သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အေမရိကန္ေရာက္ NUG ကိုယ္စားလွယ္အဖြဲ႔ ျမန္မာ့အေရး လႈပ္ရွားသူေတြနဲ႔ ေတြ႔ဆုံ


NUG ကုိယ္စားလွယ္အဖြဲ႔နဲ႔ ျမန္မာ့အေရး လႈပ္ရွားသူေတြ ေတြ႔ဆုံေနတဲ့ျမင္ကြင္း။ (ဧၿပီ ၉၊ ၂၀၂၂)

(Zawgyi / Unicode)

အေမရိကန္အစိုးရ တာဝန္ရွိသူေတြနဲ႔ ေတြ႔ဆုံခဲ့ၿပီး ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္မွာ စည္း႐ုံးလႈံ႔ေဆာ္ေရး လုပ္ငန္းေတြ လုပ္ေနတဲ့ NUG လူ႔အခြင့္အေရးဝန္ႀကီး ဦးေအာင္မ်ိဳးမင္း ပါဝင္တဲ့ NUG တာဝန္ရွိသူေတြနဲ႔ ဝါရွင္တန္ဒီစီ အနီးတဝိုက္က ဒီမိုကေရစီအေရး ေထာက္ခံအားေပးေနတဲ့ ျမန္မာ့အင္အားစုေတြ ေတြ႔ဆုံေဆြးေႏြးပြဲကို စေနေန႔ညေနက မယ္ရီလန္းျပည္နယ္မွာ ျပဳလုပ္ခဲ့ပါတယ္။

NUG ဘက္ကလည္း လက္ရွိ တိုင္းရင္းသားေဒသေတြမွာ စစ္ေကာင္စီရဲ႕ အၾကမ္းဖက္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ေနတဲ့ ကိေစၥတြကို ေဆြးေႏြးဖို႔ရွိသလို NUG အစိုးရရဲ႕ လုပ္ေဆာင္ခ်က္ေတြကိုလည္း ရွင္းလင္းေဆြးေႏြးသြားမယ္လို႔ ဦးေအာင္မ်ိဳးမင္းက အစည္းအေဝး ခန္းမထဲကေန ဗြီအိုေအကို အခုလိုေျပာဆိုခဲ့ပါတယ္။

“က်ေနာ္တို႔ ဝန္ႀကီးဌာနေတြရဲ႕ လုပ္ေဆာင္မႈ အေျခအေနနဲ႔ စိန္ေခၚမႈေတြကို တင္ျပပါမယ္။ ေနာက္တခုက အားလုံးသိခ်င္ေနၾကတဲ့ က်ေနာ္တို႔ အေမရိကန္အစိုးရနဲ႔ ေတြ႔ဆုံတဲ့အေၾကာင္း၊ ေနာက္ၿပီးလို႔ရွိရင္ေတာ့ ျပည္ေပရာက္ ျမန္မာေတြနဲ႔ ပြင့္ပြင့္လင္းလင္း အေမးအေျဖက႑ေတြ ရွိပါမယ္။ ျပည္သူ႔ေတာ္လွန္ေရး ျဖစ္တဲ့အတြက္ NUG က လုပ္ေဆာင္ေနတာ အထူးသျဖင့္ ဒီ PDF လႈပ္ရွားမႈနဲ႔ က်န္တဲ့ ႏိုင္ငံေရးအရ ေရွ႕ဆက္ၿပီး လုပ္ေဆာင္မယ့္ အေၾကာင္းအရာေတြကို က်ေနာ္တို႔ ေျဖၾကားႏိုင္သေလာက္ ေျဖၾကားသြားဖို႔ အစီအစဥ္ေတြ ရွိပါတယ္ခင္ဗ်။”

ဒီအစည္းအေဝးမွာ ဆက္သြယ္ေရးဝန္ႀကီး ဦးထင္လင္းေအာင္၊ ႏိုင္ငံျခားေရးဒုဝန္ႀကီး ဦးမိုးေဇာ္ဦးနဲ႔ အာဆီယံဆိုင္ရာ သံအမတ္ႀကီး ဦးဘုိလွတင့္တို႔လည္း တက္ေရာက္မွာျဖစ္ၿပီး အေဝးေရာက္ ျမန္မာႏိုင္ငံသားေတြေအနနဲ႔ NUG ကို ဘယ္လို ဆက္လက္ကူညီ ေဆာင္ရြက္ႏိုင္မလဲ ဆိုတာေတြကို ေမးျမန္းေဆြးေႏြးဖို႔ ရွိတဲ့အျပင္ အေမရိကန္အစိုးရရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ မူဝါဒေတြ ပိုမိုအားေကာင္းလာေအာင္ NUG အစိုးရနဲ႔ အေဝးေရာက္ ျမန္မာႏိုင္ငံသားေတြ ဘယ္လို ပူးေပါင္းလုပ္ေဆာင္ႏိုင္မလဲ ဆိုတာေတြကို ျပန္လည္ ေဆြးေႏြးသြားမယ္လို႔ ေတြ႔ဆုံပြဲ စီစဥ္သူေတြထဲက တဦးျဖစ္တဲ့ ကိုရင္ေအးက ေျပာဆိုခဲ့ပါတယ္။

ဒီပြဲကို ဝါရွင္တန္ဒီစီ၊ မယ္ရီလန္း၊ ဗာဂ်ီးနီးယား စတဲ့ေဒသက ခ်င္း၊ မြန္၊ ကရင္၊ ကခ်င္ အပါအဝင္ အေဝးေရာက္ ျမန္မာႏိုင္ငံသားေတြ တက္ေရာက္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

အမေရိကန်ရောက် NUG ကိုယ်စားလှယ်အဖွဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံ

အမေရိကန်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ဝါရှင်တန်ဒီစီမြို့တော်မှာ စည်းရုံးလှုံ့ဆော်ရေး လုပ်ငန်းတွေ လုပ်နေတဲ့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း ပါဝင်တဲ့ NUG တာဝန်ရှိသူတွေနဲ့ ဝါရှင်တန်ဒီစီ အနီးတဝိုက်က ဒီမိုကရေစီအရေး ထောက်ခံအားပေးနေတဲ့ မြန်မာ့အင်အားစုတွေ တွေ့ဆုံဆွေးနွေးပွဲကို စနေနေ့ညနေက မယ်ရီလန်းပြည်နယ်မှာ ပြုလုပ်ခဲ့ပါတယ်။

NUG ဘက်ကလည်း လက်ရှိ တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ ကိစ္စေတွကို ဆွေးနွေးဖို့ရှိသလို NUG အစိုးရရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ရှင်းလင်းဆွေးနွေးသွားမယ်လို့ ဦးအောင်မျိုးမင်းက အစည်းအဝေး ခန်းမထဲကနေ ဗွီအိုအေကို အခုလိုပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ ဝန်ကြီးဌာနတွေရဲ့ လုပ်ဆောင်မှု အခြေအနေနဲ့ စိန်ခေါ်မှုတွေကို တင်ပြပါမယ်။ နောက်တခုက အားလုံးသိချင်နေကြတဲ့ ကျနော်တို့ အမေရိကန်အစိုးရနဲ့ တွေ့ဆုံတဲ့အကြောင်း၊ နောက်ပြီးလို့ရှိရင်တော့ ပြည်ပေရာက် မြန်မာတွေနဲ့ ပွင့်ပွင့်လင်းလင်း အမေးအဖြေကဏ္ဍတွေ ရှိပါမယ်။ ပြည်သူ့တော်လှန်ရေး ဖြစ်တဲ့အတွက် NUG က လုပ်ဆောင်နေတာ အထူးသဖြင့် ဒီ PDF လှုပ်ရှားမှုနဲ့ ကျန်တဲ့ နိုင်ငံရေးအရ ရှေ့ဆက်ပြီး လုပ်ဆောင်မယ့် အကြောင်းအရာတွေကို ကျနော်တို့ ဖြေကြားနိုင်သလောက် ဖြေကြားသွားဖို့ အစီအစဉ်တွေ ရှိပါတယ်ခင်ဗျ။”

ဒီအစည်းအဝေးမှာ ဆက်သွယ်ရေးဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ အာဆီယံဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်တို့လည်း တက်ရောက်မှာဖြစ်ပြီး အဝေးရောက် မြန်မာနိုင်ငံသားတွေအေနနဲ့ NUG ကို ဘယ်လို ဆက်လက်ကူညီ ဆောင်ရွက်နိုင်မလဲ ဆိုတာတွေကို မေးမြန်းဆွေးနွေးဖို့ ရှိတဲ့အပြင် အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေ ပိုမိုအားကောင်းလာအောင် NUG အစိုးရနဲ့ အဝေးရောက် မြန်မာနိုင်ငံသားတွေ ဘယ်လို ပူးပေါင်းလုပ်ဆောင်နိုင်မလဲ ဆိုတာတွေကို ပြန်လည် ဆွေးနွေးသွားမယ်လို့ တွေ့ဆုံပွဲ စီစဉ်သူတွေထဲက တဦးဖြစ်တဲ့ ကိုရင်အေးက ပြောဆိုခဲ့ပါတယ်။

ဒီပွဲကို ဝါရှင်တန်ဒီစီ၊ မယ်ရီလန်း၊ ဗာဂျီးနီးယား စတဲ့ဒေသက ချင်း၊ မွန်၊ ကရင်၊ ကချင် အပါအဝင် အဝေးရောက် မြန်မာနိုင်ငံသားတွေ တက်ရောက်ကြပါတယ်။

XS
SM
MD
LG