သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ အလုပ္သမားအခြင့္အေရး ခ်ိဳးေဖာက္မႈ ပိုမ်ားလာ


ျမန္မာျပည္တြင္းက ကေလးလုပ္သားမ်ား။

ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ကစလို႔ ျမန္မာႏိုင္ငံမွာ အလုပ္သမားအခြင့္အေရး ခ်ိဳးေဖာက္ခံရတာေတြ တျဖည္းျဖည္း ပိုၿပီးမ်ားလာတယ္လို႔ အလုပ္သမားအဖြဲ႕အစည္းေတြက ေျပာပါတယ္။ လစာမေပးဘဲ စက္႐ုံပိတ္သြားတာမ်ိဳးအျပင္ အေျခခံလုပ္ခလစာေတာင္မွ အျပည့္အဝမေပးခ်င္တဲ့ လုပ္ငန္းေတြ စက္မႈဇုံေတြမွာ ပိုမ်ားလာပါတယ္။

ႏိုင္ငံတကာအဖြဲ႕အစည္းေတြကလည္း ျမန္မာျပည္ရဲ႕ လက္တေလာအေျခအေနေတြကို ေစာင့္ၾကည့္ေနၿပီး ပဋိပကၡၾကားက လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔အတူ အလုပ္သမားေရး ကိစၥေတြကိုလည္း အေလးထားၿပီး စုံစမ္းစစ္ေဆးသြားဖို႔ ရွိေနပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုရန္ႏိုင္ကေျပာျပပါမယ္။

အလုပ္သမားအခြင့္အေရး ခ်ိဳးေဖာက္ခံရမႈေတြက ျပည္တြင္းႏိုင္ငံေရ ျပႆနာေတြနဲ႔ တြဲၿပီး ေပၚေပါက္လာတာလို႔ အလုပ္သမား အေရး ေစာင့္ၾကည့္တဲ့အဖြဲ႕ေတြက ဗြီအိုေအကိုေျပာပါတယ္။

အာဏာသိမ္းတာကိုဆန႔္က်င္တဲ့ အလုပ္သမားအဖြဲ႕အစည္းေတြကို တရားမဝင္ဘူးလို႔ စစ္ေကာင္စီက ေၾကညာလိုက္တဲ့ေနာက္ အရင္ကရွိထားတဲ့ အလုပ္ရွင္-အလုပ္သမား-အစိုးရဆိုတဲ့ အျငင္းပြားမႈေျဖရွင္းေရးယႏၲရားက ပ်က္သြားပါတယ္။ အဲဒီေနာက္ အလုပ္ရွင္၊ အလုပ္သမားၾကား ျပႆနာေတြက တေန႔တျခား မ်ားလာတာပါ။

အခုခ်ိန္အထိ ပုံမွန္ျပန္မျဖစ္ေသးတဲ့ ဘဏ္လုပ္ငန္းေၾကာင့္ စက္မႈဇုန္လို ကုန္ထုတ္လုပ္ငန္းေတြလည္း ကေမာက္ကမ ျဖစ္ေနပါ တယ္။ အဆိုးဆုံးကေတာ့ ကုန္ၾကမ္းကို ေစ်းႀကီးႀကီးနဲ႔ သြင္းေနရတာအျပင္ လွ်ပ္စစ္မီးမမွန္တာေၾကာင့္ တခ်ိဳ႕က လုပ္ငန္းကို အရႈံးနဲ႔ရပ္လိုက္ၿပီး တခ်ိဳ႕ကေတာ့ သူတို႔ဆက္ၿပီး ရွင္သန္ႏိုင္ဖို႔ အလုပ္သမားေတြအေပၚ အျမတ္ထုတ္တဲ့နည္းလမ္းကို ေ႐ြးခ်ယ္လာၾကပါတယ္။

"က်ေနာ္တို႔ပိုင္ရွင္က အလုပ္သမား ၄၀၀ ေလာက္ခန႔္ထားတယ္၊ ဒီလေတာ့ ငါတို႔ ဝန္ထမ္းမလိုေတာ့ဘူး နင္တို႔ကိုအလုပ္ျဖဳတ္ မယ္၊ အေယာက္ ၅၀ ပဲျဖစ္ျဖစ္ အေယာက္ ၁၀၀ ပဲျဖစ္ျဖစ္ ျဖဳတ္မယ္ဆို ခ်က္ခ်င္းျဖဳတ္ခ်လိုက္တာ။ အရင္အစိုးရလက္ထက္တုန္း က အလုပ္သမားကိုထုတ္ရင္ေတာင္ က်ေနာ္တို႔က ေလ်ာ္ေၾကးေတာင္းလို႔ရတယ္၊ အခုေနာက္ပိုင္းက်ေတာ့ သူတို႔ဖာသူတို႔ ေဆြးေႏြးတယ္၊ ဆုံးျဖတ္ခ်က္ခ်ၿပီး စာထုတ္လိုက္တယ္၊ အဲဒီစာသာ အတည္ျဖစ္သြားေရာ၊ လုပ္သားေစ်းကြက္မွာ ပ်က္စီးလာတာေပါ့။"

ရန္ကုန္တိုင္း၊ လႈိင္သာယာစက္မႈဇုန္က အလုပ္သမားတဦးက ဗြီအိုေအကို ေျပာခဲ့တာပါ။

အလုပ္တရက္ပ်က္ရင္ လစာထဲက က်ပ္ ၅၀,၀၀၀ ျဖတ္တာ၊ ဖိအားေပးၿပီး အခ်ိန္ပို ဆင္းခိုင္းတာ၊ အလုပ္ပိတ္ရက္ မေပးေတာ့ တာေတြ အခုေနာက္ပိုင္းမွာ ျဖစ္လာပါတယ္။ ဒီလိုအေျခအေနမွာ အလုပ္သမားေတြအေနနဲ႔ ဥပေဒပါအခြင့္အေရးကို မရၾကေတာ့ ဘူးလို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ (CTUM) က ေဒၚခိုင္ဇာေအာင္က ေျပာပါတယ္။

"သင့္ေတာ္ေကာင္းမြန္တဲ့ လုပ္ငန္းခြင္ျဖစ္ေအာင္ က်မတို႔ေတြ စာခ်ဳပ္ေတြ ခ်ဳပ္ႏိုင္ခဲ့ၾကတယ္ေပါ့ေနာ္။ ဒါေပမဲ့ အဲဒီစာခ်ဳပ္ေတြဟာ ဘာျဖစ္သြားလဲဆိုရင္ အာဏာသိမ္းမႈေနာက္ပိုင္းမွာ အလုပ္သမားသမဂၢေတြကို target ထားၿပီးေတာ့ ၿဖိဳခြဲလာတဲ့ေနာက္ပိုင္းမွာ အလုပ္ရွင္ေတြက ဒီစာခ်ဳပ္ေတြကို အားလုံးကို ဖ်က္သိမ္းလိုက္တယ္ဆိုတဲ့ ေၾကညာခ်က္ေတြ လုပ္ခဲ့ပါတယ္။ အဲဒီရဲ႕ အက်ိဳး ဆက္အေနနဲ႔ အလုပ္သမားေတြက အရင္ရတဲ့လစာေတြထက္ မ်ားစြာေလ်ာ့နည္းၿပီးေတာ့ ရၾကတယ္ဆိုတာေတြ ျဖစ္လာပါတယ္။ အလုပ္သမားသမဂၢေတြ လုပ္ငန္းခြင္ထဲမွာ မရွိေတာ့ဘူး တရားဥပေဒစိုးမိုးမႈေတြ မရွိလာေတာ့တဲ့အခါမွာ အလုပ္သမားေတြက ဥပေဒပါအခြင့္အေရးကိုေတာင္ မရေတာ့ပါဘူး။ တခ်ိဳ႕လုပ္ငန္းေတာ္ေတာ္မ်ားမ်ားမွာဆိုရင္ ၄,၈၀၀ ကိုမေပးဘဲနဲ႔ အိုဗာတိုင္ေတြ အျပည့္မေပးဘဲနဲ႔ ခိုင္းေနတဲ့လုပ္ငန္းေတြ အမ်ားအျပား ျဖစ္လာပါတယ္။"

ပိတ္ရက္ခံစားခြင့္နဲ႔ လူမႈဖူလုံေရး ခံစားခြင့္ေတြကိုလည္း အလုပ္သမားေတြ မရေတာ့ပါဘူး။

အလုပ္သမားအခြင့္အေရး ခ်ိဳးေဖာက္တာ၊ လြတ္လပ္စြာ စု႐ုံးဖြဲ႕စည္းခြင့္မရတာ၊ သေဘာတူၿပီးသား စာခ်ဳပ္ေတြကို ဖ်က္သိမ္းတာ ေတြက အျပည္ျပည္ဆိုင္ရာ အလုပ္သမားအဖြဲ႕ (ILO) ရဲ႕ ျပ႒ာန္းခ်က္ေတြကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ေနတာလို႔ အလုပ္ သမားေတြကေျပာပါတယ္။ ျမန္မာအလုပ္သမားေတြရထားတဲ့ အခြင့္အေရးေတြဆိုတာ ႏိုင္ငံတကာစံႏႈန္းေတြထက္ နိမ့္ပါးၿပီး အဲဒါ ကိုမွ အခြင့္အေရး ထပ္ၿပီးခ်ိဳးေဖာက္ခံေနရတာလို႔ အလုပ္သမားေတြ ေျပာပါတယ္။

ျမန္မာႏိုင္ငံကို အလုံးစုံစီးပြားေရးပိတ္ဆို႔ဖို႔ ဆုံးျဖတ္ခ်က္ခ်တဲ့အခါမွာ ဒီကိစၥေတြကို ထည့္သြင္းစဥ္းစားႏိုင္ဖို႔ ILO နဲ႔ ဥေရာပသမဂၢ (EU) အစိုးရေတြကို ျပည္တြင္းအလုပ္သမားအဖြဲ႕ေတြက တင္ျပထားၾကပါတယ္။

လက္ရွိမွာ အလုပ္ရွင္ေတြဘက္ကလည္း ကုန္က်စရိတ္တက္လာတဲ့ အက်ပ္အတည္းနဲ႔ ရင္ဆိုင္ေနရသလို အလုပ္သမားဘက္မ မွာလည္း လစာနဲ႔မလုံေလာက္တဲ့ အေျခအေနေၾကာင့္ ႏွစ္ဘက္ ညႇိႏႈိင္းေျဖရွင္းႏိုင္မယ့္နည္းလမ္းကို ျပန္လုပ္ဖို႔လိုေၾကာင္း စီးပြားေရးေလ့လာသုံးသပ္သူ ဦးသူရိန္လြင္က ဗြီအိုေအကို ေျပာပါတယ္။

"ဒါေတြျဖစ္ရတဲ့ အဓိကအေၾကာင္းရင္းက လုပ္ခလစာ မတိုးႏိုင္တာေၾကာင့္ပါ။ တကယ္လို႔ (အနည္းဆုံးလုပ္ခလစာ) ၄,၈၀၀ ကိုမတိုးဘဲ ဒီအတိုင္းဆက္သြားမယ္ဆိုရင္ ဒီအလုပ္သမားေတြက အလြန္အမင္းဆင္းရဲမႈကို ႀကဳံေတြ႕ရေတာ့မွာျဖစ္ပါတယ္။ ဒီဆင္းရဲမႈသံသရာက သူတို႔သားသမီးေတြကို ေက်ာင္းမထားႏိုင္ေတာ့တဲ့ အေျခအေန၊ ေဆးခန္းမျပႏိုင္ေတာ့တဲ့ အေျခအေန ျဖစ္လာႏိုင္ပါတယ္။ အရင္းခံျပႆနာကေတာ့ လုပ္ခလစာကို ၂ ႏွစ္တႀကိမ္ ျပန္လည္သုံးသပ္ရမွာ ျဖစ္ေပမဲ့ အခုအခ်ိန္အထိ မလုပ္ႏိုင္ေသးတာေၾကာင့္ပါ။"

ဒီအေတာအတြင္းမွာ က်ားျဖဴအထည္ခ်ဳပ္၊ EURO GATE အထည္ခ်ဳပ္၊ Myanmar Bestex အထည္ခ်ဳပ္၊ Hesheng ပိုက္ဆံ အိတ္စက္႐ုံ၊ Narsha အထည္ခ်ဳပ္၊ ပရီမီယာေကာ္ဖီ စတဲ့လုပ္ငန္းေတြမွာ လစာမေပးတာ၊ အခ်ိန္ပိုခိုင္းတာ၊ ဥပေဒမဲ့ အလုပ္ထုတ္ တာေတြရွိေနၿပီး အလုပ္သမားေတြ ဆႏၵျပတာလည္း ျဖစ္လာပါတယ္။ အလုပ္ရွင္ေတြဟာ ေအဂ်င္စီေတြအကူအညီနဲ႔ သုံးလၾကာ ယာယီဝန္ထမ္းေတြကိုခန႔္ၿပီး အၿမဲတမ္းဝန္ထမ္းေတြကို အလုပ္ျဖဳတ္ပစ္ၾကပါတယ္။ ဒီနည္းနဲ႔ ေလ်ာ္ေၾကးေငြအမ်ားအျပား ေပးရမယ့္အေရး ေရွာင္ရွားလာၾကတယ္လို႔ အလုပ္သမားေတြက ဗြီအိုေအကိုေျပာပါတယ္။ အလုပ္သမားအခြင့္အေရးကို လ်စ္လ်ဴရႈတဲ့ကုမၸဏီအမ်ားစုက အာရွႏိုင္ငံေတြျဖစ္တဲ့ တ႐ုတ္၊ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားႏိုင္ငံေတြက ကုမၸဏီေတြျဖစ္တယ္လို႔ အလုပ္သမားအေရးလုပ္ေနသူေတြက ေျပာပါတယ္။

ျပည္ပကလာတဲ့ လုပ္ငန္းရွင္ေတြဟာ အလုပ္သမားအခြင့္အေရးကို အမ်ားဆုံး ခ်ိဳးေဖာက္ေနတယ္လို႔ ေသြးစည္းညီၫြတ္ေသာ သမဂၢမ်ားအဖြဲ႕ခ်ဳပ္ (STUM) က ေဒၚမ်ိဳးေအးက ဗြီအိုေအကို ေျပာပါတယ္။

"အလုပ္ရွင္ေတြက သူ႔တို႔ဖာသာရပ္တည္ဖို႔ ႐ုန္းကန္ေနရလို႔ ခ်ိဳးေဖာက္တာမ်ိဳးေတာ့မျမင္ဘူး၊ အဲလိုမ်ိဳးဆိုရင္ အစကတည္းက ျပည္တြင္းထဲမွာလုပ္ေနတဲ့ လုပ္ငန္းရွင္ေတြက ပိုၿပီးခ်ိဳးေဖာက္ၾကမွာေပါ့။ အခုက ႏိုင္ငံျခားကုမၸဏီေတြက ပိုၿပီးခ်ိဳးေဖာက္တယ္။ Brand ေတြက ပိုၿပီးခ်ိဳးေဖာက္ေနတယ္ေပါ့ အခြင့္အေရးမွာ။ ဒါေတြဟာ သူတို႔ရဲ႕က်င့္ဝတ္ ethics ေၾကာင့္ပဲျဖစ္လိမ့္မယ္။ သူတို႔ရဲ႕ ဝိသမေလာဘေၾကာင့္ေပါ့။ အခုအခ်ိန္မ်ိဳးမွာ ပိုဆိုးတာေပါ့ သူတို႔က အကာအကြယ္တခုေအာက္မွာ ယူလို႔ရေနတဲ့အခါၾကေတာ့။"

ႏိုင္ငံတကာ သေဘာတူညီခ်က္ေတြ၊ အလုပ္သမားအခြင့္အေရးေတြကို ျမန္မာႏိုင္ငံမွာ ခ်ိဳးေဖာက္ေနတာရွိမရွိ စုံစမ္းစစ္ေဆးဖို႔ ေကာ္မရွင္တခုကို လာမယ့္ဇြန္လထဲမွာ ဖြဲ႕သြားမယ္လို႔ ILO က မတ္လ ၂၅ ရက္ေန႔မွာ ေၾကညာခဲ့ပါတယ္။ အဲဒီ စုံစမ္းစစ္ေဆး ေရးေကာ္မရွင္ကို ၂၀၂၂ ဇြန္လ ILO ညီလာခံအၿပီးမွာ ဖြဲ႕သြားမွာပါ။ ဒါေပမဲ့ စစ္ေကာင္စီလက္ထက္မွာ ILO အဖြဲ႕ ထိထိ ေရာက္ေရာက္ လုပ္ႏိုင္မယ္လို႔ အလုပ္သမားအဖြဲ႕ေတြက ေမွ်ာ္လင့္မထားၾကပါဘူး။

"ဇြန္လထဲမွာဖြဲ႕မယ့္ ILO ရဲ႕ စုံစမ္းေရးေကာ္မရွင္က လြတ္လြတ္လပ္လပ္ ေမးခြင့္ရဖို႔ေတာ့ သိပ္မျမင္ဘူး၊ ျဖစ္ႏိုင္တာတခုကေတာ့ ဒီ အလုပ္သမားအဖြဲ႕အစည္းေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ အလုပ္သမားအဖြဲ႕အစည္းေတြမွာ ခ်ိဳးေဖာက္ခံရတာေတြ ဘာေတြရွိလဲ ဆိုၿပီးေတာ့ အနီးစပ္ဆုံးယူမယ္ဆိုရင္ သူျမန္ႏိုင္လိမ့္မယ္။ ျပည္တြင္းထဲဝင္လာၿပီး စုံစမ္းစစ္ေဆးဖို႔ လုပ္ဖို႔ကေတာ့ အခက္အခဲနဲ႔ ၾကန႔္ၾကာလိမ့္မယ္လို႔ထင္တယ္။"

အာဏာသိမ္းမႈနဲ႔ ကပ္ေရာဂါေၾကာင့္ ျပည္တြင္းက အလုပ္အကိုင္ေပါင္း ၁.၆ သန္း ဆုံးရႈံးခဲ့တယ္လို႔ ILO ရဲ႕ ေနာက္ဆုံး အစီရင္ခံ စာတခုက ေျပာထားပါတယ္။ အထည္ခ်ဳပ္နဲ႔ ခရီးသြားလုပ္ငန္းမွာ ပိုၿပီးအထိနာခဲ့လို႔ အမ်ိဳးသမီးေတြက အမ်ိဳးသားေတြထက္ အလုပ္အကိုင္ ပိုၿပီးဆုံးရႈံးခဲ့ပါတယ္။ လက္ရွိမွာ လုပ္သားေစ်းကြက္က တိုးတက္မႈမရွိဘဲ ေနာက္ျပန္သြားေနပါတယ္။ ဒီအတိုင္း ဆက္ျဖစ္ေနမယ္ဆိုရင္ ဆင္းရဲႏြမ္းပါးမႈ ပိုဆိုးလာလိမ့္မယ္လို႔ ILO က ခန႔္မွန္းထားပါတယ္။

=== Unicode ===

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ တဖြည်းဖြည်း ပိုပြီးများလာတယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်။ လစာမပေးဘဲ စက်ရုံပိတ်သွားတာမျိုးအပြင် အခြေခံလုပ်ခလစာတောင်မှ အပြည့်အဝမပေးချင်တဲ့ လုပ်ငန်းတွေ စက်မှုဇုံတွေမှာ ပိုများလာပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း မြန်မာပြည်ရဲ့ လက်တလောအခြေအနေတွေကို စောင့်ကြည့်နေပြီး ပဋိပက္ခကြားက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့အတူ အလုပ်သမားရေး ကိစ္စတွေကိုလည်း အလေးထားပြီး စုံစမ်းစစ်ဆေးသွားဖို့ ရှိနေပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုရန်နိုင်ကပြောပြပါမယ်။

အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေက ပြည်တွင်းနိုင်ငံရေ ပြဿနာတွေနဲ့ တွဲပြီး ပေါ်ပေါက်လာတာလို့ အလုပ်သမား အရေး စောင့်ကြည့်တဲ့အဖွဲ့တွေက ဗွီအိုအေကိုပြောပါတယ်။

အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ အလုပ်သမားအဖွဲ့အစည်းတွေကို တရားမဝင်ဘူးလို့ စစ်ကောင်စီက ကြေညာလိုက်တဲ့နောက် အရင်ကရှိထားတဲ့ အလုပ်ရှင်-အလုပ်သမား-အစိုးရဆိုတဲ့ အငြင်းပွားမှုဖြေရှင်းရေးယန္တရားက ပျက်သွားပါတယ်။ အဲဒီနောက် အလုပ်ရှင်၊ အလုပ်သမားကြား ပြဿနာတွေက တနေ့တခြား များလာတာပါ။

အခုချိန်အထိ ပုံမှန်ပြန်မဖြစ်သေးတဲ့ ဘဏ်လုပ်ငန်းကြောင့် စက်မှုဇုန်လို ကုန်ထုတ်လုပ်ငန်းတွေလည်း ကမောက်ကမ ဖြစ်နေပါ တယ်။ အဆိုးဆုံးကတော့ ကုန်ကြမ်းကို ဈေးကြီးကြီးနဲ့ သွင်းနေရတာအပြင် လျှပ်စစ်မီးမမှန်တာကြောင့် တချို့က လုပ်ငန်းကို အရှုံးနဲ့ရပ်လိုက်ပြီး တချို့ကတော့ သူတို့ဆက်ပြီး ရှင်သန်နိုင်ဖို့ အလုပ်သမားတွေအပေါ် အမြတ်ထုတ်တဲ့နည်းလမ်းကို ရွေးချယ်လာကြပါတယ်။

"ကျနော်တို့ပိုင်ရှင်က အလုပ်သမား ၄၀၀ လောက်ခန့်ထားတယ်၊ ဒီလတော့ ငါတို့ ဝန်ထမ်းမလိုတော့ဘူး နင်တို့ကိုအလုပ်ဖြုတ် မယ်၊ အယောက် ၅၀ ပဲဖြစ်ဖြစ် အယောက် ၁၀၀ ပဲဖြစ်ဖြစ် ဖြုတ်မယ်ဆို ချက်ချင်းဖြုတ်ချလိုက်တာ။ အရင်အစိုးရလက်ထက်တုန်း က အလုပ်သမားကိုထုတ်ရင်တောင် ကျနော်တို့က လျော်ကြေးတောင်းလို့ရတယ်၊ အခုနောက်ပိုင်းကျတော့ သူတို့ဖာသူတို့ ဆွေးနွေးတယ်၊ ဆုံးဖြတ်ချက်ချပြီး စာထုတ်လိုက်တယ်၊ အဲဒီစာသာ အတည်ဖြစ်သွားရော၊ လုပ်သားဈေးကွက်မှာ ပျက်စီးလာတာပေါ့။"

ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန်က အလုပ်သမားတဦးက ဗွီအိုအေကို ပြောခဲ့တာပါ။

အလုပ်တရက်ပျက်ရင် လစာထဲက ကျပ် ၅၀,၀၀၀ ဖြတ်တာ၊ ဖိအားပေးပြီး အချိန်ပို ဆင်းခိုင်းတာ၊ အလုပ်ပိတ်ရက် မပေးတော့ တာတွေ အခုနောက်ပိုင်းမှာ ဖြစ်လာပါတယ်။ ဒီလိုအခြေအနေမှာ အလုပ်သမားတွေအနေနဲ့ ဥပဒေပါအခွင့်အရေးကို မရကြတော့ ဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

"သင့်တော်ကောင်းမွန်တဲ့ လုပ်ငန်းခွင်ဖြစ်အောင် ကျမတို့တွေ စာချုပ်တွေ ချုပ်နိုင်ခဲ့ကြတယ်ပေါ့နော်။ ဒါပေမဲ့ အဲဒီစာချုပ်တွေဟာ ဘာဖြစ်သွားလဲဆိုရင် အာဏာသိမ်းမှုနောက်ပိုင်းမှာ အလုပ်သမားသမဂ္ဂတွေကို target ထားပြီးတော့ ဖြိုခွဲလာတဲ့နောက်ပိုင်းမှာ အလုပ်ရှင်တွေက ဒီစာချုပ်တွေကို အားလုံးကို ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ ကြေညာချက်တွေ လုပ်ခဲ့ပါတယ်။ အဲဒီရဲ့ အကျိုး ဆက်အနေနဲ့ အလုပ်သမားတွေက အရင်ရတဲ့လစာတွေထက် များစွာလျော့နည်းပြီးတော့ ရကြတယ်ဆိုတာတွေ ဖြစ်လာပါတယ်။ အလုပ်သမားသမဂ္ဂတွေ လုပ်ငန်းခွင်ထဲမှာ မရှိတော့ဘူး တရားဥပဒေစိုးမိုးမှုတွေ မရှိလာတော့တဲ့အခါမှာ အလုပ်သမားတွေက ဥပဒေပါအခွင့်အရေးကိုတောင် မရတော့ပါဘူး။ တချို့လုပ်ငန်းတော်တော်များများမှာဆိုရင် ၄,၈၀၀ ကိုမပေးဘဲနဲ့ အိုဗာတိုင်တွေ အပြည့်မပေးဘဲနဲ့ ခိုင်းနေတဲ့လုပ်ငန်းတွေ အများအပြား ဖြစ်လာပါတယ်။"

ပိတ်ရက်ခံစားခွင့်နဲ့ လူမှုဖူလုံရေး ခံစားခွင့်တွေကိုလည်း အလုပ်သမားတွေ မရတော့ပါဘူး။

အလုပ်သမားအခွင့်အရေး ချိုးဖောက်တာ၊ လွတ်လပ်စွာ စုရုံးဖွဲ့စည်းခွင့်မရတာ၊ သဘောတူပြီးသား စာချုပ်တွေကို ဖျက်သိမ်းတာ တွေက အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ရဲ့ ပြဋ္ဌာန်းချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ အလုပ် သမားတွေကပြောပါတယ်။ မြန်မာအလုပ်သမားတွေရထားတဲ့ အခွင့်အရေးတွေဆိုတာ နိုင်ငံတကာစံနှုန်းတွေထက် နိမ့်ပါးပြီး အဲဒါ ကိုမှ အခွင့်အရေး ထပ်ပြီးချိုးဖောက်ခံနေရတာလို့ အလုပ်သမားတွေ ပြောပါတယ်။

မြန်မာနိုင်ငံကို အလုံးစုံစီးပွားရေးပိတ်ဆို့ဖို့ ဆုံးဖြတ်ချက်ချတဲ့အခါမှာ ဒီကိစ္စတွေကို ထည့်သွင်းစဉ်းစားနိုင်ဖို့ ILO နဲ့ ဥရောပသမဂ္ဂ (EU) အစိုးရတွေကို ပြည်တွင်းအလုပ်သမားအဖွဲ့တွေက တင်ပြထားကြပါတယ်။

လက်ရှိမှာ အလုပ်ရှင်တွေဘက်ကလည်း ကုန်ကျစရိတ်တက်လာတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရသလို အလုပ်သမားဘက်မ မှာလည်း လစာနဲ့မလုံလောက်တဲ့ အခြေအနေကြောင့် နှစ်ဘက် ညှိနှိုင်းဖြေရှင်းနိုင်မယ့်နည်းလမ်းကို ပြန်လုပ်ဖို့လိုကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးသူရိန်လွင်က ဗွီအိုအေကို ပြောပါတယ်။

"ဒါတွေဖြစ်ရတဲ့ အဓိကအကြောင်းရင်းက လုပ်ခလစာ မတိုးနိုင်တာကြောင့်ပါ။ တကယ်လို့ (အနည်းဆုံးလုပ်ခလစာ) ၄,၈၀၀ ကိုမတိုးဘဲ ဒီအတိုင်းဆက်သွားမယ်ဆိုရင် ဒီအလုပ်သမားတွေက အလွန်အမင်းဆင်းရဲမှုကို ကြုံတွေ့ရတော့မှာဖြစ်ပါတယ်။ ဒီဆင်းရဲမှုသံသရာက သူတို့သားသမီးတွေကို ကျောင်းမထားနိုင်တော့တဲ့ အခြေအနေ၊ ဆေးခန်းမပြနိုင်တော့တဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။ အရင်းခံပြဿနာကတော့ လုပ်ခလစာကို ၂ နှစ်တကြိမ် ပြန်လည်သုံးသပ်ရမှာ ဖြစ်ပေမဲ့ အခုအချိန်အထိ မလုပ်နိုင်သေးတာကြောင့်ပါ။"

ဒီအတောအတွင်းမှာ ကျားဖြူအထည်ချုပ်၊ EURO GATE အထည်ချုပ်၊ Myanmar Bestex အထည်ချုပ်၊ Hesheng ပိုက်ဆံ အိတ်စက်ရုံ၊ Narsha အထည်ချုပ်၊ ပရီမီယာကော်ဖီ စတဲ့လုပ်ငန်းတွေမှာ လစာမပေးတာ၊ အချိန်ပိုခိုင်းတာ၊ ဥပဒေမဲ့ အလုပ်ထုတ် တာတွေရှိနေပြီး အလုပ်သမားတွေ ဆန္ဒပြတာလည်း ဖြစ်လာပါတယ်။ အလုပ်ရှင်တွေဟာ အေဂျင်စီတွေအကူအညီနဲ့ သုံးလကြာ ယာယီဝန်ထမ်းတွေကိုခန့်ပြီး အမြဲတမ်းဝန်ထမ်းတွေကို အလုပ်ဖြုတ်ပစ်ကြပါတယ်။ ဒီနည်းနဲ့ လျော်ကြေးငွေအများအပြား ပေးရမယ့်အရေး ရှောင်ရှားလာကြတယ်လို့ အလုပ်သမားတွေက ဗွီအိုအေကိုပြောပါတယ်။ အလုပ်သမားအခွင့်အရေးကို လျစ်လျူရှုတဲ့ကုမ္ပဏီအများစုက အာရှနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက ကုမ္ပဏီတွေဖြစ်တယ်လို့ အလုပ်သမားအရေးလုပ်နေသူတွေက ပြောပါတယ်။

ပြည်ပကလာတဲ့ လုပ်ငန်းရှင်တွေဟာ အလုပ်သမားအခွင့်အရေးကို အများဆုံး ချိုးဖောက်နေတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က ဒေါ်မျိုးအေးက ဗွီအိုအေကို ပြောပါတယ်။

"အလုပ်ရှင်တွေက သူ့တို့ဖာသာရပ်တည်ဖို့ ရုန်းကန်နေရလို့ ချိုးဖောက်တာမျိုးတော့မမြင်ဘူး၊ အဲလိုမျိုးဆိုရင် အစကတည်းက ပြည်တွင်းထဲမှာလုပ်နေတဲ့ လုပ်ငန်းရှင်တွေက ပိုပြီးချိုးဖောက်ကြမှာပေါ့။ အခုက နိုင်ငံခြားကုမ္ပဏီတွေက ပိုပြီးချိုးဖောက်တယ်။ Brand တွေက ပိုပြီးချိုးဖောက်နေတယ်ပေါ့ အခွင့်အရေးမှာ။ ဒါတွေဟာ သူတို့ရဲ့ကျင့်ဝတ် ethics ကြောင့်ပဲဖြစ်လိမ့်မယ်။ သူတို့ရဲ့ ဝိသမလောဘကြောင့်ပေါ့။ အခုအချိန်မျိုးမှာ ပိုဆိုးတာပေါ့ သူတို့က အကာအကွယ်တခုအောက်မှာ ယူလို့ရနေတဲ့အခါကြတော့။"

နိုင်ငံတကာ သဘောတူညီချက်တွေ၊ အလုပ်သမားအခွင့်အရေးတွေကို မြန်မာနိုင်ငံမှာ ချိုးဖောက်နေတာရှိမရှိ စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တခုကို လာမယ့်ဇွန်လထဲမှာ ဖွဲ့သွားမယ်လို့ ILO က မတ်လ ၂၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အဲဒီ စုံစမ်းစစ်ဆေး ရေးကော်မရှင်ကို ၂၀၂၂ ဇွန်လ ILO ညီလာခံအပြီးမှာ ဖွဲ့သွားမှာပါ။ ဒါပေမဲ့ စစ်ကောင်စီလက်ထက်မှာ ILO အဖွဲ့ ထိထိ ရောက်ရောက် လုပ်နိုင်မယ်လို့ အလုပ်သမားအဖွဲ့တွေက မျှော်လင့်မထားကြပါဘူး။

"ဇွန်လထဲမှာဖွဲ့မယ့် ILO ရဲ့ စုံစမ်းရေးကော်မရှင်က လွတ်လွတ်လပ်လပ် မေးခွင့်ရဖို့တော့ သိပ်မမြင်ဘူး၊ ဖြစ်နိုင်တာတခုကတော့ ဒီ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ အလုပ်သမားအဖွဲ့အစည်းတွေမှာ ချိုးဖောက်ခံရတာတွေ ဘာတွေရှိလဲ ဆိုပြီးတော့ အနီးစပ်ဆုံးယူမယ်ဆိုရင် သူမြန်နိုင်လိမ့်မယ်။ ပြည်တွင်းထဲဝင်လာပြီး စုံစမ်းစစ်ဆေးဖို့ လုပ်ဖို့ကတော့ အခက်အခဲနဲ့ ကြန့်ကြာလိမ့်မယ်လို့ထင်တယ်။"

အာဏာသိမ်းမှုနဲ့ ကပ်ရောဂါကြောင့် ပြည်တွင်းက အလုပ်အကိုင်ပေါင်း ၁.၆ သန်း ဆုံးရှုံးခဲ့တယ်လို့ ILO ရဲ့ နောက်ဆုံး အစီရင်ခံ စာတခုက ပြောထားပါတယ်။ အထည်ချုပ်နဲ့ ခရီးသွားလုပ်ငန်းမှာ ပိုပြီးအထိနာခဲ့လို့ အမျိုးသမီးတွေက အမျိုးသားတွေထက် အလုပ်အကိုင် ပိုပြီးဆုံးရှုံးခဲ့ပါတယ်။ လက်ရှိမှာ လုပ်သားဈေးကွက်က တိုးတက်မှုမရှိဘဲ နောက်ပြန်သွားနေပါတယ်။ ဒီအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် ဆင်းရဲနွမ်းပါးမှု ပိုဆိုးလာလိမ့်မယ်လို့ ILO က ခန့်မှန်းထားပါတယ်။

XS
SM
MD
LG