သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လြတ္ေျမာက္လာသူတခ်ိဳ႕ ေနာက္ထပ္စြဲခ်က္နဲ႔ ျပန္ဖမ္းဆီးခံရ


သီတင္းကၽြတ္ လြတ္ၿငိမ္းသက္သာခြင့္နဲ႔ျပန္လြတ္လာသူမ်ား။ (၁၀/၁၈/၂၁)

{{Zawgyi/Unicode}}

သီတင္းကၽြတ္ကာလ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ စစ္ေကာင္စီက အက်ဥ္းသားေတြ ျပန္လႊတ္ေပးေနေပမယ့္ ျပန္လြတ္လာၿပီးမွ တျခားပုဒ္မေတြေၾကာင့္ ျပန္လည္ဖမ္းဆီးခံရသူေတြလည္း ႐ွိပါတယ္။ မေန႔ ေအာက္တုိဘာ ၁၈ ရက္က မိတၳီလာအက်ဥ္းေထာင္ကေန ျပန္လြတ္လာသူ ၄၃ ေယာက္ထဲက ၁၁ ဦးဟာ အက်ဥ္းေထာင္ေရွ႕မွာပဲ ေနာက္ထပ္ဆဲြဆိုခံထားရတဲ့ ပုဒ္မေတြနဲ႔ ျပန္လည္ဖမ္းဆီးခံခဲ့ရတယ္လို႔ မိသားစုေတြက ေျပာပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ မေအးေအးမာက အျပည့္အစံု တင္ျပေပးထားပါတယ္။

သီတင္းကၽြတ္အထိမ္းအမွတ္ လြတ္ၿငိမ္းသက္သာခြင့္နဲ႔ ျပစ္ဒဏ္က်ေနသူနဲ႔ အမႈရင္ဆိုင္ဆဲ ဖမ္းဆီးခံရထားရသူ ေထာင္ေက်ာ္ကို ေအာက္တုိဘာ ၁၈ ရက္ေန႔ကတည္းက စစ္ေကာင္စီက ျပန္လႊတ္ေပးေနတာမွာ တပ္မေတာ္ၿပိဳကဲြေအာင္လုပ္ေဆာင္မႈ ပုဒ္မ ၅၀၅ (က) နဲ႔ ဖ

“ျပန္ကလြတ္တယ္။ အဲဒီ ေထာင္ေရွ႕မွာပဲ ျပန္ေခၚသြားတယ္။ ျပန္ဖမ္းတာကေတာ့ ဒီလ (၇) ရက္ေန႔က ထပ္တိုးမႈဆိုၿပီး အဲဒါနဲ႔ေခၚသြားတယ္။ ျပစ္ဒဏ္ က အစမွာ တႏွစ္ခ်တယ္။ ေနာက္နည္းလို႔ဆိုၿပီး ၂ ႏွစ္ ထပ္တိုးလိုက္ေသးတယ္။ ျပန္ဖမ္းခံရတဲ့အထဲမွာ မိန္းကေလးတဦးလည္းပါသြားတယ္။ ....“ဘာခံစားရလဲဆိုေတာ့ ခံစားရတာထက္ ခံျပင္းတာပါ။ အမွန္ေတာ့ ဘာမွမေမ်ာ္လင့္ထားဘူး။ ဒီလိုလြတ္မယ္ဆိုတာ မေမွ်ာ္လင့္ထားဘူး။” (NLD မိတၳီလာခ႐ိုင္းအတြင္းေရးမႉးရဲ႕ဇနီး)


မ္းဆီးခံထားရသူေတြလည္း လြတ္လာၾကပါတယ္။ ဒါေပမဲ့ အဲဒီလို ျပန္လြတ္လာသူတခ်ဳိ႕ အိမ္ေတာင္ မျပန္ရခင္မွာပဲ တျခားပုဒ္မတပ္ထားတဲ့ အမႈေတြနဲ႔ ျပန္ၿပီး ဖမ္းဆီးခံခဲ့ၾကရပါတယ္။

မိထၳီလာအက်ဥ္းေထာင္ကေန မေန႔က လြတ္ေျမာက္လာသူ ၄၀ ေက်ာ္ထဲက ၁၁ ဦး ေထာင္ ေ႐ွ႕မွာပဲ ျပန္ၿပီး ဖမ္းဆီးခံရတယ္လို႔ မိသားစုဝင္ေတြက ဗီြအုိေအကိုေျပာပါတယ္။ ျပန္ဖမ္းခံရ သူ တေယာက္က အမ်ိဳးသားဒီမိုကေရစီအဖဲြခ်ဳပ္ မိထၳီလာခရိုင္အတြင္းေရးမွဴး ကုိသက္ေမာင္ေမာင္ျဖစ္ပါတယ္။ ၅၀၅ (က) အမႈအတြက္ လြတ္လာေပမဲ့ တျခားအမႈအတြက္ ျပန္ဖမ္းခံခဲ့ရပံုကို ဇနီးျဖစ္သူက ကုိအခုလိုေျပာျပပါတယ္။

သီတင္းကၽြတ္ လြတ္ၿငိမ္းသက္သာခြင့္နဲ႔ျပန္လြတ္လာမယ့္သူေတြကို ေစာင့္ေမွ်ာ္ေနသူ မိသားစုဝင္မ်ား။ (၁၀/၁၈/၂၁)
သီတင္းကၽြတ္ လြတ္ၿငိမ္းသက္သာခြင့္နဲ႔ျပန္လြတ္လာမယ့္သူေတြကို ေစာင့္ေမွ်ာ္ေနသူ မိသားစုဝင္မ်ား။ (၁၀/၁၈/၂၁)


“ျပန္ကလြတ္တယ္။ အဲဒီ ေထာင္ေရွ႕မွာပဲ က်မေတာင္ မေတြ႔လိုက္ရဘူး။ ေထာင္ေရွ႕မွာပဲ ျပန္ေခၚသြားတယ္။ ၅၀၅ (က) ပဲ။ ျပန္ဖမ္းတာကေတာ့ ဒီလ (၇) ရက္ေန႔က ထပ္တိုးမႈဆိုၿပီး အဲဒါနဲ႔ေခၚသြားတယ္။ ၄ လပုိင္း ၁၃ ရက္ေန႔ ကဖမ္းတာ။ ျပစ္ဒဏ္က အစမွာ တႏွစ္ခ်တယ္။ ေနာက္နည္းလို႔ဆိုျပီး ၂ ႏွစ္ ထပ္တုိးလိုက္ေသးတယ္။ ျပန္ဖမ္းခံရတဲ့အထဲမွာ မိန္းကေလးတဦးလည္းပါသြားတယ္။”

စစ္တပ္အာဏာသိမ္းလိုက္ခ်ိန္မွာ ကိုသက္ေမာင္ေမာင္ကို ပုဒ္မ ၅၀၅ (က)နဲ႔ တရားခဲ့ပါတယ္။ အစပိုင္း သူတိမ္းေ႐ွာင္ေနခဲ့ေပမဲ့ ဧၿပီလမွာ ဖမ္းမိခဲ့ၿပီး ေထာင္တႏွစ္ခ်ခံခဲ့ရပါတယ္။ ေနာက္ ပို္င္းမွာ ေထာင္ ၂ ႏွစ္ ထပ္တိုး ေထာင္ခ်ခဲ့ပါတယ္။ ေအာက္တုိဘာလအေစာပိုင္းကေတာ့ ေနာက္ထပ္ပုဒ္မတခု ထပ္တုိးတရားစြဲခံခဲ့ရတာပါ။ မိသာစုကေတာ့ လက္နက္မႈလုိ႔ေျပာေပမဲ့ အတိအက် ဘာပုဒ္မလဲဆိုတာေတာ့ မသိၾကပါဘူး။ ခုလိုျပန္လြတ္လာၿပီးမွ ျပန္ဖမ္းခံရတာ ဘယ္ကို ေခၚသြားလဲဆိုတာကိုေတာ့ မိသားစုက မသိရေသးပါဘူး။

“ဘာခံစားရလဲဆိုေတာ့ ခံစားရတာထက္ ခံျပင္းတာပါ။ အမွန္ေတာ့ ဘာမွမေမ်ာ္လင့္ထားဘူး။ ဒီလိုလြတ္မယ္ဆုိတာ မေမ်ွာ္လင့္ထားဘူး။ ဒီလိုပဲ ကိုသက္ေမာင္ေမာင္တို့ပါမယ္လို့ သိရတယ္။က်မက အိမ္မွာစာသင္ျပီးေတာ့ ကိုသက္ေမာင္ေမာင္တို႔ ေထာင္အေပါက္ေရာက္ေနျပီ ဆုိေတာ့ က်မလည္း ခ်က္ခ်င္းသြားတာပဲ။ ဒါေပမယ့္မမွွီလိုက္ပါဘူး။ မေန့က ရဲစခန္းေတြလည္းအႏွံ႔ သြားတယ္။ မေတြ႔လိုက္ပါဘူး။”

“လြတ္ၿပီးမွ ျပန္ဖမ္းတာ။ မိဘေတြေတာင္ မျမင္လိုက္ရပါဘူး။ မိဘေတြအေနနဲ႔ ဝမ္းနည္းတာေပါ့ဗ်ာ။ သူမ်ားေတြကေတာ့ လြတ္လာလို႔ ေပ်ာ္ၾကလို႔ ငိုၾကတာေပါ့ဗ်ာ။ က်ေနာ္တို႔ကေတာ့ ျမင္ေတာင္မျမင္လိုက္ရဘူး။ လက္ထိပ္နဲ႔ ျပန္အဖမ္းခံရတယ္ဆိုေတာ့ ဝမ္းနည္းလို႔ ငိုရတာေပါ့။ အျပင္ဘက္ေရာက္လို႔ ေလးငါးရက္ရွိလို႔အေၾကာင္းျပၿပီး ဖမ္းတယ္ဆိုရင္ေတာ့တမ်ိဳးေပါ့။” (မိဘတဦး)


မိထၳီလာၿမိဳ႕ကပဲ ယကၠန္းလုပ္ငန္းလုပ္ကိုင္ေနတဲ့အသက္ ၂၅ ႏွစ္အရြယ္လူငယ္တဦးျဖစ္တဲ့ ကိုသီဟေက်ာ္ဟာလည္း စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ ဆႏၵျပလွဳပ္ရွားမူေတြမွာ ပါဝင္ခဲ့လို႔ ပုဒ္မ ၅၀၅ (က) နဲ႔ ေထာင္က်ခဲ့ပါတယ္။ သူကုိလည္း မေန႔က မိတၱီလာေထာင္ကေန ျပန္လႊတ္ေ ပးခဲ့ျပီးမွ ေထာင္ေရွ႕မွာပဲ ျပန္ဖမ္းသြာတယ္ဆုိတာကိုသာ သိရေၾကာင္း ဖခင္ျဖစ္သူက VOA ကုိ အခုလိုေျပာျပပါတယ္။

“လြတ္ျပီးမွ ျပန္ဖမ္းတာ။ မိဘေတြေတာင္ မျမင္လိုက္ရပါဘူး။ မိဘေတြအေနနဲ့ ဝမ္းနည္းတာေပါ့ဗ်ာ။ သူမ်ားေတြကေတာ့ လြတ္လာလို့ငိုၾကတယ္၊ ေပ်ာ္ၾကလို႔ ငုိၾကတာေပါ့ဗ်ာ။ က်ေနာ္တို့ကေတာ့ ျမင္ေတာင္မျမင္လိုက္ရဘူး။ လက္ထိပ္နဲ႔ ျပန္အဖမ္းခံရတယ္ဆုိေတာ့က်ေနာ္တို့က် ငိုရတာေပါ့။ ဝမ္းနည္းလို႔ ငိုရတာေပါ့။ လြတ္ၿပီဆိုမွ။ အဲဒီလိုမျဖစ္သင့္ဘူးေလ။ လြတ္ျပီးမွအဲဒီလိုမျဖစ္သင့္ဘူးေလ။ အျပင္ဘက္ေရာက္လို့ ေလးငါးရက္ရွိလို့အေႀကာင္းျပျပီး ဖမ္းတယ္ဆိုရင္ေတာ့တမ်ိဳးေပါ့။ အခုက အထဲတင္ပဲ ျပန္ဖမ္းတယ္ဆုိေတာ့ သူတို့ျပစ္ဒဏ္လည္းခံယူျပီးျပီေလ။အခုက လက္ထိပ္နဲ့ျပန္ဖမ္းတယ္ဆိုတာ့ လြတ္ျငိမ္းခ်မ္းသာခြင့္နဲလြတ္ျပီးမွ အဲဒီထဲတင္ လက္ထိ္ပ္နဲ႔ ျပန္ဖမ္းတယ္ဆိုေတာ့မျဖစ္သင့္ဘူးေလ။”

ေအာက္တိုဘာလ ၁၈ ရက္ေန႔က အက်ဥ္းေထာင္ကေန ျပန္လႊတ္လာသူေတြအေနနဲ႔လည္း စိတ္မလံုမၿခံဳျဖစ္ျပီး ကိုယ့္အိမ္ေတြမွာ ေတာင္မအိပ္ႏိုင္ဘဲ တိမ္းေရွာင္ေနရသူေတြလည္း ရိွေနတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသား မိသားစုေတြက ေျပာပါတယ္။ တခ်ဳိ႕ မိသားစုေတြရဲ႕ ေနအိမ္ေတြကုိ ညဘက္ေတြမွာ ဝင္ေရာက္စစ္ေဆးခံရတာေတြ ရွိေနတယ္လို႔လည္း သတင္းတခ်ဳိ႕ ထြက္ေပၚေနပါတယ္။ ႏိုင္ငံတကာဖိအားေတြရင္ဆိုင္ေနရတဲ့ စစ္ေကာင္စီက စစ္အာဏာသိမ္းမႈ ဆန္႔က်င္လို႔ ဖမ္းဆီးျပစ္ဒဏ္က်ေနသူ ၁,၃၀၀ ေက်ာ္ကို ေနာက္တႀကိမ္ ျပစ္မႈ ထပ္မံက်ဴးလြန္ ရင္ အဲဒီျပစ္ဒဏ္အျပင္ ယခုက်န္႐ွိတဲ့ ျပစ္ဒဏ္တုိ႔နဲ႔ ေပါင္းၿပီး က်ခံရမယ္ဆိုတဲ့ ကန္႔သတ္ခ်က္နဲ႔ လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳလိုက္သလို တရားရင္ဆုိင္ေနရသူ ၄ ေထာင္ေက်ာ္ကိုလည္း အမႈေတြ ပိတ္သိမ္းေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


=======

{{Unicode}}

လွတ်မြောက်လာသူတချို့ နောက်ထပ်စွဲချက်နဲ့ ပြန်ဖမ်းဆီးခံရ

သီတင်းကျွတ်ကာလ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ စစ်ကောင်စီက အကျဉ်းသားတွေ ပြန်လွှတ်ပေးနေပေမယ့် ပြန်လွတ်လာပြီးမှ တခြားပုဒ်မတွေကြောင့် ပြန်လည်ဖမ်းဆီးခံရသူတွေလည်း ရှိပါတယ်။ မနေ့ အောက်တိုဘာ ၁၈ ရက်က မိတ္ထီလာအကျဉ်းထောင်ကနေ ပြန်လွတ်လာသူ ၄၃ ယောက်ထဲက ၁၁ ဦးဟာ အကျဉ်းထောင်ရှေ့မှာပဲ နောက်ထပ်ဆွဲဆိုခံထားရတဲ့ ပုဒ်မတွေနဲ့ ပြန်လည်ဖမ်းဆီးခံခဲ့ရတယ်လို့ မိသားစုတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက အပြည့်အစုံ တင်ပြပေးထားပါတယ်။

သီတင်းကျွတ်အထိမ်းအမှတ် လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြစ်ဒဏ်ကျနေသူနဲ့ အမှုရင်ဆိုင်ဆဲ ဖမ်းဆီးခံရထားရသူ ထောင်ကျော်ကို အောက်တိုဘာ ၁၈ ရက်နေ့ကတည်းက စစ်ကောင်စီက ပြန်လွှတ်ပေးနေတာမှာ တပ်မတော်ပြိုကွဲအောင်လုပ်ဆောင်မှု ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးခံထားရသူတွေလည်း လွတ်လာကြပါတယ်။ ဒါပေမဲ့ အဲဒီလို ပြန်လွတ်လာသူတချို့ အိမ်တောင် မပြန်ရခင်မှာပဲ တခြားပုဒ်မတပ်ထားတဲ့ အမှုတွေနဲ့ ပြန်ပြီး ဖမ်းဆီးခံခဲ့ကြရပါတယ်။

မိထ္ထီလာအကျဉ်းထောင်ကနေ မနေ့က လွတ်မြောက်လာသူ ၄၀ ကျော်ထဲက ၁၁ ဦး ထောင် ရှေ့မှာပဲ ပြန်ပြီး ဖမ်းဆီးခံရတယ်လို့ မိသားစုဝင်တွေက ဗွီအိုအေကိုပြောပါတယ်။ ပြန်ဖမ်းခံရ သူ တယောက်က အမျိုးသားဒီမိုကရေစီအဖွဲချုပ် မိထ္ထီလာခရိုင်အတွင်းရေးမှူး ကိုသက်မောင်မောင်ဖြစ်ပါတယ်။ ၅၀၅ (က) အမှုအတွက် လွတ်လာပေမဲ့ တခြားအမှုအတွက် ပြန်ဖမ်းခံခဲ့ရပုံကို ဇနီးဖြစ်သူက ကိုအခုလိုပြောပြပါတယ်။

“ပြန်ကလွတ်တယ်။ အဲဒီ ထောင်ရှေ့မှာပဲ ကျမတောင် မတွေ့လိုက်ရဘူး။ ထောင်ရှေ့မှာပဲ ပြန်ခေါ်သွားတယ်။ ၅၀၅ (က) ပဲ။ ပြန်ဖမ်းတာကတော့ ဒီလ (၇) ရက်နေ့က ထပ်တိုးမှုဆိုပြီး အဲဒါနဲ့ခေါ်သွားတယ်။ ၄ လပိုင်း ၁၃ ရက်နေ့ ကဖမ်းတာ။ ပြစ်ဒဏ်က အစမှာ တ

“ပြန်ကလွတ်တယ်။ အဲဒီ ထောင်ရှေ့မှာပဲ ပြန်ခေါ်သွားတယ်။ ပြန်ဖမ်းတာကတော့ ဒီလ (၇) ရက်နေ့က ထပ်တိုးမှုဆိုပြီး အဲဒါနဲ့ခေါ်သွားတယ်။ ပြစ်ဒဏ် က အစမှာ တနှစ်ချတယ်။ နောက်နည်းလို့ဆိုပြီး ၂ နှစ် ထပ်တိုးလိုက်သေးတယ်။ ပြန်ဖမ်းခံရတဲ့အထဲမှာ မိန်းကလေးတဦးလည်းပါသွားတယ်။ ....“ဘာခံစားရလဲဆိုတော့ ခံစားရတာထက် ခံပြင်းတာပါ။ အမှန်တော့ ဘာမှမမျော်လင့်ထားဘူး။ ဒီလိုလွတ်မယ်ဆိုတာ မမျှော်လင့်ထားဘူး။” (NLD မိတ္ထီလာခရိုင်းအတွင်းရေးမှူးရဲ့ဇနီး)


နှစ်ချတယ်။ နောက်နည်းလို့ဆိုပြီး ၂ နှစ် ထပ်တိုးလိုက်သေးတယ်။ ပြန်ဖမ်းခံရတဲ့အထဲမှာ မိန်းကလေးတဦးလည်းပါသွားတယ်။”

စစ်တပ်အာဏာသိမ်းလိုက်ချိန်မှာ ကိုသက်မောင်မောင်ကို ပုဒ်မ ၅၀၅ (က)နဲ့ တရားခဲ့ပါတယ်။ အစပိုင်း သူတိမ်းရှောင်နေခဲ့ပေမဲ့ ဧပြီလမှာ ဖမ်းမိခဲ့ပြီး ထောင်တနှစ်ချခံခဲ့ရပါတယ်။ နောက် ပိုင်းမှာ ထောင် ၂ နှစ် ထပ်တိုး ထောင်ချခဲ့ပါတယ်။ အောက်တိုဘာလအစောပိုင်းကတော့ နောက်ထပ်ပုဒ်မတခု ထပ်တိုးတရားစွဲခံခဲ့ရတာပါ။ မိသာစုကတော့ လက်နက်မှုလို့ပြောပေမဲ့ အတိအကျ ဘာပုဒ်မလဲဆိုတာတော့ မသိကြပါဘူး။ ခုလိုပြန်လွတ်လာပြီးမှ ပြန်ဖမ်းခံရတာ ဘယ်ကို ခေါ်သွားလဲဆိုတာကိုတော့ မိသားစုက မသိရသေးပါဘူး။

“ဘာခံစားရလဲဆိုတော့ ခံစားရတာထက် ခံပြင်းတာပါ။ အမှန်တော့ ဘာမှမမျော်လင့်ထားဘူး။ ဒီလိုလွတ်မယ်ဆိုတာ မမျှော်လင့်ထားဘူး။ ဒီလိုပဲ ကိုသက်မောင်မောင်တို့ပါမယ်လို့ သိရတယ်။ကျမက အိမ်မှာစာသင်ပြီးတော့ ကိုသက်မောင်မောင်တို့ ထောင်အပေါက်ရောက်နေပြီ ဆိုတော့ ကျမလည်း ချက်ချင်းသွားတာပဲ။ ဒါပေမယ့်မမှီလိုက်ပါဘူး။ မနေ့က ရဲစခန်းတွေလည်းအနှံ့ သွားတယ်။ မတွေ့လိုက်ပါဘူး။”

မိထ္ထီလာမြို့ကပဲ ယက္ကန်းလုပ်ငန်းလုပ်ကိုင်နေတဲ့အသက် ၂၅ နှစ်အရွယ်လူငယ်တဦးဖြစ်တဲ့ ကိုသီဟကျော်ဟာလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမူတွေမှာ ပါဝင်ခဲ့လို့ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ကျခဲ့ပါတယ်။ သူကိုလည်း မနေ့က မိတ္တီလာထောင်ကနေ ပြန်လွှတ်ေ ပးခဲ့ပြီးမှ ထောင်ရှေ့မှာပဲ ပြန်ဖမ်းသွာတယ်ဆိုတာကိုသာ

“လွတ်ပြီးမှ ပြန်ဖမ်းတာ။ မိဘတွေတောင် မမြင်လိုက်ရပါဘူး။ မိဘတွေအနေနဲ့ ဝမ်းနည်းတာပေါ့ဗျာ။ သူများတွေကတော့ လွတ်လာလို့ ပျော်ကြလို့ ငိုကြတာပေါ့ဗျာ။ ကျနော်တို့ကတော့ မြင်တောင်မမြင်လိုက်ရဘူး။ လက်ထိပ်နဲ့ ပြန်အဖမ်းခံရတယ်ဆိုတော့ ဝမ်းနည်းလို့ ငိုရတာပေါ့။ အပြင်ဘက်ရောက်လို့ လေးငါးရက်ရှိလို့အကြောင်းပြပြီး ဖမ်းတယ်ဆိုရင်တော့တမျိုးပေါ့။” (မိဘတဦး)


သိရကြောင်း ဖခင်ဖြစ်သူက VOA ကို အခုလိုပြောပြပါတယ်။

“လွတ်ပြီးမှ ပြန်ဖမ်းတာ။ မိဘတွေတောင် မမြင်လိုက်ရပါဘူး။ မိဘတွေအနေနဲ့ ဝမ်းနည်းတာပေါ့ဗျာ။ သူများတွေကတော့ လွတ်လာလို့ငိုကြတယ်၊ ပျော်ကြလို့ ငိုကြတာပေါ့ဗျာ။ ကျနော်တို့ကတော့ မြင်တောင်မမြင်လိုက်ရဘူး။ လက်ထိပ်နဲ့ ပြန်အဖမ်းခံရတယ်ဆိုတော့ကျနော်တို့ကျ ငိုရတာပေါ့။ ဝမ်းနည်းလို့ ငိုရတာပေါ့။ လွတ်ပြီဆိုမှ။ အဲဒီလိုမဖြစ်သင့်ဘူးလေ။ လွတ်ပြီးမှအဲဒီလိုမဖြစ်သင့်ဘူးလေ။ အပြင်ဘက်ရောက်လို့ လေးငါးရက်ရှိလို့အကြောင်းပြပြီး ဖမ်းတယ်ဆိုရင်တော့တမျိုးပေါ့။ အခုက အထဲတင်ပဲ ပြန်ဖမ်းတယ်ဆိုတော့ သူတို့ပြစ်ဒဏ်လည်းခံယူပြီးပြီလေ။အခုက လက်ထိပ်နဲ့ပြန်ဖမ်းတယ်ဆိုတာ့ လွတ်ငြိမ်းချမ်းသာခွင့်နဲလွတ်ပြီးမှ အဲဒီထဲတင် လက်ထိပ်နဲ့ ပြန်ဖမ်းတယ်ဆိုတော့မဖြစ်သင့်ဘူးလေ။”

အောက်တိုဘာလ ၁၈ ရက်နေ့က အကျဉ်းထောင်ကနေ ပြန်လွှတ်လာသူတွေအနေနဲ့လည်း စိတ်မလုံမခြုံဖြစ်ပြီး ကိုယ့်အိမ်တွေမှာ တောင်မအိပ်နိုင်ဘဲ တိမ်းရှောင်နေရသူတွေလည်း ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေက ပြောပါတယ်။ တချို့ မိသားစုတွေရဲ့ နေအိမ်တွေကို ညဘက်တွေမှာ ဝင်ရောက်စစ်ဆေးခံရတာတွေ ရှိနေတယ်လို့လည်း သတင်းတချို့ ထွက်ပေါ်နေပါတယ်။ နိုင်ငံတကာဖိအားတွေရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်အာဏာသိမ်းမှု ဆန့်ကျင်လို့ ဖမ်းဆီးပြစ်ဒဏ်ကျနေသူ ၁,၃၀၀ ကျော်ကို နောက်တကြိမ် ပြစ်မှု ထပ်မံကျူးလွန် ရင် အဲဒီပြစ်ဒဏ်အပြင် ယခုကျန်ရှိတဲ့ ပြစ်ဒဏ်တို့နဲ့ ပေါင်းပြီး ကျခံရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သလို တရားရင်ဆိုင်နေရသူ ၄ ထောင်ကျော်ကိုလည်း အမှုတွေ ပိတ်သိမ်းပေးခဲ့ပါတယ်။

#MyanmarPoliticalPrisoners #MyanmarPrison #MyanmarPardon #VOABurmese

#၅၀၅-က#သက်မောင်မောင်#သီဟကျော်#မိတ္ထီလာအကျဉ်းထောင်

=======

XS
SM
MD
LG