သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လြတ္ၿငိမ္းသက္သာခြင့္နဲ႔ လႊတ္ေပးမယ့္အေရအတြက္ ခုထိမျပည့္ေသး


အင္းစိန္ေထာင္ေရွ႕မွာ လြတ္မယ့္သူေတြကို လာေစာင့္ေနတဲ့ မိသားစုဝင္မ်ား

{{Zawgyi/Unicode}}

စစ္တပ္အာဏာသိမ္းတဲ့အေပၚ ဆန႔္က်င္လို႔ ဖမ္းဆီးေထာင္ခ်ခံထားရသူ ႏိုင္ငံေရးအက်ဥ္းသားတခ်ိဳ႕ ဒီေန႔ ေအာက္တိုဘာ ၂၁ ရက္မွာလည္း ျပန္လြတ္လာၾကပါတယ္။ ဒီေန႔လြတ္လာသူအမ်ားစုက အမ်ိဳးသမီးေတြျဖစ္ပါတယ္။ စစ္ေကာင္စီက သီတင္းကြၽတ္အထိမ္းအမွတ္ လြတ္ၿငိမ္းသက္သာခြင့္ေပးမယ္ လို႔ ေျပာထားတဲ့ အေရအတြက္ထက္ လြတ္လာသူအေရအတြက္ထက္ ဒီေန႔ထိ နည္းေနေသးတာေၾကာင့္ မနက္ျဖန္လည္း ဆက္လႊတ္ေပးႏိုင္တယ္လို႔ ေရွ႕ေနေတြက ခန႔္မွန္းေနပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

စစ္ေကာင္စီက သီတင္းကြၽတ္အထိမ္းအမွတ္အျဖစ္ လြတ္ၿငိမ္းသက္သာခြင့္နဲ႔ ျပန္လႊတ္ေပးေနတာမွာ ဒီေန႔ ေအာက္တိုဘာလ ၂၁ ရက္ေန႔မွာလည္း ျပန္လြတ္လာသူေတြရွိပါတယ္။ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ ဖမ္းဆီးခံရသူေတြထဲက ဒီေန႔ျပန္လြတ္လာၾကသူေတြထဲ အမ်ိဳးသားထက္ အမ်ိဳးသမီးကမ်ားတယ္လို႔ အက်ဥ္းသားေတြကို ကူညီေပးေနတဲ့ အက်ိဳးေဆာင္ေရွ႕ေနတဦးက ဗြီအိုေအကိုေျပာပါတယ္။

“က်မအမႈလိုက္ေပးတဲ့ အမ်ိဳးသမီးေတြကိုပဲ သိတာ။ ဘယ္ႏွစ္ေယာက္ေလာက္ လြတ္တယ္ဆိုတာ အတိအက်ေတာ့ မသိဘူး။ ေလးေယာက္ေလာက္လြတ္တယ္။ ဒီေန႔မွ အမ်ိဳးသမီးေတြပဲ သီးသန႔္ လႊတ္တာ။ အမ်ိဳးသားေတြမပါဘူး။ ၅၀၅ နဲ႔လႊတ္ေပးတဲ့ဥစၥာေတြက မလႊတ္ေပးတာေတြ ရွိတယ္။ က်မဆီမွာေတာင္ ေတာ္ေတာ္မ်ားမ်ား က်န္ေသးတယ္။ သုံးပုံ ပုံရင္ တပုံေလာက္ က်န္ေသးတယ္ေပါ့ေနာ္။ ဘာေၾကာင့္ သူတို႔က်န္ေနလဲဆိုေတာ့ တခ်ိဳ႕ကေတာ့ ေျပာတယ္။ စာရင္းက-ၿမိဳ႕နယ္ရဲစခန္းက ...လႊတ္ေပးၿပီးေတာ့ တင္ရတာေပါ့ေနာ္။ ၅၀၅ နဲ႔ ပုဒ္မေတြအကုန္လုံးကို တင္ေပးလိုက္တယ္ေျပာေပမယ့္ အဲဒီေန႔ အင္းစိန္ေထာင္ထဲမွာရွိတဲ့ ဒီလူကိုေတာ့ လႊတ္လိုက္၊ ဒီလူကိုေတာ့ ခ်န္ထားလိုက္...ဆိုတဲ့ အဲဒီလိုမ်ိဳးလႊတ္တာ ရွိတယ္လို႔ ေျပာတယ္။ ၅၀၅ နဲ႔ တခ်ိဳ႕ က်န္ခဲ့တဲ့သူေတြကေတာ့ ကံမေကာင္းစြာနဲ႔ အဲဒီလိုမ်ိဳး ဖယ္လိုက္တဲ့ထဲကို ပါတယ္လို႔ ထင္တယ္ေပါ့ေနာ္။ သူတို႔ကေတာ့ အမႈအေျခအေန ဘာကိုေတာ့ ညာကိုေတာ့ သုံးသပ္မွာ မဟုတ္ဘူး။ ေသေသခ်ာခ်ာ စိစစ္တာမ်ိဳး ရွိမေနဘူးလို႔ က်မထင္တယ္။”

ဒီေန႔ ျပန္လြတ္လာသူေတြထဲက တေယာက္ျဖစ္တဲ့ အလုပ္သမားအေရး တက္ႂကြလႈပ္ရွားသူ ေဒၚမ်ိဳးေအးကေတာ့ သူလြတ္ေျမာက္လာေပမယ့္ အျပည့္အဝ မေပ်ာ္႐ႊင္ႏိုင္ဘူးလို႔ ဗြီအိုေအကို ေျပာပါတယ္။

“က်မလြတ္လာေပမယ့္ မလြတ္ေသးတဲ့သူေတြလည္း က်န္ေသးတယ္။ က်မတို႔႐ြာက ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕မိန႔္ခြန္းတို႔...ေပါ့ေနာ္၊ ေနာက္ ေၾကညာခ်က္ေတြကို ဖတ္ၿပီးလို႔ရွိရင္ အခ်ဳပ္ေတြ အကုန္လုံး လႊတ္ရမယ္ေပါ့။ ၅၀၅ (က) ကေန၊ က်မ အဲဒီလို နားလည္တယ္။ ၄ ေထာင္ေက်ာ္လြတ္မယ္ ေျပာတာကို။ အခုက က်န္ေနတဲ့သူေတြ ရွိေနေသးတယ္။ အမ်ားႀကီးပဲေပါ့ေနာ္။ တရာေလာက္ က်န္ေနေသးတယ္လို႔ထင္တယ္- အမ်ိဳးသမီးထဲမွာဆိုရင္။ က်မတို႔ စုံစမ္းသိရသေလာက္ေပါ့။ သူတို႔ေတြ ဘာေၾကာင့္ မလြတ္ေျမာက္ေသးတာလဲ ေပါ့ေနာ္။ သူတို႔လည္း ၅၀၅ (က) နဲ႔ပဲ တျခား ပုဒ္မ မရွိဘူး။ သူတို႔ေတြအတြက္ က်မ စိတ္မေကာင္းဘူး။ တကယ္ဆိုလို႔ရွိရင္ေတာ့ ဒါ လြတ္ေျမာက္ရမွာေပါ့။ သူတို႔အတြက္ ဝိုင္းၿပီး အသံထုတ္ေပးၾကဖို႔ က်မ အဲဒါပဲ ေျပာခ်င္တယ္။”

အလုပ္သမားအေရး တက္ႂကြလႈပ္ရွားတဲ့ ေဒၚမ်ိဳးေအးကို ဧၿပီလမွာ စစ္ေကာင္စီတပ္ဖြဲ႕ေတြက အၾကမ္းဖက္ ဖမ္းဆီးခဲ့တာျဖစ္ၿပီး အက်ဥ္းက်ေနစဥ္လည္း တိုက္ပိတ္ခံခဲ့ရတယ္လို႔ ေျပာပါတယ္။

စစ္ေကာင္စီက ဖမ္းဆီးထားသူေတြကိုေအာက္တိုဘာလ ၁၈ ရက္ တနလၤာေန႔ကတည္းက လြတ္ၿငိမ္းသက္သာခြင့္နဲ႔ျပန္လႊတ္ေပးေနတဲ့ထဲ သတင္းသမားတခ်ိဳ႕ ပါခဲ့ေပမဲ့ VOA သတင္းဌာနနဲ႔ Frontier Myanmar တို႔ရဲ႕ ပင္တိုင္ေဆာင္းပါးရွင္တဦးျဖစ္ခဲ့သူ ဦးစည္သူေအာင္ျမင့္ကေတာ့ လြတ္တဲ့ထဲ မပါေသးပါဘူး။ လႊတ္မယ္ဆိုတဲ့စာရင္းထဲပါေပမယ့္ မလြတ္လာေသးတာနဲ႔ပတ္သက္လို႔ သူ႔ရဲ႕ အက်ိဳးေဆာင္ေရွ႕ေန ေဒၚ ႏွင္းဝင္းေအာင္က ဗြီအိုေအကို ခုလိုေျပာပါတယ္။

“ဆရာဦးစည္သူေအာင္ျမင့္က ခုခ်ိန္ထိလြတ္တဲ့အထဲ မပါလာေသးဘူးေပါ့ေလ။ က်မပုစြန္ေတာင္ စခန္းကအမႈစစ္ကိုေမးေတာ့ အကယ္လို႔လြတ္မယ္ဆိုလည္း သူ႔ဆီကေတာ့ မလြတ္ဘူး။ သူ႔ဆီက အမႈစြဲမတင္ရေသးဘူး။ လြတ္မယ္ဆိုလည္း ဗဟန္းကပဲ လြတ္မွာေပါ့။ အဲလိုေျပာတယ္။ သူ႔အမ်ိဳးသမီး ကေတာ့ ဆရာဦးခင္ေမာင္ျမင့္ကိုဆက္ေတာ့ ဆရာလြတ္မယ့္ထဲပါတယ္ေျပာတာေပါ့။ စာရင္းထဲပါ တယ္ဆိုတာမ်ိဳး သိထားေပမယ့္ ခုခ်ိန္ထိမလြတ္ေသးဘူး။ မနက္ျဖန္မွာလည္း လြတ္ဖို႔ရွိတယ္ သိထားတာေပါ့။ မနက္ျဖန္တခ်က္ၾကည့္ရမယ္။ ၅၀၅-က ေတြပါရင္ ဆရာပါရမယ္ေလ။ ဆရာ့ကိုက ၁၂၄ တို႔ နဲ႔ ဘယ္မွာမွ အမႈဖြင့္ထားတာမရွိဘူးေလ။ ဒီေန႔ထိေတာ့ မလြတ္ေသးဘူးေပါ့။ မနက္ျဖန္ေတာ့ က်မတို႔ ႐ုံးသြားမယ္။ သြားရင္ေတာ့သိရမွာေပါ့ေနာ္။

ေအာက္တိုဘာလ ၁၉ ရက္ေန႔နဲ႔ ၂၀ ရက္ေန႔ေတြမွာ စစ္ေကာင္စီက ျပန္လႊတ္ေပးခဲ့သူေတြထဲ ျမန္မာႏိုင္ငံတဝန္း သတင္းသမား စုစုေပါင္း ၁၆ ဦး လြတ္ေျမာက္လာခဲ့ၿပီး ၃၅ ဦး ဆက္လက္ ဖမ္းဆီးခံထားရဆဲျဖစ္ေၾကာင္း MPFI-D လို႔ေခၚတဲ့ Myanmar Press Freedom In-depth အဖြဲ႔က ထုတ္ျပန္ပါတယ္။

ဒီကေန႔လႊတ္ေပးတဲ့ စာရင္းအေရအတြက္နဲ႔ လႊတ္ဖို႔က်န္သူစာရင္းကို အက်ဥ္းဦးစီးဌာနအျပင္ ျပည္နယ္နဲ႔တိုင္းေတြမွာရွိတဲ့ အက်ဥ္းေထာင္တခ်ိဳ႕ကို ဗြီအိုေအက အႀကိမ္ႀကိမ္ဆက္သြယ္ေမးျမန္းေပမယ့္ ျပန္လည္ေျဖဆိုတာမရွိခဲ့ပါဘူး။

စစ္အာဏာသိမ္းတာကို ဆန႔္က်င္ဆႏၵျပတာေၾကာင့္ ဖမ္းဆီး၊ ေထာင္ဒဏ္ ခ်မွတ္ခံရသူေတြကို စစ္ေကာင္စီက တနလၤာေန႔ကစၿပီး ျပန္လႊတ္ေပးခဲ့သူေတြထဲ နာရီပိုင္းအတြင္းမွာပဲ ျပန္အဖမ္းခံရသူေတြလည္း ရွိပါတယ္။ ျပန္လြတ္လာသူေတြထဲမွာ ထင္ရွားတဲ့ ႏိုင္ငံေရးေခါင္းေဆာင္အမ်ားစုနဲ႔ ေက်ာင္းသားေခါင္းေဆာင္တခ်ိဳ႕လည္း မပါၾကေသးပါဘူး။

ဆူပူဆႏၵျပမႈေတြေၾကာင့္ ျပစ္ဒဏ္က်ခံေနရသူ ၁,၃၁၆ ေယာက္ကို ေနာက္တႀကိမ္ ျပစ္မႈ ထပ္မံက်ဴးလြန္ရင္ အဲဒီျပစ္ဒဏ္အျပင္ ယခုက်န္ရွိတဲ့ ျပစ္ဒဏ္နဲ႔ေပါင္းၿပီး က်ခံရမယ္ဆိုတဲ့ ကန႔္သတ္ခ်က္နဲ႔ ျပစ္ဒဏ္လြတ္ၿငိမ္းသက္သာခြင့္ျပဳခဲ့သလို ဆႏၵျပမႈေတြမွာ ပါဝင္ခဲ့တဲ့အတြက္ တရား႐ုံးအသီးသီးမွာ အမႈရင္ ဆိုင္ေနရသူ ၄,၃၂၀ ဦးကိုလည္း ၾကားနာစစ္ေဆးေနတဲ့ အမႈေတြပိတ္သိမ္းၿပီး အမႈကေန လႊတ္ေပးမယ္လို႔ စစ္ေကာင္စီက ေအာက္တိုဘာလ ၁၈ ရက္ တနလၤာေန႔က ေၾကညာထားပါတယ္။

ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (က) နဲ႔တရားစြဲခံထားရတဲ့ အႏုပညာရွင္ ၂၄ ေယာက္နဲ႔ လူသိမ်ားေက်ာ္ၾကားသူ ၁၀ ေယာက္ရဲ႕ အမႈေတြကိုလည္း ပိတ္သိမ္းခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္



=========

{{Unicode}}

လွတ်ငြိမ်းသက်သာခွင့်နဲ့ လွှတ်ပေးမယ့်အရေအတွက် ခုထိမပြည့်သေး

စစ်တပ်အာဏာသိမ်းတဲ့အပေါ် ဆန့်ကျင်လို့ ဖမ်းဆီးထောင်ချခံထားရသူ နိုင်ငံရေးအကျဉ်းသားတချို့ ဒီနေ့ အောက်တိုဘာ ၂၁ ရက်မှာလည်း ပြန်လွတ်လာကြပါတယ်။ ဒီနေ့လွတ်လာသူအများစုက အမျိုးသမီးတွေဖြစ်ပါတယ်။ စစ်ကောင်စီက သီတင်းကျွတ်အထိမ်းအမှတ် လွတ်ငြိမ်းသက်သာခွင့်ပေးမယ် လို့ ပြောထားတဲ့ အရေအတွက်ထက် လွတ်လာသူအရေအတွက်ထက် ဒီနေ့ထိ နည်းနေသေးတာကြောင့် မနက်ဖြန်လည်း ဆက်လွှတ်ပေးနိုင်တယ်လို့ ရှေ့နေတွေက ခန့်မှန်းနေပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

စစ်ကောင်စီက သီတင်းကျွတ်အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးနေတာမှာ ဒီနေ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာလည်း ပြန်လွတ်လာသူတွေရှိပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးခံရသူတွေထဲက ဒီနေ့ပြန်လွတ်လာကြသူတွေထဲ အမျိုးသားထက် အမျိုးသမီးကများတယ်လို့ အကျဉ်းသားတွေကို ကူညီပေးနေတဲ့ အကျိုးဆောင်ရှေ့နေတဦးက ဗွီအိုအေကိုပြောပါတယ်။

“ကျမအမှုလိုက်ပေးတဲ့ အမျိုးသမီးတွေကိုပဲ သိတာ။ ဘယ်နှစ်ယောက်လောက် လွတ်တယ်ဆိုတာ အတိအကျတော့ မသိဘူး။ လေးယောက်လောက်လွတ်တယ်။ ဒီနေ့မှ အမျိုးသမီးတွေပဲ သီးသန့် လွှတ်တာ။ အမျိုးသားတွေမပါဘူး။ ၅၀၅ နဲ့လွှတ်ပေးတဲ့ဥစ္စာတွေက မလွှတ်ပေးတာတွေ ရှိတယ်။ ကျမဆီမှာတောင် တော်တော်များများ ကျန်သေးတယ်။ သုံးပုံ ပုံရင် တပုံလောက် ကျန်သေးတယ်ပေါ့နော်။ ဘာကြောင့် သူတို့ကျန်နေလဲဆိုတော့ တချို့ကတော့ ပြောတယ်။ စာရင်းက-မြို့နယ်ရဲစခန်းက ...လွှတ်ပေးပြီးတော့ တင်ရတာပေါ့နော်။ ၅၀၅ နဲ့ ပုဒ်မတွေအကုန်လုံးကို တင်ပေးလိုက်တယ်ပြောပေမယ့် အဲဒီနေ့ အင်းစိန်ထောင်ထဲမှာရှိတဲ့ ဒီလူကိုတော့ လွှတ်လိုက်၊ ဒီလူကိုတော့ ချန်ထားလိုက်...ဆိုတဲ့ အဲဒီလိုမျိုးလွှတ်တာ ရှိတယ်လို့ ပြောတယ်။ ၅၀၅ နဲ့ တချို့ ကျန်ခဲ့တဲ့သူတွေကတော့ ကံမကောင်းစွာနဲ့ အဲဒီလိုမျိုး ဖယ်လိုက်တဲ့ထဲကို ပါတယ်လို့ ထင်တယ်ပေါ့နော်။ သူတို့ကတော့ အမှုအခြေအနေ ဘာကိုတော့ ညာကိုတော့ သုံးသပ်မှာ မဟုတ်ဘူး။ သေသေချာချာ စိစစ်တာမျိုး ရှိမနေဘူးလို့ ကျမထင်တယ်။”

ဒီနေ့ ပြန်လွတ်လာသူတွေထဲက တယောက်ဖြစ်တဲ့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဒေါ်မျိုးအေးကတော့ သူလွတ်မြောက်လာပေမယ့် အပြည့်အဝ မပျော်ရွှင်နိုင်ဘူးလို့ ဗွီအိုအေကို ပြောပါတယ်။

“ကျမလွတ်လာပေမယ့် မလွတ်သေးတဲ့သူတွေလည်း ကျန်သေးတယ်။ ကျမတို့ရွာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့မိန့်ခွန်းတို့...ပေါ့နော်၊ နောက် ကြေညာချက်တွေကို ဖတ်ပြီးလို့ရှိရင် အချုပ်တွေ အကုန်လုံး လွှတ်ရမယ်ပေါ့။ ၅၀၅ (က) ကနေ၊ ကျမ အဲဒီလို နားလည်တယ်။ ၄ ထောင်ကျော်လွတ်မယ် ပြောတာကို။ အခုက ကျန်နေတဲ့သူတွေ ရှိနေသေးတယ်။ အများကြီးပဲပေါ့နော်။ တရာလောက် ကျန်နေသေးတယ်လို့ထင်တယ်- အမျိုးသမီးထဲမှာဆိုရင်။ ကျမတို့ စုံစမ်းသိရသလောက်ပေါ့။ သူတို့တွေ ဘာကြောင့် မလွတ်မြောက်သေးတာလဲ ပေါ့နော်။ သူတို့လည်း ၅၀၅ (က) နဲ့ပဲ တခြား ပုဒ်မ မရှိဘူး။ သူတို့တွေအတွက် ကျမ စိတ်မကောင်းဘူး။ တကယ်ဆိုလို့ရှိရင်တော့ ဒါ လွတ်မြောက်ရမှာပေါ့။ သူတို့အတွက် ဝိုင်းပြီး အသံထုတ်ပေးကြဖို့ ကျမ အဲဒါပဲ ပြောချင်တယ်။”

အလုပ်သမားအရေး တက်ကြွလှုပ်ရှားတဲ့ ဒေါ်မျိုးအေးကို ဧပြီလမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အကြမ်းဖက် ဖမ်းဆီးခဲ့တာဖြစ်ပြီး အကျဉ်းကျနေစဉ်လည်း တိုက်ပိတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားသူတွေကိုအောက်တိုဘာလ ၁၈ ရက် တနင်္လာနေ့ကတည်းက လွတ်ငြိမ်းသက်သာခွင့်နဲ့ပြန်လွှတ်ပေးနေတဲ့ထဲ သတင်းသမားတချို့ ပါခဲ့ပေမဲ့ VOA သတင်းဌာနနဲ့ Frontier Myanmar တို့ရဲ့ ပင်တိုင်ဆောင်းပါးရှင်တဦးဖြစ်ခဲ့သူ ဦးစည်သူအောင်မြင့်ကတော့ လွတ်တဲ့ထဲ မပါသေးပါဘူး။ လွှတ်မယ်ဆိုတဲ့စာရင်းထဲပါပေမယ့် မလွတ်လာသေးတာနဲ့ပတ်သက်လို့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေ ဒေါ် နှင်းဝင်းအောင်က ဗွီအိုအေကို ခုလိုပြောပါတယ်။

“ဆရာဦးစည်သူအောင်မြင့်က ခုချိန်ထိလွတ်တဲ့အထဲ မပါလာသေးဘူးပေါ့လေ။ ကျမပုစွန်တောင် စခန်းကအမှုစစ်ကိုမေးတော့ အကယ်လို့လွတ်မယ်ဆိုလည်း သူ့ဆီကတော့ မလွတ်ဘူး။ သူ့ဆီက အမှုစွဲမတင်ရသေးဘူး။ လွတ်မယ်ဆိုလည်း ဗဟန်းကပဲ လွတ်မှာပေါ့။ အဲလိုပြောတယ်။ သူ့အမျိုးသမီး ကတော့ ဆရာဦးခင်မောင်မြင့်ကိုဆက်တော့ ဆရာလွတ်မယ့်ထဲပါတယ်ပြောတာပေါ့။ စာရင်းထဲပါ တယ်ဆိုတာမျိုး သိထားပေမယ့် ခုချိန်ထိမလွတ်သေးဘူး။ မနက်ဖြန်မှာလည်း လွတ်ဖို့ရှိတယ် သိထားတာပေါ့။ မနက်ဖြန်တချက်ကြည့်ရမယ်။ ၅၀၅-က တွေပါရင် ဆရာပါရမယ်လေ။ ဆရာ့ကိုက ၁၂၄ တို့ နဲ့ ဘယ်မှာမှ အမှုဖွင့်ထားတာမရှိဘူးလေ။ ဒီနေ့ထိတော့ မလွတ်သေးဘူးပေါ့။ မနက်ဖြန်တော့ ကျမတို့ ရုံးသွားမယ်။ သွားရင်တော့သိရမှာပေါ့နော်။

အောက်တိုဘာလ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့တွေမှာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သူတွေထဲ မြန်မာနိုင်ငံတဝန်း သတင်းသမား စုစုပေါင်း ၁၆ ဦး လွတ်မြောက်လာခဲ့ပြီး ၃၅ ဦး ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း MPFI-D လို့ခေါ်တဲ့ Myanmar Press Freedom In-depth အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီကနေ့လွှတ်ပေးတဲ့ စာရင်းအရေအတွက်နဲ့ လွှတ်ဖို့ကျန်သူစာရင်းကို အကျဉ်းဦးစီးဌာနအပြင် ပြည်နယ်နဲ့တိုင်းတွေမှာရှိတဲ့ အကျဉ်းထောင်တချို့ကို ဗွီအိုအေက အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေဆိုတာမရှိခဲ့ပါဘူး။

စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြတာကြောင့် ဖမ်းဆီး၊ ထောင်ဒဏ် ချမှတ်ခံရသူတွေကို စစ်ကောင်စီက တနင်္လာနေ့ကစပြီး ပြန်လွှတ်ပေးခဲ့သူတွေထဲ နာရီပိုင်းအတွင်းမှာပဲ ပြန်အဖမ်းခံရသူတွေလည်း ရှိပါတယ်။ ပြန်လွတ်လာသူတွေထဲမှာ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်အများစုနဲ့ ကျောင်းသားခေါင်းဆောင်တချို့လည်း မပါကြသေးပါဘူး။

ဆူပူဆန္ဒပြမှုတွေကြောင့် ပြစ်ဒဏ်ကျခံနေရသူ ၁,၃၁၆ ယောက်ကို နောက်တကြိမ် ပြစ်မှု ထပ်မံကျူးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် ယခုကျန်ရှိတဲ့ ပြစ်ဒဏ်နဲ့ပေါင်းပြီး ကျခံရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သလို ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် တရားရုံးအသီးသီးမှာ အမှုရင် ဆိုင်နေရသူ ၄,၃၂၀ ဦးကိုလည်း ကြားနာစစ်ဆေးနေတဲ့ အမှုတွေပိတ်သိမ်းပြီး အမှုကနေ လွှတ်ပေးမယ်လို့ စစ်ကောင်စီက အောက်တိုဘာလ ၁၈ ရက် တနင်္လာနေ့က ကြေညာထားပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့တရားစွဲခံထားရတဲ့ အနုပညာရှင် ၂၄ ယောက်နဲ့ လူသိများကျော်ကြားသူ ၁၀ ယောက်ရဲ့ အမှုတွေကိုလည်း ပိတ်သိမ်းခဲ့ပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ဆန္ဒပြပွဲ #ဗွီအိုအေမြန်မာပိုင်း

=========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG