သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လြတ္ေျမာက္လာသူတခ်ိဳ႕ ျပန္ဖမ္းဆီးခံရ


ျပန္လြတ္လာသူတဦး မိသားစုကုိ ဖံုးနဲ႔ဆက္သြယ္ေျပာဆိုေနစဥ္။

{{Zawgyi/Unicode}}

စစ္အာဏာသိမ္းတာကို ဆန႔္က်င္ဆႏၵျပကိစၥနဲ႔ ဖမ္းဆီးထိန္းသိမ္း၊ ေထာင္ဒဏ္ခ်မွတ္ ခံရသူေတြကို စစ္ေကာင္စီက တနလၤာေန႔မွာ ျပန္လႊတ္ေပးေပမဲ့ တခ်ိဳ႕ကို နာရီပိုင္းအတြင္းမွာပဲ ျပန္လည္ဖမ္းဆီးလိုက္တာေၾကာင့္ အမ်ားစုက ျပစ္တင္ ေဝဖန္ေနၾကပါတယ္။ ျပန္ၿပီး ဖမ္းဆီးခံရသူေတြရဲ႕ မိဘေတြကေတာ့ ထပ္တိုးပုဒ္မေတြနဲ႔ ရင္ဆိုင္ရေတာ့မယ့္ သူတို႔ကေလးေတြအတြက္ ပိုၿပီးစိုးရိမ္မိတယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုေအာင္ျမတ္သူက တင္ျပထားပါတယ္။

ႏိုင္ငံေရးအစြန္းေရာက္ေတြ၊ အၾကမ္းဖက္အုပ္စုေတြရဲ႕ လႈံ႕ေဆာ္မႈနဲ႔ တရား႐ုံးအသီးသီးမွာ တရားစြဲဆိုခံရ၊ အေရးယူခံရသူ အေယာက္ ၄,၀၀၀ ေက်ာ္ကို ျပန္လႊတ္ေပးလိုက္ၿပီလို႔ စစ္ေကာင္စီက ေၾကညာခဲ့ေပမဲ့ ညပိုင္းအတြင္းမွာပဲ ျပန္လည္ဖမ္းဆီးခံရသူေတြ အမ်ားအျပားရွိေနတာပါ။ လႊတ္ၿပီးမွ ျပန္ဖမ္းတဲ့အေျခအေနကို နားမလည္ႏိုင္ျဖစ္မိတယ္လို႔ ဖမ္းဆီးခံရသူတေယာက္ရဲ႕ မိခင္က ေျပာပါတယ္။

“မလႊတ္ခ်င္ရင္ မလႊတ္ပါနဲ႔။ သူတို႔ေတြ ၆ လျဖစ္ေနပါၿပီ။ အန္တီတို႔လည္း က်င့္သားရေနပါၿပီေလ။ မ်က္ႏွာေလးလာျပၿပီးေတာ့ ဘာလုပ္တာလဲ ျပန္ဖမ္းတယ္။ ၿပီးေတာ့ အမႈေတြ ထပ္တပ္တယ္။ ျပန္ဖမ္းခ်င္ရင္ မလႊတ္နဲ႔ေလ။ အာဆီယံကို အာခံခ်င္ရင္ တခါတည္း အာခံေလ၊ အေရွ႕က လႊတ္ျပၿပီး အေနာက္က အကုန္ျပန္ဖမ္းေနတာေလ။ အန္တီတို႔လည္း- မိဘေတြလည္း ပူေဆြးေနၾကတာပဲ။”

ျပန္ၿပီးဖမ္းဆီးခံရသူတခ်ိဳ႕ဟာ ပိုမိုျပင္းထန္တဲ့ ဥပေဒပုဒ္မေတြနဲ႔ ဆက္ၿပီးရင္ဆိုင္ရႏိုင္ေျခ ရွိတယ္လို႔လည္း အမည္မေဖာ္လိုတဲ့ ေရွ႕ေနတဦးက ဗြီအိုေအကို ေျပာပါတယ္။ အင္းစိန္ၿမိဳ႕နယ္က ဖမ္းဆီးခံရသူအမ်ားစုက ပုဒ္မသစ္ေတြနဲ႔ စြပ္စြဲခံရဖို႔မ်ားတယ္လို႔ သတင္းေတြထြက္ေပၚေနေၾကာင္းလည္း ဖမ္းဆီးခံရသူတဦးရဲ႕အိမ္သားတေယာက္က ေျပာပါတယ္။

“ညီမအေမဆိုရင္ မေန႔ကတေန႔တည္းကို သူ႔ကို ႏွစ္ခါ၊ ပထမတေခါက္လည္း လႊတ္မယ္ဆိုၿပီး တန္းစီေနရင္းမွ ျပန္ေခၚသြားတယ္၊ ေနာက္တေခါက္က်ေတာ့ ေထာင္မႉးက အျပင္ႀကီးကို ေရာက္ၿပီးမွ ျပန္ေခၚသြားတယ္။ ...ဆိုေတာ့ ညီမတို႔ မိသားစုအေနနဲ႔က ခံစားရတယ္။ အေမ့အေနနဲ႔ကလည္း ဘာပဲျဖစ္ျဖစ္ စိတ္ထိခိုက္မွာေပါ့ေနာ္၊ ကိုယ့္ဖာသာ ေနၿမဲအတိုင္းေလး ေနေနရင္ေတာင္ ပုံမွန္ေလး ေနလို႔ရဦးမယ္။ လြတ္ၿပီလြတ္ၿပီဆိုၿပီးေတာ့ အထုပ္ေတြဆြဲ၊ အျပင္ေရာက္ၿပီးမွ ျပန္ေခၚတာဆိုေတာ့ ခံစားခ်က္ကေတာ့ အေတာ္အဆင္မေျပဘူးေပါ့။ ပုဒ္မထပ္ကပ္မွာတဲ့ 122 ေပါ့ေနာ္၊ အဲဒီအတြက္ ျပန္ေခၚသြားတာတဲ့။ သူတို႔ေတြ လူမွားၿပီး လႊတ္လိုက္တာပါတဲ့။ အမွန္တကယ္ လႊတ္မယ့္အထဲမွာ မပါဘူးဆိုၿပီးေတာ့ အဲလို မိသားစုနဲ႔ေတာင္ ေတြ႔ခြင့္မရဘဲနဲ႔ ျပန္ေခၚသြားတာ။

ဖမ္းဆီးခံရသူ အမ်ားစုဟာ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၅၀၅- က နဲ႔ ဖမ္းဆီးခံရတာမ်ားၿပီး အက်ဥ္းေထာင္ေရာက္မွ တျခားပုဒ္မေတြနဲ႔ တပ္တိုးရင္ဆိုင္ေနရတာလည္း ရွိပါတယ္။ စစ္ေၾကာေရးမွာ စစ္ေဆးေမးျမန္းတုန္းကလည္း ႐ိုက္ႏွက္မႈေတြရွိေၾကာင္း မေန႔က ျပန္ၿပီးဖမ္းဆီးခံရတဲ့ ေ႐ႊျပည္သာၿမိဳ႕နယ္က ေက်ာင္းသားတဦးရဲ႕ မိခင္က ရင္ဖြင့္ပါတယ္။

“ေရၾကည္အိုင္ဆိုတာ အဆိုးဆုံးေနရာကို ပို႔တာပါဆိုၿပီး ေျပာ႐ုံေလးရွိေသးတယ္။ လာၿပီးေခၚသြားတယ္၊ စစ္ေၾကာေရးမွာ သူ႔ကို ႏွိပ္စက္ထားတယ္ေပါ့ေနာ္။ ေက်ာက္ ကပ္ သူကလႉထားတဲ့အခါက်ေတာ့ သူ႔ညီေလးကို ခ်ီတာေတာင္မွ ေမႀကီးရယ္ သားမခ်ီႏိုင္ပါဘူး ေအာင့္လို႔တဲ့၊ ႏွာတံေလးမွာေတာ့ သီးေနတယ္။ ေသနတ္ဒင္နဲ႔ ထုထားလို႔ေလ။ သားကို ဒီအဖုေလး ခြဲေပးပါလားတဲ့။ ႏွာတံေလးမွာ အသီးေလး ထေနလို႔ အဲလိုေလးပဲ ေျပာရပါေသးတယ္၊ ေနာက္ကေနလာၿပီး ျပန္ဖမ္းသြားေတာ့။”

“ညီမအေမဆိုရင္ မေန႔ကတေန႔တည္းကို ႏွစ္ခါ၊ ပထမတေခါက္ လႊတ္မယ္ဆိုၿပီး တန္းစီေနရင္းမွ ျပန္ေခၚသြားတယ္၊ ေနာက္တေခါက္က်ေတာ့ ေထာင္မႉးက အျပင္ႀကီးကို ေရာက္ၿပီးမွ ျပန္ေခၚသြားတယ္။ ... ကိုယ့္ဖာသာ ေနၿမဲအတိုင္းေလး ေနေနရင္ေတာင္ ပုံမွန္ေလး ေနလို႔ရဦးမယ္။ လြတ္ၿပီလြတ္ၿပီဆိုၿပီးေတာ့ အထုပ္ေတြဆြဲ၊ အျပင္ေရာက္ၿပီးမွ ျပန္ေခၚတာဆိုေတာ့ ခံစားခ်က္ကေတာ့ အေတာ္အဆင္မေျပဘူးေပါ့။ ပုဒ္မထပ္ကပ္မွာတဲ့ 122 ေပါ့ေနာ္၊ သူတို႔ေတြ လူမွားၿပီး လႊတ္လိုက္တာပါတဲ့။ အမွန္တကယ္ လႊတ္မယ့္အထဲမွာ မပါဘူးဆိုၿပီးေတာ့ မိသားစုနဲ႔ေတာင္ ေတြ႔ခြင့္မရဘဲနဲ႔ ျပန္ေခၚသြားတာ။”


ထင္ရွားတဲ့ ေရာ့ခ္အဆိုေတာ္ ေဇာ္ဝင္းထြဋ္ရဲ႕သား အဆိုေတာ္အီတိုးဟာဆိုရင္လည္း မၾကာေသးခင္ကပဲ အဖမ္းခံရၿပီး မေန႔ကညပိုင္းက ေနအိမ္ကို ျပန္ေရာက္လာခဲ့ေပမယ့္ ဒီကေန႔မနက္မွာေတာ့ သက္ဆိုင္ရာက ျပန္လည္ေခၚယူသြားတယ္လို႔ မိသားစုနဲ႔နီးစပ္တဲ့အသိုင္းအဝိုင္းကတဆင့္ သိရပါတယ္။ ဒါ့အျပင္ သ႐ုပ္ေဆာင္ အိျႏာေက်ာ္ဇင္၊ လူမႈကြန္ယက္မွာထင္ရွားသူ မဝင္းမင္းသန္းတို႔လည္း လြတ္မယ္ဆိုၿပီး စာရင္းထဲပါတယ္လို႔ သိရေပမယ့္ ခုအခ်ိန္အထိ မလြတ္ေျမာက္ေသးဘူးလို႔ သိရပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ ဆူပူဆႏၵျပသူေတြထဲမွာ ပါဝင္ၿပီး အေရးယူခံရသူေတြကို လူသားခ်င္း စာနာေထာက္ထားမႈကို အေလးထားတဲ့ အေနနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၁၉ အရ ျပန္လႊတ္ေပးလိုက္တယ္လို႔ ေအာက္တိုဘာ ၁၈ ရက္ေန႔စြဲနဲ႔ ထုတ္ျပန္ထားပါတယ္။ ျပည္သူလူထုရဲ႕ႏွလုံးစိတ္ဝမ္း ေအးခ်မ္းေစဖို႔ ႏိုင္ငံေတာ္အတြင္းက ျပစ္မႈဆိုင္ရာအမႈေတြကို ပိတ္သိမ္းသိမ္းၿပီး တရားစြဲဆို ခံေနရသူ အေယာက္ ၄၃၂၀ ကို ျပန္လႊတ္ေပးလိုက္ေၾကာင္း ဒီေၾကညာခ်က္မွာ ေရးသားထားတာပါ။

================

လြတ္ေျမာက္လာသူတခ်ိဳ႕ ျပန္ဖမ္းဆီးခံရ
please wait

No media source currently available

0:00 0:03:36 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

လွတ်မြောက်လာသူတချို့ ပြန်ဖမ်းဆီးခံရ

စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြကိစ္စနဲ့ ဖမ်းဆီးထိန်းသိမ်း၊ ထောင်ဒဏ်ချမှတ် ခံရသူတွေကို စစ်ကောင်စီက တနင်္လာနေ့မှာ ပြန်လွှတ်ပေးပေမဲ့ တချို့ကို နာရီပိုင်းအတွင်းမှာပဲ ပြန်လည်ဖမ်းဆီးလိုက်တာကြောင့် အများစုက ပြစ်တင် ဝေဖန်နေကြပါတယ်။ ပြန်ပြီး ဖမ်းဆီးခံရသူတွေရဲ့ မိဘတွေကတော့ ထပ်တိုးပုဒ်မတွေနဲ့ ရင်ဆိုင်ရတော့မယ့် သူတို့ကလေးတွေအတွက် ပိုပြီးစိုးရိမ်မိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုအောင်မြတ်သူက တင်ပြထားပါတယ်။

နိုင်ငံရေးအစွန်းရောက်တွေ၊ အကြမ်းဖက်အုပ်စုတွေရဲ့ လှုံ့ဆော်မှုနဲ့ တရားရုံးအသီးသီးမှာ တရားစွဲဆိုခံရ၊ အရေးယူခံရသူ အယောက် ၄,၀၀၀ ကျော်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ စစ်ကောင်စီက ကြေညာခဲ့ပေမဲ့ ညပိုင်းအတွင်းမှာပဲ ပြန်လည်ဖမ်းဆီးခံရသူတွေ အများအပြားရှိနေတာပါ။ လွှတ်ပြီးမှ ပြန်ဖမ်းတဲ့အခြေအနေကို နားမလည်နိုင်ဖြစ်မိတယ်လို့ ဖမ်းဆီးခံရသူတယောက်ရဲ့ မိခင်က ပြောပါတယ်။

“မလွှတ်ချင်ရင် မလွှတ်ပါနဲ့။ သူတို့တွေ ၆ လဖြစ်နေပါပြီ။ အန်တီတို့လည်း ကျင့်သားရနေပါပြီလေ။ မျက်နှာလေးလာပြပြီးတော့ ဘာလုပ်တာလဲ ပြန်ဖမ်းတယ်။ ပြီးတော့ အမှုတွေ ထပ်တပ်တယ်။ ပြန်ဖမ်းချင်ရင် မလွှတ်နဲ့လေ။ အာဆီယံကို အာခံချင်ရင် တခါတည်း အာခံလေ၊ အရှေ့က လွှတ်ပြပြီး အနောက်က အကုန်ပြန်ဖမ်းနေတာလေ။ အန်တီတို့လည်း- မိဘတွေလည်း ပူဆွေးနေကြတာပဲ။”

“ညီမအမေဆိုရင် မနေ့ကတနေ့တည်းကို နှစ်ခါ၊ ပထမတခေါက် လွှတ်မယ်ဆိုပြီး တန်းစီနေရင်းမှ ပြန်ခေါ်သွားတယ်၊ နောက်တခေါက်ကျတော့ ထောင်မှူးက အပြင်ကြီးကို ရောက်ပြီးမှ ပြန်ခေါ်သွားတယ်။ ... ကိုယ့်ဖာသာ နေမြဲအတိုင်းလေး နေနေရင်တောင် ပုံမှန်လေး နေလို့ရဦးမယ်။ လွတ်ပြီလွတ်ပြီဆိုပြီးတော့ အထုပ်တွေဆွဲ၊ အပြင်ရောက်ပြီးမှ ပြန်ခေါ်တာဆိုတော့ ခံစားချက်ကတော့ အတော်အဆင်မပြေဘူးပေါ့။ ပုဒ်မထပ်ကပ်မှာတဲ့ 122 ပေါ့နော်၊ သူတို့တွေ လူမှားပြီး လွှတ်လိုက်တာပါတဲ့။ အမှန်တကယ် လွှတ်မယ့်အထဲမှာ မပါဘူးဆိုပြီးတော့ မိသားစုနဲ့တောင် တွေ့ခွင့်မရဘဲနဲ့ ပြန်ခေါ်သွားတာ။”


ပြန်ပြီးဖမ်းဆီးခံရသူတချို့ဟာ ပိုမိုပြင်းထန်တဲ့ ဥပဒေပုဒ်မတွေနဲ့ ဆက်ပြီးရင်ဆိုင်ရနိုင်ခြေ ရှိတယ်လို့လည်း အမည်မဖော်လိုတဲ့ ရှေ့နေတဦးက ဗွီအိုအေကို ပြောပါတယ်။ အင်းစိန်မြို့နယ်က ဖမ်းဆီးခံရသူအများစုက ပုဒ်မသစ်တွေနဲ့ စွပ်စွဲခံရဖို့များတယ်လို့ သတင်းတွေထွက်ပေါ်နေကြောင်းလည်း ဖမ်းဆီးခံရသူတဦးရဲ့အိမ်သားတယောက်က ပြောပါတယ်။

“ညီမအမေဆိုရင် မနေ့ကတနေ့တည်းကို သူ့ကို နှစ်ခါ၊ ပထမတခေါက်လည်း လွှတ်မယ်ဆိုပြီး တန်းစီနေရင်းမှ ပြန်ခေါ်သွားတယ်၊ နောက်တခေါက်ကျတော့ ထောင်မှူးက အပြင်ကြီးကို ရောက်ပြီးမှ ပြန်ခေါ်သွားတယ်။ ...ဆိုတော့ ညီမတို့ မိသားစုအနေနဲ့က ခံစားရတယ်။ အမေ့အနေနဲ့ကလည်း ဘာပဲဖြစ်ဖြစ် စိတ်ထိခိုက်မှာပေါ့နော်၊ ကိုယ့်ဖာသာ နေမြဲအတိုင်းလေး နေနေရင်တောင် ပုံမှန်လေး နေလို့ရဦးမယ်။ လွတ်ပြီလွတ်ပြီဆိုပြီးတော့ အထုပ်တွေဆွဲ၊ အပြင်ရောက်ပြီးမှ ပြန်ခေါ်တာဆိုတော့ ခံစားချက်ကတော့ အတော်အဆင်မပြေဘူးပေါ့။ ပုဒ်မထပ်ကပ်မှာတဲ့ 122 ပေါ့နော်၊ အဲဒီအတွက် ပြန်ခေါ်သွားတာတဲ့။ သူတို့တွေ လူမှားပြီး လွှတ်လိုက်တာပါတဲ့။ အမှန်တကယ် လွှတ်မယ့်အထဲမှာ မပါဘူးဆိုပြီးတော့ အဲလို မိသားစုနဲ့တောင် တွေ့ခွင့်မရဘဲနဲ့ ပြန်ခေါ်သွားတာ။

ဖမ်းဆီးခံရသူ အများစုဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅- က နဲ့ ဖမ်းဆီးခံရတာများပြီး အကျဉ်းထောင်ရောက်မှ တခြားပုဒ်မတွေနဲ့ တပ်တိုးရင်ဆိုင်နေရတာလည်း ရှိပါတယ်။ စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းတုန်းကလည်း ရိုက်နှက်မှုတွေရှိကြောင်း မနေ့က ပြန်ပြီးဖမ်းဆီးခံရတဲ့ ရွှေပြည်သာမြို့နယ်က ကျောင်းသားတဦးရဲ့ မိခင်က ရင်ဖွင့်ပါတယ်။

“ရေကြည်အိုင်ဆိုတာ အဆိုးဆုံးနေရာကို ပို့တာပါဆိုပြီး ပြောရုံလေးရှိသေးတယ်။ လာပြီးခေါ်သွားတယ်၊ စစ်ကြောရေးမှာ သူ့ကို နှိပ်စက်ထားတယ်ပေါ့နော်။ ကျောက် ကပ် သူကလှူထားတဲ့အခါကျတော့ သူ့ညီလေးကို ချီတာတောင်မှ မေကြီးရယ် သားမချီနိုင်ပါဘူး အောင့်လို့တဲ့၊ နှာတံလေးမှာတော့ သီးနေတယ်။ သေနတ်ဒင်နဲ့ ထုထားလို့လေ။ သားကို ဒီအဖုလေး ခွဲပေးပါလားတဲ့။ နှာတံလေးမှာ အသီးလေး ထနေလို့ အဲလိုလေးပဲ ပြောရပါသေးတယ်၊ နောက်ကနေလာပြီး ပြန်ဖမ်းသွားတော့။”

ထင်ရှားတဲ့ ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်ရဲ့သား အဆိုတော်အီတိုးဟာဆိုရင်လည်း မကြာသေးခင်ကပဲ အဖမ်းခံရပြီး မနေ့ကညပိုင်းက နေအိမ်ကို ပြန်ရောက်လာခဲ့ပေမယ့် ဒီကနေ့မနက်မှာတော့ သက်ဆိုင်ရာက ပြန်လည်ခေါ်ယူသွားတယ်လို့ မိသားစုနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကတဆင့် သိရပါတယ်။ ဒါ့အပြင် သရုပ်ဆောင် အိနြာကျော်ဇင်၊ လူမှုကွန်ယက်မှာထင်ရှားသူ မဝင်းမင်းသန်းတို့လည်း လွတ်မယ်ဆိုပြီး စာရင်းထဲပါတယ်လို့ သိရပေမယ့် ခုအချိန်အထိ မလွတ်မြောက်သေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ ဆူပူဆန္ဒပြသူတွေထဲမှာ ပါဝင်ပြီး အရေးယူခံရသူတွေကို လူသားချင်း စာနာထောက်ထားမှုကို အလေးထားတဲ့ အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြန်လွှတ်ပေးလိုက်တယ်လို့ အောက်တိုဘာ ၁၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ ပြည်သူလူထုရဲ့နှလုံးစိတ်ဝမ်း အေးချမ်းစေဖို့ နိုင်ငံတော်အတွင်းက ပြစ်မှုဆိုင်ရာအမှုတွေကို ပိတ်သိမ်းသိမ်းပြီး တရားစွဲဆို ခံနေရသူ အယောက် ၄၃၂၀ ကို ပြန်လွှတ်ပေးလိုက်ကြောင်း ဒီကြေညာချက်မှာ ရေးသားထားတာပါ။

#MyanmarPoliticalPrisoners #MyanmarArrests #VOABurmese

#အီတိုး#အိန္ဒြာကျော်ဇင်#၁၂၂#၅၀၅က#အာဆီယံ

===============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG