သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ကုိင္းတုိင္းမွာ ေက်းရြာတခ်ဳိ႕ မီးေလာင္မႈ စစ္ေကာင္စီတပ္ဖဲြ႔ေတြ လက္ခ်က္အျဖစ္ ေဒသခံေတြစြပ္စဲြ 


MYANMAR-POLITIC-MILITARY (မွတ္တမ္းဓါတ္ပုံ)

စစ္ကိုင္းတိုင္းေဒသႀကီး ပုလဲၿမိဳ႕နယ္ အေ႐ွ႕ပိုင္းက ေႏွာရိုးေက်းရြာကို စစ္ေကာင္စီတပ္နဲ႔ စစ္ေကာင္စီနဲ႔ နီးစပ္သူေတြ မတ္လ ၁၀ ရက္က ၀င္ေရာက္ မီးရိႈ႕ခဲ့တဲ့အတြက္ ေနအိမ္ ၃ဝဝ နီးပါး မီးေလာင္ကြ်မ္းခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ သတင္းကို ကိုရဲမြန္  ကေျပာျပပါမယ္။ 


စစ္ကုိင္းတုိင္းမွာ ေက်းရြာတခ်ဳိ႕ မီးေလာင္မႈ စစ္ေကာင္စီတပ္ဖဲြ႔ေတြ လက္ခ်က္အျဖစ္ ေဒသခံေတြစြပ္စဲြ

{{Zawgyi/Unicode}}
စစ္ကိုင္းတိုင္းေဒသႀကီး ပုလဲၿမိဳ႕နယ္ အေ႐ွ႕ပိုင္းက ေႏွာရိုးေက်းရြာကို စစ္ေကာင္စီတပ္နဲ႔ စစ္ေကာင္စီနဲ႔ နီးစပ္သူေတြ မတ္လ ၁ဝ ရက္က ဝင္ေရာက္ မီးရိႈ႕ခဲ့တဲ့အတြက္ ေနအိမ္ ၃ဝဝ နီးပါး မီးေလာင္ကြ်မ္းခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေႏွာ႐ိုး႐ြာသား ၄ ေယာက္ကိုလည္း စစ္ေကာင္စီတပ္ေတြ ဖမ္းဆီးသြားပါတယ္။ ပုလဲၿမိဳ႕ကိုလည္း နယ္ေျမရွင္းလင္းဖို႔ ျပင္ဆင္ေနပံုရတဲ့အတြက္ ေဒသခံေတြ စိုးရိမ္ေနပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ သတင္းကို ကိုရဲမြန္ ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္းေဒသႀကီး ပုလဲၿမိဳ႕နယ္အေ႐ွ႕ပိုင္းက အိမ္ေျခ ၄၂ဝ ရွိတဲ့ ေႏွာရိုးေက်းရြာကုိ မတ္လ ၁ဝ ရက္ မနက္ပိုင္းက စစ္ေကာင္စီတပ္နဲ႔ စစ္ေကာင္စီနဲ႔ နီးစပ္သူ ပ်ဴေစာထီးေတြ၀င္ေရာက္လာၿပီး ညပိုင္းမွာ ေက်းရြာကို မီးရိႈ႕တဲ့အတြက္ ေနအိမ္ ၃ဝဝ ေက်ာ္ မီးေလာင္ကြ်မ္းသြားတယ္လို႔ ေဒသခံေတြက ေျပာျပပါတယ္။ ေႏွာ႐ိုး႐ြာထဲက အိမ္ေတြကို ညလံုးေပါက္မီး႐ႈိ႕လို႔ ၁ဝဝ ေက်ာ္ကေတာ့ ျပာျဖစ္သြားတယ္လို႔ ေက်းရြာသား တဦးက သူႀကံဳေတြ႕ခဲ့ရတဲ့ျဖစ္စဥ္ကို ဗြီအိုေအကို အခုလို ေျပာျပပါတယ္။

“၆ နာရီထိုးေလာက္မွာ သူတို႔စဝင္လာတယ္။ စဝင္လာတဲ့အခ်ိန္မွာ စစ္တပ္ကေပါ့ေနာ္ ယူနီေဖာင္းအျပည့္နဲ႔ ဝင္လာၿပီးေတာ့ ေနာက္ဆံုးမွာ ရြာထဲမွာ ရွိတဲ့သူေတြ႕တဲ့သူအကုန္ဖမ္းတာ။ သူတို႔မိတဲ့သူေတြကို ဖမ္းလိုက္တယ္။ ဖမ္းၿပီးေတာ့ ႀကိဳးတုပ္ထားလိုက္တယ္ေပါ့ေနာ္။ အဲ့ဒါေတြကို ဖမ္းၿပီး တညလံုးႀကိဳးတုပ္ထားတယ္။ ဘယ္အခ်ိန္လည္းဆိုေတာ့ ည ၈ နာရီေလာက္က်ေတာ့ မီးကိုစနစ္တက် စီမံၿပီးမွ တခါရိႈ႕ရင္ ၁ နာရီၾကာတယ္။ ၁ နာရီၾကာၿပီးရင္ ေနာက္တခါ မီးညြန္႔က်ိဳးသြားၿပီဆိုရင္ ေနာက္ထပ္ ၁ နာရီၾကာေတာ့ မီးေၾကာင္း ၁ ေၾကာင္း ၄ ႀကိမ္ တိတိ မီးရိႈ႕တယ္ေပါ့။ တညလံုးေျပာပါေတာ့ေနာ္။ လံုးလံုးေလာင္တာ လံုးလံုးအိမ္ေတြေလာင္တာက ၁၀၀ ေက်ာ္ေလာက္ အိမ္အေရအတြက္ ေျပာမယ္ဆိုရင္ ၃၀၀ ေက်ာ္ေလာက္"

သူ႔မိဘေတြလက္ထက္ကတည္းက ရွာေဖြစုေဆာင္းၿပီး ေဆာက္လုပ္ထားတဲ့ ေနအိမ္ဟာလည္း မီးထဲပါသြားခဲ့တယ္လို႔ သူကေျပာပါတယ္။ ခုလို မီး႐ႈိ႕ခံရတဲ့ ေႏွာ႐ိုး႐ြာဘက္မွာ စစ္တပ္ကို တုိက္ခိုက္ေနတဲ့ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြ လႈပ္႐ွားတာ မ႐ွိဘူးလို႔လည္း ႐ြာခံေတြက ေျပာပါတယ္။

ေႏွာရိုးရြာနဲ႔ ၁ မိုင္ခဲြေလာက္ေဝးတဲ့ ဇီးျဖဴကုန္းေက်းရြာဘက္မွာေတာ့ စစ္ေကာင္စီ နဲ႔ ပ်ဴေစာထီးေတြ တပ္စြဲထားတယ္လို႔လည္း ေျပာၾကပါတယ္။ စစ္ေကာင္စီတပ္ေတြဟာ ေနအိမ္ေတြကိုမီးရိႈ႕ၿပီး မတ္လ ၁၁ ရက္ မနက္ပိုင္း ေက်းရြာကေန ျပန္လည္ထြက္ခြါသြားခ်ိန္မွာ ဖမ္းဆီးထားတဲ့ အရပ္သား ၈ ဦးထဲက ၄ ဦးကို ျပန္လႊတ္ေပးၿပီး ၄ ဦးကို ဖမ္းဆီး ေခၚေဆာင္သြားပါတယ္။ အခုလို မီးေလာင္တာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္တာမရွိေသးပါဘူး။

မီးေလာင္သြားတဲ့ ေက်းရြာသားေတြဟာ ရြာျပင္မွာရွိတဲ့ ေတာေတာင္ေတြက ေဘးလြတ္ရာမွာ အဆင္ေျပသလို ခိုလႈံေနၾကရပါတယ္။

မံုရြာၿမိဳ႕မွာ အေျခစိုက္ထားတဲ့ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္က စစ္ကိုင္းတိုင္းထဲက ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားမွာ နယ္ေျမရွင္းလင္းေရးေတြ ဆက္တိုက္လုပ္ေနၾကပါတယ္။ မံု႐ြာၿမိဳ႕ အေနာက္ေတာင္ဘက္မွာ တည္႐ွိတဲ့ ပုလဲနယ္ကို စစ္အင္အားေတြ ျဖည့္တင္းေနတဲ့အတြက္ တိုက္ပြဲေတြျဖစ္လာမွာကို ေဒသခံေတြ စိုးရိမ္ေနပါတယ္။

ခ်င္းတြင္းျမစ္သာျခားတဲ့ မံုရြာဆိပ္ကမ္းကေန ပုလဲဘက္ကို စက္ေလွေတြနဲ႔ ပစၥည္းေတြ ပို႔ေဆာင္ေနၿပီး နယ္ေျမရွင္းလင္းဖို႔ ျပင္ဆင္ေနပံုရတဲ့အတြက္ ေဒသခံေတြကေတာ့ တိမ္းေရွာင္ေနၾကၿပီလို႔ ေဒသခံတဦးက ေျပာပါတယ္။

“ေရေၾကာင္းကို သံုးတာက ဆက္သြယ္သြားလာမႈဘာညာ နည္းနည္းေလး လြယ္ကူတာဗ်။ ပစၥည္းသယ္ယူေရးၾကေတာ့ ဝန္ခ်ိန္နဲ႔ၾကေတာ့ ေလယာဥ္နဲ႔သယ္လို႔ ျပဳလုိ႔က နည္းနည္း မလြယ္လို႔ဗ်။ ေရေၾကာင္းကၾကေတာ့ ဝန္ခ်ိန္မ်ားတဲ့အခါက်ေတာ့ သြားလာတာ ကုန္က်စရိတ္ကအစ နည္းနည္း သက္သာတာေပါ့ဗ်ာ။ ေဒသခံကြ်န္ေတာ္တို႔ဆီက အေျခအေနကေတာ့ အားလံုးကို ကြ်န္ေတာ္တို႔က ေၾကာက္ေနၾကရတာပဲ။ မ်ိဳးစံုပဲေၾကာက္ေနရေတာ့ ေတာ္ယံုတန္ယံု လူေတြနဲ႔မေတြ႕ရဲဘဲနဲ႔ ေရွာင္ေနၾကတာရတာျဖစ္ေနတယ္။”

စစ္ေကာင္စီတပ္ဟာ ပစၥည္းေတြသယ္ေဆာင္ဖုိ႔ စက္ေလွေတြကို အတင္းအဓမၼ ေခၚေဆာင္တာေတြရွိတယ္လို႔ ေဒသခံေတြက ေျပာဆိုေပမယ့္ ဒါကိုေတာ့ ဗြီအိုေအက သီးျခား အတည္မျပဳႏိုင္ပါဘူး။

၂ဝ၂၂ ခုနွစ္ဆန္းပိုင္းကစလို႔ ပုလဲၿမိဳ႕နယ္ထဲက ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြအေပၚ စစ္ေကာင္စီက ထုိးစစ္ဆင္ တိုက္ခိုက္ေနတာျဖစ္ပါတယ္။

ဦးေႏွာက္ေက်း႐ြာ႐ွိရာဘက္ကို ဇန္နဝါရီလက ေလေၾကာင္းကေန ပစ္ခတ္တိုက္ခိုက္ၿပီး နယ္ေျမရွင္းလင္းခဲ့စဥ္ ေနအိမ္တခ်ဳိ႕ မီးေလာင္ခဲ့ၿပီး ေက်းရြာ ၆ ရြာက ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြက အိုးအိမ္စြန္႔ပစ္ ထြက္ေျပးေနရတဲ့အတြက္ ေနေရးစားေရး အင္မတန္ အခက္ေတြ႔ေနၾကပါတယ္။

.........................................................

တိုက္႐ိုက္ လင့္ခ္


စစ်ကိုင်းတိုင်းမှာ ကျေးရွာတချို့ မီးလောင်မှု စစ်ကောင်စီတပ်ဖွဲ့တွေ လက်ချက်အဖြစ် ဒေသခံတွေစွပ်စွဲ

{{Zawgyi/Unicode}}
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် အရှေ့ပိုင်းက နှောရိုးကျေးရွာကို စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီနဲ့ နီးစပ်သူတွေ မတ်လ ၁၀ ရက်က ဝင်ရောက် မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၃ဝဝ နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နှောရိုးရွာသား ၄ ယောက်ကိုလည်း စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားပါတယ်။ ပုလဲမြို့ကိုလည်း နယ်မြေရှင်းလင်းဖို့ ပြင်ဆင်နေပုံရတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်အရှေ့ပိုင်းက အိမ်ခြေ ၄၂ဝ ရှိတဲ့ နှောရိုးကျေးရွာကို မတ်လ ၁ဝ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီနဲ့ နီးစပ်သူ ပျူစောထီးတွေဝင်ရောက်လာပြီး ညပိုင်းမှာ ကျေးရွာကို မီးရှို့တဲ့အတွက် နေအိမ် ၃ဝဝ ကျော် မီးလောင်ကျွမ်းသွားတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ နှောရိုးရွာထဲက အိမ်တွေကို ညလုံးပေါက်မီးရှို့လို့ ၁ဝဝ ကျော်ကတော့ ပြာဖြစ်သွားတယ်လို့ ကျေးရွာသား တဦးက သူကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်ကို ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“၆ နာရီထိုးလောက်မှာ သူတို့စဝင်လာတယ်။ စဝင်လာတဲ့အချိန်မှာ စစ်တပ်ကပေါ့နော် ယူနီဖောင်းအပြည့်နဲ့ ဝင်လာပြီးတော့ နောက်ဆုံးမှာ ရွာထဲမှာ ရှိတဲ့သူတွေ့တဲ့သူအကုန်ဖမ်းတာ။ သူတို့မိတဲ့သူတွေကို ဖမ်းလိုက်တယ်။ ဖမ်းပြီးတော့ ကြိုးတုပ်ထားလိုက်တယ်ပေါ့နော်။ အဲ့ဒါတွေကို ဖမ်းပြီး တညလုံးကြိုးတုပ်ထားတယ်။ ဘယ်အချိန်လည်းဆိုတော့ ည ၈ နာရီလောက်ကျတော့ မီးကိုစနစ်တကျ စီမံပြီးမှ တခါရှို့ရင် ၁ နာရီကြာတယ်။ ၁ နာရီကြာပြီးရင် နောက်တခါ မီးညွန့်ကျိုးသွားပြီဆိုရင် နောက်ထပ် ၁ နာရီကြာတော့ မီးကြောင်း ၁ ကြောင်း ၄ ကြိမ် တိတိ မီးရှို့တယ်ပေါ့။ တညလုံးပြောပါတော့နော်။ လုံးလုံးလောင်တာ လုံးလုံးအိမ်တွေလောင်တာက ၁၀၀ ကျော်လောက် အိမ်အရေအတွက် ပြောမယ်ဆိုရင် ၃၀၀ ကျော်လောက်"

သူ့မိဘတွေလက်ထက်ကတည်းက ရှာဖွေစုဆောင်းပြီး ဆောက်လုပ်ထားတဲ့ နေအိမ်ဟာလည်း မီးထဲပါသွားခဲ့တယ်လို့ သူကပြောပါတယ်။ ခုလို မီးရှို့ခံရတဲ့ နှောရိုးရွာဘက်မှာ စစ်တပ်ကို တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လှုပ်ရှားတာ မရှိဘူးလို့လည်း ရွာခံတွေက ပြောပါတယ်။

နှောရိုးရွာနဲ့ ၁ မိုင်ခွဲလောက်ဝေးတဲ့ ဇီးဖြူကုန်းကျေးရွာဘက်မှာတော့ စစ်ကောင်စီ နဲ့ ပျူစောထီးတွေ တပ်စွဲထားတယ်လို့လည်း ပြောကြပါတယ်။ စစ်ကောင်စီတပ်တွေဟာ နေအိမ်တွေကိုမီးရှို့ပြီး မတ်လ ၁၁ ရက် မနက်ပိုင်း ကျေးရွာကနေ ပြန်လည်ထွက်ခွါသွားချိန်မှာ ဖမ်းဆီးထားတဲ့ အရပ်သား ၈ ဦးထဲက ၄ ဦးကို ပြန်လွှတ်ပေးပြီး ၄ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ အခုလို မီးလောင်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

မီးလောင်သွားတဲ့ ကျေးရွာသားတွေဟာ ရွာပြင်မှာရှိတဲ့ တောတောင်တွေက ဘေးလွတ်ရာမှာ အဆင်ပြေသလို ခိုလှုံနေကြရပါတယ်။

မုံရွာမြို့မှာ အခြေစိုက်ထားတဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က စစ်ကိုင်းတိုင်းထဲက မြို့နယ်တော်တော်များများမှာ နယ်မြေရှင်းလင်းရေးတွေ ဆက်တိုက်လုပ်နေကြပါတယ်။ မုံရွာမြို့ အနောက်တောင်ဘက်မှာ တည်ရှိတဲ့ ပုလဲနယ်ကို စစ်အင်အားတွေ ဖြည့်တင်းနေတဲ့အတွက် တိုက်ပွဲတွေဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။

ချင်းတွင်းမြစ်သာခြားတဲ့ မုံရွာဆိပ်ကမ်းကနေ ပုလဲဘက်ကို စက်လှေတွေနဲ့ ပစ္စည်းတွေ ပို့ဆောင်နေပြီး နယ်မြေရှင်းလင်းဖို့ ပြင်ဆင်နေပုံရတဲ့အတွက် ဒေသခံတွေကတော့ တိမ်းရှောင်နေကြပြီလို့ ဒေသခံတဦးက ပြောပါတယ်။

“ရေကြောင်းကို သုံးတာက ဆက်သွယ်သွားလာမှုဘာညာ နည်းနည်းလေး လွယ်ကူတာဗျ။ ပစ္စည်းသယ်ယူရေးကြတော့ ဝန်ချိန်နဲ့ကြတော့ လေယာဉ်နဲ့သယ်လို့ ပြုလို့က နည်းနည်း မလွယ်လို့ဗျ။ ရေကြောင်းကကြတော့ ဝန်ချိန်များတဲ့အခါကျတော့ သွားလာတာ ကုန်ကျစရိတ်ကအစ နည်းနည်း သက်သာတာပေါ့ဗျာ။ ဒေသခံကျွန်တော်တို့ဆီက အခြေအနေကတော့ အားလုံးကို ကျွန်တော်တို့က ကြောက်နေကြရတာပဲ။ မျိုးစုံပဲကြောက်နေရတော့ တော်ယုံတန်ယုံ လူတွေနဲ့မတွေ့ရဲဘဲနဲ့ ရှောင်နေကြတာရတာဖြစ်နေတယ်။”

စစ်ကောင်စီတပ်ဟာ ပစ္စည်းတွေသယ်ဆောင်ဖို့ စက်လှေတွေကို အတင်းအဓမ္မ ခေါ်ဆောင်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောဆိုပေမယ့် ဒါကိုတော့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်ပါဘူး။

၂ဝ၂၂ ခုနှစ်ဆန်းပိုင်းကစလို့ ပုလဲမြို့နယ်ထဲက ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေအပေါ် စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဦးနှောက်ကျေးရွာရှိရာဘက်ကို ဇန်နဝါရီလက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းခဲ့စဉ် နေအိမ်တချို့ မီးလောင်ခဲ့ပြီး ကျေးရွာ ၆ ရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေက အိုးအိမ်စွန့်ပစ် ထွက်ပြေးနေရတဲ့အတွက် နေရေးစားရေး အင်မတန် အခက်တွေ့နေကြပါတယ်။

XS
SM
MD
LG