သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေႏြဦးေတာ္လွန္ေရး ရွစ္ေလးလုံးနဲ႔ ဘာကြာသလဲ


ရန္ကုန္ စစ္အာဏာသိမ္း ဆန္႔က်င္ကန္႔ကြက္ဆႏၵျပ ( ေမ၊ ၂ ၊ ၂ဝ၂၁)

ေဖေဖာ္ဝါရီ စစ္အာဏာသိမ္းခ်ိန္က စတင္ခဲ့ၿပီး အခုထိရွင္သန္ဆဲ ျမန္မာ့ေႏြဦးေတာ္လွန္ေရးဟာ ၁၉၈၈ မွာ ျဖစ္ပြားခဲ့တဲ့ ရွစ္ေလးလုံးအေရးေတာ္ပုံနဲ႔ လြန္စြာကြာျခားၿပီး ျပည္သူေတြ ခံစားခဲ့ရတဲ့ အၾကမ္းဖက္ႏွိပ္ကြြပ္မႈေတြအတြက္ တရားမွ်တမႈ ရရွိႏိုင္မယ့္ အလားအလာ ရွိတယ္လို႔ Christopher Gunnis က ဆိုပါတယ္။ ရွစ္ေလးလုံးကာလတုန္းက BBC သတင္းေထာက္၊ အခု Myanmar Accountability Project (MAP) ျမန္မာတာဝန္ခံမႈ ရွိေစေရး စီမံခ်က္အဖြဲ႔ ဒါ႐ိုက္တာ Chris Gunnis နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။
ေမး ။ ။ Christopher Gunnis, ခင္မ်ားက ၈၈ အေရးခင္းတုန္းက Journalist - သတင္းေထာက္, ခင္မ်ားနာမည္နဲ႔ ၈၈ အေရးေတာ္ပံုနဲ႔ ခြဲျခားလို႔ကို မရဘူး။ အခုေတာ့ ခင္မ်ားဟာ လူ႔အခြင့့္အေရး တက္ၾကြလႈပ္ရွားသူ၊ တနည္းအားျဖင့္ေျပာရင္ Campaigner ျဖစ္တယ္။ ဆိုေတာ့ ျမန္မာႏုိင္ငံမွာ ျဖစ္ေပၚေနတဲ့ ဒီမိုကေရစီအေရး အံုၾကြေတာင္းဆိုမႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ သတင္းေထာက္တေယာက္အေနနဲ႔ ခ်ဥ္းကပ္ခဲ့တဲ့ ခ်ဥ္းကပ္မႈနဲ႔ အခု တက္ၾကြလႈပ္ရွားသူတဦးအေနနဲ႔ ခ်ဥ္းကပ္ေနတဲ့ ခ်ဥ္းကပ္မႈ ဘယ္လိုကြာသလဲ။ အတူတူပဲလားဆိုတာကို ပထမဦးဆံုး ရွင္းျပပါ။

ေျဖ ။ ။ ၁၉၈၈ တုန္းက သတင္းေထာက္တေယာက္အေနနဲ႔ အခ်က္အလက္မွန္ေတြကို သတင္းပို႔ခဲ့ပါတယ္။ BBC ဟာ ျမန္မာႏုိင္ငံ ေတာင္-ေျမာက္၊ အေရွ ႔-အေနာက္ ေနရာအႏံွ႔က သတင္းေတြကို ပထမဦးဆံုးရရိွ တင္ျပခဲ့ပါတယ္။ ဒါေၾကာင့္ ျမန္မာျပည္သူေတြ ႏိုိင္ငံတဝွမ္းလံုးက အမွန္တရားေတြကို ၾကားသိရၿပီး၊ သူတုိ႔ အံုၾကြဖို႔ ခြန္အားျဖစ္ေစခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ က်ေနာ္က ေဆာ္ေၾသာ္သူ Campaigner တေယာက္ ျဖစ္ပါတယ္။ Accountability ေခၚ တာဝန္ယူမႈ၊ တာဝန္ခံမႈ ရိွေစေရး ျဖစ္ပါတယ္။ က်ေနာ္တုိ႔ အဓိကဦးတည္ေနတာကေတာ့ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္နဲ႔ လက္ေအာက္ခံတပ္သားေတြ အရာရိွငယ္ေတြအထိ ျဖစ္ပါတယ္။ ဆိုလိုတာက က်ေနာ့္အဖြဲ႔အစည္း MAP – Myanmar Accountability Project က ဒီႏွစ္မွာ အမႈ (၅) မႈ Istanbul က Torture Court ညွဥ္းပန္းႏိွပ္စက္မႈဆိုင္ရာ တရားရံုး၊ ေငြေၾကးခဝါခ်မႈနဲ႔ ပတ္သက္ၿပီး ပါရီတရားရံုး၊ ေနာက္ အေရွ ႔အာရွ အင္ဒိုနီးရွား (ဒါမွမဟုတ္) မေလးရွားတရားရံုးမွာ၊ ယူေကတရားရံုးမွာနဲ႔ ႏိုင္ငံတကာျပစ္မႈဆိုင္ရာ တရားရံုး (ICC) မွာ တစ္မႈ၊ အမႈေတြ ဖြင့္ထားပါတယ္။

ဒီရံုးေတြမွာ Justice တရားစီရင္ေရးကို ေဖာ္ေဆာင္ႏိုင္ေအာင္ တရားဥပေဒနဲ႔အညီ အျပစ္မဲ့ျပည္သူေတြကို ပစ္သတ္သူ၊ ေထာင္ထဲမွာေသေအာင္ ႏိွပ္စက္ညွဥ္းပန္းသူေတြ၊ မင္းေအာင္လိႈင္အပါအဝင္ အားလံုးကို တရားစီရင္ႏိုင္ဖို႔ ဥပေဒနဲ႔အညီ လုပ္ေဆာင္ေနပါတယ္။ ကမာၻတလႊာက တရားရံုးေတြမွာ လုပ္ေဆာင္ေနတာျဖစ္ၿပီး မင္းေအာင္လိႈင္နဲ႔ သူ႔ဗိုလ္ခ်ဳပ္ေတြ ေျပးႏိုင္ပါတယ္။ ဒါေပမဲ့ သူတုိ႔ ပုန္းေအာင္ေနလို႔ မရေတာ့ပါဘူး။ ဒါေၾကာင့္ အခုလုပ္ေဆာင္ေနတဲ့ ဒီလုပ္ရပ္ေတြဟာ ၁၉၈၈ တုန္းက က်ေနာ္လုပ္ေဆာင္ခဲ့တာေတြနဲ႔ သိပ္ကြာျခားပါတယ္။ ၈၈ တုန္းက Information သတင္းအခ်က္အလက္ေတြ ျဖစ္ၿပီးေတာ့၊ ျမန္မာျပည္သူေတြကို သတင္းအမွန္ေတြ ေျပာၾကားခဲ့ပါတယ္။ အခုတခါ က်ေနာ္ လုပ္ေနတာကေတာ့ ျမန္မာျပည္သူေတြအတြက္ တရားမွ်တမႈ ရရိွေရး ျဖစ္ပါတယ္။

ေမး ။ ။ ၈၈ အေရးေတာ္ပံုနဲ႔ အခု ေႏြဦးေတာ္လွန္္ေရး ျဖစ္ရတဲ့ အေၾကာင္းရင္းေတြေကာ ဘယ္လိုကြာသလဲဆိုတာကိုလဲ ႏိႈင္းယွဥ္ေျပာပါအံုး။

ေျဖ ။ ။ အေၾကာင္းရင္းခ်င္း မတူၾကပါဘူး။ အႀကီးအက်ယ္ ျခားနားမႈကေတာ့ ၂၀၂၀ ႏိုဝင္ဘာမွာ ေရြးေကာက္ပြဲတရပ္ ရိွခဲ့ၿပီး၊ ျမန္မာျပည္သူေတြ ဘာလိုခ်င္ၾကသလဲဆိုတာကို ျမန္မာတျပည္လံုး၊ တကမာၻလံုး၊ ႏုိင္ငံတကာသံတမန္ေတြ၊ ကုလသမဂၢအားလံုးက နားလည္သေဘာေပါက္ခဲ့ၾကပါတယ္။ ျမန္မာျပည္သူေတြက စစ္တပ္ကို ႏုိင္ငံေရးကေန ဖယ္ရွားခ်င္တယ္။ စစ္တန္းလ်ားကို ျပန္ေစခ်င္တယ္။ ဒီမိုကေရစီအစိုးရကိုသာ လိုခ်င္ေနၾကတဲ့အခ်ိန္္ ျဖစ္ပါတယ္။ ၈၈ တုန္းက ေက်ာင္းသားတစု ေနာက္ကြယ္က လံႈေဆာ္မႈေတြေၾကာင့္ ဆူပူတာျဖစ္တယ္၊ ဘာညာျဖစ္ၾကတယ္။ ဒါေၾကာင့္ ဆူပူသူေတြကို ပစ္ခတ္ရတယ္ ဆိုၾကပါတယ္။ အခုတႀကိမ္ကေတာ့ အဲဒီလိုေျပာလို႔ မရႏိုင္ေတာ့ပါဘူး။ ျပည္သူေတြဟာ ေရြးေကာက္ပြဲရလဒ္အတိုင္း ဒီမိုကေရစီအစိုးရကို ရခ်င္ေနၾကတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ၂၀၁၅ ခုႏွစ္ကစၿပီး၊ ျမန္မာႏုိင္ငံမွာ Liberalization လို႔ေခၚတဲ့ ေလွ်ာ့ေပါ့ေပးမႈေတြ အမ်ားႀကီး ရိွခဲ့တာပါ။ အင္တာနက္ေတြ က်ယ္က်ယ္ျပန္႔ျပန္႔ သံုးခြင့္ေတြ ရရိွခဲ့တယ္။ ႏုိင္ငံေရးအက်ဥ္းသားေတြ ျပန္လြတ္လာၾကတယ္။ သတင္းအခ်က္အလက္ေတြ၊ လြတ္လပ္ခြင့္ေတြ အမ်ားအျပား ရိွလာခဲ့ပါတယ္။ ဒါေတြဟာ လြန္စြာမွ ကြဲလြဲထူးျခားတဲ့ အခ်က္ေတြပါ။ ျမန္မာျပည္သူေတြဟာ လြတ္လပ္မႈအရသာကို ထိေတြ႔ခံစားခဲ့ရၿပီး၊ ၈၈ တုန္းကေတာ့ ဒီလိုလြတ္လပ္မႈမ်ဳိး မခံစားခဲ့ၾကပါဘူး။ အခုေတာ့ အဲဒီလြတ္လပ္မႈေတြကို ရရိွခံစားေနခဲ့ရၿပီးေနာက္ ဆံုးရွံဳးသြားရလို႔ ျမန္မာျပည္သူေတြဟာ သူတုိ႔ ဘာလိုခ်င္သလဲဆိုတာကို သိတယ္။ အေတြ႔အႀကံဳလည္း ရိွခဲ့ၾကၿပီ ျဖစ္ပါတယ္။ ေနာက္ျခားနားမႈတခုကေတာ့ ႏုိင္ငံတကာအသိုင္းအဝိုင္းရဲ ႔ တံု႔ျပန္မႈ ျဖစ္ပါတယ္။

ေမး ။ ။ ၈၈ အေရးအခင္းတုန္းက ျပည္သူလူထုရဲ ႔ တံု႔ျပန္မႈနဲ႔ အခုေႏြဦးေတာ္လွန္ေရးမွာ တံု႔ျပန္မႈကေရာ - တကယ္ေတာ့ ၈၈ တုန္းကလဲ အခုလိုပဲ ေက်ာင္းသားလူငယ္ေတြဟာ နယ္စပ္ေဒသ တုိင္းရင္းသားအင္အားစုေတြဆီ သြားၿပီးေတာ့ လက္နက္ကိုင္ဆြဲခဲ့ၾကတယ္။ အခုလဲပဲ အလားတူ လုပ္ေနၾကတယ္ဆိုေတာ့ အဲဒီႏွစ္ခုကို ဘယ္လိုခြဲျခားျမင္သလဲ အတူတူပဲလို႔ ယူဆပါသလား။

ေျဖ ။ ။ ၈၈ တုန္းက ေက်ာင္းသားေတြ လုပ္ေဆာင္ခဲ့တာနဲ႔ အခု Generation Z ေတြရဲ ႔ လုပ္ေဆာင္ခ်က္ေတြကလဲ အမ်ားႀကီး ျခားနားပါတယ္။ အဓိက ျခားနားခ်က္ကေတာ့ Internet ပါပဲ။ အခုက Digital Revolution ဒီဂ်စ္တယ္ေတာ္လွန္ေရးပါ။ သူတို႔ေတြက ေတာ္လွန္ေရးကို Online ေပၚမွာ ဖန္တီးလိုက္ၾကပါတယ္။ ဒါေၾကာင့္ က်ေနာ္ဟာ လန္ဒန္မွာ ထိုင္ေနရင္း၊ ၿပီခဲ့တဲ့ တမိနစ္အတြင္း မႏၱေလးမွာ ဘာျဖစ္သြားသလဲဆိုတာကို သိေနပါတယ္။ ဆိုေတာ့ ျမန္မာႏုိင္ငံမွာ ဘာျဖစ္ေနတယ္ဆိုတာကို ျပင္ပကမာၻက အေသးစိတ္ေစာင့္ၾကည့္ေနပါတယ္။ စစ္ဗိုလ္ခ်ဳပ္ေတြအေနနဲ႔ ျပည္သူေတြအေပၚ ထိတ္လန္႔ဖြယ္ ရက္စက္ၾကမ္းၾကဳတ္မႈေတြ လုပ္ေနတာကို ထိန္ခ်န္ဖံုးကြယ္မႈေတြ လုပ္ထားလို႔ မရႏိုင္ေတာ့ပါဘူး။ ဥပမာ ခရစ္စမတ္တုန္းက လူေတြသတ္ၿပီး၊ မီးရိွဳ ႔ခဲ့တာေတြကို ကမာၻ႔ျပည္သူေတြ အာရံုမွာဆြဲထင္ေနရစ္ခဲ့ပါတယ္။ က်န္တဲ့ရက္စက္မႈေတြလည္း အလားတူပါပဲ။ ေနာက္တခ်က္က အင္တာနက္ေၾကာင့္ NUG နဲ႔ အတိုက္အခံအင္အားစုေတြရဲ ႔ စုစည္းလုပ္ေဆာင္မႈကို ပိုၿပီးထိေရာက္ေစႏုိင္ပါတယ္။ ျပည္တြင္းမွာဆိုလဲ သူတုိ႔နဲ႔ လူခ်င္းတခါမွ မဆံုဘူးတဲ့ PDF ကာကြယ္ေရးတပ္ဖြဲ႔ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ႏုိင္ပါတယ္။ ျပည္ပမွာဆိုရင္ သူတုိ႔ဟာ အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီးဌာန၊ ၿဗိတိန္အစိုးရ၊ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း စသူေတြနဲ႔ Online ကေန ဆက္သြယ္ေျပာၾကားႏုိင္ၾကပါတယ္။ ဆိုေတာ့ ဒါေတြဟာ အင္တာနက္ရဲ ႔ အက်ဳိးေက်းဇူးေတြပါပဲ။ အဆက္အသြယ္၊ သတင္းအခ်က္အလက္ေတြ ျဖန္႔ျဖဴးမႈေတြဟာ လြန္စြာမွ လွ်င္ျမန္ထိေရာက္လာပါတယ္။ သတင္းအခ်က္အလက္ဆိုတာ ေတာ္လွန္ေရးအတြက္ သိပ္ကိုအေရးႀကီးတဲ့ကိစၥပါ။ ဒီလိုအေျခအေနမ်ဳိး ၈၈ တုန္းက မရိွခဲ့ပါဘူး။

ေမး ။ ။ အင္တာနက္ေၾကာင့္ ႏုိင္ငံတကာနဲ႔ အလြယ္တကူ ဆက္သြယ္ႏုိင္တယ္။ သတင္းအခ်က္အလက္ေတြကို ျမန္ျမန္ဆန္ဆန္ ျဖန္႔ျဖဴးႏိုင္တယ္ဆိုတာ မွန္ပါတယ္။ သို႔ေပမဲ့လဲ ႏုိင္ငံတကာရဲ ႔ ကူညီပံ့ပိုးမႈေတြက ဘယ္ေလာက္အထိ ထိထိေရာက္ေရာက္ ရိွေနပါသလဲ။ ျမန္မာျပည္သူ အမ်ားစုကေတာ့ ႏုိင္ငံတကာအသိုင္းအဝိုင္းဟာ ေလသံက်ယ္သေလာက္ လက္ေတြ႔ထိထိေရာက္ေရာက္ မကူညီႏိုင္ၾကဘူးဆိုၿပီး ညည္းတြားေနၾကပါတယ္။

ေျဖ ။ ။ ျမန္မာျပည္သူေတြေျပာတာ မွန္ပါတယ္။ လံုးဝမွန္ပါတယ္။ ႏုိင္ငံတကာအသိုင္းအဝိုင္း လုပ္ေဆာင္ခ်က္ေတြက လိုအပ္သေလာက္ လုပ္ေဆာင္ေပးတာ မေတြ႔ရပါဘူး။ ကုလလံုၿခံဳေရးေကာင္စီကို ၾကည့္ပါ။ ရုရွားနဲ႔ တရုတ္ဟာ မင္းေအာင္လိႈင္ကို ကာကြယ္ေပးေနပါတယ္။ စစ္အုပ္စုကို လက္နက္ေတြ ေရာင္းခ်ေပးေနပါတယ္။ ျမန္မာေစ်းကြက္ကို လိုခ်င္ပါတယ္။ တရုတ္ဆိုရင္ ပင္လယ္ထြက္ေပါက္ကို လိုခ်င္တယ္။ ဆိုေတာ့ မွန္ပါတယ္။ လံုၿခံဳေရးေကာင္စီမွာတင္ ျပႆနာေတြ ရိွေနပါတယ္။ ဒါေပမဲ့ အေထြေထြညီလာခံကို ၾကည့္ပါ။ ၿပီးခဲ့တဲ့ ဇြန္လတုန္းက စစ္အာဏာသိမ္းမႈကို ရွဳတ္ခ်ၿပီး လက္နက္တင္ပို႔ေရာင္းခ်မႈ ပိတ္ပင္ေရး အဆိုေတြကို က်ယ္က်ယ္ျပန္႔ျပန္႔ ေထာက္ခံခဲ့ၾကပါတယ္။ International Criminal Court (ICC) မွာလည္း NUG က ေလွ်ာက္ထားႏိုင္ခဲ့ပါတယ္။ က်ေနာ္တို႔အဖြဲ႔ Myanmar Accountability Project ကလည္း Genocide မွာ အသတ္မေသဘဲ၊ က်န္ရစ္သူေတြကို ႏုိင္ငံတကာတရားရံုးေတြမွာ ထြက္ဆိုေစဖို႔ လုပ္ေဆာင္ေနပါတယ္။ ေနာက္ အာဆီယံကို ၾကည့္မယ္ဆိုရင္လဲ သေဘာကြဲလြဲမႈေတြ ရိွေနေပမယ့္၊ အင္ဒိုနီးရွားနဲ႔ မေလးရွားတို႔က ၁၉၈၈ တုန္းကနဲ႔စာရင္ အခုအခါ အမ်ားႀကီးတက္တက္ၾကြၾကြ ပါဝင္လုပ္ေဆာင္လာၾကပါတယ္။ ၿခံဳေျပာရရင္ေတာ့ ျမန္မာျပည္သူေတြေျပာတာ မွန္ပါတယ္။ ႏုိင္ငံတကာက လိုအပ္သေလာက္ မလုပ္ႏုိင္ေသးပါဘူး။ ဒါေပမဲ့ တစတစ လုပ္ေဆာင္မႈေတြေတာ့ ေရွ ႔တိုးလာေနပါတယ္။

ေမး ။ ။ Chris ေျပာတဲ့ ႏုိင္ငံတကာတရားမွ်တမႈ ေဖာ္ေဆာင္ေရးယႏၱရားေတြ၊ တနည္းေျပာရရင္ ႏုိင္ငံတကာက တရားရံုးေတြ - အဲဒီတရားရံုးေတြက အမွန္တရားကို ဥပေဒနဲ႔အညီ စီစစ္ေဖာ္ေဆာင္ႏုိင္မယ္ဆိုတာ မွန္ပါတယ္။ ဒါေပမဲ့ သူတုိ႔ရဲ ႔ ဆံုးျဖတ္ခ်က္ေတြက Non-binding လိုက္နာရမယ္လို႔ အတင္းအၾကပ္ သတ္မွတ္ထားတာ မဟုတ္ဘူးဆိုေတာ့ ဒီလိုႏုိင္ငံတကာတရားရံုးေတြရဲ ႔ ဆံုးျဖတ္ခ်က္ေတြ လက္ေတြ႔ျဖစ္လာဖို႔ေကာ တကယ္လြယ္ပါ့မလား။ အထူးသျဖင့္ အာဏာအေျပာင္းအလဲ မျဖစ္ေသးသမွ် ဒီဟာေတြကို လက္ေတြ႔အေကာင္အထည္ ေဖာ္ႏိုင္ဖို႔ဆိုတာ ျဖစ္ႏုိင္ပါ့မလား။

ေျဖ ။ ။ ဆိုၾကပါစို႔ အင္ဒိုနီးရွား အာဏာပိုင္ေတြက ကမာၻ႔ႏိုင္ငံအမ်ားအျပားမွာလိုပဲ တရားခံလြဲေျပာင္းေရး သေဘာတူညီခ်က္ Extradition Treaty ေတြ ရိွေနမယ္ဆိုရင္ တရားမွ်တရရိွေရးအတြက္ တူရီကီအာဏာပိုင္ေတြကို က်ေနာ္တို႔ ေမတၱာရပ္ခံထားပါတယ္။ က်ေနာ္တို႔ စြဲဆိုထားတဲ့ အမႈအတြက္ ျပစ္မႈထင္ရွားစီရင္ခံရတဲ့ ဘယ္သူကိုမဆို ဖမ္းဆီးေပးဖို႔ ျဖစ္ပါတယ္။ ဒုတိယကမာၻစစ္အတြင္းက နာဇီစစ္ရာဇဝတ္ေကာင္ Adolf Eichmann ကို အာဂ်င္းတီးနားမွာ ဖမ္းဆီးၿပီးေတာ့ အစၥေရးမွာ ရံုးတင္သလို လုပ္ႏုိင္ပါတယ္။ ဒီလိုအေရးယူမႈေတြက အခ်ိန္ၾကာျမင့္ႏုိုင္ပါတယ္။ ယူဂိုဆလားဗီးယားကိစၥမွာ ၁၉၉၀ ျပည့္ႏွစ္တုန္းက က်ေနာ္ကိုယ္တုိင္ ပါဝင္ေဆာင္ရြက္ခဲ့ဖူးပါတယ္။ ဒီလိုပဲ ၾကန္႔ၾကာခဲ့ဖူးပါတယ္။ ဒါေပမဲ့ ႏွစ္အေတာ္ၾကာေတာ့ သူတုိ႔ကို မိတာပါပဲ။ ရံုးတင္စစ္ေဆးႏိုင္ခဲ့ပါတယ္။ ဆိုေတာ့ ဒီလို ႏုိင္ငံတကာတရားစီရင္ေရး လုပ္ငန္းေတြကို ေလွ်ာ့တြက္လို႔ မရႏိုင္ပါဘူး။ သိပ္အေရးပါပါတယ္။

ေမး ။ ။ ဒီလိုျဖစ္ဖို႔က အဲဒီလို ျပစ္မႈထင္ရွား အစီရင္ခံရသူေတြ အာဏာလက္လြတ္ျဖစ္ဖို႔ အရင္လိုေသးတယ္ မဟုတ္ဘူးလား။ သူတုိ႔အာဏာ မရိွေတာ့မွ ဖမ္းဆီးၿပီး ျပစ္ဒဏ္စီရင္ခံႏိုင္တယ္ဆိုေတာ့ အဲဒီအဆင့္ကို အရင္ေက်ာ္လႊာဖို႔ မလိုဘူးလား။

ေျဖ ။ ။ မဟုတ္ပါဘူး။ အဲဒီလိုျဖစ္ဖို႔ မလိုအပ္ပါဘူး။ ဆိုၾကပါစို႔ ႏုိင္ငံတကာရဲတပ္ဖြဲ႔ Interpol က Red Notice ဆိုတဲ့ ဖမ္းဆီးေပးဖို႔ ေမတၱာရပ္ခံခ်က္စာ ထုတ္ထားရင္ ကမာၻ႔ႏုိင္ငံအသီးသီး ရဲတပ္ဖြဲ႔ေတြက ဖမ္းဆီးလႊဲေျပာင္းေပးႏုိင္ပါတယ္။ က်ေနာ္တုိ႔ တရားစြဲဆိုထားသူေတြရဲ ႔ ႏုိင္ငံကူးလက္မွတ္ အခ်က္အလက္ အေသးစိတ္ကို Interpol က ေဖာ္ျပေပးထားရင္၊ အဲဒီလူကို အင္ဒိုနီးရွား၊ ဘန္ေကာက္ ကမာၻ႔ဘယ္ေနရာေရာက္ေရာက္ သူတုိ႔ကို ဖမ္းဆီးၿပီး၊ တရားရင္ဆိုင္ဖို႔ သက္ဆိုင္ရာကို လႊဲေပးႏုိင္ပါတယ္။ ဘယ္ေလာက္ၾကန္႔ၾကာမယ္ဆိုတာကို ေျပာဖို႔လဲ မျဖစ္ႏုိ္င္စရာ မရိွပါဘူး။ ႏုိင္ငံတကာတရားစီရင္ေရး ယႏၱရားေတြသာ အျပည့္အဝလည္ပတ္မယ္ဆိုရင္ ျမန္မာျပည္သူေတြ တရားမွ်တမႈကို ေဖာ္ေဆာင္ႏုိင္မွာ ျဖစ္ပါတယ္။

ေမး ။ ။ ေျပာရမယ္ဆိုလို႔ရိွရင္ အခုေလာေလာဆယ္မွာ ကမာၻမွာ ခက္ေနတာက အဲဒီလို ႏုိင္ငံတကာ တရားစီရင္ေရး ယႏၱရားေတြ အျပည့္အဝ လည္ပတ္ႏုိင္ဖို႔အတြက္ကလဲ ကမာၻ႔ႏုိင္ငံေတြက တညီတညြတ္တည္း ရိွေနၾကတာ မဟုတ္ျပန္ဘူး။ ရုရွားနဲ႔ တရုတ္က တဘက္။ အေမရိကန္နဲ႔ အေနာက္ဒီမိုကေရစီ ႏုိင္ငံႀကီးေတြက တဘက္၊ အဲဒီလိုျဖစ္ေနၾကေတာ့ ဒီအေျခအေနမွာ သူတုိ႔ရဲ ႔ ညီညီညႊတ္ညႊတ္နဲ႔ ကမာၻ႔တရားမွ်တမႈ ယႏၱရားႀကီး အရွိန္အဟုန္နဲ႔ လည္ပတ္ႏုိင္ေအာင္ တညီတညႊတ္တည္း တြန္းႏုိင္ပါ့မလား။

ေျဖ ။ ။ သူတုိ႔အေျခအေနက ဒီလုိျဖစ္ေနတယ္ဆိုေပမယ့္ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္တခ်က္က ယူကရိန္းကိစၥပါ။ ယူကရိန္းအေျခအေနမွာ ႏုိင္ငံတကာတရားမွ်တမႈ ယႏၱရားက ပူတင္ကို ICC ကို ညႊန္းေနၾကပါၿပီ။ ဒီလိုရက္စက္ၾကမ္းၾကဳတ္တဲ့ လုပ္ရပ္ေတြကို ICC က အေရးယူႏုိင္ပါတယ္။ က်ေနာ့္အျမင္မွာေတာ့ သူတုိ႔ဟာ ဥေရာပတိုက္ထဲက လူျဖဴေတြ၊ ခရစ္ယာန္ေတြ ဒုကၡေရာက္ၾကေတာ့ အေရးယူလုပ္ၾကပါတယ္။ ရိုဟင္ဂ်ာေတြ၊ ဆီးရီးယားႏုိင္ငံသားေတြ၊ ယီမန္ႏုိင္ငံသားေတြ၊ အီရိတ္ႏိုင္ငံသားေတြ အတြက္ၾကေတာ့ အေလးမထားၾကပါဘူး။ သေဘာထားမမွ်တတဲ့ အေယာင္ေဆာင္ေတြ ျဖစ္ေနၾကတယ္လို႔ ထင္ပါတယ္။ ဒါေပမဲ့ အခုအခါမွာေတာ့ အရင္ကတခါမွ မျဖစ္လာတဲ့ အေျခအေနမ်ဳိးေတြ အခုေတာ့ ျဖစ္လာေနပါၿပီ။ က်ေနာ္တို႔အေနနဲ႔ လုပ္ကိုလုပ္ရမွာကေတာ့ ယူကရိန္းျပည္သူေတြ ႏုိင္ငံတကာအာရံုစူးစိုက္မႈကို ရရိွေနသလိုပဲ၊ ျမန္မာျပည္သူေတြလည္း အလားတူ အေလးထားမႈ ခံရႏိုင္ဖို႔ပဲ ျဖစ္ပါတယ္။ ယူကရိန္းျပည္သူေတြ နည္းတူပဲ ျမန္မာျပည္သူေတြလည္း တရားမွ်တမႈအတြက္ တုိက္ပြဲဝင္ေနၾကပါတယ္။ ဒါကို ကမာၻက သေဘာေပါက္ေအာင္ က်ေနာ္တို႔ လုပ္ၾကဖို႔ ျဖစ္ပါတယ္။

==Unicode==

ဖေဖော်ဝါရီ စစ်အာဏာသိမ်းချိန်က စတင်ခဲ့ပြီး အခုထိရှင်သန်ဆဲ မြန်မာ့နွေဦးတော်လှန်ရေးဟာ ၁၉၈၈ မှာ ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံနဲ့ လွန်စွာကွာခြားပြီး ပြည်သူတွေ ခံစားခဲ့ရတဲ့ အကြမ်းဖက်နှိပ်ကွပ်မှုတွေအတွက် တရားမျှတမှု ရရှိနိုင်မယ့် အလားအလာ ရှိတယ်လို့ Christopher Gunnis က ဆိုပါတယ်။ ရှစ်လေးလုံးကာလတုန်းက BBC သတင်းထောက်၊ အခု Myanmar Accountability Project (MAP) မြန်မာတာဝန်ခံမှု ရှိစေရေး စီမံချက်အဖွဲ့ ဒါရိုက်တာ Chris Gunnis နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ Christopher Gunnis, ခင်များက ၈၈ အရေးခင်းတုန်းက Journalist - သတင်းထောက်, ခင်များနာမည်နဲ့ ၈၈ အရေးတော်ပုံနဲ့ ခွဲခြားလို့ကို မရဘူး။ အခုတော့ ခင်များဟာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ၊ တနည်းအားဖြင့်ပြောရင် Campaigner ဖြစ်တယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီအရေး အုံကြွတောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီးတော့ သတင်းထောက်တယောက်အနေနဲ့ ချဉ်းကပ်ခဲ့တဲ့ ချဉ်းကပ်မှုနဲ့ အခု တက်ကြွလှုပ်ရှားသူတဦးအနေနဲ့ ချဉ်းကပ်နေတဲ့ ချဉ်းကပ်မှု ဘယ်လိုကွာသလဲ။ အတူတူပဲလားဆိုတာကို ပထမဦးဆုံး ရှင်းပြပါ။

ဖြေ ။ ။ ၁၉၈၈ တုန်းက သတင်းထောက်တယောက်အနေနဲ့ အချက်အလက်မှန်တွေကို သတင်းပို့ခဲ့ပါတယ်။ BBC ဟာ မြန်မာနိုင်ငံ တောင်-မြောက်၊ အရှေ့-အနောက် နေရာအနံှ့က သတင်းတွေကို ပထမဦးဆုံးရရှိ တင်ပြခဲ့ပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေ နိုင်ငံတဝှမ်းလုံးက အမှန်တရားတွေကို ကြားသိရပြီး၊ သူတို့ အုံကြွဖို့ ခွန်အားဖြစ်စေခဲ့ပါတယ်။ အခုအချိန်မှာတော့ ကျနော်က ဆော်သြော်သူ Campaigner တယောက် ဖြစ်ပါတယ်။ Accountability ခေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေး ဖြစ်ပါတယ်။ ကျနော်တို့ အဓိကဦးတည်နေတာကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လက်အောက်ခံတပ်သားတွေ အရာရှိငယ်တွေအထိ ဖြစ်ပါတယ်။ ဆိုလိုတာက ကျနော့်အဖွဲ့အစည်း MAP – Myanmar Accountability Project က ဒီနှစ်မှာ အမှု (၅) မှု Istanbul က Torture Court ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ တရားရုံး၊ ငွေကြေးခဝါချမှုနဲ့ ပတ်သက်ပြီး ပါရီတရားရုံး၊ နောက် အရှေ့အာရှ အင်ဒိုနီးရှား (ဒါမှမဟုတ်) မလေးရှားတရားရုံးမှာ၊ ယူကေတရားရုံးမှာနဲ့ နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံး (ICC) မှာ တစ်မှု၊ အမှုတွေ ဖွင့်ထားပါတယ်။

ဒီရုံးတွေမှာ Justice တရားစီရင်ရေးကို ဖော်ဆောင်နိုင်အောင် တရားဥပဒေနဲ့အညီ အပြစ်မဲ့ပြည်သူတွေကို ပစ်သတ်သူ၊ ထောင်ထဲမှာသေအောင် နှိပ်စက်ညှဉ်းပန်းသူတွေ၊ မင်းအောင်လှိုင်အပါအဝင် အားလုံးကို တရားစီရင်နိုင်ဖို့ ဥပဒေနဲ့အညီ လုပ်ဆောင်နေပါတယ်။ ကမ္ဘာတလွှာက တရားရုံးတွေမှာ လုပ်ဆောင်နေတာဖြစ်ပြီး မင်းအောင်လှိုင်နဲ့ သူ့ဗိုလ်ချုပ်တွေ ပြေးနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ ပုန်းအောင်နေလို့ မရတော့ပါဘူး။ ဒါကြောင့် အခုလုပ်ဆောင်နေတဲ့ ဒီလုပ်ရပ်တွေဟာ ၁၉၈၈ တုန်းက ကျနော်လုပ်ဆောင်ခဲ့တာတွေနဲ့ သိပ်ကွာခြားပါတယ်။ ၈၈ တုန်းက Information သတင်းအချက်အလက်တွေ ဖြစ်ပြီးတော့၊ မြန်မာပြည်သူတွေကို သတင်းအမှန်တွေ ပြောကြားခဲ့ပါတယ်။ အခုတခါ ကျနော် လုပ်နေတာကတော့ မြန်မာပြည်သူတွေအတွက် တရားမျှတမှု ရရှိရေး ဖြစ်ပါတယ်။

မေး ။ ။ ၈၈ အရေးတော်ပုံနဲ့ အခု နွေဦးတော်လှန်ရေး ဖြစ်ရတဲ့ အကြောင်းရင်းတွေကော ဘယ်လိုကွာသလဲဆိုတာကိုလဲ နှိုင်းယှဉ်ပြောပါအုံး။

ဖြေ ။ ။ အကြောင်းရင်းချင်း မတူကြပါဘူး။ အကြီးအကျယ် ခြားနားမှုကတော့ ၂၀၂၀ နိုဝင်ဘာမှာ ရွေးကောက်ပွဲတရပ် ရှိခဲ့ပြီး၊ မြန်မာပြည်သူတွေ ဘာလိုချင်ကြသလဲဆိုတာကို မြန်မာတပြည်လုံး၊ တကမ္ဘာလုံး၊ နိုင်ငံတကာသံတမန်တွေ၊ ကုလသမဂ္ဂအားလုံးက နားလည်သဘောပေါက်ခဲ့ကြပါတယ်။ မြန်မာပြည်သူတွေက စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ရှားချင်တယ်။ စစ်တန်းလျားကို ပြန်စေချင်တယ်။ ဒီမိုကရေစီအစိုးရကိုသာ လိုချင်နေကြတဲ့အချိန် ဖြစ်ပါတယ်။ ၈၈ တုန်းက ကျောင်းသားတစု နောက်ကွယ်က လှုံဆော်မှုတွေကြောင့် ဆူပူတာဖြစ်တယ်၊ ဘာညာဖြစ်ကြတယ်။ ဒါကြောင့် ဆူပူသူတွေကို ပစ်ခတ်ရတယ် ဆိုကြပါတယ်။ အခုတကြိမ်ကတော့ အဲဒီလိုပြောလို့ မရနိုင်တော့ပါဘူး။ ပြည်သူတွေဟာ ရွေးကောက်ပွဲရလဒ်အတိုင်း ဒီမိုကရေစီအစိုးရကို ရချင်နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ်ကစပြီး၊ မြန်မာနိုင်ငံမှာ Liberalization လို့ခေါ်တဲ့ လျှော့ပေါ့ပေးမှုတွေ အများကြီး ရှိခဲ့တာပါ။ အင်တာနက်တွေ ကျယ်ကျယ်ပြန့်ပြန့် သုံးခွင့်တွေ ရရှိခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာကြတယ်။ သတင်းအချက်အလက်တွေ၊ လွတ်လပ်ခွင့်တွေ အများအပြား ရှိလာခဲ့ပါတယ်။ ဒါတွေဟာ လွန်စွာမှ ကွဲလွဲထူးခြားတဲ့ အချက်တွေပါ။ မြန်မာပြည်သူတွေဟာ လွတ်လပ်မှုအရသာကို ထိတွေ့ခံစားခဲ့ရပြီး၊ ၈၈ တုန်းကတော့ ဒီလိုလွတ်လပ်မှုမျိုး မခံစားခဲ့ကြပါဘူး။ အခုတော့ အဲဒီလွတ်လပ်မှုတွေကို ရရှိခံစားနေခဲ့ရပြီးနောက် ဆုံးရှုံးသွားရလို့ မြန်မာပြည်သူတွေဟာ သူတို့ ဘာလိုချင်သလဲဆိုတာကို သိတယ်။ အတွေ့အကြုံလည်း ရှိခဲ့ကြပြီ ဖြစ်ပါတယ်။ နောက်ခြားနားမှုတခုကတော့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှု ဖြစ်ပါတယ်။

မေး ။ ။ ၈၈ အရေးအခင်းတုန်းက ပြည်သူလူထုရဲ့ တုံ့ပြန်မှုနဲ့ အခုနွေဦးတော်လှန်ရေးမှာ တုံ့ပြန်မှုကရော - တကယ်တော့ ၈၈ တုန်းကလဲ အခုလိုပဲ ကျောင်းသားလူငယ်တွေဟာ နယ်စပ်ဒေသ တိုင်းရင်းသားအင်အားစုတွေဆီ သွားပြီးတော့ လက်နက်ကိုင်ဆွဲခဲ့ကြတယ်။ အခုလဲပဲ အလားတူ လုပ်နေကြတယ်ဆိုတော့ အဲဒီနှစ်ခုကို ဘယ်လိုခွဲခြားမြင်သလဲ အတူတူပဲလို့ ယူဆပါသလား။

ဖြေ ။ ။ ၈၈ တုန်းက ကျောင်းသားတွေ လုပ်ဆောင်ခဲ့တာနဲ့ အခု Generation Z တွေရဲ့ လုပ်ဆောင်ချက်တွေကလဲ အများကြီး ခြားနားပါတယ်။ အဓိက ခြားနားချက်ကတော့ Internet ပါပဲ။ အခုက Digital Revolution ဒီဂျစ်တယ်တော်လှန်ရေးပါ။ သူတို့တွေက တော်လှန်ရေးကို Online ပေါ်မှာ ဖန်တီးလိုက်ကြပါတယ်။ ဒါကြောင့် ကျနော်ဟာ လန်ဒန်မှာ ထိုင်နေရင်း၊ ပြီခဲ့တဲ့ တမိနစ်အတွင်း မန္တလေးမှာ ဘာဖြစ်သွားသလဲဆိုတာကို သိနေပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ ဘာဖြစ်နေတယ်ဆိုတာကို ပြင်ပကမ္ဘာက အသေးစိတ်စောင့်ကြည့်နေပါတယ်။ စစ်ဗိုလ်ချုပ်တွေအနေနဲ့ ပြည်သူတွေအပေါ် ထိတ်လန့်ဖွယ် ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်နေတာကို ထိန်ချန်ဖုံးကွယ်မှုတွေ လုပ်ထားလို့ မရနိုင်တော့ပါဘူး။ ဥပမာ ခရစ်စမတ်တုန်းက လူတွေသတ်ပြီး၊ မီးရှို့ခဲ့တာတွေကို ကမ္ဘာ့ပြည်သူတွေ အာရုံမှာဆွဲထင်နေရစ်ခဲ့ပါတယ်။ ကျန်တဲ့ရက်စက်မှုတွေလည်း အလားတူပါပဲ။ နောက်တချက်က အင်တာနက်ကြောင့် NUG နဲ့ အတိုက်အခံအင်အားစုတွေရဲ့ စုစည်းလုပ်ဆောင်မှုကို ပိုပြီးထိရောက်စေနိုင်ပါတယ်။ ပြည်တွင်းမှာဆိုလဲ သူတို့နဲ့ လူချင်းတခါမှ မဆုံဘူးတဲ့ PDF ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။ ပြည်ပမှာဆိုရင် သူတို့ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဗြိတိန်အစိုးရ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း စသူတွေနဲ့ Online ကနေ ဆက်သွယ်ပြောကြားနိုင်ကြပါတယ်။ ဆိုတော့ ဒါတွေဟာ အင်တာနက်ရဲ့ အကျိုးကျေးဇူးတွေပါပဲ။ အဆက်အသွယ်၊ သတင်းအချက်အလက်တွေ ဖြန့်ဖြူးမှုတွေဟာ လွန်စွာမှ လျှင်မြန်ထိရောက်လာပါတယ်။ သတင်းအချက်အလက်ဆိုတာ တော်လှန်ရေးအတွက် သိပ်ကိုအရေးကြီးတဲ့ကိစ္စပါ။ ဒီလိုအခြေအနေမျိုး ၈၈ တုန်းက မရှိခဲ့ပါဘူး။

မေး ။ ။ အင်တာနက်ကြောင့် နိုင်ငံတကာနဲ့ အလွယ်တကူ ဆက်သွယ်နိုင်တယ်။ သတင်းအချက်အလက်တွေကို မြန်မြန်ဆန်ဆန် ဖြန့်ဖြူးနိုင်တယ်ဆိုတာ မှန်ပါတယ်။ သို့ပေမဲ့လဲ နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုတွေက ဘယ်လောက်အထိ ထိထိရောက်ရောက် ရှိနေပါသလဲ။ မြန်မာပြည်သူ အများစုကတော့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ လေသံကျယ်သလောက် လက်တွေ့ထိထိရောက်ရောက် မကူညီနိုင်ကြဘူးဆိုပြီး ညည်းတွားနေကြပါတယ်။

ဖြေ ။ ။ မြန်မာပြည်သူတွေပြောတာ မှန်ပါတယ်။ လုံးဝမှန်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်း လုပ်ဆောင်ချက်တွေက လိုအပ်သလောက် လုပ်ဆောင်ပေးတာ မတွေ့ရပါဘူး။ ကုလလုံခြုံရေးကောင်စီကို ကြည့်ပါ။ ရုရှားနဲ့ တရုတ်ဟာ မင်းအောင်လှိုင်ကို ကာကွယ်ပေးနေပါတယ်။ စစ်အုပ်စုကို လက်နက်တွေ ရောင်းချပေးနေပါတယ်။ မြန်မာဈေးကွက်ကို လိုချင်ပါတယ်။ တရုတ်ဆိုရင် ပင်လယ်ထွက်ပေါက်ကို လိုချင်တယ်။ ဆိုတော့ မှန်ပါတယ်။ လုံခြုံရေးကောင်စီမှာတင် ပြဿနာတွေ ရှိနေပါတယ်။ ဒါပေမဲ့ အထွေထွေညီလာခံကို ကြည့်ပါ။ ပြီးခဲ့တဲ့ ဇွန်လတုန်းက စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ရေး အဆိုတွေကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခဲ့ကြပါတယ်။ International Criminal Court (ICC) မှာလည်း NUG က လျှောက်ထားနိုင်ခဲ့ပါတယ်။ ကျနော်တို့အဖွဲ့ Myanmar Accountability Project ကလည်း Genocide မှာ အသတ်မသေဘဲ၊ ကျန်ရစ်သူတွေကို နိုင်ငံတကာတရားရုံးတွေမှာ ထွက်ဆိုစေဖို့ လုပ်ဆောင်နေပါတယ်။ နောက် အာဆီယံကို ကြည့်မယ်ဆိုရင်လဲ သဘောကွဲလွဲမှုတွေ ရှိနေပေမယ့်၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့က ၁၉၈၈ တုန်းကနဲ့စာရင် အခုအခါ အများကြီးတက်တက်ကြွကြွ ပါဝင်လုပ်ဆောင်လာကြပါတယ်။ ခြုံပြောရရင်တော့ မြန်မာပြည်သူတွေပြောတာ မှန်ပါတယ်။ နိုင်ငံတကာက လိုအပ်သလောက် မလုပ်နိုင်သေးပါဘူး။ ဒါပေမဲ့ တစတစ လုပ်ဆောင်မှုတွေတော့ ရှေ့တိုးလာနေပါတယ်။

မေး ။ ။ Chris ပြောတဲ့ နိုင်ငံတကာတရားမျှတမှု ဖော်ဆောင်ရေးယန္တရားတွေ၊ တနည်းပြောရရင် နိုင်ငံတကာက တရားရုံးတွေ - အဲဒီတရားရုံးတွေက အမှန်တရားကို ဥပဒေနဲ့အညီ စီစစ်ဖော်ဆောင်နိုင်မယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေက Non-binding လိုက်နာရမယ်လို့ အတင်းအကြပ် သတ်မှတ်ထားတာ မဟုတ်ဘူးဆိုတော့ ဒီလိုနိုင်ငံတကာတရားရုံးတွေရဲ့ ဆုံးဖြတ်ချက်တွေ လက်တွေ့ဖြစ်လာဖို့ကော တကယ်လွယ်ပါ့မလား။ အထူးသဖြင့် အာဏာအပြောင်းအလဲ မဖြစ်သေးသမျှ ဒီဟာတွေကို လက်တွေ့အကောင်အထည် ဖော်နိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။

ဖြေ ။ ။ ဆိုကြပါစို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ကမ္ဘာ့နိုင်ငံအများအပြားမှာလိုပဲ တရားခံလွဲပြောင်းရေး သဘောတူညီချက် Extradition Treaty တွေ ရှိနေမယ်ဆိုရင် တရားမျှတရရှိရေးအတွက် တူရီကီအာဏာပိုင်တွေကို ကျနော်တို့ မေတ္တာရပ်ခံထားပါတယ်။ ကျနော်တို့ စွဲဆိုထားတဲ့ အမှုအတွက် ပြစ်မှုထင်ရှားစီရင်ခံရတဲ့ ဘယ်သူကိုမဆို ဖမ်းဆီးပေးဖို့ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီစစ်ရာဇဝတ်ကောင် Adolf Eichmann ကို အာဂျင်းတီးနားမှာ ဖမ်းဆီးပြီးတော့ အစ္စရေးမှာ ရုံးတင်သလို လုပ်နိုင်ပါတယ်။ ဒီလိုအရေးယူမှုတွေက အချိန်ကြာမြင့်နိုင်ပါတယ်။ ယူဂိုဆလားဗီးယားကိစ္စမှာ ၁၉၉၀ ပြည့်နှစ်တုန်းက ကျနော်ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့ဖူးပါတယ်။ ဒီလိုပဲ ကြန့်ကြာခဲ့ဖူးပါတယ်။ ဒါပေမဲ့ နှစ်အတော်ကြာတော့ သူတို့ကို မိတာပါပဲ။ ရုံးတင်စစ်ဆေးနိုင်ခဲ့ပါတယ်။ ဆိုတော့ ဒီလို နိုင်ငံတကာတရားစီရင်ရေး လုပ်ငန်းတွေကို လျှော့တွက်လို့ မရနိုင်ပါဘူး။ သိပ်အရေးပါပါတယ်။

မေး ။ ။ ဒီလိုဖြစ်ဖို့က အဲဒီလို ပြစ်မှုထင်ရှား အစီရင်ခံရသူတွေ အာဏာလက်လွတ်ဖြစ်ဖို့ အရင်လိုသေးတယ် မဟုတ်ဘူးလား။ သူတို့အာဏာ မရှိတော့မှ ဖမ်းဆီးပြီး ပြစ်ဒဏ်စီရင်ခံနိုင်တယ်ဆိုတော့ အဲဒီအဆင့်ကို အရင်ကျော်လွှာဖို့ မလိုဘူးလား။

ဖြေ ။ ။ မဟုတ်ပါဘူး။ အဲဒီလိုဖြစ်ဖို့ မလိုအပ်ပါဘူး။ ဆိုကြပါစို့ နိုင်ငံတကာရဲတပ်ဖွဲ့ Interpol က Red Notice ဆိုတဲ့ ဖမ်းဆီးပေးဖို့ မေတ္တာရပ်ခံချက်စာ ထုတ်ထားရင် ကမ္ဘာ့နိုင်ငံအသီးသီး ရဲတပ်ဖွဲ့တွေက ဖမ်းဆီးလွှဲပြောင်းပေးနိုင်ပါတယ်။ ကျနော်တို့ တရားစွဲဆိုထားသူတွေရဲ့ နိုင်ငံကူးလက်မှတ် အချက်အလက် အသေးစိတ်ကို Interpol က ဖော်ပြပေးထားရင်၊ အဲဒီလူကို အင်ဒိုနီးရှား၊ ဘန်ကောက် ကမ္ဘာ့ဘယ်နေရာရောက်ရောက် သူတို့ကို ဖမ်းဆီးပြီး၊ တရားရင်ဆိုင်ဖို့ သက်ဆိုင်ရာကို လွှဲပေးနိုင်ပါတယ်။ ဘယ်လောက်ကြန့်ကြာမယ်ဆိုတာကို ပြောဖို့လဲ မဖြစ်နိုင်စရာ မရှိပါဘူး။ နိုင်ငံတကာတရားစီရင်ရေး ယန္တရားတွေသာ အပြည့်အဝလည်ပတ်မယ်ဆိုရင် မြန်မာပြည်သူတွေ တရားမျှတမှုကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

မေး ။ ။ ပြောရမယ်ဆိုလို့ရှိရင် အခုလောလောဆယ်မှာ ကမ္ဘာမှာ ခက်နေတာက အဲဒီလို နိုင်ငံတကာ တရားစီရင်ရေး ယန္တရားတွေ အပြည့်အဝ လည်ပတ်နိုင်ဖို့အတွက်ကလဲ ကမ္ဘာ့နိုင်ငံတွေက တညီတညွတ်တည်း ရှိနေကြတာ မဟုတ်ပြန်ဘူး။ ရုရှားနဲ့ တရုတ်က တဘက်။ အမေရိကန်နဲ့ အနောက်ဒီမိုကရေစီ နိုင်ငံကြီးတွေက တဘက်၊ အဲဒီလိုဖြစ်နေကြတော့ ဒီအခြေအနေမှာ သူတို့ရဲ့ ညီညီညွှတ်ညွှတ်နဲ့ ကမ္ဘာ့တရားမျှတမှု ယန္တရားကြီး အရှိန်အဟုန်နဲ့ လည်ပတ်နိုင်အောင် တညီတညွှတ်တည်း တွန်းနိုင်ပါ့မလား။

XS
SM
MD
LG