သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အသံတိတ္သပိတ္မွာပါဝင္တဲ့ ႏိုင္/က်ဥ္းမ်ား ႐ိုက္ႏွက္အေရးယူခံရ


Insein Prison Overview

[[Zawgyi/Unicode]]

ဒီဇင္ဘာ ၁၀ ရက္က တႏိုင္ငံလုံးအသံတိတ္သပိတ္မွာ အက်ဥ္းေထာင္အတြင္းကေန ပါဝင္ဆင္ႏႊဲခဲ့တဲ့အတြက္ တိုက္ပိတ္အေရးယူခံထားရတဲ့ အက်ဥ္းသား ၈၉ ဦးရွိၿပီး အဲဒီအထဲကတခ်ိဳ႕ဟာ ေထာင္အာဏာပိုင္ေတြရဲ႕ ႐ိုက္ႏွက္မႈေၾကာင့္ ဒဏ္ရာေတြ ျပင္းျပင္းထန္ထန္ရထားတယ္လို႔ သူတို႔ရဲ႕ေရွ႕ေနေတြက ဗြီအိုေအကို ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကို ကိုသားၫြန႔္ဦးက တင္ျပထားပါတယ္။

“...အဲဒီခ်ိန္မွာ ေခါင္းေဆာင္ဘယ္သူလဲလို႔ ေဖာ္ခိုင္းတယ္၊ မေဖာ္တဲ့အတြက္ေၾကာင့္မို႔ ဒီ ၈၉ ေယာက္လုံးကို ျပစ္ဒဏ္တိုက္ထဲကို သူတို႔ကိုေခၚသြားတယ္၊.... တလမ္းလုံး႐ိုက္ၿပီး “မင္းလားကြ မင္းလားကြ” ဆိုၿပီး ေျပာေျပာၿပီး ႐ိုက္တာေပါ့။ ဆဲတာေတြေရာ ႐ိုက္တာေတြေရာ။” (အမည္မေဖာ္လိုသူ ေရွ႕ေန)


အင္းစိန္ေထာင္ရဲ႕ သီးသန႔္ေဆာင္မွာထိန္းသိမ္းထားတဲ့ အက်ဥ္းသား ၈၉ ေယာက္ဟာ ဒီဇင္ဘာ ၁၀ ရက္ ညေန ၃ နာရီမွာ အာဏာရွင္ က်ဆုံးပါေစဆိုတဲ့ သီခ်င္းတပုဒ္ကို သံၿပိဳင္သီဆိုခဲ့တာေၾကာင့္ အခုလို အေရးယူခံရတာလို႔သိရပါတယ္။ ဒါကိုတုံ႔ျပန္တဲ့အေနနဲ႔ ေထာင္အာဏာပိုင္ေတြက သူတို႔အားလုံးကို ဒီေန႔အထိ တိုက္ပိတ္ထားၿပီး တခ်ိဳ႕ကေတာ့ ႐ိုက္ႏွက္ခံထားရတဲ့အတြက္ ဒဏ္ရာအျပင္းအထန္ ရထားေၾကာင္း ေထာင္တြင္းတရား႐ုံးေတြသြားေရာက္ခြင့္ရတဲ့ ေရွ႕ေနတခ်ိဳ႕က ေျပာပါတယ္။ လုံၿခဳံေရးနဲ႔ အမႈေၾကာင္းအေျခအေနေတြေၾကာင့္ နာမည္မေဖာ္လိုတဲ့ ဥပေဒအက်ိဴးေဆာင္ ေရွေနတဦးကေတာ့ ႐ိုက္ႏွက္ခံရတဲ့အေျခအေနကို အခုလို ေျပာျပပါတယ္။

“၈၉ ေယာက္ထဲမွာ ရဲရဲေတာက္ နာမည္ႀကီးေတြ ပါပါတယ္။ အဲဒီသီခ်င္းဆိုၿပီးတဲ့အခ်ိန္မွာ ေထာင္ပိုင္ေတြကိုယ္တိုင္ ဝင္႐ိုက္တာေတြရွိတယ္။ အဲဒီခ်ိန္မွာ ေခါင္းေဆာင္ဘယ္သူလဲလို႔ ေဖာ္ခိုင္းတယ္၊ မေဖာ္တဲ့အတြက္ေၾကာင့္မို႔ ဒီ ၈၉ ေယာက္လုံးကို ျပစ္ဒဏ္တိုက္ထဲကို သူတို႔ကိုေခၚသြားတယ္၊ ႏွစ္ေယာက္ ႏွစ္ေယာက္လက္ထိပ္ခတ္ၿပီးေတာ့ အေနာက္ကေန ဝန္ထမ္း အစိတ္ေလာက္ရွိမယ္။ (အကစ) ဝန္ထမ္း ႐ိုက္ၿပီးေခၚသြားတယ္။ တလမ္းလုံး႐ိုက္ၿပီး “မင္းလားကြ မင္းလားကြ” ဆိုၿပီး ေျပာေျပာၿပီး ႐ိုက္တာေပါ့။ ဆဲတာေတြေရာ ႐ိုက္တာေတြေရာ။”

ဒီ ၈၉ ေယာက္ထဲမွာ အကုန္လုံးအ႐ိုက္ခံရတာျဖစ္ၿပီး တခ်ိဳ႕ကေတာ့ ဒဏ္ရာျပင္းျပင္းထန္ထန္ရထားတယ္လို႔ ဆိုပါတယ္။ သူတို႔ကို ေဆးကုသမႈလည္း လက္ရွိအထိ ေသခ်ာ စီစဥ္ေပးထားတာမေတြ႔ရေၾကာင္းလည္း ေရွ႕ေနက အခုလိုေျပာပါတယ္။

“႐ိုက္တဲ့လက္နက္မွာ ဘာေတြပါလဲဆိုေတာ့ သူတို႔ကိုင္ေနက် တုတ္ပါတယ္၊ ေကာ္ေခ်ာင္းရယ္၊ ေရစုပ္စက္မွာတပ္ထားတဲ့ အရမ္းစပ္တယ္။ အဲဒီႀကိဳးရယ္ အဲဒီသုံးမ်ိဳးနဲ႔ တေယာက္ခ်င္းစီမွာ ကိုင္ထားၿပီးေတာ့ အ႐ိုက္ခံရတယ္။ ဒဏ္ရာေတြက လမ္းတေလွ်ာက္ မိန္းေဂ်းထဲကို ေတာက္ေလွ်ာက္ ႐ိုက္သြားတာျဖစ္လို႔ သတိလစ္သြားသူရွိတယ္၊ ၿပိဳလဲသြားတဲ့ ႏွစ္ေယာက္ရွိတယ္၊ နားကြဲသြားတဲ့ တေယာက္ရွိတယ္။ ေသခ်ာေတာ့ မလုပ္ေပးဘူးနဲ႔တူတယ္၊ က်မ ဒီေန႔ဒဏ္ရာကို ၾကည့္လိုက္တဲ့အခ်ိန္မွာ ေတာ္ေတာ္ဆိုးဆိုးေတြ ေတြ႔ရတယ္။ က်မကိုယ္တိုင္လည္း ေဆးေတြလိမ္းေပးခဲ့တာဆိုေတာ့။ (အကစ)ေတြက က်မတို႔ကို ေဘးပတ္ပတ္လည္မွာ ေစာင့္ၾကည့္ေနတာဆိုေတာ့။”

ဒဏ္ရျပင္းထန္တဲ့သူတခ်ိဳ႕ကို ျပင္ပေဆး႐ုံမွာ လုံၿခဳံေရးအျပည့္နဲ႔ ေစာင့္ၾကပ္ၿပီး ေဆးကုသေပးတယ္လို႔လည္း အက်ဥ္းေထာင္သူနာျပဳေတြနဲ႔ နီးစပ္တဲ့ မိသားစုက ဗြီအိုေအ ကို ေျပာပါတယ္။ ဒါေပမဲ့ ဗြီအိုေအက ဒီကိစၥကို သီးျခားအတည္ျပဳလို႔ေတာ့ မရေသးပါဘူး။ အက်ဥ္းသားတဦးရဲ႕ ဖခင္ကေတာ့ သူ႔သိထားတာကို အခုလိုေျပာပါတယ္။

“ေဘးပတ္ဝန္းက်င္က ေျပာတဲ့စကားအရေတာ့ အဲဒီအထဲက ေဆးမႉးေတြ၊ နတ္စ္မေတြက အျပင္ေဆး႐ုံတိုင္းမွာ လိုက္ၿပီးေတာ့ ေစာင့္ေပးေနရတယ္၊ က်န္တဲ့သူ ေဆး႐ုံေတြ ေရာက္တယ္လို႔ေတာ့ အသံလည္းၾကားတယ္။ ဘယ္သူေတြ ဘယ္လိုေရာက္လဲေတာ့ မသိဘူး။ ၁၁ ရက္ေန႔ေလာက္က ပို႔တယ္လို႔ေတာ့ ေျပာတာပဲ။ ႐ိုက္ပုတ္ခံရလို႔ေပါ့။”

ဇူလိုင္လ ၂၃ ရက္ကလည္း အလားတူ ဆႏၵျပမႈမ်ိဳး အင္းစိန္ေထာင္ထဲမွာ ျဖစ္ပြားခဲ့ပါတယ္။ ဒါေပမဲ့ သူတို႔ကို ႐ိုက္ႏွက္တာေတြ မလုပ္ခဲ့ဘူးလို႔ အက်ဥ္းဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ဦးခ်မ္းေအးေက်ာ္က ေျပာခဲ့တာပါ။ အဲဒီတုန္းက အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီအဖြဲ႔ ICRC ကတည္း အင္းစိန္ေထာင္တြင္း ဆႏၵျပပြဲကို သူတို႔အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ ေနာက္တေန႔မွာ ေၾကညာခ်က္ထုတ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

အသံတိတ်သပိတ်မှာပါဝင်တဲ့ နိုင်/ကျဉ်းများ ရိုက်နှက်အရေးယူခံရ

ဒီဇင်ဘာ ၁၀ ရက်က တနိုင်ငံလုံးအသံတိတ်သပိတ်မှာ အကျဉ်းထောင်အတွင်းကနေ ပါဝင်ဆင်နွှဲခဲ့တဲ့အတွက် တိုက်ပိတ်အရေးယူခံထားရတဲ့ အကျဉ်းသား ၈၉ ဦးရှိပြီး အဲဒီအထဲကတချို့ဟာ ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်မှုကြောင့် ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရထားတယ်လို့ သူတို့ရဲ့ရှေ့နေတွေက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

“...အဲဒီချိန်မှာ ခေါင်းဆောင်ဘယ်သူလဲလို့ ဖော်ခိုင်းတယ်၊ မဖော်တဲ့အတွက်ကြောင့်မို့ ဒီ ၈၉ ယောက်လုံးကို ပြစ်ဒဏ်တိုက်ထဲကို သူတို့ကိုခေါ်သွားတယ်၊.... တလမ်းလုံးရိုက်ပြီး “မင်းလားကွ မင်းလားကွ” ဆိုပြီး ပြောပြောပြီး ရိုက်တာပေါ့။ ဆဲတာတွေရော ရိုက်တာတွေရော။” (အမည်မဖော်လိုသူ ရှေ့နေ)


အင်းစိန်ထောင်ရဲ့ သီးသန့်ဆောင်မှာထိန်းသိမ်းထားတဲ့ အကျဉ်းသား ၈၉ ယောက်ဟာ ဒီဇင်ဘာ ၁၀ ရက် ညနေ ၃ နာရီမှာ အာဏာရှင် ကျဆုံးပါစေဆိုတဲ့ သီချင်းတပုဒ်ကို သံပြိုင်သီဆိုခဲ့တာကြောင့် အခုလို အရေးယူခံရတာလို့သိရပါတယ်။ ဒါကိုတုံ့ပြန်တဲ့အနေနဲ့ ထောင်အာဏာပိုင်တွေက သူတို့အားလုံးကို ဒီနေ့အထိ တိုက်ပိတ်ထားပြီး တချို့ကတော့ ရိုက်နှက်ခံထားရတဲ့အတွက် ဒဏ်ရာအပြင်းအထန် ရထားကြောင်း ထောင်တွင်းတရားရုံးတွေသွားရောက်ခွင့်ရတဲ့ ရှေ့နေတချို့က ပြောပါတယ်။ လုံခြုံရေးနဲ့ အမှုကြောင်းအခြေအနေတွေကြောင့် နာမည်မဖော်လိုတဲ့ ဥပဒေအကျိူးဆောင် ရှေနေတဦးကတော့ ရိုက်နှက်ခံရတဲ့အခြေအနေကို အခုလို ပြောပြပါတယ်။

“၈၉ ယောက်ထဲမှာ ရဲရဲတောက် နာမည်ကြီးတွေ ပါပါတယ်။ အဲဒီသီချင်းဆိုပြီးတဲ့အချိန်မှာ ထောင်ပိုင်တွေကိုယ်တိုင် ဝင်ရိုက်တာတွေရှိတယ်။ အဲဒီချိန်မှာ ခေါင်းဆောင်ဘယ်သူလဲလို့ ဖော်ခိုင်းတယ်၊ မဖော်တဲ့အတွက်ကြောင့်မို့ ဒီ ၈၉ ယောက်လုံးကို ပြစ်ဒဏ်တိုက်ထဲကို သူတို့ကိုခေါ်သွားတယ်၊ နှစ်ယောက် နှစ်ယောက်လက်ထိပ်ခတ်ပြီးတော့ အနောက်ကနေ ဝန်ထမ်း အစိတ်လောက်ရှိမယ်။ (အကစ) ဝန်ထမ်း ရိုက်ပြီးခေါ်သွားတယ်။ တလမ်းလုံးရိုက်ပြီး “မင်းလားကွ မင်းလားကွ” ဆိုပြီး ပြောပြောပြီး ရိုက်တာပေါ့။ ဆဲတာတွေရော ရိုက်တာတွေရော။”

ဒီ ၈၉ ယောက်ထဲမှာ အကုန်လုံးအရိုက်ခံရတာဖြစ်ပြီး တချို့ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်လို့ ဆိုပါတယ်။ သူတို့ကို ဆေးကုသမှုလည်း လက်ရှိအထိ သေချာ စီစဉ်ပေးထားတာမတွေ့ရကြောင်းလည်း ရှေ့နေက အခုလိုပြောပါတယ်။

“ရိုက်တဲ့လက်နက်မှာ ဘာတွေပါလဲဆိုတော့ သူတို့ကိုင်နေကျ တုတ်ပါတယ်၊ ကော်ချောင်းရယ်၊ ရေစုပ်စက်မှာတပ်ထားတဲ့ အရမ်းစပ်တယ်။ အဲဒီကြိုးရယ် အဲဒီသုံးမျိုးနဲ့ တယောက်ချင်းစီမှာ ကိုင်ထားပြီးတော့ အရိုက်ခံရတယ်။ ဒဏ်ရာတွေက လမ်းတလျှောက် မိန်းဂျေးထဲကို တောက်လျှောက် ရိုက်သွားတာဖြစ်လို့ သတိလစ်သွားသူရှိတယ်၊ ပြိုလဲသွားတဲ့ နှစ်ယောက်ရှိတယ်၊ နားကွဲသွားတဲ့ တယောက်ရှိတယ်။ သေချာတော့ မလုပ်ပေးဘူးနဲ့တူတယ်၊ ကျမ ဒီနေ့ဒဏ်ရာကို ကြည့်လိုက်တဲ့အချိန်မှာ တော်တော်ဆိုးဆိုးတွေ တွေ့ရတယ်။ ကျမကိုယ်တိုင်လည်း ဆေးတွေလိမ်းပေးခဲ့တာဆိုတော့။ (အကစ)တွေက ကျမတို့ကို ဘေးပတ်ပတ်လည်မှာ စောင့်ကြည့်နေတာဆိုတော့။”

ဒဏ်ရပြင်းထန်တဲ့သူတချို့ကို ပြင်ပဆေးရုံမှာ လုံခြုံရေးအပြည့်နဲ့ စောင့်ကြပ်ပြီး ဆေးကုသပေးတယ်လို့လည်း အကျဉ်းထောင်သူနာပြုတွေနဲ့ နီးစပ်တဲ့ မိသားစုက ဗွီအိုအေ ကို ပြောပါတယ်။ ဒါပေမဲ့ ဗွီအိုအေက ဒီကိစ္စကို သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။ အကျဉ်းသားတဦးရဲ့ ဖခင်ကတော့ သူ့သိထားတာကို အခုလိုပြောပါတယ်။

“ဘေးပတ်ဝန်းကျင်က ပြောတဲ့စကားအရတော့ အဲဒီအထဲက ဆေးမှူးတွေ၊ နတ်စ်မတွေက အပြင်ဆေးရုံတိုင်းမှာ လိုက်ပြီးတော့ စောင့်ပေးနေရတယ်၊ ကျန်တဲ့သူ ဆေးရုံတွေ ရောက်တယ်လို့တော့ အသံလည်းကြားတယ်။ ဘယ်သူတွေ ဘယ်လိုရောက်လဲတော့ မသိဘူး။ ၁၁ ရက်နေ့လောက်က ပို့တယ်လို့တော့ ပြောတာပဲ။ ရိုက်ပုတ်ခံရလို့ပေါ့။”

ဇူလိုင်လ ၂၃ ရက်ကလည်း အလားတူ ဆန္ဒပြမှုမျိုး အင်းစိန်ထောင်ထဲမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကို ရိုက်နှက်တာတွေ မလုပ်ခဲ့ဘူးလို့ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က ပြောခဲ့တာပါ။ အဲဒီတုန်းက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ကတည်း အင်းစိန်ထောင်တွင်း ဆန္ဒပြပွဲကို သူတို့အနီးကပ်စောင့်ကြည့်နေတယ်လို့ နောက်တနေ့မှာ ကြေညာချက်ထုတ်ခဲ့ပါတယ်။

#MyanmarViolence #MyanmarPoliticalPrionsers #MyanmarSilentStrike #VOABurmese

===========

XS
SM
MD
LG