သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Republican ေခါင္းေဆာင္ Mitch McConnell ျမန္မာဆိုင္ရာ ကန္သံအမတ္ႀကီးနဲ႔  ျမန္မာ႔အေရးေဆြးေႏြး


Republican ေခါင္းေဆာင္ Mitch McConnell ျမန္မာဆိုင္ရာ ကန္သံအမတ္ႀကီးနဲ႔ ျမန္မာ႔အေရးေဆြးေႏြး

{{Zawgyi/Unicode}}


စစ္တပ္အာဏာသိမ္းကတည္းက ျမန္မာျပည္သူေတြကို အေမရိကန္ ျပည္ေထာင္စုက ေထာက္ခံအားေပးခဲ့တဲ့အေပၚ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Thomas Vajda နဲ ႔ေတြ႕ဆုံေဆြးခဲ့ရတာကို တန္ဖိုးထားပါေၾကာင္း အေမရိကန္ ကြန္ကရက္ Senate အထက္လႊတ္ေတာ္ Republican ေခါင္းေဆာင္ Mitch McConnell က ဧၿပီလ ၆ရက္ေန႔က ေၾကညာခ်က္ထုတ္ျပန္ပါတယ္။

ျမန္မာတပ္မေတာ္ဟာ စစ္အာဏာသိမ္းၿပီးကတည္းက အတိုက္အခံေတြကို အရွိန္ျမႇင့္ၿပီး အၾကမ္းဖက္ ဖိႏိုပ္ေနတယ္လို႔လည္း အဲဒီေၾကညာခ်က္မွာပါရွိပါတယ္။ အဲဒီအထဲမွာ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ စီးပြားေရးအႀကံေပး ၾသစေၾတးလ်ႏိုင္ငံသား Sean Turnell နဲ႔ ႏိုင္ငံေရး အက်ဥ္းသားေတြကိုလည္း ဆက္လက္ဖမ္းဆီးထားတယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ စစ္ေကာင္စီအေပၚကို ခ်မွတ္ျပစ္ဒဏ္ခတ္တဲ့ အမ်ိဳးသားကာကြယ္ေရး အက္ဥပေဒ NDAA ဟာ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG နဲ႔ အမ်ိဳးသားညီၫြတ္ေရး အတိုင္ပင္ခံ ေကာင္စီ NUCC ကို ေထာက္ခံမႈေပးတဲ့အတြက္လည္း ေၾကနပ္ဝမ္းအာရေၾကာင္း သူအေနနဲ႔ ေဖာ္ျပထားပါတယ္။

အဲဒီလိုလုပ္ခဲ့တာဟာ စစ္ေကာင္စီကို ေရွာင္ကြင္း ေက်ာ္လႊားၿပီး ျမန္မာျပည္သူေတြကို လူသားခ်င္း စာနာမႈဆိုင္ရာ အကူအညီေပးတာလည္း ျဖစ္တယ္လို႔ဆိုပါတယ္။ အဲဒီအတြက္ အေမရိကန္ ျပည္ေထာင္စု နဲ႔ မိမိတို႔ရဲ႕ ေဒသတြင္းက မိတ္ေဆြႏိုင္ငံေတြကေန ပိုမိုၿပီး ႀကိဳးစားလုပ္ေဆာင္ၾကဖို႔အတြက္ သံအမတ္ႀကီး နဲ႔ မိမိတို႔ ေဆြးေႏြးခဲ့တယ္လို႔လည္း ေရးသားထားပါတယ္။

ဒီမိုကေရစီအေရး နဲ႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ပိုင္ခြင့္တို႔အတြက္ အခ်ိန္ၾကာျမွင္စြာတိုက္ပြဲဝင္ေနၾကတဲ့ ျမန္မာျပည္သူေတြအေနနဲ႔ မိမိတုိ႔ျပည္သူေတြရဲ႕ ေထာက္ခံမႈနဲ႔ ထိုက္တန္မႈရွိပါတယ္လို႔လည္း ေျပာပါတယ္။

အဲဒီအတြက္ မိမိရဲ႕ မဲဆႏၵနယ္ျဖစ္တဲ့ Kentucky ျပည္နယ္မွာရွိၾကတဲ့ ျမန္မာႏိုင္ငံသားေတြနဲ႔အတူ ျမန္မာျပည္ ဒီမိုကေရစီအေရးအတြက္ ပန္းတိုင္ေရာက္တဲ့အထိ ဆက္လက္တိုက္ပြဲဝင္သြားမယ္လုိ႔လည္း သူရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

....................................................

Republican ခေါင်းဆောင် Mitch McConnell မြန်မာဆိုင်ရာ ကန်သံအမတ်ကြီးနဲ့ မြန်မာ့အရေးဆွေးနွေး

{{Unicode}}
စစ်တပ်အာဏာသိမ်းကတည်းက မြန်မာပြည်သူတွေကို အမေရိကန် ပြည်ထောင်စုက ထောက်ခံအားပေးခဲ့တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Thomas Vajda နဲ့တွေ့ဆုံဆွေးခဲ့ရတာကို တန်ဖိုးထားပါကြောင်း အမေရိကန် ကွန်ကရက် Senate အထက်လွှတ်တော် Republican ခေါင်းဆောင် Mitch McConnell က ဧပြီလ ၆ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

မြန်မာတပ်မတော်ဟာ စစ်အာဏာသိမ်းပြီးကတည်းက အတိုက်အခံတွေကို အရှိန်မြှင့်ပြီး အကြမ်းဖက် ဖိနိုပ်နေတယ်လို့လည်း အဲဒီကြေညာချက်မှာပါရှိပါတယ်။ အဲဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell နဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ဆက်လက်ဖမ်းဆီးထားတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီအပေါ်ကို ချမှတ်ပြစ်ဒဏ်ခတ်တဲ့ အမျိုးသားကာကွယ်ရေး အက်ဥပဒေ NDAA ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC ကို ထောက်ခံမှုပေးတဲ့အတွက်လည်း ကြေနပ်ဝမ်းအာရကြောင်း သူအနေနဲ့ ဖော်ပြထားပါတယ်။

အဲဒီလိုလုပ်ခဲ့တာဟာ စစ်ကောင်စီကို ရှောင်ကွင်း ကျော်လွှားပြီး မြန်မာပြည်သူတွေကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးတာလည်း ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီအတွက် အမေရိကန် ပြည်ထောင်စု နဲ့ မိမိတို့ရဲ့ ဒေသတွင်းက မိတ်ဆွေနိုင်ငံတွေကနေ ပိုမိုပြီး ကြိုးစားလုပ်ဆောင်ကြဖို့အတွက် သံအမတ်ကြီး နဲ့ မိမိတို့ ဆွေးနွေးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

ဒီမိုကရေစီအရေး နဲ့ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်တို့အတွက် အချိန်ကြာမြှင်စွာတိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေအနေနဲ့ မိမိတို့ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ထိုက်တန်မှုရှိပါတယ်လို့လည်း ပြောပါတယ်။

အဲဒီအတွက် မိမိရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ Kentucky ပြည်နယ်မှာရှိကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် ပန်းတိုင်ရောက်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း သူရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG