(Zawgyi / Unicode)
အမ်ဳိးသားညီညြတ္ေရးအစိုးရ (NUG) ဖြဲ႔စည္းျခင္း တႏွစ္ျပည့္ အထိမ္းအမွတ္အေနနဲ႔ အေမရိကန္ျပည္ေထာင္စုေရာက္ ျမန္မာႏိုင္ငံသားေတြက ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္မွာ ျမန္မာႏိုင္ငံ စစ္အာဏာရွင္လက္ေအာက္က လြတ္ေျမာက္ေရးအတြက္ ေတာင္းဆို ဆႏၵျပၾကပါတယ္။ ဆႏၵျပပြဲမွာ အေမရိကန္အစိုးရအေနနဲ႔ NUG အစိုးရကို တရားဝင္ အသိအမွတ္ျပဳေပးဖို႔နဲ႔ ထိေရာက္တဲ့ အကူအညီေတြကို ေပးဖို႔ အဓိက ေတာင္းဆိုၾကပါတယ္။
ဆႏၵျပပြဲမွာ အေမရိကန္ႏိုင္ငံကို ေရာက္ေနတဲ့ NUG လူ႔အခြင့္အေရးဝန္ႀကီး ဦးေအာင္မ်ဳိးမင္း၊ ဆက္သြယ္ေရး သတင္းနဲ႔ နည္းပညာဝန္ႀကီး ဦးထင္လင္းေအာင္နဲ႔ ဒုႏိုင္ငံျခားေရးဝန္ႀကီး ဦးမိုးေဇာ္ဦးတို႔လည္း ပါဝင္ တက္ေရာက္ၾကပါတယ္။ ဆႏၵျပပြဲေတြကို ပထမ အေမရိကန္သမၼတ အိမ္ျဖဴေတာ္ေရွ႕မွာ စတင္ခဲ့ၿပီး အဲဒီကေန အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္ကို ခ်ီတက္ၾကတာပါ။
အဲဒီဆႏၵျပပြဲကို ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္နဲ႔ ေမရီလန္း၊ ဗာဂ်ီးနီးယား၊ နယူးေယာက္၊ ကင္တာကီနဲ႔ ေျမာက္ကယ္လိုလိုင္းနား အပါအဝင္ ျပည္နယ္အေတာ္မ်ားမ်ားမွာ ေနထိုင္တဲ့ ျမန္မာႏိုင္ငံသား စုစုေပါင္း ၄၀၀ ဝန္းက်င္ေလာက္ ပါဝင္ခဲ့ၾကတာ ျဖစ္ပါတယ္။
----------------------------------
(Unicode)
NUG အစိုးရကို တရားဝင်ထောက်ခံဖို့ ကန်ရောက် မြန်မာတွေ အိမ်ဖြူတော်ရှေ့ ဆန္ဒပြတောင်းဆို
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းခြင်း တနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားတွေက ဝါရှင်တန်ဒီစီမြို့တော်မှာ မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးအတွက် တောင်းဆို ဆန္ဒပြကြပါတယ်။ ဆန္ဒပြပွဲမှာ အမေရိကန်အစိုးရအနေနဲ့ NUG အစိုးရကို တရားဝင် အသိအမှတ်ပြုပေးဖို့နဲ့ ထိရောက်တဲ့ အကူအညီတွေကို ပေးဖို့ အဓိက တောင်းဆိုကြပါတယ်။
ဆန္ဒပြပွဲမှာ အမေရိကန်နိုင်ငံကို ရောက်နေတဲ့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ ဆက်သွယ်ရေး သတင်းနဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်နဲ့ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးတို့လည်း ပါဝင် တက်ရောက်ကြပါတယ်။ ဆန္ဒပြပွဲတွေကို ပထမ အမေရိကန်သမ္မတ အိမ်ဖြူတော်ရှေ့မှာ စတင်ခဲ့ပြီး အဲဒီကနေ အမေရိကန် ကွန်ဂရက်လွှတ်တော်ကို ချီတက်ကြတာပါ။
အဲဒီဆန္ဒပြပွဲကို ဝါရှင်တန်ဒီစီမြို့တော်နဲ့ မေရီလန်း၊ ဗာဂျီးနီးယား၊ နယူးယောက်၊ ကင်တာကီနဲ့ မြောက်ကယ်လိုလိုင်းနား အပါအဝင် ပြည်နယ်အတော်များများမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၄၀၀ ဝန်းကျင်လောက် ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။