သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီအေပၚ ပုိမိုဖိအားေပးဖုိ႔ EU ကုိ ျမန္မာ့အေရး လႈပ္ရွားသူေတြတုိက္တြန္း 


FRANCE EU EUROPEAN PARLIAMENT

ျမန္မာကိုစစ္လက္နက္တင္ပို႔ေနတဲ့ ဆားဘီးယား၊ ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံေတြအေပၚ ဥေရာပ ပါလီမန္ရႈတ္ခ်လိုက္တာကို ေထာက္ခံတယ္လို႔ NUG အမ်ိဳးသားညီညြတ္ေရးအစိုးရ ျပည္ထဲေရးဝန္ႀကီးက ေျပာလိုက္ပါတယ္။ စစ္ေရးေလ့လာသံုးသပ္သူေတြနဲ႔ပါ ကိုဝင္းမင္းက ေမးထားပါတယ္။


စစ္ေကာင္စီအေပၚ ပုိမိုဖိအားေပးဖုိ႔ EU ကုိ ျမန္မာ့အေရး လႈပ္ရွားသူေတြတုိက္တြန္း


{{Zawgyi/Unicode}}

ျမန္မာကိုစစ္လက္နက္တင္ပို႔ေနတဲ့ ဆားဘီးယား၊ ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံေတြအေပၚ ဥေရာပ ပါလီမန္ရႈတ္ခ်လိုက္တာကို ေထာက္ခံတယ္လို႔ NUG အမ်ိဳးသားညီညြတ္ေရးအစိုးရ ျပည္ထဲေရးဝန္ႀကီးက ေျပာလိုက္ပါတယ္။

ဒါေပမဲ့ ၾကာသာပေတးေန႔က ခ်မွတ္တဲ့ ဒီဥေရာပပါလီမန္ဆံုးျဖတ္ခ်က္က မျဖစ္မေန လိုက္နာဖို႔ မလိုတာမ်ိဳးမို႔၊ ဒီထက္ ပိုျပင္းထန္ တင္းၾကပ္တဲ့ ဆံုးျဖတ္ခ်က္မ်ိဳးခ် လက္ေတြ႔တားျမစ္ဖို႔လိုတယ္လို႔ KNU ကရင္အမ်ိဳးသား အစည္းအရံုး ေျပာခြင့္ရက ဆိုလိုက္ပါတယ္။

ျမန္မာစစ္အာဏာသိမ္းၿပီး အရပ္သားေတြကိုပါ ပစ္မွတ္ထားတိုက္ခိုက္လာမူေတြအတြက္ ဒီလက္နက္ပို႔တဲ့ ႏိုင္ငံေတြမွာလည္း အျပစ္ရွိတဲ့ေၾကာင္း အခုလိုဆံုးျဖတ္ခ်က္ေတြေၾကာင့္ ဘယ္လိုဆက္ျဖစ္လာႏိုင္တာကို စစ္ေရးေလ့လာသံုးသပ္သူေတြနဲ႔ပါ ကိုဝင္းမင္းက ေမးထားပါတယ္။

ကိုဝင္းမင္း ။. ။ NUG အစိုးရရဲ႕ ျပည္ထဲေရး နဲ႔ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီး နဲ႔ ေတာင္ပိုင္းတိုင္း စစ္ေဒသႀကီးၾကပ္ေရးမွဴး ဦးလြင္ကိုလတ္ က

ဦးလြင္ကိုလတ္ (ဝန္ႀကီး၊ NUG အစိုးရ ) ။. ။ ဒီလိုဆုံးျဖတ္ခ်က္ခ်လိုက္မႈဟာ က်ေနာ္တို႔ရဲ႔ ခုခံကာကြယ္ေနတဲ့စစ္ကိုလည္း မ်ားစြာအေထာက္အပန္႔ျဖစ္မွာပါ။ သုိ႔ေသာ္လည္းပဲ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြအေနနဲ႔ ေဆာင္ရြက္ရတဲ့အခါမွာ သူတို႔ရဲ႕ Procedure ေတြကို တဆင့္ခ်င္းျဖတ္ေက်ာ္ေနရတဲ့ကိစၥေတြက ရွိေနတဲ့အတြက္ေၾကာင့္ ေနာက္ေတာ့ ေနာက္က်တယ္လို႔ က်ေနာ္ထင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီႏိုင္ငံေတြက စစ္ေကာင္စီကို ေတာက္ေလွ်ာက္ လိုအပ္တဲ့ လက္နက္ေတြကို ေရာင္းေပးေနတာေတြက အခုမွမဟုတ္ပါဘူး။ ၾကာခဲ့ပါၿပီ။ မည္သို႔ပင္ျဖစ္ေစ ဒီ Impact က ေနာက္ထပ္ကာလေလးတခုမွာ သက္ေရာက္လာမယ့္သေဘာရွိတယ္။ ဒါေပမယ့္ ေကာင္းတဲ့အေခ်ေနတခုေတာ့ရွိတယ္။ က်ေနာ္တို႔ ျပည္သူခုခံေတာ္လွန္စစ္ေတြ နဲ႔ေတာ့ အခ်ိန္ကုိက္ျဖစ္သြားႏိုင္တဲ့ အေနအထားေတာ႔ရွိတယ္။ ဒါေၾကာင့္မိုလို႔လည္း ႀကိဳဆိုပါတယ္။

ကိုဝင္းမင္း ။. ။ ဒါေပမယ့္ ဆားဗီယားအေနနဲ႔ ျမန္မာစစ္အာဏာသိမ္းတဲ့ မႏွစ္ ေဖေဖာ္ဝါရီလတဝိွက္မွာပဲ ၈ဝ မမ ေရာကက္ဒုံးက်ည္ေတြ ၂၅ဝဝ ေက်ာ္ေရာင္းခဲ့ၿပီး အခုဆုံးျဖတ္တာကလည္း မျဖစ္မေနလုိက္နာဖို႔ မလိုဘူးလို႔ MITS ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးဆိုင္ရာ ျမန္မာ အင္စတီက်ဳ႕ က အမႈေဆာင္ညႊန္ၾကားေရးမွဴး ေဒါက္တာမင္းေဇာ္ဦး က ဆိုပါတယ္။

ေဒါက္တာ မင္းေဇာ္ဦး ( MITS) ။. ။ ဒီဆုံးျဖတ္ခ်က္ေတြက မျဖစ္မေနလိုက္နာရမယ့္ Biding Resolution မဟုတ္ပါဘူး။ ႏိုင္ငံေရးအရ Moral authority ေပါ့။ မျဖစ္သင့္မျဖစ္ထိုက္ဖူးဆိုတဲ့အေပၚမႈတည္ၿပီးေတာ့ Resolution ျဖစ္ေတာ့ မလုိက္နာတဲ့ႏိုင္ငံေတြအေပၚမွာလည္း ဘာမွထူးထူးျခားျခားသက္ေရာက္မႈေတာ့မရွိပါဘူး။ အရင္တုံးကလည္း ျမန္မာျပည္ကို လက္နက္မေရာင္းဖို႔ ေျပာဖူးတယ္။ ဒီ နဝတ၊နအဖ လက္ထက္ေတြမွာ ေျပာေပမယ့္လည္း ေရာင္းတဲ့ႏိုင္ငံေတြကေတာ့ ေရာင္းေနတာပဲေပါ့။ ဒီ Biding မရွိတဲ့အခါမွာေပါ့။

ကိုဝင္းမင္း ။. ။ ဒါကို KNU ေျပာခြင့္ရနဲ႔ ႏိုင္ငံျခားေရးအႀကီးအကဲ ဖဒို ေစာေတာနီး ကလည္း သေဘာတူလိုက္ၿပီး အခုလိုေျပာပါတယ္။

ဖဒိုေစာေတာနီး (. KNU) ။. ။ ပထမဆုံး ဆုံးျဖတ္ခ်က္နဲ႔ ရႈတ္ခ်လိုက္တာကေတာ့ က်ေနာ္တို႔ ႀကိဳဆိုတာျဖစ္တယ္။ ဒါေပမယ့္ လက္ေတြ႕အေကာင္အထည္ေဖာ္တာကေတာ့ ဒီထက္ပိုၿပီး ျပင္းထန္တဲ့ အေရးယူမႈေတြ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္လုပ္ေဆာင္ဖို႔လိုအပ္တယ္။ ေနာက္တခ်က္က အခုေဖာ္ျပတဲ့ ႏိုင္ငံသုံးႏိုင္ငံျဖစ္တဲ့ တရုတ္ ၊ ရုရွားနဲ႔ ဆားဗီးယားတို႔အျပင္ တျခားမေဖာ္ျပေသးတဲ့ႏိုင္ငံေတြလည္း ဒီမိုကေရစီ ဘာညာေျပာေပမယ့္ တကယ္တန္းၾကေတာ့ ဒီႏိုင္ငံေတြကပဲ ေရာင္းေပးေနတာပဲ။ အဲဒါေၾကာင့္ ေနာက္ထပ္ပါဝင္တဲ့ႏိုင္ငံေတြကိုလည္း ႏိုင္ငံတကာအသိုင္းအဝိုင္းကေနၿပီးေတာ့ ပိုၿပီးေတာ့ ဆက္လက္လုပ္ေဆာင္သြားဖို႔လိုအပ္ပါတယ္။

ကိုဝင္းမင္း ။. ။ ေဒါက္တာ မင္းေဇာ္ဦး ကေတာ့ အခုလို လက္နက္ပိတ္ဆို႔မႈျဖစ္လာရင္ေတာင္ တခ်ဳိ႕တုိက္ခိုက္မႈေတြ ေလ်ာ့မသြားႏိုင္ဘူးလို႔ဆိုပါတယ္။

ေဒါက္တာ မင္းေဇာ္ဦး ( MITS) ။. ။ အခုေနာက္ပိုင္း တပ္မေတာ္ဖက္က ဝယ္ယူတဲ့ လက္နက္ခဲယမ္းမီးေက်ာက္ေတြက မ်ားေသာအားျဖင့္ ေလေၾကာင္းနဲ႔ သက္ဆိုင္တဲ့ ေရာ့ကက္လို႔ဟာမ်ဳိးေတြ ပိုမ်ားတယ္။ ေလယာဥ္ကခ်တဲ့ဗုံးေတြက အမ်ားအားျဖင့္က ကပစ (ကာကြယ္ေရးပစၥည္းထုတ္လုပ္ေရး) က ဗုံးေတြ။ အဓိက သူတို႔ဝယ္ယူရတဲ့ လက္နက္ေတြကေတာ့ ေလယာဥ္ပ်ံေတြ၊ ရဟတ္ယာဥ္ေတြမွာ သုံးတဲ့ စက္ေသနတ္ႀကီးေတြေပါ့ေနာ္။ အဲဒီက က်ည္ေတြရယ္၊ ေလယာဥ္ေတြေပၚကပစ္တဲ့ ဒုံးပ်ံေတြေပါ့။ ၄ဝ မမ ၊ ၈၀ မမ ေရာ့ကက္ေတြ ။ အခု လက္နက္ပိတ္ဆို႔မႈေတြျဖစ္လာၿပီဆိုရင္ အဓိက အေျပာင္းအလည္းျဖစ္သြားႏိုင္တဲ့ေနရာက ေလေၾကာင္းတိုက္ခိုက္မႈေနရာေတြမွာပဲ အေျပာင္းအလည္းျဖစ္သြားႏိုင္တယ္။ ၾကည္းတပ္မွာကေတာ့ အေျပာင္းအလည္းရွိဖု႔ိက နည္းတယ္။ ဘာလို႔ဆိုေတာ့ အခုသုံးေနတဲ့ လက္နက္အမ်ားစုက ျပည္တြင္းထုတ္ေတြပဲျဖစ္တယ္။

ကိုဝင္းမင္း ။. ။ စစ္ေကာင္စီ ရဲ႕တိုက္ခိုက္ခံေနၾကရတဲ့ အပစ္မဲ့ ျပည္သူေတြကို ကူညီဖို႔ ႏိုင္ငံတကာမွာ တာဝန္ရွိတယ္လို႔ ဖဒိုေစာေတာနီး က ေထာက္ျပလိုက္ပါတယ္။

ဖဒိုေစာေတာနီး (. KNU) ။. ။ ဒီလက္နက္ေတြ ေရာင္းၿပီးေတာ့ ဒီလက္နက္ေတြပဲ ကိုယ့္ျပည္သူလူထု႔ျပန္သတ္တာေလ။ အဓိကေလေၾကာင္းက သုံးတဲ့လက္နက္ေတြ လူထု႔ကို ပစ္သြားတဲ့လက္နက္ႀကီးေတြက သူကိုယ္ေရာင္းေပးတဲ့လက္နက္ေတြျဖစ္ဖို႔မ်ားတယ္။ အဓိက သူတိုက္တဲ့ ရန္သူကိုမပစ္ပဲနဲ့ လူထုေတြကို လိုက္လုိက္ပစ္ေနတာ။ ဒီထက္မ်ားျပားတဲ့ တင္းၾကပ္တဲ့လက္နက္ပိတ္ပင္မႈေတြ တားျမစ္မႈေတြလုပ္ဖို႔ အမ်ားႀကီးေမွ်ာ္လင့္တယ္။ တကယ္ေတာ့ အရင္ ကုလသမဂၢအေထြေထြညီလာခံမွာလည္း အလားတူဆုံးျဖတ္ခ်က္မ်ုိး မႏွစ္ ႏွစ္လည္တုံးက ဆုံးျဖတ္ခဲ့တုံးက ဆားဗီးယားႏိုင္ငံ က ေထာက္ခံခဲ့ေပမယ္ လက္နက္ေရာင္းခ်မႈေတြရွိခဲ့တယ္လို႔ စစ္ေရးအကဲခတ္ေတြက ေထာက္ျပထားၾကပါတယ္ခင္ဗ်ာ။

...............................................................

တိုက္႐ိုက္ လင့္ခ္

စစ်ကောင်စီအပေါ် ပိုမိုဖိအားပေးဖို့ EU ကို မြန်မာ့အရေး လှုပ်ရှားသူတွေတိုက်တွန်း
{{Zawgyi/Unicode}}

မြန်မာကိုစစ်လက်နက်တင်ပို့နေတဲ့ ဆားဘီးယား၊ ရုရှားနဲ့ တရုတ်နိုင်ငံတွေအပေါ် ဥရောပ ပါလီမန်ရှုတ်ချလိုက်တာကို ထောက်ခံတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးက ပြောလိုက်ပါတယ်။

ဒါပေမဲ့ ကြာသာပတေးနေ့က ချမှတ်တဲ့ ဒီဥရောပပါလီမန်ဆုံးဖြတ်ချက်က မဖြစ်မနေ လိုက်နာဖို့ မလိုတာမျိုးမို့၊ ဒီထက် ပိုပြင်းထန် တင်းကြပ်တဲ့ ဆုံးဖြတ်ချက်မျိုးချ လက်တွေ့တားမြစ်ဖို့လိုတယ်လို့ KNU ကရင်အမျိုးသား အစည်းအရုံး ပြောခွင့်ရက ဆိုလိုက်ပါတယ်။

မြန်မာစစ်အာဏာသိမ်းပြီး အရပ်သားတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်လာမူတွေအတွက် ဒီလက်နက်ပို့တဲ့ နိုင်ငံတွေမှာလည်း အပြစ်ရှိတဲ့ကြောင်း အခုလိုဆုံးဖြတ်ချက်တွေကြောင့် ဘယ်လိုဆက်ဖြစ်လာနိုင်တာကို စစ်ရေးလေ့လာသုံးသပ်သူတွေနဲ့ပါ ကိုဝင်းမင်းက မေးထားပါတယ်။

ကိုဝင်းမင်း ။. ။ NUG အစိုးရရဲ့ ပြည်ထဲရေး နဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး နဲ့ တောင်ပိုင်းတိုင်း စစ်ဒေသကြီးကြပ်ရေးမှူး ဦးလွင်ကိုလတ် က

ဦးလွင်ကိုလတ် (ဝန်ကြီး၊ NUG အစိုးရ ) ။. ။ ဒီလိုဆုံးဖြတ်ချက်ချလိုက်မှုဟာ ကျနော်တို့ရဲ့ ခုခံကာကွယ်နေတဲ့စစ်ကိုလည်း များစွာအထောက်အပန့်ဖြစ်မှာပါ။ သို့သော်လည်းပဲ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ဆောင်ရွက်ရတဲ့အခါမှာ သူတို့ရဲ့ Procedure တွေကို တဆင့်ချင်းဖြတ်ကျော်နေရတဲ့ကိစ္စတွေက ရှိနေတဲ့အတွက်ကြောင့် နောက်တော့ နောက်ကျတယ်လို့ ကျနော်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံတွေက စစ်ကောင်စီကို တောက်လျှောက် လိုအပ်တဲ့ လက်နက်တွေကို ရောင်းပေးနေတာတွေက အခုမှမဟုတ်ပါဘူး။ ကြာခဲ့ပါပြီ။ မည်သို့ပင်ဖြစ်စေ ဒီ Impact က နောက်ထပ်ကာလလေးတခုမှာ သက်ရောက်လာမယ့်သဘောရှိတယ်။ ဒါပေမယ့် ကောင်းတဲ့အချေနေတခုတော့ရှိတယ်။ ကျနော်တို့ ပြည်သူခုခံတော်လှန်စစ်တွေ နဲ့တော့ အချိန်ကိုက်ဖြစ်သွားနိုင်တဲ့ အနေအထားတော့ရှိတယ်။ ဒါကြောင့်မိုလို့လည်း ကြိုဆိုပါတယ်။

ကိုဝင်းမင်း ။. ။ ဒါပေမယ့် ဆားဗီယားအနေနဲ့ မြန်မာစစ်အာဏာသိမ်းတဲ့ မနှစ် ဖေဖော်ဝါရီလတဝှိက်မှာပဲ ၈ဝ မမ ရောကက်ဒုံးကျည်တွေ ၂၅ဝဝ ကျော်ရောင်းခဲ့ပြီး အခုဆုံးဖြတ်တာကလည်း မဖြစ်မနေလိုက်နာဖို့ မလိုဘူးလို့ MITS ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု့ က အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦး က ဆိုပါတယ်။

ဒေါက်တာ မင်းဇော်ဦး ( MITS) ။. ။ ဒီဆုံးဖြတ်ချက်တွေက မဖြစ်မနေလိုက်နာရမယ့် Biding Resolution မဟုတ်ပါဘူး။ နိုင်ငံရေးအရ Moral authority ပေါ့။ မဖြစ်သင့်မဖြစ်ထိုက်ဖူးဆိုတဲ့အပေါ်မှုတည်ပြီးတော့ Resolution ဖြစ်တော့ မလိုက်နာတဲ့နိုင်ငံတွေအပေါ်မှာလည်း ဘာမှထူးထူးခြားခြားသက်ရောက်မှုတော့မရှိပါဘူး။ အရင်တုံးကလည်း မြန်မာပြည်ကို လက်နက်မရောင်းဖို့ ပြောဖူးတယ်။ ဒီ နဝတ၊နအဖ လက်ထက်တွေမှာ ပြောပေမယ့်လည်း ရောင်းတဲ့နိုင်ငံတွေကတော့ ရောင်းနေတာပဲပေါ့။ ဒီ Biding မရှိတဲ့အခါမှာပေါ့။

ကိုဝင်းမင်း ။. ။ ဒါကို KNU ပြောခွင့်ရနဲ့ နိုင်ငံခြားရေးအကြီးအကဲ ဖဒို စောတောနီး ကလည်း သဘောတူလိုက်ပြီး အခုလိုပြောပါတယ်။

ဖဒိုစောတောနီး (. KNU) ။. ။ ပထမဆုံး ဆုံးဖြတ်ချက်နဲ့ ရှုတ်ချလိုက်တာကတော့ ကျနော်တို့ ကြိုဆိုတာဖြစ်တယ်။ ဒါပေမယ့် လက်တွေ့အကောင်အထည်ဖော်တာကတော့ ဒီထက်ပိုပြီး ပြင်းထန်တဲ့ အရေးယူမှုတွေ ဆုံးဖြတ်ချက်တွေ ချမှတ်လုပ်ဆောင်ဖို့လိုအပ်တယ်။ နောက်တချက်က အခုဖော်ပြတဲ့ နိုင်ငံသုံးနိုင်ငံဖြစ်တဲ့ တရုတ် ၊ ရုရှားနဲ့ ဆားဗီးယားတို့အပြင် တခြားမဖော်ပြသေးတဲ့နိုင်ငံတွေလည်း ဒီမိုကရေစီ ဘာညာပြောပေမယ့် တကယ်တန်းကြတော့ ဒီနိုင်ငံတွေကပဲ ရောင်းပေးနေတာပဲ။ အဲဒါကြောင့် နောက်ထပ်ပါဝင်တဲ့နိုင်ငံတွေကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းကနေပြီးတော့ ပိုပြီးတော့ ဆက်လက်လုပ်ဆောင်သွားဖို့လိုအပ်ပါတယ်။

ကိုဝင်းမင်း ။. ။ ဒေါက်တာ မင်းဇော်ဦး ကတော့ အခုလို လက်နက်ပိတ်ဆို့မှုဖြစ်လာရင်တောင် တချို့တိုက်ခိုက်မှုတွေ လျော့မသွားနိုင်ဘူးလို့ဆိုပါတယ်။

ဒေါက်တာ မင်းဇော်ဦး ( MITS) ။. ။ အခုနောက်ပိုင်း တပ်မတော်ဖက်က ဝယ်ယူတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေက များသောအားဖြင့် လေကြောင်းနဲ့ သက်ဆိုင်တဲ့ ရော့ကက်လို့ဟာမျိုးတွေ ပိုများတယ်။ လေယာဉ်ကချတဲ့ဗုံးတွေက အများအားဖြင့်က ကပစ (ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး) က ဗုံးတွေ။ အဓိက သူတို့ဝယ်ယူရတဲ့ လက်နက်တွေကတော့ လေယာဉ်ပျံတွေ၊ ရဟတ်ယာဉ်တွေမှာ သုံးတဲ့ စက်သေနတ်ကြီးတွေပေါ့နော်။ အဲဒီက ကျည်တွေရယ်၊ လေယာဉ်တွေပေါ်ကပစ်တဲ့ ဒုံးပျံတွေပေါ့။ ၄ဝ မမ ၊ ၈၀ မမ ရော့ကက်တွေ ။ အခု လက်နက်ပိတ်ဆို့မှုတွေဖြစ်လာပြီဆိုရင် အဓိက အပြောင်းအလည်းဖြစ်သွားနိုင်တဲ့နေရာက လေကြောင်းတိုက်ခိုက်မှုနေရာတွေမှာပဲ အပြောင်းအလည်းဖြစ်သွားနိုင်တယ်။ ကြည်းတပ်မှာကတော့ အပြောင်းအလည်းရှိဖု့ိက နည်းတယ်။ ဘာလို့ဆိုတော့ အခုသုံးနေတဲ့ လက်နက်အများစုက ပြည်တွင်းထုတ်တွေပဲဖြစ်တယ်။

ကိုဝင်းမင်း ။. ။ စစ်ကောင်စီ ရဲ့တိုက်ခိုက်ခံနေကြရတဲ့ အပစ်မဲ့ ပြည်သူတွေကို ကူညီဖို့ နိုင်ငံတကာမှာ တာဝန်ရှိတယ်လို့ ဖဒိုစောတောနီး က ထောက်ပြလိုက်ပါတယ်။

ဖဒိုစောတောနီး (. KNU) ။. ။ ဒီလက်နက်တွေ ရောင်းပြီးတော့ ဒီလက်နက်တွေပဲ ကိုယ့်ပြည်သူလူထု့ပြန်သတ်တာလေ။ အဓိကလေကြောင်းက သုံးတဲ့လက်နက်တွေ လူထု့ကို ပစ်သွားတဲ့လက်နက်ကြီးတွေက သူကိုယ်ရောင်းပေးတဲ့လက်နက်တွေဖြစ်ဖို့များတယ်။ အဓိက သူတိုက်တဲ့ ရန်သူကိုမပစ်ပဲနဲ့ လူထုတွေကို လိုက်လိုက်ပစ်နေတာ။ ဒီထက်များပြားတဲ့ တင်းကြပ်တဲ့လက်နက်ပိတ်ပင်မှုတွေ တားမြစ်မှုတွေလုပ်ဖို့ အများကြီးမျှော်လင့်တယ်။ တကယ်တော့ အရင် ကုလသမဂ္ဂအထွေထွေညီလာခံမှာလည်း အလားတူဆုံးဖြတ်ချက်မျိုး မနှစ် နှစ်လည်တုံးက ဆုံးဖြတ်ခဲ့တုံးက ဆားဗီးယားနိုင်ငံ က ထောက်ခံခဲ့ပေမယ် လက်နက်ရောင်းချမှုတွေရှိခဲ့တယ်လို့ စစ်ရေးအကဲခတ်တွေက ထောက်ပြထားကြပါတယ်ခင်ဗျာ။

XS
SM
MD
LG