သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီအေပၚ ၾသစေၾတးလ် သေဘာထား ဘယ္လိုလဲ


Hearing on Myanmar in Australia

တာဝန္ၿပီးဆုံးလို႔ ျပန္ခါနီး ၾသစေၾတးလ် သံအမတ္ႀကီးက စစ္ေကာင္စီအႀကီးအကဲကို ေတြ႔ဆုံရာမွာ ႏွစ္ႏိုင္ငံအၾကား က႑ေပါင္းစုံ ဆက္ဆံေရး တိုးျမႇင့္လိုေၾကာင္း ေျပာသြားတယ္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဒါဟာ စစ္ေကာင္စီကို တရားဝင္အသီအမွတ္ျပဳလိုတဲ့ သေဘာလား။ ၾသစေၾတးလ်ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာမူဝါဒက ဘယ္လိုလဲ။ ၾသစေၾတးလ်အေျခစိုက္ ျမန္မာ့အေရးလႈပ္ရွားေနသူ ေဒါက္တာျမင့္ခ်ိဳနဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ၿပီးခဲ့တဲ့အပတ္က ျမန္မာႏုိင္ငံဆိုင္ရာ ၾသစေၾတးလ်သံအမတ္ Andrea Faulkner က စစ္ေကာင္စီအႀကီးအကဲကို ေတြ႔ဆံုခဲ့ပါတယ္။ တကယ္ေတာ့ သူ႔ရဲ ႔ေတြ႔ဆံုမႈဟာ သံတမန္တေယာက္ တာဝန္ထမ္းေဆာင္ၿပီးလို႔ ျပန္ခါနီးမွာ ေတြ႔ဆံုတဲ့ Courtesy Call သာ ျဖစ္ပါတယ္။ သို႔ေသာ္လဲပဲ စစ္ေကာင္စီဘက္က ေဖာ္ျပတဲ့ သတင္းထဲမွာ ဘာေျပာထားသလဲဆိုေတာ့ ၾသစေၾတးလ်ႏိုင္ငံဟာ ျမန္မာစစ္ေကာင္စီနဲ႔ ႏွစ္ႏိ္ုင္ငံ ပူးေပါင္းေဆာင္ရြက္ေရးကို တုိးျမွင့္သြားမယ္လို႔ ေျပာသြားတယ္လို႔ သတင္းထုတ္ျပန္ေဖာ္ျပပါတယ္။ ဒါေပမဲ့ ၾသစေၾတးလ်ႏုိင္ငံျခားေရးရံုးက ေျပာတာကေတာ့ ဒါက စစ္ေကာင္စီကို အသိအမွတ္ျပဳတာ မဟုတ္ဘူး။ အၾကမ္းဖက္မႈေတြကိုရပ္ဖို႔၊ ဖမ္းဆီးထားသူေတြကို လႊတ္ေပးဖို႔ ေျပာျခင္းသာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီကိစၥကို Human Rights Watch (HRW) လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႔က ဒါဟာ အသိအမွတ္ျပဳဖို႔ ႀကိဳးပမ္းခဲ့တာ ျဖစ္တယ္ဆိုၿပီးေတာ့ ေဝဖန္ပါတယ္။ ဆိုေတာ့ ဒီေတြ႔ဆံုမႈနဲ႔ ပတ္သက္ၿပီးေတာ့ ဆရာက ၾသစေၾတးလ်ႏုိုင္ငံမွာ ႏွစ္ေပါင္းမ်ားစြာ ေနထိုင္ေနၿပီး၊ ျမန္မာ့အေရး တက္ၾကြလႈပ္ရွားေနသူတဦးအေနနဲ႔ ဘယ္လိုျမင္ပါသလဲ။ ဒီေတြ႔ဆံုမႈကို ဘယ္လိုယူဆပါသလဲ။

ေျဖ ။ ။ ၾသစေၾတးလ်သံအမတ္ေတြအေနနဲ႔ေတာ့ သူ႔တာဝန္ေတြ ၿပီးဆံုးလို႔ မျပန္ခင္၊ စစ္ေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆံုတဲ့ အစဥ္အလာ ရိွပါတယ္။ ဒါဟာ သာမန္ေတြ႔ဆံုေနၾက၊ သံတမန္ေရး လုပ္ထံုးလုပ္ေနၾက တခုပါပဲ။ ၾသစေၾတးလ်သံအမတ္ ေတြ႔ဆံုေဆြးေႏြးတာဟာ က႑ေပါင္းစံုက ပူးေပါင္းေဆာင္ရြက္ေရးကို ျမွင့္တင္ဖုိ႔ဆိုတဲ့ စစ္ေကာင္စီ ေျပာဆိုခ်က္ေတြကေတာ့ သူ႔ကို ၾသစေၾတးလ်အစိုးရက အသိအမွတ္ျပဳတယ္ဆိုတဲ့ ပံုစံမ်ဳိး၊ အမ်ားကျမင္လာေအာင္ ဝါဒျဖန္႔ခ်ီေရးလုပ္တဲ့ကိစၥပါပဲ။


ေမး ။ ။ ၈၈ ၿပီးေနာက္ နဝတ တက္လာတဲ့အခါမွာလဲ က်န္တဲ့ ဒီမိုကေရစီႏုိင္ငံေတြက ျမန္မာႏုိင္ငံအစိုးရကို ေတာ္ေတာ္ေလး ပစ္ပယ္ထားတဲ့အခ်ိန္မွာ ၾသစေၾတးလ်ဟာ ျမန္မာႏုိင္ငံနဲ႔ ေတာ္ေတာ္ေလး ရင္းရင္းႏီွးႏီွး ဆက္ဆံတယ္။ နဝတ၊ နအဖအစိုးရနဲ႔ ၿပီးေတာ့ ျမန္မာႏုိင္ငံ အက်ဥ္းဦးစီးဌာန၊ ျပည္ထဲေရးဌာနက လူေတြကို လူ႔အခြင့္အေရး သင္တန္းေပးမယ္၊ ဘာညာဆုိၿပီးေတာ့ လုပ္ခဲ့ပါတယ္။ အဲဒီေတာ့ ႏုိင္ငံတကာက လူ႔အခြင့္အေရး လႈပ္ရွားသူေတြရဲ ႔ အသိုင္းအဝိုင္းၾကားမွာ ၾသစေၾတးလ်ႏုိင္ငံဟာ ေျမေခြးကို ၾကက္ၿခံေစာင့္ခိုင္းတာနဲ႔ တူတယ္ဆိုၿပီးေတာ့ ေလွာင္ေျပာင္ေျပာခဲ့ၾကပါတယ္ဆိုေတာ့ က်ေနာ့္အေနနဲ႔ အဲဒါကို ျပန္ၿပီးစဥ္းစားမိၿပီး၊ အခုေကာ အဲဒီလို ျဖစ္ေနသလား။

ေျဖ ။ ။ ႏုိင္ငံတုိင္းက သူတို႔ရဲ ႔ အမ်ဳိးသားအက်ဳိးစီးပြားကို အဓိကထားၿပီးေတာ့ တျခားႏုိင္ငံေတြနဲ႔ ဆက္ဆံေလ့ ရိွသလိုပဲ၊ ၾသစေၾတးလ်ႏုိင္ငံကလည္း သူ႔ႏုိင္ငံက သတ္မွတ္ထားတဲ့ အမ်ဳိးသားအက်ဳိးစီးပြားကို၊ ေရွ ႔ရွဳၿပီးေတာ့ ျမန္မာႏုိင္ငံနဲ႔ ဆက္ဆံတာပါပဲ။ ဒါေပမဲ့ ၾသစေၾတးလ်ႏုိင္ငံအဖို႔ကေတာ့ ျမန္မာႏိုင္ငံဟာ မဟာဗ်ဴဟာက်တဲ့၊ အေရးပါတဲ့ ႏုိင္ငံမဟုတ္ပါဘူး။ ဒါေၾကာင့္မို႔ ၾသစေၾတးလ်အစိုးရအဆက္ဆက္က စစ္အာဏာရွင္ဆန္႔က်င္ေရးနဲ႔ ျမန္မာ့ဒီမိုကေရစီေရး လႈပ္ရွားမႈေတြကို အားေပးကူညီခဲ့တာလဲ မလုပ္ခဲ့ဘူး၊ စစ္အာဏာရွင္စနစ္နဲ႔ အုပ္ခ်ဳပ္ခဲ့တာေတြကိုလဲ ေဝဖန္ကန္႔ကြက္ ရွဳတ္ခ်တာေတြ မလုပ္ခဲ့ဘူး။ သူတုိ႔ကေတာ့ ၿခံစည္းရိုးကို ခြထိုင္ၿပီးေတာ့ ေစာင့္ၾကည့္တဲ့ မူဝါဒကိုပဲ တေလ်ွာက္လံုး က်င့္သံုးခဲ့တာကို ေတြ႔ရပါတယ္။ ရွစ္ေလးလံုး ဒီမိုကေရစီ အေရးေတာ္ပံုႀကီးမွာ စစ္တပ္က ရက္ရက္စက္စက္ သတ္ျဖတ္ၿဖိဳခြဲတာကိုေတာင္မွ အေနာက္တိုင္းႏုိင္ငံေတြလို ထိေရာက္တဲ့ ျပစ္ဒဏ္ခတ္မႈေတြ ဘာမွမလုပ္ဘူး။ ၁၉၉၀ ေရြးေကာက္ပြဲရလဒ္ကို စစ္ေကာင္စီက အသိအမွတ္ျပဳေပမယ့္၊ အာဏာမလႊဲေပးတဲ့အခါၾကေတာ့ ၾသစေၾတးလ်အစိုးရကေတာ့ လူအနည္းငယ္ကို ဗီဇာပိတ္စို႔တာ၊ လက္နက္ေရာင္းခ်မႈ ပိတ္ပင္တာကလြဲရင္ ဘာမွထိထိေရာက္ေရာက္ မလုပ္ခဲ့ဘူး။

အေနာက္ဘက္ႏိုင္ငံေတြက စစ္အာဏာရွင္ကို အာဏာလက္လႊတ္ ျဖစ္သြားေအာင္ သူ႔ဘ႑ာေရးေက်ာရိုးကို ျဖတ္ေတာက္ဖုိ႔ စီးပြားေရးဒဏ္ခတ္မႈေတြ လုပ္တာေတာင္မွ ၾသစေၾတးလ်က အဲဒါကို ဆန္႔က်င္ၿပီးေတာ့ မလုပ္သင့္ဘူးဆုိၿပီးေတာ့ ေစာဒကတက္ခဲ့ေသးတယ္။ ဆိုေတာ့ ေနာက္ဆံုးၾကေတာ့ ေျပာရရင္ေတာ့ ဦးေက်ာ္ဇံသာ ေျပာသလိုပါပဲ က်ေနာ္တို႔အားလံုး ကန္႔ကြက္ေနတဲ့ၾကားထဲကေန လူ႔အခြင့္အေရး ခ်ဳိးေဖာက္ေနတဲ့ စစ္ေကာင္စီရဲ ႔ အလယ္အလတ္အရာရိွေတြကို လူ႔အခြင့္အေရး သင္တန္းကို သြားေပးမယ္၊ အမ်ဳိးသားလူ႔အခြင့္အေရးေကာ္မရွင္ကို ဖြဲ႔စည္းဖို႔အတြက္ ကူညီမယ္ဆိုၿပီးေတာ့ ၂၀၀၀ ခုႏွစ္ေလာက္မွ သူတုိ႔လုပ္ခဲ့ၾကတယ္။ ဒီပဲယင္းအေရးအခင္း ျဖစ္လာတဲ့အခါၾကမွ လူ႔အခြင့္အေရး သင္တန္းေတြကို ရပ္ဆိုင္းခဲ့တာကို ေတြ႔ရပါတယ္။ အဲဒီေတာ့ ေျပာရမယ္ဆိုရင္ေတာ့ တေလွ်ာက္လံုးပဲ ၿခံစည္းရိုး ခြထိုင္တဲ့ မူဝါဒကို က်င့္သံုးတယ္။ အျပဳသေဘာ ဆက္ဆံေရးကို တေလွ်ာက္လံုး ႀကိဳးစားခဲ့တယ္။ အေနာက္ပိုင္းႏုိင္ငံေတြရဲ ႔ အထီးက်န္ေရး မူဝါဒနဲ႔ ပိတ္စို႔ဒဏ္ခတ္တဲ့ ကိစၥေတြကို အလုပ္မျဖစ္ဘူးဆိုၿပီး ဒီလိုေတာင္ သူက ေဝဖန္လိုက္ေသးတယ္။ ေနာက္ဆံုးၾကေတာ့ ေရႊဝါေရာင္ လႈပ္ရွားမႈႀကီးကို ရက္ရက္စက္စက္ ၿဖိဳခြင္းတဲ့အခါၾကမွ စစ္ေကာင္စီေခါင္းေဆာင္ေတြနဲ႔ အေပါင္းအပါမိသားစုေတြ ေလးရာေက်ာ္ကို ဗီဇာပိတ္တာနဲ႔ ဘ႑ာေရးပိတ္စို႔ဒဏ္ခတ္ အေရးယူတာေတြ လုပ္ခဲ့တာပါ။ အခုလဲပဲ အာဏာသိမ္းလိုက္တဲ့အခါမွာ ဘာမွထူးျခားတဲ့ အေရးယူမႈေတြကို မေတြ႔ရဘူး။ ဗမာစစ္တပ္နဲ႔ ၾသစေၾတးလ်စစ္တပ္ၾကားထဲမွာ လုပ္ေနတဲ့ အဂၤလိပ္စာသင္တန္းနဲ႔ သဘာဝကပ္ေဘးေတြကို စီမံခန္႔ခြဲတဲ့ သင္တန္းေတြကို ေပးေနတာကို ရပ္ဆိုင္းလိုက္တာ တခုပဲ ရိွပါတယ္။

ေမး ။ ။ ၿပီးခဲ့တဲ့ စစ္အစိုးရလက္ထက္တုန္္းကေတာ့ ဒီပဲယင္းအေရးအခင္းေတြ ျဖစ္လာတဲ့အခါမွ သူတုိ႔ဟာ ေနာင္တရၿပီးေတာ့ သူတုိ႔ရဲ ႔ လုပ္ရပ္ကို သူတို႔ရပ္ဆိုင္းခဲ့တဲ့ဆုိေတာ့ အခုတက္လာတဲ့ စစ္ေကာင္စီဟာ လူေတြက ႏိႈင္းယွဥ္ၾကတယ္။ ၈၈ မွာ တက္လာခဲ့တဲ့ စစ္အစိုးရထက္၊ အခုစစ္ေကာင္စီရဲ ႔ လုပ္ရပ္က ပိုၿပီးေတာ့ ျပင္းထန္တယ္၊ ပိုၿပီးၾကမ္းၾကဳတ္တယ္၊ ပိုၿပီးရက္စက္တယ္လို႔ ေျပာၾကပါတယ္။ ဒီအေျခအေနကို ၾကည့္ၿပီးေတာ့ ၾသစေၾတးလ်အစိုးရက သင္ခန္းစာ မယူေသးဘူး။ ေနာင္တမရေသးဘူး။ ေပၚလစီေျပာင္းဖုိ႔ စိတ္ကူးမရေသးဘူးဆိုတဲ့ သေဘာမ်ားလား။

ေျဖ ။ ။ အဲဒီကိစၥကေတာ့ ဘယ္ပါတီက အာဏာရတယ္ဆိုတဲ့အေပၚ မူတည္ပါတယ္။ အဲဒီေတာ့ စီးပြားေရးကို အဓိကေဇာင္းေပးတဲ့ လစ္ဘရယ္ပါတီ (Liberal Party) ဦးေဆာင္တဲ့ ညႊန္႔ေပါင္းအစိုးရလက္ထက္မွာ တေလွ်ာက္လံုး စီးပြားေရးဒဏ္ခတ္ ပိတ္စို႔မႈေတြကို ကန္႔ကြက္ခဲ့တယ္။ စစ္ေကာင္စီနဲ႔ စီးပြားေရး လုပ္ဖို႔ကိုလည္း အားေပးတယ္။ ရင္းႏီွးျမဳပ္ႏံွမႈလုပ္ဖိုိ႔ကိုလည္း ႀကိဳးစားတယ္။ ရခိုင္ျပည္နယ္မွာ ရုိဟင္ဂ်ာေတြကို ရက္ရက္စက္စက္ စစ္တပ္က တိုက္ခိုက္သတ္ျဖတ္တာေတြ လုပ္ခဲ့တာေၾကာင့္ ဗိုလ္ခ်ဳပ္ (၅) ေယာက္ကို ဗီဇာပိတ္ပင္တာနဲ႔ ဘ႑ာေရးအရ ပိတ္စို႔ဒဏ္ခတ္မႈေတြကို ၂၀၀၈ ေအာက္တိုဘာလမွာ လုပ္ခဲ့တာ တခုပဲ လုပ္ျပခဲ့တယ္။ အဲဒီေတာ့ က်ေနာ္ေျပာခ်င္တာက လစ္ဘရယ္ပါတီ ဦးေဆာင္ေနတဲ့ ညႊန္႔ေပါင္းအစိုးရ ရိွေနသမွ် ကာလပတ္လံုးကေတာ့ ဒီလိုပဲ အျပဳသေဘာေဆာင္တဲ့ ဆက္ဆံေရးမ်ဳိးနဲ႔ ၿခံစည္းရံုးခြထိုင္ေနမွာပဲ။ အဲဒီေတာ့ က်ေနာ္တို႔ ေမွ်ာ္လင့္လို႔ရတာ တခုပဲ ရိွတယ္။ လာမယ့္ေမလ ေရြးေကာက္ပြဲမွာ ေလဘာပါတီ (Labor Party) ကသာ အာဏာရလာမယ္ဆိုရင္ေတာ့ ေလဘာပါတီက အစဥ္အလာအရ ျမန္မာ့ဒီမိုကေရစီအေရးကို ေတာက္ေလွ်ာက္ကူညီအားေပးၿပီးေတာ့ စစ္ေကာင္စီကို ဖိအားေပးတဲ့ အစိုးရျဖစ္တဲ့အတြက္ေၾကာင့္ သူတုိ႔အာဏာရလာတဲ့အခါၾကရင္ေတာ့ တစံုတရာ အေျပာင္းအလဲ ရိွလာလိမ့္မယ္လို႔ က်ေနာ္တုိ႔ ေမွ်ာ္လင့္ပါတယ္။

ေမး ။ ။ ႏုိ္င္ငံေတြဟာ သူတုိ႔ရဲ ႔ အမ်ဳိးသားအက်ဳိးစီးပြားကိုသာ မူတည္ၿပီးေတာ့ ႏုိင္ငံျခားေရးမူဝါဒကို က်င့္သံုးတတ္တယ္၊ ခ်မွတ္တတ္တယ္ဆိုတာေတာ့ မွန္ပါတယ္ဆိုေတာ့၊ အခုစစ္ေကာင္စီနဲ႔ သူတုိ႔ ဆက္ဆံၿပီးေတာ့ အဆင္ေျပေအာင္ လုပ္ေနျခင္းအားျဖင့္ လုပ္ခဲ့မယ္ဆိုရင္ ၾသစေၾတးလ်ႏုိင္ငံအတြက္ ေလာေလာဆယ္ ဘယ္လိုအက်ဳိးစီးပြားမ်ား ရိွႏိုင္ပါသလဲ။

ေျဖ ။ ။ ဒီေနရာမွာ ၾသစေၾတးလ်ႏုိင္ငံရဲ ႔ အမ်ဳိးသားအက်ဳိးစီးပြားကို ခ်ဥ္းကပ္ဖုိ႔ လုိပါတယ္။ အဓိကေတာ့ ျပည္ပတုိက္ခိုက္မႈရန္ကေန ၾသစေၾတးလ်ႏုိင္ငံရဲ ႔ လံုၿခံဳေရးနဲ႔ အခ်ဳပ္အျခာအာဏာကို ထိန္းသိမ္းကာကြယ္ဖို႔။ ေနာက္တခုက လူေနမႈအဆင့္အတန္း ပိုျမင့္မားတဲ့ အေျခအေနေတြကို ဆက္လက္ၿပီးေတာ့ ထိန္္းသိမ္းထားဖုိ႔။ ေနာက္ ၾသစေၾတးလ်ႏုိင္ငံရဲ ႔ ဒီမိုကရက္တစ္ လူေနမႈဘဝနဲ႔ ႏုိင္ငံသားအခြင့္အေရးေတြနဲ႔ လြတ္လပ္မႈအခြင့္အေရးေတြကို ထိန္းသိမ္းထားဖို႔။ ၾသစေၾတးလ်ႏုိင္ငံရဲ ႔ အေျခခံလူထုစရိုက္လကၡဏာကို ထိန္းသိမ္းထားဖို႔ဆိုတဲ့ အမ်ဳိးသားအက်ဳိးစီးပြားက အဓိကေတြပါပဲ။ ဒီအက်ဳိးစီးပြားေတြကို သူတို႔ အေကာင္အထည္ေဖာ္တဲ့ ေနရာမွာလဲ သူ႔ႏုိင္ငံတခုတည္း သက္သက္လုပ္လို႔မရဘဲနဲ႔ တျခားႏုိင္ငံေတြရဲ ႔ လံုၿခံဳေရး၊ လူမႈဖူလံုေရး၊ ၿငိမ္းခ်မ္းေရးအေပၚေတြ ဆက္စပ္ေနတာေၾကာင့္ ေဒသႏုိင္ငံေတြနဲ႔ ႏုိင္ငံတကာအသိုင္းအဝိုင္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ရမယ္ဆိုတဲ့ မူဝါဒမ်ဳိးကို ခ်မွတ္ထားပါတယ္။ ဒါေပမဲ့ ဒီေနရာမွာ ျမန္မာႏုိင္ငံဟာ ေနရာေဒသအရ၊ စစ္ေရးအရ၊ ႏုိင္ငံေရးအရ၊ စီးပြားေရးအရ ၾသစေၾတးလ်ႏုိင္ငံအတြက္ မဟာဗ်ဴဟာက်တဲ့ အဓိကႏုိင္ငံ မဟုတ္ပါဘူး။ ဒါေၾကာင့္မို႔ သူ႔ရဲ ႔ အမ်ဳိးသားအက်ဳိးစီးပြားကို ေရွ ႔ရွဳၿပီးေတာ့ လုပ္ေဆာင္တဲ့ေနရာမွာ ျမန္မာႏုိင္ငံဆီကေန ဘာမွသိပ္ၿပီးေတာ့ ဆိုးက်ဳိးေကာင္းက်ဳိးေတြ၊ အလားအလာ ဘာမွမေမွ်ာ္လင့္ထားပါဘူး။

တခုပဲရိွတာက ၾသစေၾတးလ်မွာ ျမန္မာႏုိင္ငံသားေဟာင္းေတြက ေသာင္းနဲ႔ခ်ီၿပီး ရိွေနတဲ့အတြက္ေၾကာင့္ ဒီလူေတြရဲ ႔ မဲဆႏၵကိုရဖို႔အတြက္နဲ႔ ဒီလူေတြရဲ ႔ စိုးရိမ္ခ်က္ေတြကို သူတုိ႔အေလးထားပါတယ္ဆိုတာကို ျပဖို႔အတြက္ကိုေတာ့ က်ေနာ္တို႔ ေတာင္းဆိုခ်က္ေတြကို သူတုိ႔နားေထာင္တာမ်ဳိးေတြ လုပ္ႏုိင္သေလာက္ လုပ္ေပးတာမ်ဳိးေတြေလာက္ပဲ ရိွပါတယ္။ သူတုိ႔အဓိကထားတာကေတာ့ သူတုိ႔ရဲ ႔ အမ်ဳိးသားအက်ဳိးစီးပြားကို မထိခိုက္ဖို႔နဲ႔ အမ်ဳိးသားအက်ဳိးစီးပြားကို အေထာက္အကူျပဳဖို႔ပဲ ျဖစ္ပါတယ္။ ဆုိေတာ့ ျမန္မာ့ႏုိင္ငံေရးနဲ႔ ျမန္မာ့အေျခအေနေတြက ၾသစေၾတးလ်အတြက္ကို ဘာမွႀကီးမားတဲ့၊ မဟာဗ်ဴဟာက်တဲ့ အက်ဳိးစီးပြားေတြ မရိွဘူးလို႔ သူတုိိ႔အေနနဲ႔ ဒီလိုပဲ ယူဆပံု ရပါတယ္။

ေမး ။ ။ အဲဒီေတာ့ ဆရာေျပာတဲ့ ျမန္မာႏုိင္ငံက လာေရာက္ေနထိုင္တဲ့ ျမန္မာႏြယ္ဖြားေတြ ေသာင္းနဲ႔ခ်ီၿပီးရိွတဲ့ လူေတြရဲ ႔ မဲဆႏၵဟာ သူတုိ႔အစိုးရေတြ၊ အာဏာရလာဖုိ႔၊ သူတို႔ပါတီေတြ အာဏာရဖို႔အတြက္ အေရးႀကီးတယ္ဆိုေတာ့ အဲဒီျမန္မာႏြယ္ဖြားေတြရဲ ႔ သေဘာထားက ဘယ္လိုရိွပါသလဲ။ အခု ၾသစေၾတးလ်ႏုိင္ငံရဲ ႔ စစ္ေကာင္စီနဲ႔ ၿခံစည္းရိုးခြထိုင္ေနတယ္ဆိုတဲ့ ဆရာေျပာတဲ့သေဘာမ်ဳိး ဆက္ဆံေနတဲ့အေရးကို အဲဒီမွာရိွတဲ့ ျမန္မာ့အေရး တက္ၾကြလႈပ္ရွားေနသူေတြ၊ ျမန္မာႏြယ္ဖြားေတြက ဘယ္လိုယူဆၾကပါသလဲ။ သူတုိ႔လက္သင့္ခံၿပီး ေနၾကပါသလား။ သို႔တည္းမဟုတ္ တစံုတခုမ်ား လုပ္ၾကအံုးမလဲ။ အဲဒါကို သံုးသပ္ျပပါ။

ေျဖ ။ ။ ဒီကိုေရာက္လာတဲ့ ျမန္မာေတြအကုန္လံုးကေတာ့ စစ္အာဏာရွင္စနစ္ကို လံုးဝဆန္႔က်င္တယ္။ ဒီမိုကေရစီအုပ္ခ်ဳပ္ေရးကို လိုလားတယ္။ အခု အေရးအခင္း ျဖစ္လာတဲ့အခါၾကေတာ့ က်ေနာ္တို႔ လႈပ္ရွားမႈေတြက ပိုအားေကာင္းလာၿပီးေတာ့ ၾသစေၾတးလ်အစိုးရ၊ ၾသစေၾတးလ်လႊတ္ေတာ္၊ ၾသစေၾတးလ် ကုလသမဂၢေတြနဲ႔ အကူအညီေပးေရး အဖြဲ႔အစည္းေတြကို က်ေနာ္တုိ႔ ျမန္မာအသိုင္းအဝိုင္းေတြက စုစုစည္းစည္းနဲ႔ စည္းရံုးလံႈေဆာ္ခဲ့တဲ့အတြက္ေၾကာင့္ ၾသစေၾတးလ်ႏုိင္ငံရဲ ႔ ျမန္မာအေပၚထားရိွတဲ့ သေဘာထားေတြ တျဖည္းျဖည္းေျပာင္းလဲလာတာကို ေတြ႔ရပါတယ္။ ေလဘာပါတီ တက္လာတဲ့အခါၾကေတာ့ က်ေနာ္တို႔ လိုလားတဲ့ ေတာင္းဆိုခ်က္ေတြကို ေတာ္ေတာ္မ်ားမ်ား အေကာင္အထည္ေဖာ္ၿပီးေတာ့ ေဆာင္ရြက္ေပးလာတာကို ေတြ႔ရပါတယ္။ ဒါေၾကာင့္မို႔ ခ်ဳပ္ေျပာရရင္ က်ေနာ္တို႔ ၾသစေၾတးလ်မွာရိွတဲ့ ျမန္မာအသိုင္းအဝိုင္းကသာ ဘာမွမေျပာဘူး၊ ဘာမွမေတာင္းဆိုဘူး၊ ဘာမွမလုပ္ဘူးဆုိရင္ ၾသစေၾတးလ်အစိုးရဟာ ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီးေတာ့ ဒီလိုပဲ ၿခံစည္းရိုးခြထိုင္ၿပီး ဘာသိဘာသာေနမယ့္သေဘာမ်ဳိး ေတြ႔ရပါတယ္။

==Unicode==

တာဝန်ပြီးဆုံးလို့ ပြန်ခါနီး သြစတြေးလျ သံအမတ်ကြီးက စစ်ကောင်စီအကြီးအကဲကို တွေ့ဆုံရာမှာ နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ ဆက်ဆံရေး တိုးမြှင့်လိုကြောင်း ပြောသွားတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ စစ်ကောင်စီကို တရားဝင်အသီအမှတ်ပြုလိုတဲ့ သဘောလား။ သြစတြေးလျရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒက ဘယ်လိုလဲ။ သြစတြေးလျအခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေသူ ဒေါက်တာမြင့်ချိုနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ပြီးခဲ့တဲ့အပတ်က မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ် Andrea Faulkner က စစ်ကောင်စီအကြီးအကဲကို တွေ့ဆုံခဲ့ပါတယ်။ တကယ်တော့ သူ့ရဲ့တွေ့ဆုံမှုဟာ သံတမန်တယောက် တာဝန်ထမ်းဆောင်ပြီးလို့ ပြန်ခါနီးမှာ တွေ့ဆုံတဲ့ Courtesy Call သာ ဖြစ်ပါတယ်။ သို့သော်လဲပဲ စစ်ကောင်စီဘက်က ဖော်ပြတဲ့ သတင်းထဲမှာ ဘာပြောထားသလဲဆိုတော့ သြစတြေးလျနိုင်ငံဟာ မြန်မာစစ်ကောင်စီနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်သွားမယ်လို့ ပြောသွားတယ်လို့ သတင်းထုတ်ပြန်ဖော်ပြပါတယ်။ ဒါပေမဲ့ သြစတြေးလျနိုင်ငံခြားရေးရုံးက ပြောတာကတော့ ဒါက စစ်ကောင်စီကို အသိအမှတ်ပြုတာ မဟုတ်ဘူး။ အကြမ်းဖက်မှုတွေကိုရပ်ဖို့၊ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ ပြောခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စကို Human Rights Watch (HRW) လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဒါဟာ အသိအမှတ်ပြုဖို့ ကြိုးပမ်းခဲ့တာ ဖြစ်တယ်ဆိုပြီးတော့ ဝေဖန်ပါတယ်။ ဆိုတော့ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီးတော့ ဆရာက သြစတြေးလျနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်နေပြီး၊ မြန်မာ့အရေး တက်ကြွလှုပ်ရှားနေသူတဦးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။ ဒီတွေ့ဆုံမှုကို ဘယ်လိုယူဆပါသလဲ။

ဖြေ ။ ။ သြစတြေးလျသံအမတ်တွေအနေနဲ့တော့ သူ့တာဝန်တွေ ပြီးဆုံးလို့ မပြန်ခင်၊ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ အစဉ်အလာ ရှိပါတယ်။ ဒါဟာ သာမန်တွေ့ဆုံနေကြ၊ သံတမန်ရေး လုပ်ထုံးလုပ်နေကြ တခုပါပဲ။ သြစတြေးလျသံအမတ် တွေ့ဆုံဆွေးနွေးတာဟာ ကဏ္ဍပေါင်းစုံက ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ဖို့ဆိုတဲ့ စစ်ကောင်စီ ပြောဆိုချက်တွေကတော့ သူ့ကို သြစတြေးလျအစိုးရက အသိအမှတ်ပြုတယ်ဆိုတဲ့ ပုံစံမျိုး၊ အများကမြင်လာအောင် ဝါဒဖြန့်ချီရေးလုပ်တဲ့ကိစ္စပါပဲ။


မေး ။ ။ ၈၈ ပြီးနောက် နဝတ တက်လာတဲ့အခါမှာလဲ ကျန်တဲ့ ဒီမိုကရေစီနိုင်ငံတွေက မြန်မာနိုင်ငံအစိုးရကို တော်တော်လေး ပစ်ပယ်ထားတဲ့အချိန်မှာ သြစတြေးလျဟာ မြန်မာနိုင်ငံနဲ့ တော်တော်လေး ရင်းရင်းနှီးနှီး ဆက်ဆံတယ်။ နဝတ၊ နအဖအစိုးရနဲ့ ပြီးတော့ မြန်မာနိုင်ငံ အကျဉ်းဦးစီးဌာန၊ ပြည်ထဲရေးဌာနက လူတွေကို လူ့အခွင့်အရေး သင်တန်းပေးမယ်၊ ဘာညာဆိုပြီးတော့ လုပ်ခဲ့ပါတယ်။ အဲဒီတော့ နိုင်ငံတကာက လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ အသိုင်းအဝိုင်းကြားမှာ သြစတြေးလျနိုင်ငံဟာ မြေခွေးကို ကြက်ခြံစောင့်ခိုင်းတာနဲ့ တူတယ်ဆိုပြီးတော့ လှောင်ပြောင်ပြောခဲ့ကြပါတယ်ဆိုတော့ ကျနော့်အနေနဲ့ အဲဒါကို ပြန်ပြီးစဉ်းစားမိပြီး၊ အခုကော အဲဒီလို ဖြစ်နေသလား။

ဖြေ ။ ။ နိုင်ငံတိုင်းက သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို အဓိကထားပြီးတော့ တခြားနိုင်ငံတွေနဲ့ ဆက်ဆံလေ့ ရှိသလိုပဲ၊ သြစတြေးလျနိုင်ငံကလည်း သူ့နိုင်ငံက သတ်မှတ်ထားတဲ့ အမျိုးသားအကျိုးစီးပွားကို၊ ရှေ့ရှုပြီးတော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံတာပါပဲ။ ဒါပေမဲ့ သြစတြေးလျနိုင်ငံအဖို့ကတော့ မြန်မာနိုင်ငံဟာ မဟာဗျူဟာကျတဲ့၊ အရေးပါတဲ့ နိုင်ငံမဟုတ်ပါဘူး။ ဒါကြောင့်မို့ သြစတြေးလျအစိုးရအဆက်ဆက်က စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အားပေးကူညီခဲ့တာလဲ မလုပ်ခဲ့ဘူး၊ စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တာတွေကိုလဲ ဝေဖန်ကန့်ကွက် ရှုတ်ချတာတွေ မလုပ်ခဲ့ဘူး။ သူတို့ကတော့ ခြံစည်းရိုးကို ခွထိုင်ပြီးတော့ စောင့်ကြည့်တဲ့ မူဝါဒကိုပဲ တလျှောက်လုံး ကျင့်သုံးခဲ့တာကို တွေ့ရပါတယ်။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်ဖြိုခွဲတာကိုတောင်မှ အနောက်တိုင်းနိုင်ငံတွေလို ထိရောက်တဲ့ ပြစ်ဒဏ်ခတ်မှုတွေ ဘာမှမလုပ်ဘူး။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်ကောင်စီက အသိအမှတ်ပြုပေမယ့်၊ အာဏာမလွှဲပေးတဲ့အခါကြတော့ သြစတြေးလျအစိုးရကတော့ လူအနည်းငယ်ကို ဗီဇာပိတ်စို့တာ၊ လက်နက်ရောင်းချမှု ပိတ်ပင်တာကလွဲရင် ဘာမှထိထိရောက်ရောက် မလုပ်ခဲ့ဘူး။

အနောက်ဘက်နိုင်ငံတွေက စစ်အာဏာရှင်ကို အာဏာလက်လွှတ် ဖြစ်သွားအောင် သူ့ဘဏ္ဍာရေးကျောရိုးကို ဖြတ်တောက်ဖို့ စီးပွားရေးဒဏ်ခတ်မှုတွေ လုပ်တာတောင်မှ သြစတြေးလျက အဲဒါကို ဆန့်ကျင်ပြီးတော့ မလုပ်သင့်ဘူးဆိုပြီးတော့ စောဒကတက်ခဲ့သေးတယ်။ ဆိုတော့ နောက်ဆုံးကြတော့ ပြောရရင်တော့ ဦးကျော်ဇံသာ ပြောသလိုပါပဲ ကျနော်တို့အားလုံး ကန့်ကွက်နေတဲ့ကြားထဲကနေ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ စစ်ကောင်စီရဲ့ အလယ်အလတ်အရာရှိတွေကို လူ့အခွင့်အရေး သင်တန်းကို သွားပေးမယ်၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းဖို့အတွက် ကူညီမယ်ဆိုပြီးတော့ ၂၀၀၀ ခုနှစ်လောက်မှ သူတို့လုပ်ခဲ့ကြတယ်။ ဒီပဲယင်းအရေးအခင်း ဖြစ်လာတဲ့အခါကြမှ လူ့အခွင့်အရေး သင်တန်းတွေကို ရပ်ဆိုင်းခဲ့တာကို တွေ့ရပါတယ်။ အဲဒီတော့ ပြောရမယ်ဆိုရင်တော့ တလျှောက်လုံးပဲ ခြံစည်းရိုး ခွထိုင်တဲ့ မူဝါဒကို ကျင့်သုံးတယ်။ အပြုသဘော ဆက်ဆံရေးကို တလျှောက်လုံး ကြိုးစားခဲ့တယ်။ အနောက်ပိုင်းနိုင်ငံတွေရဲ့ အထီးကျန်ရေး မူဝါဒနဲ့ ပိတ်စို့ဒဏ်ခတ်တဲ့ ကိစ္စတွေကို အလုပ်မဖြစ်ဘူးဆိုပြီး ဒီလိုတောင် သူက ဝေဖန်လိုက်သေးတယ်။ နောက်ဆုံးကြတော့ ရွှေဝါရောင် လှုပ်ရှားမှုကြီးကို ရက်ရက်စက်စက် ဖြိုခွင်းတဲ့အခါကြမှ စစ်ကောင်စီခေါင်းဆောင်တွေနဲ့ အပေါင်းအပါမိသားစုတွေ လေးရာကျော်ကို ဗီဇာပိတ်တာနဲ့ ဘဏ္ဍာရေးပိတ်စို့ဒဏ်ခတ် အရေးယူတာတွေ လုပ်ခဲ့တာပါ။ အခုလဲပဲ အာဏာသိမ်းလိုက်တဲ့အခါမှာ ဘာမှထူးခြားတဲ့ အရေးယူမှုတွေကို မတွေ့ရဘူး။ ဗမာစစ်တပ်နဲ့ သြစတြေးလျစစ်တပ်ကြားထဲမှာ လုပ်နေတဲ့ အင်္ဂလိပ်စာသင်တန်းနဲ့ သဘာဝကပ်ဘေးတွေကို စီမံခန့်ခွဲတဲ့ သင်တန်းတွေကို ပေးနေတာကို ရပ်ဆိုင်းလိုက်တာ တခုပဲ ရှိပါတယ်။

မေး ။ ။ ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်တုန်းကတော့ ဒီပဲယင်းအရေးအခင်းတွေ ဖြစ်လာတဲ့အခါမှ သူတို့ဟာ နောင်တရပြီးတော့ သူတို့ရဲ့ လုပ်ရပ်ကို သူတို့ရပ်ဆိုင်းခဲ့တဲ့ဆိုတော့ အခုတက်လာတဲ့ စစ်ကောင်စီဟာ လူတွေက နှိုင်းယှဉ်ကြတယ်။ ၈၈ မှာ တက်လာခဲ့တဲ့ စစ်အစိုးရထက်၊ အခုစစ်ကောင်စီရဲ့ လုပ်ရပ်က ပိုပြီးတော့ ပြင်းထန်တယ်၊ ပိုပြီးကြမ်းကြုတ်တယ်၊ ပိုပြီးရက်စက်တယ်လို့ ပြောကြပါတယ်။ ဒီအခြေအနေကို ကြည့်ပြီးတော့ သြစတြေးလျအစိုးရက သင်ခန်းစာ မယူသေးဘူး။ နောင်တမရသေးဘူး။ ပေါ်လစီပြောင်းဖို့ စိတ်ကူးမရသေးဘူးဆိုတဲ့ သဘောများလား။

ဖြေ ။ ။ အဲဒီကိစ္စကတော့ ဘယ်ပါတီက အာဏာရတယ်ဆိုတဲ့အပေါ် မူတည်ပါတယ်။ အဲဒီတော့ စီးပွားရေးကို အဓိကဇောင်းပေးတဲ့ လစ်ဘရယ်ပါတီ (Liberal Party) ဦးဆောင်တဲ့ ညွှန့်ပေါင်းအစိုးရလက်ထက်မှာ တလျှောက်လုံး စီးပွားရေးဒဏ်ခတ် ပိတ်စို့မှုတွေကို ကန့်ကွက်ခဲ့တယ်။ စစ်ကောင်စီနဲ့ စီးပွားရေး လုပ်ဖို့ကိုလည်း အားပေးတယ်။ ရင်းနှီးမြုပ်နံှမှုလုပ်ဖို့ကိုလည်း ကြိုးစားတယ်။ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို ရက်ရက်စက်စက် စစ်တပ်က တိုက်ခိုက်သတ်ဖြတ်တာတွေ လုပ်ခဲ့တာကြောင့် ဗိုလ်ချုပ် (၅) ယောက်ကို ဗီဇာပိတ်ပင်တာနဲ့ ဘဏ္ဍာရေးအရ ပိတ်စို့ဒဏ်ခတ်မှုတွေကို ၂၀၀၈ အောက်တိုဘာလမှာ လုပ်ခဲ့တာ တခုပဲ လုပ်ပြခဲ့တယ်။ အဲဒီတော့ ကျနော်ပြောချင်တာက လစ်ဘရယ်ပါတီ ဦးဆောင်နေတဲ့ ညွှန့်ပေါင်းအစိုးရ ရှိနေသမျှ ကာလပတ်လုံးကတော့ ဒီလိုပဲ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးမျိုးနဲ့ ခြံစည်းရုံးခွထိုင်နေမှာပဲ။ အဲဒီတော့ ကျနော်တို့ မျှော်လင့်လို့ရတာ တခုပဲ ရှိတယ်။ လာမယ့်မေလ ရွေးကောက်ပွဲမှာ လေဘာပါတီ (Labor Party) ကသာ အာဏာရလာမယ်ဆိုရင်တော့ လေဘာပါတီက အစဉ်အလာအရ မြန်မာ့ဒီမိုကရေစီအရေးကို တောက်လျှောက်ကူညီအားပေးပြီးတော့ စစ်ကောင်စီကို ဖိအားပေးတဲ့ အစိုးရဖြစ်တဲ့အတွက်ကြောင့် သူတို့အာဏာရလာတဲ့အခါကြရင်တော့ တစုံတရာ အပြောင်းအလဲ ရှိလာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။

မေး ။ ။ နိုင်ငံတွေဟာ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားကိုသာ မူတည်ပြီးတော့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးတတ်တယ်၊ ချမှတ်တတ်တယ်ဆိုတာတော့ မှန်ပါတယ်ဆိုတော့၊ အခုစစ်ကောင်စီနဲ့ သူတို့ ဆက်ဆံပြီးတော့ အဆင်ပြေအောင် လုပ်နေခြင်းအားဖြင့် လုပ်ခဲ့မယ်ဆိုရင် သြစတြေးလျနိုင်ငံအတွက် လောလောဆယ် ဘယ်လိုအကျိုးစီးပွားများ ရှိနိုင်ပါသလဲ။

ဖြေ ။ ။ ဒီနေရာမှာ သြစတြေးလျနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ချဉ်းကပ်ဖို့ လိုပါတယ်။ အဓိကတော့ ပြည်ပတိုက်ခိုက်မှုရန်ကနေ သြစတြေးလျနိုင်ငံရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ဖို့။ နောက်တခုက လူနေမှုအဆင့်အတန်း ပိုမြင့်မားတဲ့ အခြေအနေတွေကို ဆက်လက်ပြီးတော့ ထိန်းသိမ်းထားဖို့။ နောက် သြစတြေးလျနိုင်ငံရဲ့ ဒီမိုကရက်တစ် လူနေမှုဘဝနဲ့ နိုင်ငံသားအခွင့်အရေးတွေနဲ့ လွတ်လပ်မှုအခွင့်အရေးတွေကို ထိန်းသိမ်းထားဖို့။ သြစတြေးလျနိုင်ငံရဲ့ အခြေခံလူထုစရိုက်လက္ခဏာကို ထိန်းသိမ်းထားဖို့ဆိုတဲ့ အမျိုးသားအကျိုးစီးပွားက အဓိကတွေပါပဲ။ ဒီအကျိုးစီးပွားတွေကို သူတို့ အကောင်အထည်ဖော်တဲ့ နေရာမှာလဲ သူ့နိုင်ငံတခုတည်း သက်သက်လုပ်လို့မရဘဲနဲ့ တခြားနိုင်ငံတွေရဲ့ လုံခြုံရေး၊ လူမှုဖူလုံရေး၊ ငြိမ်းချမ်းရေးအပေါ်တွေ ဆက်စပ်နေတာကြောင့် ဒေသနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ မူဝါဒမျိုးကို ချမှတ်ထားပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ မြန်မာနိုင်ငံဟာ နေရာဒေသအရ၊ စစ်ရေးအရ၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ သြစတြေးလျနိုင်ငံအတွက် မဟာဗျူဟာကျတဲ့ အဓိကနိုင်ငံ မဟုတ်ပါဘူး။ ဒါကြောင့်မို့ သူ့ရဲ့ အမျိုးသားအကျိုးစီးပွားကို ရှေ့ရှုပြီးတော့ လုပ်ဆောင်တဲ့နေရာမှာ မြန်မာနိုင်ငံဆီကနေ ဘာမှသိပ်ပြီးတော့ ဆိုးကျိုးကောင်းကျိုးတွေ၊ အလားအလာ ဘာမှမမျှော်လင့်ထားပါဘူး။

တခုပဲရှိတာက သြစတြေးလျမှာ မြန်မာနိုင်ငံသားဟောင်းတွေက သောင်းနဲ့ချီပြီး ရှိနေတဲ့အတွက်ကြောင့် ဒီလူတွေရဲ့ မဲဆန္ဒကိုရဖို့အတွက်နဲ့ ဒီလူတွေရဲ့ စိုးရိမ်ချက်တွေကို သူတို့အလေးထားပါတယ်ဆိုတာကို ပြဖို့အတွက်ကိုတော့ ကျနော်တို့ တောင်းဆိုချက်တွေကို သူတို့နားထောင်တာမျိုးတွေ လုပ်နိုင်သလောက် လုပ်ပေးတာမျိုးတွေလောက်ပဲ ရှိပါတယ်။ သူတို့အဓိကထားတာကတော့ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို မထိခိုက်ဖို့နဲ့ အမျိုးသားအကျိုးစီးပွားကို အထောက်အကူပြုဖို့ပဲ ဖြစ်ပါတယ်။ ဆိုတော့ မြန်မာ့နိုင်ငံရေးနဲ့ မြန်မာ့အခြေအနေတွေက သြစတြေးလျအတွက်ကို ဘာမှကြီးမားတဲ့၊ မဟာဗျူဟာကျတဲ့ အကျိုးစီးပွားတွေ မရှိဘူးလို့ သူတို့အနေနဲ့ ဒီလိုပဲ ယူဆပုံ ရပါတယ်။

မေး ။ ။ အဲဒီတော့ ဆရာပြောတဲ့ မြန်မာနိုင်ငံက လာရောက်နေထိုင်တဲ့ မြန်မာနွယ်ဖွားတွေ သောင်းနဲ့ချီပြီးရှိတဲ့ လူတွေရဲ့ မဲဆန္ဒဟာ သူတို့အစိုးရတွေ၊ အာဏာရလာဖို့၊ သူတို့ပါတီတွေ အာဏာရဖို့အတွက် အရေးကြီးတယ်ဆိုတော့ အဲဒီမြန်မာနွယ်ဖွားတွေရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။ အခု သြစတြေးလျနိုင်ငံရဲ့ စစ်ကောင်စီနဲ့ ခြံစည်းရိုးခွထိုင်နေတယ်ဆိုတဲ့ ဆရာပြောတဲ့သဘောမျိုး ဆက်ဆံနေတဲ့အရေးကို အဲဒီမှာရှိတဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားနေသူတွေ၊ မြန်မာနွယ်ဖွားတွေက ဘယ်လိုယူဆကြပါသလဲ။ သူတို့လက်သင့်ခံပြီး နေကြပါသလား။ သို့တည်းမဟုတ် တစုံတခုများ လုပ်ကြအုံးမလဲ။ အဲဒါကို သုံးသပ်ပြပါ။

ဖြေ ။ ။ ဒီကိုရောက်လာတဲ့ မြန်မာတွေအကုန်လုံးကတော့ စစ်အာဏာရှင်စနစ်ကို လုံးဝဆန့်ကျင်တယ်။ ဒီမိုကရေစီအုပ်ချုပ်ရေးကို လိုလားတယ်။ အခု အရေးအခင်း ဖြစ်လာတဲ့အခါကြတော့ ကျနော်တို့ လှုပ်ရှားမှုတွေက ပိုအားကောင်းလာပြီးတော့ သြစတြေးလျအစိုးရ၊ သြစတြေးလျလွှတ်တော်၊ သြစတြေးလျ ကုလသမဂ္ဂတွေနဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေကို ကျနော်တို့ မြန်မာအသိုင်းအဝိုင်းတွေက စုစုစည်းစည်းနဲ့ စည်းရုံးလှုံဆော်ခဲ့တဲ့အတွက်ကြောင့် သြစတြေးလျနိုင်ငံရဲ့ မြန်မာအပေါ်ထားရှိတဲ့ သဘောထားတွေ တဖြည်းဖြည်းပြောင်းလဲလာတာကို တွေ့ရပါတယ်။ လေဘာပါတီ တက်လာတဲ့အခါကြတော့ ကျနော်တို့ လိုလားတဲ့ တောင်းဆိုချက်တွေကို တော်တော်များများ အကောင်အထည်ဖော်ပြီးတော့ ဆောင်ရွက်ပေးလာတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ ချုပ်ပြောရရင် ကျနော်တို့ သြစတြေးလျမှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းကသာ ဘာမှမပြောဘူး၊ ဘာမှမတောင်းဆိုဘူး၊ ဘာမှမလုပ်ဘူးဆိုရင် သြစတြေးလျအစိုးရဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ ဒီလိုပဲ ခြံစည်းရိုးခွထိုင်ပြီး ဘာသိဘာသာနေမယ့်သဘောမျိုး တွေ့ရပါတယ်။

XS
SM
MD
LG