ်းခံရသူ ၁၁ ယောက်ထဲက ၄ ယောက်ကိုတော့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ပြန်လွတ်လာပေမယ့် စိတ်မလုံခြုံမူတွေနဲ့ နေထိုင်နေရတယ်လို့ ပြန်လွတ်မြောက်လာသူတွေက ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက ပြောပြထားပါတယ်။

မြန်မာအာဏာသိမ်း စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား ၁,၃၀၀ ကျော်နဲ့ တရားစွဲဆိုခံထားရတဲ့ လူ ၄,၀၀၀ ကျော်ကို အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကန့်သတ်ချက်တွေနဲ့ ပြန်လွတ်ပေးခဲ့ပြီး ပြန်လွတ်လာတဲ့နေ့မှာပဲ ပြန်ပြီး အဖမ်းခံထားရသူတွေ လည်းရှိတာပါ။ မိထ္ထီလာ အကျဉ်းထောင်ကနေ ၃၈ ယောက် ပြန်လွှတ်တဲ့အထဲက ၁၁ ယောက်ကို ပြန်ပြီးဖမ်းဆီးထားပါတယ်။ ဒီထဲက ၄ ဦးကို ရဲစခန်းကနေ ပြန်လွှတ်ပေးခဲ့ကြောင်း ၄ ဦးထဲက ပြန်လည် လွတ်မြောက်လာသူတဦးက VOA ကို ပြောပြပါတယ်။

"ဝေမျိုးအောင်ရယ် နေလင်းအောင် ထွန်းအောင်ကျော် စောနန္ဒ ကျနော်တို့ ၁၁ ယောက်ထဲမှာ ၄ ယောက်။ ကျန်တာက ၇ ယောက် ကျန်သေးတာပေါ့။ ၃၈ ယောက်ထဲမှာ ကျနော်တို့ ၁၁ ယောက်ပဲ ချန်ခဲ့တာပေါ့။ ကျန်တဲ့သူတွေကတော့ ၁၈ ရက်နေ့ထဲကလွတ်သွားပြီ။ ကျနော်တို့ ၁၁ ယောက်ကို အမှတ်(၁) ရဲစခန်းထဲ ခေါ်သွားတာပေါ့။ ကျနော်တို့လည်း သတင်းအဆက်သွယ်ပြတ်တာ ၅ လကျော်သွားပြီ သတင်းနဲ့ဝေးနေတာ။ အခုက အပြင်မှာကြားနေရတာက ပြန်လွှတ်ပေးတယ် အိမ်ကိုလာပြန်ဖမ်းတယ်ဆိုလို့ အိမ်မှာသာနေနေရတာ နေရတာ ကျောမလုံဘူးဗျ။"

ဘာကြောင့် ပြန်လွတ်ပေးသလဲဆိုတာကို မေးကြည့်တဲ့အခါမှာ သူက အခုလိုပြောပြပါတယ်။

"အဲဒါတွေလည်း ကျနော်တို့က ထွေထွေထူးထူး မသိဘူးဗျ။ ကျနော်တို့ကို အစောပိုင်းမှာ စအဖ(စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့)က လာခေါ်မယ်လို့ပြောတယ်။ တခြားသူတွေကိုတော့ ၅၀(ည)နဲ့ကပ်လိုက်တယ်ဗျ။ ကျနော်တို့ကိုတော့ မကပ်ဘူး ကျနော်တို့ကိုနောက်အမှုစွဲဖို့အတွက် သက်သေမရှိလို့များ စစ်ကြောရေးကို ပြန်ခေါ်မလားဆိုပြီး အဲဒီလိုတွေးလိုက်မိတယ်။ နောက်မှ အဲဒီလို ပြန်လွှတ်ပေးလိုက်တာပဲ။ သူတို့က တပ်ချင်တဲ့အမှု တပ်တာပဲ။ လမ်းပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတာပဲလေ။ တုတ်တချောင်းတောင် မပါဘူး၊ အဲဒါကို ၅၀၅ နဲ့ စွဲခဲ့တာပဲလေ။ သူတို့ကတော့ သူတို့တပ်ချင်တဲ့ပုဒ်မ တပ်တာပဲ။"

ပုဒ်မ ၅၀(ည)ဆိုတာကတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြစ်ပါတယ် ။ အခုဆိုရင် မိထ္ထီလာ အကျဉ်းထောင်ထဲမှာတော့ ၅၀၅(က)အပြင် နောက်ထပ် ပုဒ်မတွေ တပ်ထားတဲ့အတွက် မလွတ်သေးသူတွေ ရှိနေသေးတယ်လို့ိဆိုပါတယ်။

" ဝမ်းတွင်းက ကိုမိုးဝင်းရယ်၊ နောက်ပြီးတော့ ဦးဝင်းအောင်ရယ် မိထ္ထီလာက ကိုကျော်တို့ ကျန်ခဲ့တယ်။ ထောင်ကျထဲက အဲဒီ ၃ ယောက် ကျန်ခဲ့တယ်။ အချုပ်ထဲက ဘယ်သူလွတ်သလဲ မလွတ်ဘူးလည်းဆိုတာ မသိဘူး။"

ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုခံရသူတွေဟာ ထောင်ဒဏ် ၁နှစ် အမိန်ချခံရပြီးနောက်၊ နောက်ထပ် ၂ နှစ် ထပ်တိုးကာ ၃ နှစ်ထိ ထောင်ချ ခံခဲ့ရတယ်လို့ဆိုပါတယ်။ အခု လွတ်မြောက်လာသူတွေဟာ နောက်တကြိမ် ပြစ်မှု ထပ်မံကျူးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် ယခုကျန်ရှိတဲ့ ပြစ်ဒဏ်တို့နဲ့ပေါင်းပြီး ကျခံရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း၊ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ် ရှင်။

XS
SM
MD
LG