သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏွစ္ရွည္ေထာင္ဒဏ္က်ခံႏိုင္ငံေရးအက်ဥ္းသားေတြကို နယ္ေထာင္ေျပာင္း


အင္းစိန္အက်ဥ္းေထာင္ ( ဓာတ္ပံု- AFP)


ရန္ကုန္တိုင္း စစ္အုပ္ခ်ဳပ္ေရးထုတ္ျပန္ထားတဲ့ၿမိဳ႕နယ္ေတြမွာ စစ္ခုံ႐ုံးကေန ႏွစ္ရွည္ေထာင္ဒဏ္ခ်ထားတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြကို ရပ္ေဝးေထာင္ေတြဆီ စတင္ေျပာင္းေ႐ႊ႕ေနပါတယ္။ ရန္ကုန္အင္းစိန္အက်ဥ္းေထာင္က အက်ဥ္းသား ၁၀၀ နီးပါးကို မႏၲေလး အိုးဘိုအက်ဥ္းေထာင္အပါအဝင္ နယ္ေထာင္ေတြကို ေျပာင္ေးရ႕ႊခဲ့တယ္လို႔ ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုသားၫြန႔္ဦးေျပာျပမွာပါ။

စစ္တပ္အာဏာသိမ္းမႈအေပၚ ျပင္းျပင္းထန္ထန္ ဆန႔္က်င္ခဲ့လို႔ စစ္အုပ္ခ်ဳပ္ေရး ထုတ္ျပန္ထားတဲ့ ရန္ကုန္ၿမိဳ႕က ၿမိဳ႕နယ္တခ်ိဳ႕မွာ ဆႏၵျပသူတခ်ိဳ႕ကို ေသဒဏ္အပါအဝင္ ႏွစ္ရွည္ျပစ္ဒဏ္ေတြကို စစ္ခုံ႐ုံးေတြက ခ်မွတ္ခဲ့ပါတယ္။ အဲဒီျပစ္ဒဏ္ေတြနဲ႔ ရန္ကုန္ အင္းစိန္ေထာင္မွာ အက်ဥ္းက်ေနတဲ့ ႏိုင္ငံသားအက်ဥ္းသား ၈၀ ေက်ာ္ကို မႏၲေလး အိုးဘိုေထာင္ကို ေျပာင္းေ႐ႊ႕လိုက္ၿပီလို႔ အက်ဥ္းသားေတြရဲ႕ အမႈကို လိုက္ပါေဆာင္႐ြက္ေနသူ ေရွ႕ေနတဦးက ဗြီအိုေအကိုေျပာပါတယ္။

“ က်မကိုယ္တိုင္ ၾကားခဲ့တာေတာ့ အိုးဘိုေထာင္ကို အေယာက္ ၈၀ ပို႔လိုက္တာေလ။ ( ရန္ကုန္တိုင္း) စစ္ခုံ႐ုံး ၆ ေနရာကေန အမိန႔္ခ်ၿပီးသား အမႈေတြေလ အမ်ားဆုံးပါတယ္။ အမႈရင္ဆိုင္ေနဆဲ အမႈေတြကိုေတာ့ လႊတ္လို႔မရဘူးေလ ဒီမွာအမႈေတြ ရွိေနေသးတာကိုး အမိန႔္ခ်ၿပီးသားသူေတြကိုပဲ ပို႔လို႔ရတာ။”

အင္းစိန္ေထာင္ကေန ေျပာင္းေ႐ႊ႕ခံရတဲ့ ႏိုင္ငံေရၚအက်ဥ္းသားအမ်ားစုက မႏၲေလးအိုးဘိုေထာင္ကို ေျပာင္းေ႐ႊ႕ခံရတာျဖစ္ၿပီး ၂၀ ဝန္းက်င္ကေတာ့ တျခားရပ္ေဝးေတြဆီ ပို႔တာခံရတယ္လို႔ ရန္ကုန္က ေရွ႕ေနတဦးက ေျပာပါတယ္။

“ ဒါစစ္ခုံ႐ုံးကခ်လိုက္တဲ့ အမႈေတြမ်ားတယ္၊ အဲလူေတြပါသြားတယ္။ ေတာ္ေတာ္မ်ားမ်ားေတာ့ သာယာဝတီ (ပဲခူး) တို႔၊ လာရႈိး (ရွမ္း) ၊ သရက္ (မေကြး)၊ ေတာ္ေတာ္မ်ားမ်ား ေလးငါးၿမိဳ႕နယ္ေလာက္ ပို႔တယ္လို႔ ၾကားထားပါတယ္။”

မြန္ျပည္နယ္၊ ကရင္ျပည္နယ္ ဘက္ေျပာင္းေ႐ႊ႕ခံရသူတခ်ိဳ႕လည္း ရွိပါတယ္။ အဲဒီသူေတြဟာ ၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္ စစ္အာဏာသိမ္းမႈဆန႔္က်င္တဲ့ ဆႏၵျပလႈပ္ရွားမႈေတြမွာပါဝင္ရင္း ဖမ္းဆီးခံခဲ့ရၿပီး အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒ ၅၀ (ည) နဲ႔ အမ်ားစု တရားစြဲဆိုခံခဲ့ရပါတယ္။ စစ္အုပ္ခ်ဳပ္ေရးထုတ္ျပန္ထားတဲ့ လႈိင္သာယာၿမိဳ႕နယ္၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ ေတာင္ဒဂုံၿမိဳ႕နယ္၊ ေျမာက္ဒဂုံၿမိဳ႕နယ္နဲ႔ ဒဂုံအေရွ႕ပိုင္းၿမိဳ႕နယ္ေတြက စစ္ခုံ႐ုံးေတြကေန ေသဒဏ္အပါအဝင္ ႏွစ္ရွည္ျပစ္ဒဏ္ေတြ ခ်ခဲ့တာျဖစ္ပါတယ္။ စစ္ေကာင္စီလုံၿခဳံေရးအဖြဲ႕ေတြက ဆႏၵျပသူေတြကို ေသနတ္နဲ႔ပစ္ခတ္ ၿဖိဳခြင္းခဲ့ၿပီးေနာက္ ရန္ကုန္နဲ႔ မႏၲေလး ႏွစ္ခုေပါင္းက ၿမိဳ႕နယ္ ၁၁ ခုမွာ စစ္အုပ္ခ်ဳပ္ေရး ထုတ္ျပန္ၿပီး စစ္ခုံ႐ုံးေတြက စီရင္ခဲ့တာပါ။

ရန္ကုန္ၿမိဳ႕ စစ္ခုံ႐ုံးေတြက ျပစ္ဒဏ္ခ်လိုက္တဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြကို ခုလိုနယ္ေထာင္ေတြ စတင္ေျပာင္းေ႐ႊ႕ေနေပမဲ့ မႏၲေလးတိုင္း စစ္ခုံ႐ုံးေတြကေန အမိန႔္ခ်လိုက္တဲ့ အက်ဥ္းသားေတြကို ေထာင္အေျပာင္းအေ႐ႊ႕ လုပ္တယ္ဆိုတာ မၾကားေသးဘူးလို႔ မႏၲေလးၿမိဳ႕က တရားလႊတ္ေတာ္ေရွ႕ေနတဦးက ဗြီအိုေအကို ေျပာပါတယ္။

“ ေျပာင္းတယ္လို႔ေတာ့ မၾကားေသးဘူး၊ မႏၲေလး အိုးဘို (ေထာင္) မွာပဲရွိေသးတယ္။ ၅၀၅ အမႈ ေတြေတာင္မွ ဒါရွင္းရွင္းေျပာရရင္ ရန္ကုန္ေလာက္ ျပတ္ျပတ္သားသား မခ်ရေသးဘူး။ ရန္ကုန္မွာဆို အႏုပညာရွင္ ေတာ္ေတာ္မ်ားမ်ား က်ကုန္ၿပီေလ။ ဒီမွာက အမႈေတြက စစ္ေဆးစဲတန္းလန္းေတြပဲ ရွိေသးတယ္။ ဆရာႀကီး ေဒါက္တာေဇာ္ျမင့္ေမာင္တို႔ ဘာတို႔ေတာ့ သူတို႔ကလြဲရင္ က်န္တဲ့သူေတြက မခ်ရေသးဘူး။ ဆရာဦးဝင္းထိန္းတို႔ ဘာတို႔ဆိုရင္ မႏၲေလးအက်ဥ္းေထာင္မွာပဲ ထားထားတယ္လို႔ ေျပာတယ္။”

စစ္ခုံ႐ုံးေတြကေန ျပစ္ဒဏ္ခ်တဲ့ အမႈေတြထဲမွာ ေသဒဏ္ေပးႏိုင္တဲ့ ပုဒ္မေပါင္း ၂၀ ေက်ာ္တယ္လို႔ ေရွ႕ေနေတြကေျပာပါတယ္။ စစ္ခုံ႐ုံးေတြက ခ်မွတ္လိုက္တဲ့ ျပစ္ဒဏ္ေတြကိုလည္း အယူခံဝင္လို႔မရပါဘူး။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း တႏိုင္ငံလုံးမွာ ခုခ်ိန္ထိ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းခံထားရသူ စုစုေပါင္း ၈ ေထာင့္ ၆ ရာေက်ာ္ရွိၿပီး အဲဒီထဲက ၆၀၃ ေယာက္ ေထာင္ဒဏ္ခ်မွတ္ ခံထားရတယ္လို႔ စာရင္းျပဳစု မွတ္တမ္းတင္ေနတဲ့ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ရဲ႕ ဇန္နဝါရီလ ၁၄ ရက္ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။ ေသဒဏ္ခ်မွတ္ခံရသူကေတာ့ အေယာက္ ၈၀ ရွိတယ္လို႔ ဆိုပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ AAPP ရဲ႕ ထုတ္ျပန္ခ်က္ဟာ ခ်ဲ႕ကားထားတဲ့ အခ်က္အလက္ေတြလို႔ေျပာၿပီ အၿမဲ ပယ္ခ်ေလ့ရွိပါတယ္။

......................................................................................

နှစ်ရှည်ထောင်ဒဏ်ကျခံနိုင်ငံရေးအကျဉ်းသားတွေကို နယ်ထောင်ပြောင်း

(Unicode)
ရန်ကုန်တိုင်း စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့မြို့နယ်တွေမှာ စစ်ခုံရုံးကနေ နှစ်ရှည်ထောင်ဒဏ်ချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရပ်ဝေးထောင်တွေဆီ စတင်ပြောင်းရွှေ့နေပါတယ်။ ရန်ကုန်အင်းစိန်အကျဉ်းထောင်က အကျဉ်းသား ၁၀၀ နီးပါးကို မန္တလေး အိုးဘိုအကျဉ်းထောင်အပါအဝင် နယ်ထောင်တွေကို ပြောင်းရ့ွှခဲ့တယ်လို့ ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုသားညွန့်ဦးပြောပြမှာပါ။

စစ်တပ်အာဏာသိမ်းမှုအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့လို့ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတဲ့ ရန်ကုန်မြို့က မြို့နယ်တချို့မှာ ဆန္ဒပြသူတချို့ကို သေဒဏ်အပါအဝင် နှစ်ရှည်ပြစ်ဒဏ်တွေကို စစ်ခုံရုံးတွေက ချမှတ်ခဲ့ပါတယ်။ အဲဒီပြစ်ဒဏ်တွေနဲ့ ရန်ကုန် အင်းစိန်ထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံသားအကျဉ်းသား ၈၀ ကျော်ကို မန္တလေး အိုးဘိုထောင်ကို ပြောင်းရွှေ့လိုက်ပြီလို့ အကျဉ်းသားတွေရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေသူ ရှေ့နေတဦးက ဗွီအိုအေကိုပြောပါတယ်။

“ ကျမကိုယ်တိုင် ကြားခဲ့တာတော့ အိုးဘိုထောင်ကို အယောက် ၈၀ ပို့လိုက်တာလေ။ ( ရန်ကုန်တိုင်း) စစ်ခုံရုံး ၆ နေရာကနေ အမိန့်ချပြီးသား အမှုတွေလေ အများဆုံးပါတယ်။ အမှုရင်ဆိုင်နေဆဲ အမှုတွေကိုတော့ လွှတ်လို့မရဘူးလေ ဒီမှာအမှုတွေ ရှိနေသေးတာကိုး အမိန့်ချပြီးသားသူတွေကိုပဲ ပို့လို့ရတာ။”

အင်းစိန်ထောင်ကနေ ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေါ်အကျဉ်းသားအများစုက မန္တလေးအိုးဘိုထောင်ကို ပြောင်းရွှေ့ခံရတာဖြစ်ပြီး ၂၀ ဝန်းကျင်ကတော့ တခြားရပ်ဝေးတွေဆီ ပို့တာခံရတယ်လို့ ရန်ကုန်က ရှေ့နေတဦးက ပြောပါတယ်။

“ ဒါစစ်ခုံရုံးကချလိုက်တဲ့ အမှုတွေများတယ်၊ အဲလူတွေပါသွားတယ်။ တော်တော်များများတော့ သာယာဝတီ (ပဲခူး) တို့၊ လာရှိုး (ရှမ်း) ၊ သရက် (မကွေး)၊ တော်တော်များများ လေးငါးမြို့နယ်လောက် ပို့တယ်လို့ ကြားထားပါတယ်။”

မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဘက်ပြောင်းရွှေ့ခံရသူတချို့လည်း ရှိပါတယ်။ အဲဒီသူတွေဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေမှာပါဝင်ရင်း ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ၅၀ (ည) နဲ့ အများစု တရားစွဲဆိုခံခဲ့ရပါတယ်။ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ မြောက်ဒဂုံမြို့နယ်နဲ့ ဒဂုံအရှေ့ပိုင်းမြို့နယ်တွေက စစ်ခုံရုံးတွေကနေ သေဒဏ်အပါအဝင် နှစ်ရှည်ပြစ်ဒဏ်တွေ ချခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေက ဆန္ဒပြသူတွေကို သေနတ်နဲ့ပစ်ခတ် ဖြိုခွင်းခဲ့ပြီးနောက် ရန်ကုန်နဲ့ မန္တလေး နှစ်ခုပေါင်းက မြို့နယ် ၁၁ ခုမှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီး စစ်ခုံရုံးတွေက စီရင်ခဲ့တာပါ။

ရန်ကုန်မြို့ စစ်ခုံရုံးတွေက ပြစ်ဒဏ်ချလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခုလိုနယ်ထောင်တွေ စတင်ပြောင်းရွှေ့နေပေမဲ့ မန္တလေးတိုင်း စစ်ခုံရုံးတွေကနေ အမိန့်ချလိုက်တဲ့ အကျဉ်းသားတွေကို ထောင်အပြောင်းအရွှေ့ လုပ်တယ်ဆိုတာ မကြားသေးဘူးလို့ မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေတဦးက ဗွီအိုအေကို ပြောပါတယ်။

“ ပြောင်းတယ်လို့တော့ မကြားသေးဘူး၊ မန္တလေး အိုးဘို (ထောင်) မှာပဲရှိသေးတယ်။ ၅၀၅ အမှု တွေတောင်မှ ဒါရှင်းရှင်းပြောရရင် ရန်ကုန်လောက် ပြတ်ပြတ်သားသား မချရသေးဘူး။ ရန်ကုန်မှာဆို အနုပညာရှင် တော်တော်များများ ကျကုန်ပြီလေ။ ဒီမှာက အမှုတွေက စစ်ဆေးစဲတန်းလန်းတွေပဲ ရှိသေးတယ်။ ဆရာကြီး ဒေါက်တာဇော်မြင့်မောင်တို့ ဘာတို့တော့ သူတို့ကလွဲရင် ကျန်တဲ့သူတွေက မချရသေးဘူး။ ဆရာဦးဝင်းထိန်းတို့ ဘာတို့ဆိုရင် မန္တလေးအကျဉ်းထောင်မှာပဲ ထားထားတယ်လို့ ပြောတယ်။”

စစ်ခုံရုံးတွေကနေ ပြစ်ဒဏ်ချတဲ့ အမှုတွေထဲမှာ သေဒဏ်ပေးနိုင်တဲ့ ပုဒ်မပေါင်း ၂၀ ကျော်တယ်လို့ ရှေ့နေတွေကပြောပါတယ်။ စစ်ခုံရုံးတွေက ချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေကိုလည်း အယူခံဝင်လို့မရပါဘူး။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံးမှာ ခုချိန်ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၈ ထောင့် ၆ ရာကျော်ရှိပြီး အဲဒီထဲက ၆၀၃ ယောက် ထောင်ဒဏ်ချမှတ် ခံထားရတယ်လို့ စာရင်းပြုစု မှတ်တမ်းတင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇန်နဝါရီလ ၁၄ ရက် ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ သေဒဏ်ချမှတ်ခံရသူကတော့ အယောက် ၈၀ ရှိတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ AAPP ရဲ့ ထုတ်ပြန်ချက်ဟာ ချဲ့ကားထားတဲ့ အချက်အလက်တွေလို့ပြောပြီ အမြဲ ပယ်ချလေ့ရှိပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG