သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ် အကြမ်းဖက်မှု ရပ်ဆိုင်းရေး ကန် နဲ့ အင်ဒိုသမ္မတ ပူးတွဲ တောင်းဆို


အမေရိကန် သမ္မတ Joe Biden နဲ့ အင်ဒိုနီးရှား သမ္မတ Joko Widodo တို့ စကော့တလန်၊ Edinburg မြို့မှာ သီးခြားတွေ့ဆုံ ဆွေးနွေး။ နိုဝင်ဘာလ ၁၊ ၂၀၂၁။ (ဓာတ်ပုံ AP)
အမေရိကန် သမ္မတ Joe Biden နဲ့ အင်ဒိုနီးရှား သမ္မတ Joko Widodo တို့ စကော့တလန်၊ Edinburg မြို့မှာ သီးခြားတွေ့ဆုံ ဆွေးနွေး။ နိုဝင်ဘာလ ၁၊ ၂၀၂၁။ (ဓာတ်ပုံ AP)

(Zawgyi / Unicode)

မြန်မာ စစ်တပ်ဘက်က အကြမ်းဖက်မှု အားလုံး ရပ်တန့်၊ နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပြီး ဒီမိုကရေစီကို အမြန် ပြန်လည် ကျင့်သုံးနိုင်ရေး ဆောင်ရွက်ရမယ်ဆိုတာကို အမေရိကန် သမ္မတ Joe Biden နဲ့ အင်ဒိုနီးရှား သမ္မတ Joko Widodo တို့ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က တနလာၤနေ့ထုတ်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

စကော့တလန် Glasgow မြို့မှာ ကျင်းပနေတဲ့ COP26 ရာသီဥတု ဆိုင်ရာ ထိပ်သီး ညီလာခံ အတွင်း အမေရိကန်နဲ့ အင်ဒိုနီးရှား ခေါင်းဆောင် နှစ်ဦးတို့ တနလာၤနေ့က သီးခြားတွေ့ဆုံ ဆွေးနွေးကြတာမှာ မြန်မာ့ စစ်အာဏာသိမ်းမှု အရေးကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို စိုးရိမ်ကြောင်း ခေါင်းဆောင် နှစ်ဦး ဆွေးနွေးခဲ့ကြကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော် ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာ့ နိုင်ငံရေး အကြပ်အတည်း ဖြေရှင်းရေး အတွက် အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားရှိပြီး ဒီ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာ စစ်တပ်ဘက်က တာဝန်ယူရေး အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုကိုလည်း ထောက်ခံကြောင်း အမေရိကန် သမ္မတ Biden က ပြောဆိုခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

အကြမ်းဖက်မှုအားလုံး ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးရေး တိုက်တွန်းထားတဲ့ အာဆီယံ ဘုံသဘောတူညီချက်တွေ ထိထိရောက်ရောက် အကောင်အထည် မပေါ်သေးတာကို အကြောင်းပြပြီး မြန်မာ စစ်ခေါင်းဆောင်ကို မကြာခင်က ကျင်းပခဲ့တဲ့ အာဆီယံ ခေါင်းဆောင်များ ထိပ်သီး စည်းဝေးပွဲကို တက်ရောက်ခွင့် မပေးခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

(Unicode)







XS
SM
MD
LG