စစ္ေကာင္စီကို အာဆီယံမဖိတ္ၾကားတဲ႔ ကိစၥ အင္ဒိုသမၼတ ကာကြယ္
{{Zawgyi/Unicode}}
လက္ရွိက်င္းပေနတဲ့ အာဆီယံထိပ္သီးအစည္းအေ၀းမွာ ျမန္မာစစ္ေခါင္းေဆာင္တက္ေရာက္ ခြင့္မရပါဘူး။ အခုလုိ မဖိတ္ၾကားတာနဲ့ပတ္သက္ၿပီး၊ ျမန္မာစစ္ေခါင္းေဆာင္ေတြကေတာ့ အာဆီယံ ပဋိညဥ္ကုိ ခ်ိဳးေဖါက္တယ္လုိ့ စြပ္စဲြေျပာဆုိပါတယ္။ ဒါေပမယ့္ အခုက်င္းပေနတဲ့ အာဆီယံထိပ္သီး အစည္းအေ၀းမွာ ျမန္မာႏုိင္ငံကုိ မဖိတ္ၾကားတာဟာ မွန္ကန္ေၾကာင္း နဲ့ ၀င္ေရာက္မစြက္ဖက္ေရးမူကုိ ခ်ိဳးေဖါက္တယ္ဆုိတာမဟုတ္ေၾကာင္း အင္ဒုိနီးရွား သမတ အပါအ၀င္ အင္ဒုိနီးရွား ေခါင္းေဆာင္ ေတြကေတာ့ေျပာဆုိလုိက္ပါတယ္။
ဒီအေၾကာင္းအရာေတြကုိ ကုိေဇာ္မုိးေက်ာ္ကတင္ျပေပးပါမယ္။
အြန္လုိင္းကေန က်င္းပေနတဲ့ ၃၉ ႀကိမ္ေျမာက္ အာဆီယံထိပ္သီးအစည္းအေ၀းကုိ အင္ဒုိနီးရွား သမတ Joko Widodod က သူရဲ့ သမတနန္းေတာ္ကေန အဂၤါေန့က တက္ေရာက္ခဲ့ပါတယ္။
ျမန္မာအေနနဲ့ အာဆီယံရဲ့အကူအညီကုိျငင္းပယ္ခဲ့တဲ့အေပၚ စိတ္မေကာင္းျဖစ္ရေၾကာင္း အင္ဒုိနီးရွား သမတက ေျပာဆုိခဲ့ပါတယ္။ ဒါ့အျပင္ အာဆီယံ အေနနဲ့ ၀င္ေရာက္မစြက္ဖက္ေရးမူကုိ ေလးစာရမွာ ျဖစ္သလုိ၊ ဒီမုိကေရစီနဲ့လူ့အခြင့္ေရးေတြကုိလည္းေလးစား လုိက္နာရမွာျဖစ္တယ္လုိ့ အင္ဒုိနီးရွား သမတက အာဆီယံ ထိပ္သီးအစည္းအေ၀းမွာ ေျပာဆုိခဲ့ေၾကာင္း အင္ဒုိနီးရွား ႏုိင္ငံျခားေရး၀န္ႀကီး Retno Marsudi ကေျပာဆုိခဲ့ပါတယ္။
“ျမန္မာႏုိင္ငံကုိ အာဆီယံထိပ္သီးအစည္းအေ၀း မဖိတ္ဖို့ ခ်မွတ္ခဲ့ရတဲ့ ဆုံးျဖတ္ခ်က္ဟာ ခက္ခဲတဲ့ ဆုံးျဖတ္တခုျဖစ္ပါတယ္။ ဒါေပမယ့္ ဒါကလုပ္ကုိလုပ္ရမွာျဖစ္ပါတယ္ ။ အာဆီယံရဲ့ ၀င္ေရာက္မစြက္ဖက္ေရးမူကုိ ေလးစားရမွာပါ။ ဒါေပမယ့္လည္း အာဆီယံရဲ့ အျခား ပဋိညာဥ္ေတြျဖစ္တဲ့ Democracy, ေကာင္းမြန္တဲ့အစုိးရျဖစ္ေရး၊ လူ့အခြင့္အေရးကုိေလးစား လုိက္နာေရး၊ ဖဲြ့အစည္းအုပ္ခ်ဳပ္ပုံ အေျခခံစည္းမ်ဥ္းနဲ႔ တင္ေျမွာက္ထားတဲ့အစုိးရျဖစ္ေရး စတဲ့ ပဋိညာဥ္ေတြကုိလည္း ေလးစားလုိက္နာဖုိ့လုိအပ္တာေတြကုိလည္း မေမ့ေလ်ာ့က်ဖုိ့ က်မတုိ့ကုိ သတိေပးေျပာဆုိခဲ့ပါတယ္။”
အာဆီယံအေနနဲ့ လူသားျခင္းစာနာတဲ့အေထာက္အပံေတြအပါအ၀င္ ျမန္မာႏုိင္ငံကျပႆနာေတြကုိေျဖရွင္းဖုိ့ အကူအညီေတြကုိ လက္ကမ္းလွမ္းသြားမွာပါလုိ့လည္း အင္ဒုိနီးရွား သမတ Joko Widodo က ေျပာဆုိခဲ့ပါတယ္။
ျမန္မာျပည္သူေတြအေနနဲ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း၊ ျပည့္ျပည္စုံစုံ ေနထုိင္ခြင့္ရွိပါတယ္။ ျမန္မာႏုိင္ငံမွာအား လုံးပါ၀င္တဲ့ ဒီမုိကေရစီ ေဖၚေဆာင္မွုကုိ မၾကာမီဘဲ ျပန္လည္စတင္ႏုိင္လိမ့္မယ္လုိ့ အင္ဒိုနီးရွား အေန နဲ့ အၿမဲတမ္းေမွ်ာ္လင့္ေနပါတယ္လုိ့လည္း အင္ဒုိနီးရွားသမတကေျပာဆုိခဲ့ပါတယ္။
ျမန္မာအာဏာသိမ္းစစ္ေကာင္စီဟာ ဗုိလ္ခ်ဳပ္မွုးႀကီးမင္းေအာင္လွုိင္ကုိယ္တုိင္တက္ေရာက္ခဲ့တဲ့ ၿပီးခဲ့တဲ့၊ အာဆီယံထိပ္သီးအစည္းအေ၀းကေနခ်မွတ္ခဲ့တဲ့ ျမန္မာႏုိင္ငံၿငိမ္းခ်မ္းေရးနဲ့ ဒီမုိကေရစီျပန္ လည္ေဖၚ ေဆာင္ေရး သေဘာတူညီခ်က္ ၅ ရပ္ကုိေဖၚေဆာင္ဖုိ့ပ်က္ကြက္ခဲ့ၿပီး အာဆီယံအထူးကုိယ္ စားလွယ္ကုိလည္း ျမန္မာျပည္လာေရာက္ၿပီး အဖဲြ့ေပါင္းစုံနဲ့ေတြဆုံဖုိ့ကုိခြင့္မျပုခဲ့ပါဘူး။ ဒါေၾကာင့္ျမန္မာ စစ္ေခါင္းေဆာင္ေတြကုိ အာဆီယံထိပ္သီးအစည္းအေ၀းတက္ေရာက္ခြင့္မေပးတာပါ။
အာဆီယံထိပ္သီးအစည္းအေ၀းကခ်မွတ္တဲ့ဆုံးျဖတ္ခ်က္ေတြဟာ အဖဲြ့၀င္တုိင္းမလုိက္နာမေနရ တဲ့ဆုံးျဖတ္ခ်က္ေတြျဖစ္ၿပီး၊ အဖဲြ့၀င္ႏုိင္ငံအားလုံးလုိက္နာဖုိ့ ၀တၱရားရွိတယ္လုိ့ အင္ဒုိနီးရွား ႏုိင္ငံျခား ေရး၀န္ႀကီးဌာန ေျပာေရးဆုိခြင့္ရွိသူ Teuku Faizasyah ကေျပာဆုိခဲ့ပါတယ္။
ဒါ့အျပင္ ျမန္မာႏုိင္ငံကုိမဖိတ္တာဟာ အာဆီယံ ပဋိညာဥ္ျဖစ္တဲ့ ၀င္ေရာက္စြက္ဖက္ေရးမူကုိခ်ိဳးေဖါက္ တယ္ဆုိတာ မဟုတ္မွန္ပါဘူးလုိ့ ေျပာေရးဆုိခြင့္ရွိသူ Teuku ကေျပာဆုိပါတယ္။
“အာစီယံေခါင္းေဆာင္ေတြ အားလုံးတညီတညြတ္ထဲသေဘာတူခ်မွတ္ထားတဲ့ ျမန္မာႏုိင္ငံဆုိင္ရာ အခ်က္ ၅ ခ်က္ကုိေကာင္အထည္ေဖၚေဆာင္ရြက္ျခင္းမရွိတဲ့အေပၚ အာစီယံအဖဲြ့၀င္ေတြက စိတ္ပ်က္ ၾကပါတယ္။”
ဒီတႀကိမ္ အာဆီယံ ထိပ္သီးအစည္းေ၀မွာ ျမန္မာစစ္ေခါင္းေဆာင္ေတြကုိ မဖိတ္တာဟာ မွန္ကန္တဲ့ လုပ္ရပ္ျဖစ္တယ္လုိ့ အင္ဒိနီးရွားသုေတသနအဖဲြ့ႀကီး ျဖစ္တဲ့ LIPI က သုေတသီတဦးျဖစ္တဲ့ Pandu Prayoga ကေျပာဆုိပါတယ္။ ဒါ့အျပင္ အာဆီယံအေနနဲ့ ျမန္မာနဲ့ဆက္လက္ ေဆြးေႏြးေျပာဆုိ သင့္တယ္လုိ့သူကအႀကံေပးပါတယ္။
ျမန္မာစစ္ေခါင္းေဆာင္ေတြအေနနဲ့ တရုတ္အေပၚမွာ အမ်ားႀကီး မီွခုိအားထားမွုျပုတဲ့အတြက္ အာဆီယံရဲ့ ကုိယ္စားလွယ္ကုိလက္ခံဖုိ့နဲ့ အာဆီယံက ခ်မွတ္ထားတဲ့ ျမန္မာႏုိင္ငံဆုိင္ရာ လုပ္ေဆာင္ရမယ့္ အခ်က္ ၅ ခ်က္ကုိ လုိက္နာအေကာင္အထည္ေဖၚဖုိ့ တရုတ္ကုိ ခ်ဥ္းကပ္ၿပီး နားခ်ေစတာမ်ိဳး လုပ္သင့္တယ္လုိ့ သုေတသီ Pandu ကအႀကံျပုထားပါတယ္။
ျမန္မာအာဏာသိမ္းစစ္ေကာင္စီဘက္ကေတာ့ ျမန္မာႏုိင္ငံကကုိယ္စားလွယ္ကုိ အဆင့္ႏွိမ့္ၿပီး၊ ႏုိင္ငံျခ ားေရး၀န္ႀကီးဌာန အၿမဲတမ္းတြင္း၀န္ကုိသာတက္ေရာက္ဖုိ့ ဖိတ္ၾကားခဲ့တာဟာ အာဆီယံလုပ္ထုံးလုပ္ နည္းမ်ားနဲ့မညီေၾကာင္း၊ ျပည္ေထာင္စုအဆင့္ တာ၀န္ရွိသူမ်ားတက္ေရာက္ခြင့္မရတဲ့အတြက္ မတက္ေရာက္တာဟာ အာဆီယံကုိ သပိတ္ေမွာက္တာမဟုတ္ေၾကာင္းနဲ့၊ ျမန္မာႏုိင္ငံအတြက္ အားလုံးသေဘာတူခ်မွတ္ထားတဲ့ အခ်က္ ၅ ခ်က္ကုိ အေကာင္အထည္ေဖၚရာမွာ အာဆီယံနဲ့ အျပုသေဘာဆက္လက္ပူးေပါင္းေဆာင္ရြက္သြားပါမယ္လုိ့ ေအာက္တုိဘာလ ၂၆ ရက္ေန့မွာ အာဏာသိမ္းစစ္ေကာင္စီကကေတာ့ ထုတ္ျပန္ထားေၾကာင္းပါခင္ဗ်ာ။
.........................................
စစ်ကောင်စီကို အာဆီယံမဖိတ်ကြားတဲ့ ကိစ္စ အင်ဒိုသမ္မတ ကာကွယ်
{{Unicode}}
လက်ရှိကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်တက်ရောက် ခွင့်မရပါဘူး။ အခုလို မဖိတ်ကြားတာနဲ့ပတ်သက်ပြီး၊ မြန်မာစစ်ခေါင်းဆောင်တွေကတော့ အာဆီယံ ပဋိညဉ်ကို ချိုးဖေါက်တယ်လို့ စွပ်စွဲပြောဆိုပါတယ်။ ဒါပေမယ့် အခုကျင်းပနေတဲ့ အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာနိုင်ငံကို မဖိတ်ကြားတာဟာ မှန်ကန်ကြောင်း နဲ့ ဝင်ရောက်မစွက်ဖက်ရေးမူကို ချိုးဖေါက်တယ်ဆိုတာမဟုတ်ကြောင်း အင်ဒိုနီးရှား သမတ အပါအဝင် အင်ဒိုနီးရှား ခေါင်းဆောင် တွေကတော့ပြောဆိုလိုက်ပါတယ်။
ဒီအကြောင်းအရာတွေကို ကိုဇော်မိုးကျော်ကတင်ပြပေးပါမယ်။
အွန်လိုင်းကနေ ကျင်းပနေတဲ့ ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှား သမတ Joko Widodod က သူရဲ့ သမတနန်းတော်ကနေ အင်္ဂါနေ့က တက်ရောက်ခဲ့ပါတယ်။
မြန်မာအနေနဲ့ အာဆီယံရဲ့အကူအညီကိုငြင်းပယ်ခဲ့တဲ့အပေါ် စိတ်မကောင်းဖြစ်ရကြောင်း အင်ဒိုနီးရှား သမတက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အာဆီယံ အနေနဲ့ ဝင်ရောက်မစွက်ဖက်ရေးမူကို လေးစာရမှာ ဖြစ်သလို၊ ဒီမိုကရေစီနဲ့လူ့အခွင့်ရေးတွေကိုလည်းလေးစား လိုက်နာရမှာဖြစ်တယ်လို့ အင်ဒိုနီးရှား သမတက အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ပြောဆိုခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကပြောဆိုခဲ့ပါတယ်။
“မြန်မာနိုင်ငံကို အာဆီယံထိပ်သီးအစည်းအဝေး မဖိတ်ဖို့ ချမှတ်ခဲ့ရတဲ့ ဆုံးဖြတ်ချက်ဟာ ခက်ခဲတဲ့ ဆုံးဖြတ်တခုဖြစ်ပါတယ်။ ဒါပေမယ့် ဒါကလုပ်ကိုလုပ်ရမှာဖြစ်ပါတယ် ။ အာဆီယံရဲ့ ဝင်ရောက်မစွက်ဖက်ရေးမူကို လေးစားရမှာပါ။ ဒါပေမယ့်လည်း အာဆီယံရဲ့ အခြား ပဋိညာဉ်တွေဖြစ်တဲ့ Democracy, ကောင်းမွန်တဲ့အစိုးရဖြစ်ရေး၊ လူ့အခွင့်အရေးကိုလေးစား လိုက်နာရေး၊ ဖွဲ့အစည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းနဲ့ တင်မြှောက်ထားတဲ့အစိုးရဖြစ်ရေး စတဲ့ ပဋိညာဉ်တွေကိုလည်း လေးစားလိုက်နာဖို့လိုအပ်တာတွေကိုလည်း မမေ့လျော့ကျဖို့ ကျမတို့ကို သတိပေးပြောဆိုခဲ့ပါတယ်။”
အာဆီယံအနေနဲ့ လူသားခြင်းစာနာတဲ့အထောက်အပံတွေအပါအဝင် မြန်မာနိုင်ငံကပြဿနာတွေကိုဖြေရှင်းဖို့ အကူအညီတွေကို လက်ကမ်းလှမ်းသွားမှာပါလို့လည်း အင်ဒိုနီးရှား သမတ Joko Widodo က ပြောဆိုခဲ့ပါတယ်။
မြန်မာပြည်သူတွေအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း၊ ပြည့်ပြည်စုံစုံ နေထိုင်ခွင့်ရှိပါတယ်။ မြန်မာနိုင်ငံမှာအား လုံးပါဝင်တဲ့ ဒီမိုကရေစီ ဖေါ်ဆောင်မှုကို မကြာမီဘဲ ပြန်လည်စတင်နိုင်လိမ့်မယ်လို့ အင်ဒိုနီးရှား အနေ နဲ့ အမြဲတမ်းမျှော်လင့်နေပါတယ်လို့လည်း အင်ဒိုနီးရှားသမတကပြောဆိုခဲ့ပါတယ်။
မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ပြီးခဲ့တဲ့၊ အာဆီယံထိပ်သီးအစည်းအဝေးကနေချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီပြန် လည်ဖေါ် ဆောင်ရေး သဘောတူညီချက် ၅ ရပ်ကိုဖေါ်ဆောင်ဖို့ပျက်ကွက်ခဲ့ပြီး အာဆီယံအထူးကိုယ် စားလှယ်ကိုလည်း မြန်မာပြည်လာရောက်ပြီး အဖွဲ့ပေါင်းစုံနဲ့တွေဆုံဖို့ကိုခွင့်မပြုခဲ့ပါဘူး။ ဒါကြောင့်မြန်မာ စစ်ခေါင်းဆောင်တွေကို အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်မပေးတာပါ။
အာဆီယံထိပ်သီးအစည်းအဝေးကချမှတ်တဲ့ဆုံးဖြတ်ချက်တွေဟာ အဖွဲ့ဝင်တိုင်းမလိုက်နာမနေရ တဲ့ဆုံးဖြတ်ချက်တွေဖြစ်ပြီး၊ အဖွဲ့ဝင်နိုင်ငံအားလုံးလိုက်နာဖို့ ဝတ္တရားရှိတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Teuku Faizasyah ကပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကိုမဖိတ်တာဟာ အာဆီယံ ပဋိညာဉ်ဖြစ်တဲ့ ဝင်ရောက်စွက်ဖက်ရေးမူကိုချိုးဖေါက် တယ်ဆိုတာ မဟုတ်မှန်ပါဘူးလို့ ပြောရေးဆိုခွင့်ရှိသူ Teuku ကပြောဆိုပါတယ်။
“အာစီယံခေါင်းဆောင်တွေ အားလုံးတညီတညွတ်ထဲသဘောတူချမှတ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက် ၅ ချက်ကိုကောင်အထည်ဖေါ်ဆောင်ရွက်ခြင်းမရှိတဲ့အပေါ် အာစီယံအဖွဲ့ဝင်တွေက စိတ်ပျက် ကြပါတယ်။”
ဒီတကြိမ် အာဆီယံ ထိပ်သီးအစည်းဝေမှာ မြန်မာစစ်ခေါင်းဆောင်တွေကို မဖိတ်တာဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အင်ဒိနီးရှားသုတေသနအဖွဲ့ကြီး ဖြစ်တဲ့ LIPI က သုတေသီတဦးဖြစ်တဲ့ Pandu Prayoga ကပြောဆိုပါတယ်။ ဒါ့အပြင် အာဆီယံအနေနဲ့ မြန်မာနဲ့ဆက်လက် ဆွေးနွေးပြောဆို သင့်တယ်လို့သူကအကြံပေးပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ တရုတ်အပေါ်မှာ အများကြီး မှီခိုအားထားမှုပြုတဲ့အတွက် အာဆီယံရဲ့ ကိုယ်စားလှယ်ကိုလက်ခံဖို့နဲ့ အာဆီယံက ချမှတ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လုပ်ဆောင်ရမယ့် အချက် ၅ ချက်ကို လိုက်နာအကောင်အထည်ဖေါ်ဖို့ တရုတ်ကို ချဉ်းကပ်ပြီး နားချစေတာမျိုး လုပ်သင့်တယ်လို့ သုတေသီ Pandu ကအကြံပြုထားပါတယ်။
မြန်မာအာဏာသိမ်းစစ်ကောင်စီဘက်ကတော့ မြန်မာနိုင်ငံကကိုယ်စားလှယ်ကို အဆင့်နှိမ့်ပြီး၊ နိုင်ငံခြ ားရေးဝန်ကြီးဌာန အမြဲတမ်းတွင်းဝန်ကိုသာတက်ရောက်ဖို့ ဖိတ်ကြားခဲ့တာဟာ အာဆီယံလုပ်ထုံးလုပ် နည်းများနဲ့မညီကြောင်း၊ ပြည်ထောင်စုအဆင့် တာဝန်ရှိသူများတက်ရောက်ခွင့်မရတဲ့အတွက် မတက်ရောက်တာဟာ အာဆီယံကို သပိတ်မှောက်တာမဟုတ်ကြောင်းနဲ့၊ မြန်မာနိုင်ငံအတွက် အားလုံးသဘောတူချမှတ်ထားတဲ့ အချက် ၅ ချက်ကို အကောင်အထည်ဖေါ်ရာမှာ အာဆီယံနဲ့ အပြုသဘောဆက်လက်ပူးပေါင်းဆောင်ရွက်သွားပါမယ်လို့ အောက်တိုဘာလ ၂၆ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီကကတော့ ထုတ်ပြန်ထားကြောင်းပါခင်ဗျာ။