သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွား ဦးေဆာင္တဲ့ ဥေရာပ အာရွ စီးပြားေရး သမဂၢနဲ႔ ျမန္မာၾကား ကုန္သြယ္ေရး အလားအလာ 


(Zawgyi / Unicode)

႐ုရွား ဦးေဆာင္တဲ့ ဥေရာပ အာရွ စီးပြားေရး သမဂၢ EAEU က ျမန္မာနဲ႔ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္ဖို႔ ညႇိႏႈိင္းေနတာမွာ ျမန္မာဘက္ကေတာ့ ျမန္မာႏိုင္ငံတြင္း ရင္းႏွီးျမႇဳပ္ႏွံေရး၊ ဓာတ္ေျမၾသဇာ အပါအဝင္ လယ္ယာ သုံးပစၥည္းေတြ ဝယ္ယူခြင့္နဲ႔ ပို႔ကုန္ ထပ္တိုး တင္ပို႔ႏိုင္ေရးတို႔ကို လိုလားေနပါတယ္။ လက္ရွိမွာေတာ့ EAEU နဲ႔ ျမန္မာၾကား စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈ သိပ္ မရွိေသးပါဘူး။ အနာဂတ္ အလားအလာ ဘယ္လို ရွိႏိုင္ပါလဲ ဆိုတာကို ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထိုက္ တင္ျပထားပါတယ္။

“ က်ေနာ္တို႔ဆီက အရင္က ေပါင္းဆန္လို ဟာမ်ိဳးေတာ့ ႐ုရွားကို သြားတာ ရွိတယ္။ က်ေနာ္တို႔ ေရာင္းတာ ေပါင္းဆန္ေပါ့ေနာ္။ သူ႔ဆီက ဝယ္တာေတာ့ ဆီလည္းသူတို႔ ေရာင္းဖို႔ေတာ့ ႀကိဳးစားတယ္။ ဒါေပမယ့္ က်ေနာ္တို႔ ႐ုရွားနဲ႔ေတာ့ ဆီနဲ႔ ပတ္သက္လို႔ အမ်ားႀကီး လုပ္တာေတာ့ မေတြ႕ဘူး။ ႐ုရွားနဲ႔ က်ေနာတို႔ ၾကားမွာေတာ့ အမ်ားႀကီး လုပ္တာေတာ့ မရွိတတ္ဘူး။ ”

ျမန္မာ စစ္ေကာင္စီရဲ႕ ဝန္ႀကီးဌာနေတြ၊ ဗဟိုဘဏ္၊ ေနာက္ ပုဂၢလိက လုပ္ငန္းရွင္ေတြနဲ႔ EAEU ဥေရာပ အာရွ စီးပြားေရး သမဂၢတို႔ၾကား ၿပီးခဲ့တဲ့ သီတင္းပတ္ေတြ အတြင္းက က်ယ္က်ယ္ျပန႔္ျပန႔္ ေတြ႕ဆုံ ေဆြးေႏြးမႈေတြ ရွိခဲ့ၾကတာနဲ႔ ပတ္သက္ၿပီး စီးပြားေရး လုပ္ငန္းရွင္ ေဒါက္တာ စိုးထြန္းကို ေမးၾကည့္တာမွာ ႐ုရွားနဲ႔ ျမန္မာၾကား လက္ရွိ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈ အေျခအေနကို သူက ရွင္းျပခဲ့တာပါ။

ယူကရိန္း က်ဴးေက်ာ္စစ္ စတင္ၿပီးေနာက္ မတ္လ ၁၅ ရက္ အဂၤါေန႔မွာဘဲ သြင္းကုန္ တင္သြင္းမႈကို အဓိက လုပ္မယ့္ ႐ုရွားရဲ႕ စီးပြားေရး ေထာက္ပံ့မႈ အစီအစဥ္မွာ အေမရိကန္ ေဒၚလာ သန္း ၉၀၀၀ ေလာက္ သုံးစြဲမယ့္ အေၾကာင္း ႐ုရွား ဝန္ႀကီးခ်ဳပ္ Mikhail Mushustin က ေျပာဆိုခဲ့ပါတယ္။ မတ္လကုန္မွာ စတင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မယ့္ အစီအစဥ္ေတြထဲမွာေတာ့ အလြန္ အေရးပါတဲ့ လူသုံးကုန္စည္ေတြ၊ စားေသာက္ကုန္စည္ေတြ တင္သြင္းေရး ျဖစ္ပါတယ္။

ခန႔္မွန္း ရန္ပုံေငြ ပမာဏဟာ ႐ူဘဲလ္ေငြ ၁ ထရီလီယံ ျဖစ္ပါတယ္။ ဥေရာပအာရွ စီးပြားေရး သမဂၢ EAEU အဆင့္ အပါအဝင္ အစီအစဥ္ တခ်ိဳ႕ကိုေတာ့ မတ္လကုန္မွာ စတင္ အေကာင္အထည္ေဖာ္မွာ ျဖစ္ပါတယ္။ ပမာဏ အမ်ားစုကိုေတာ့ သြင္းကုန္ ပိုင္းမွာ ျမႇပ္ႏွံေဆာင္႐ြက္မွာ ျဖစ္ၿပီး ကုမၸဏီေတြနဲ႔ လူေတြ အေနနဲ႔ လက္ရွိ အေျခအေနမွာ လိုအပ္တဲ့ အရင္းအျမစ္ေတြနဲ႔ ကုန္စည္ေတြကို အတတ္ႏိုင္ဆုံး အမ်ားဆုံး ဆက္လက္ ရရွိႏိုင္မွာ ျဖစ္ပါတယ္။

သြင္းကုန္ အခြန္ ကင္းလြတ္ခြင့္ကိုလည္း အျမင့္ဆုံး တိုးျမႇင့္ ေဆာင္႐ြက္ေရး အပါအဝင္ ဥေရာပ အာရွ စီးပြားေရး သမဂၢ EAEU တြင္းက မိတ္ဖက္ေတြနဲ႔ ပူးတြဲ ေဆာင္႐ြက္ေရးကိုလည္း ႐ုရွား အစိုးရဘက္က ကမ္းလွမ္းထားပါတယ္။

EAEU – ဥေရာပ အာရွ စီးပြားေရး သမဂၢတြင္းက မိတ္ဖက္ေတြ အေနနဲ႔လည္း အခြန္လြတ္ တင္သြင္း ကုန္စည္ ကန႔္သတ္ခ်က္ကို အျမင့္ဆုံး တိုးျမႇင့္ၾကဖို႔ အႀကံျပဳပါတယ္။ သြင္းကုန္ အခြန္ေဆာင္တာမွာ ေငြလဲႏႈန္းကို ျပင္ဆင္မႈ၊ စစ္ေဆးေရး ဂိတ္ေတြမွာ အခြန္စည္းၾကပ္တာမွာ စက္ကိရိယာေတြနဲ႔ အပိုပစၥည္းေတြ အပါအဝင္ စားေသာက္ကုန္နဲ႔ ေဆးဝါး အဓိကထားၿပီး စားသုံးကုန္၊ လူသုံးကုန္စည္ေတြကို ဦးစားေပးအျဖစ္ သတ္မွတ္ဖို႔၊ အလြန္ အေရးႀကီးတဲ့ သြင္းကုန္မ်ားစာရင္း ျပဳစုၿပီး ဒီကုန္စည္ေတြ အတြက္ အခြန္စည္းၾကပ္မႈကို လြယ္ကူ ရွင္းလင္းေအာင္ ေဆာင္႐ြက္ၾကဖို႔လည္း အႀကံျပဳထားပါတယ္။

႐ုရွား၊ ဘဲလား႐ုစ္၊ အာေမးနီးယား၊ ကာဇက္စတန္နဲ႔ ကာဂ်စ္စတန္တို႔ ပါဝင္တဲ့ EAEU အဖြဲ႕တြင္းက အဓိက က်တဲ့ ႐ုရွားကို ျမန္မာဘက္က ေပါင္းဆန္ တင္ပို႔မႈ ရွိခဲ့ေပမယ့္ ျမန္မာႏိုင္ငံတြင္း ေပါင္းဆန္ ထုတ္လုပ္မႈ အခက္အခဲ၊ သယ္ယူပို႔ေဆာင္ေရး အခက္အခဲ အျပင္ ေငြလႊဲေျပာင္းမႈမွာလည္း အခက္အခဲ တခ်ိဳ႕ ရွိေၾကာင္း စီးပြားေရး လုပ္ငန္းရွင္ ေဒါက္တာ စိုးထြန္းက ေျပာပါတယ္။

“ ဟိုးအရင္ကေတာ့ ေပါင္းဆန္ ပို႔တယ္။ အခု မပို႔တာေတာ့ ၃ ႏွစ္- ၄ ႏွစ္ေလာက္ ရွိၿပီ။ အမ်ားႀကီးေတာ့ မရွိေတာ့ဘူး။ အဆက္အဆံေတာ့ မရွိဘူး။ အခုေတာ့ ျပန္ဝယ္ခ်င္ ဝယ္မွာေပါ့။ ဒါေပမယ့္ ဒီဘက္မွာလည္း ေပါင္းဆန္ကလည္း မီးျပတ္တယ္ ဘာညာဆိုေတာ့ က်ေနာ္တို႔ ဆီက ေပါင္းဆန္ ထြက္တဲ့ ႏႈန္းက ဒီေလာက္ မမ်ားဘူး ျဖစ္ေနတာ။ လက္ရွိ ဒီ ပတ္ဝန္းက်င္ ႏိုင္ငံေတြေပါ့ ဘဂၤလားေဒရွ႕္တို႔ ဘာတို႔ကလည္း demand ရွိေနေတာ့ေလ။ ႐ုရွားကေတာ့ ေဝးတာလည္း ပါတာေပါ့ေနာ္။ ေဝးတဲ့ အခါက်ေတာ့ ေျပာရရင္ Payment မွာ ဗမာျပည္က လူေတြ အမ်ားစုကေတာ့ ေငြကို က်ေနာ္တို႔ကလည္း ဒီဘက္က လူေတြကလည္း ေငြကို အရင္ လိုခ်င္တာေပါ့။ က်န္တဲ့ ဒီဥေရာပ ႏိုင္ငံေတြက သူတို႔က ပစၥည္းေရာက္မွ ေငြေခ်တဲ့ ပုံစံ ဒီဟာမ်ိဳး လိုခ်င္တာ။ ေငြေခ်တဲ့ အပိုင္းမွာေတာ့ နည္းနည္းေလး ခက္မယ္ထင္တာ။ ”

႐ုရွားဘက္ကေတာ့ သၾကား တင္ပို႔မႈနဲ႔ ေကာက္ပဲသီးႏွံ တင္ပို႔မႈကို ယာယီ တားျမစ္ထားပါတယ္။ EAEU - ဥေရာပ အာရွ စီးပြားေရး သမဂၢ အဖြဲ႕ဝင္ အိမ္နီးခ်င္း ႏိုင္ငံေတြထံကို ေကာက္ပဲသီးႏွံ တင္ပို႔မႈကို ဇြန္လ ၃၀ ရက္ေန႔ထိ တားျမစ္ေၾကာင္းနဲ႔ သၾကား တင္ပို႔မႈကို ၾသဂုတ္လ ၃၁ ရက္ေန႔ထိ တားျမစ္ေၾကာင္း ၫႊန္ၾကားခ်က္ကို ႐ုရွား ဝန္ႀကီးခ်ဳပ္ Mikhail Mushustin က မတ္လ ၁၄ ရက္ေန႔ တနလာေနၤ့မွာ လက္မွတ္ေရးထိုးခဲ့တာပါ။

ယူကရိန္း အေပၚ က်ဴးေက်ာ္စစ္ေၾကာင့္ ဒဏ္ခတ္ပိတ္ဆို႔မႈဒဏ္ေတြရဲ႕ ႐ိုက္ခတ္ သက္ေရာက္မႈကို ေလွ်ာ့ခ်ႏိုင္ေရး ႐ုရွားဘက္က စားနပ္ရိကၡာ ျပည္ပ တင္ပို႔မႈကို တားျမစ္လိုက္ၿပီးေနာက္ ရက္ပိုင္းအတြင္းမွာဘဲ ကာဇက္စတန္ ႏိုင္ငံမွာ ကုန္ေဈးႏႈန္းတက္ၿပီး စိုးရိမ္စိတ္နဲ႔ အလုအယက္ ဝယ္ယူမႈေတြနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။ EAEU ဥေရာပအာရွ စီးပြားေရး သမဂၢ အဖြဲ႕ဝင္ ႏိုင္ငံတခု ျဖစ္တဲ့ ကာဇက္စတန္ ႏိုင္ငံမွာေတာ့ သမၼတ Kassym-Jomart Tokayev က စံခ်ိန္တင္ ကုန္ေဈးႏႈန္း တက္လာႏိုင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
ယူကရိန္းႏိုင္ငံတြင္း အေျခအေနေတြေၾကာင့္ စားေသာက္ကုန္စည္ ေဈးႏႈန္းေတြ ခုန္တက္သြားေစၿပီး မၾကာခင္မွာ စံခ်ိန္က်ိဳးသြားမယ့္ အေနအထား ရွိပါတယ္။

အရင္ ဆိုဗီယက္ ျပည္ေထာင္စုမွာ ပါဝင္ခဲ့ၾကတဲ့ ဗဟိုအာရွက ၅ ႏိုင္ငံဟာ ႐ုရွား ပို႔ကုန္ေတြ အေပၚမွာ အဓိက အားထားေနရတာ ျဖစ္ပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းဟာ ကမာၻ႔ ဂ်ဳံ စိုက္ပ်ိဳး ထုတ္လုပ္တင္ပို႔မႈမွာလည္း အဓိက က်တဲ့ ႏိုင္ငံေတြ ျဖစ္ေနပါတယ္။ ဒါ့အျပင္ EAEU အဖြဲ႕ဝင္ေတြ ျဖစ္တဲ့ ႐ုရွားနဲ႔ ဘယ္လာ႐ုစ္တို႔က ကမာၻမွာ ဓာတ္ေျမ ၾသဇာ အဓိက ထုတ္လုပ္တဲ့ ႏိုင္ငံေတြ ျဖစ္ၿပီး ျမန္မာႏိုင္ငံမွာလည္း လာမယ့္ မိုးစပါး အတြက္ ဓာတ္ေျမၾသဇာ ရရွိေရး ႀကိဳးစားေနရတဲ့ အခ်ိန္ ျဖစ္တာေၾကာင့္ ဓာတ္ေျမ ၾသဇာ ဝယ္ယူႏိုင္ေရးလည္း ျမန္မာဘက္က လိုလားေနတာ ျဖစ္ပါတယ္။ စီးပြားေရး လုပ္ငန္းရွင္ ေဒါက္တာ စိုးထြန္းကေတာ့ လက္ရွိမွာ ဓာတ္ေျမၾသဇာ တန္ခ်ိန္ ၂ သိန္းေက်ာ္ေလာက္ လိုအပ္ေနေၾကာင္း ေျပာပါတယ္။

ဓာတ္ေျမ ၾသဇာကေတာ့ လက္ရွိ ယူရီးယားေပါ့ေနာ္။ အရင္က တ႐ုတ္က ဝယ္တယ္။ အခု တ႐ုတ္က ပိတ္ထားတယ္။ Export ကို ပိတ္ထားတယ္။ အဲေတာ့ က်ေနာ္တို႔ တိုင္းျပည္ အေနနဲ႔ ေလာေလာဆယ္ လိုေနတာက ယူရီးယား လိုတယ္ ေတာင္သူေတြ အတြက္။ တႏွစ္ကို တန္ခ်ိန္ ၃၅၀,၀၀၀ နဲ႔ ၄၀၀,၀၀၀ ေလာက္ လိုတယ္။ ျမန္မာျပည္မွာ ထုတ္လုပ္ႏိုင္တာ ၁၅၀,၀၀၀ ေက်ာ္ေလာက္ ရွိတယ္ေပါ့ေနာ္။ က်န္တဲ့ တန္ခ်ိန္ ၂၀၀,၀၀၀ နဲ႔ ၂၅၀,၀၀၀ က ႏွစ္စဥ္လိုတယ္။ အဲဒီဟာေတာ့ က်ေနာ္တို႔က အခု အေရးေပၚ ရွာေနတာေပါ့ေနာ္။ အထူးသျဖင့္ မိုးစပါး အတြက္ သြင္းဖို႔ အတြက္ Supplier လိုေနတာေပါ့။

တိုက္႐ိုက္ လင့္ခ္

(Unicode)
ရုရှား ဦးဆောင်တဲ့ ဥရောပ အာရှ စီးပွားရေး သမဂ္ဂနဲ့ မြန်မာကြား ကုန်သွယ်ရေး အလားအလာ

ရုရှား ဦးဆောင်တဲ့ ဥရောပ အာရှ စီးပွားရေး သမဂ္ဂ EAEU က မြန်မာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းနေတာမှာ မြန်မာဘက်ကတော့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံရေး၊ ဓာတ်မြေသြဇာ အပါအဝင် လယ်ယာ သုံးပစ္စည်းတွေ ဝယ်ယူခွင့်နဲ့ ပို့ကုန် ထပ်တိုး တင်ပို့နိုင်ရေးတို့ကို လိုလားနေပါတယ်။ လက်ရှိမှာတော့ EAEU နဲ့ မြန်မာကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သိပ် မရှိသေးပါဘူး။ အနာဂတ် အလားအလာ ဘယ်လို ရှိနိုင်ပါလဲ ဆိုတာကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

“ ကျနော်တို့ဆီက အရင်က ပေါင်းဆန်လို ဟာမျိုးတော့ ရုရှားကို သွားတာ ရှိတယ်။ ကျနော်တို့ ရောင်းတာ ပေါင်းဆန်ပေါ့နော်။ သူ့ဆီက ဝယ်တာတော့ ဆီလည်းသူတို့ ရောင်းဖို့တော့ ကြိုးစားတယ်။ ဒါပေမယ့် ကျနော်တို့ ရုရှားနဲ့တော့ ဆီနဲ့ ပတ်သက်လို့ အများကြီး လုပ်တာတော့ မတွေ့ဘူး။ ရုရှားနဲ့ ကျနောတို့ ကြားမှာတော့ အများကြီး လုပ်တာတော့ မရှိတတ်ဘူး။ ”

မြန်မာ စစ်ကောင်စီရဲ့ ဝန်ကြီးဌာနတွေ၊ ဗဟိုဘဏ်၊ နောက် ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ EAEU ဥရောပ အာရှ စီးပွားရေး သမဂ္ဂတို့ကြား ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းက ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့ကြတာနဲ့ ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းကို မေးကြည့်တာမှာ ရုရှားနဲ့ မြန်မာကြား လက်ရှိ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို သူက ရှင်းပြခဲ့တာပါ။

ယူကရိန်း ကျူးကျော်စစ် စတင်ပြီးနောက် မတ်လ ၁၅ ရက် အင်္ဂါနေ့မှာဘဲ သွင်းကုန် တင်သွင်းမှုကို အဓိက လုပ်မယ့် ရုရှားရဲ့ စီးပွားရေး ထောက်ပံ့မှု အစီအစဉ်မှာ အမေရိကန် ဒေါ်လာ သန်း ၉၀၀၀ လောက် သုံးစွဲမယ့် အကြောင်း ရုရှား ဝန်ကြီးချုပ် Mikhail Mushustin က ပြောဆိုခဲ့ပါတယ်။ မတ်လကုန်မှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်မယ့် အစီအစဉ်တွေထဲမှာတော့ အလွန် အရေးပါတဲ့ လူသုံးကုန်စည်တွေ၊ စားသောက်ကုန်စည်တွေ တင်သွင်းရေး ဖြစ်ပါတယ်။

ခန့်မှန်း ရန်ပုံငွေ ပမာဏဟာ ရူဘဲလ်ငွေ ၁ ထရီလီယံ ဖြစ်ပါတယ်။ ဥရောပအာရှ စီးပွားရေး သမဂ္ဂ EAEU အဆင့် အပါအဝင် အစီအစဉ် တချို့ကိုတော့ မတ်လကုန်မှာ စတင် အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ပမာဏ အများစုကိုတော့ သွင်းကုန် ပိုင်းမှာ မြှပ်နှံဆောင်ရွက်မှာ ဖြစ်ပြီး ကုမ္ပဏီတွေနဲ့ လူတွေ အနေနဲ့ လက်ရှိ အခြေအနေမှာ လိုအပ်တဲ့ အရင်းအမြစ်တွေနဲ့ ကုန်စည်တွေကို အတတ်နိုင်ဆုံး အများဆုံး ဆက်လက် ရရှိနိုင်မှာ ဖြစ်ပါတယ်။

သွင်းကုန် အခွန် ကင်းလွတ်ခွင့်ကိုလည်း အမြင့်ဆုံး တိုးမြှင့် ဆောင်ရွက်ရေး အပါအဝင် ဥရောပ အာရှ စီးပွားရေး သမဂ္ဂ EAEU တွင်းက မိတ်ဖက်တွေနဲ့ ပူးတွဲ ဆောင်ရွက်ရေးကိုလည်း ရုရှား အစိုးရဘက်က ကမ်းလှမ်းထားပါတယ်။

EAEU – ဥရောပ အာရှ စီးပွားရေး သမဂ္ဂတွင်းက မိတ်ဖက်တွေ အနေနဲ့လည်း အခွန်လွတ် တင်သွင်း ကုန်စည် ကန့်သတ်ချက်ကို အမြင့်ဆုံး တိုးမြှင့်ကြဖို့ အကြံပြုပါတယ်။ သွင်းကုန် အခွန်ဆောင်တာမှာ ငွေလဲနှုန်းကို ပြင်ဆင်မှု၊ စစ်ဆေးရေး ဂိတ်တွေမှာ အခွန်စည်းကြပ်တာမှာ စက်ကိရိယာတွေနဲ့ အပိုပစ္စည်းတွေ အပါအဝင် စားသောက်ကုန်နဲ့ ဆေးဝါး အဓိကထားပြီး စားသုံးကုန်၊ လူသုံးကုန်စည်တွေကို ဦးစားပေးအဖြစ် သတ်မှတ်ဖို့၊ အလွန် အရေးကြီးတဲ့ သွင်းကုန်များစာရင်း ပြုစုပြီး ဒီကုန်စည်တွေ အတွက် အခွန်စည်းကြပ်မှုကို လွယ်ကူ ရှင်းလင်းအောင် ဆောင်ရွက်ကြဖို့လည်း အကြံပြုထားပါတယ်။

ရုရှား၊ ဘဲလားရုစ်၊ အာမေးနီးယား၊ ကာဇက်စတန်နဲ့ ကာဂျစ်စတန်တို့ ပါဝင်တဲ့ EAEU အဖွဲ့တွင်းက အဓိက ကျတဲ့ ရုရှားကို မြန်မာဘက်က ပေါင်းဆန် တင်ပို့မှု ရှိခဲ့ပေမယ့် မြန်မာနိုင်ငံတွင်း ပေါင်းဆန် ထုတ်လုပ်မှု အခက်အခဲ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲ အပြင် ငွေလွှဲပြောင်းမှုမှာလည်း အခက်အခဲ တချို့ ရှိကြောင်း စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

“ ဟိုးအရင်ကတော့ ပေါင်းဆန် ပို့တယ်။ အခု မပို့တာတော့ ၃ နှစ်- ၄ နှစ်လောက် ရှိပြီ။ အများကြီးတော့ မရှိတော့ဘူး။ အဆက်အဆံတော့ မရှိဘူး။ အခုတော့ ပြန်ဝယ်ချင် ဝယ်မှာပေါ့။ ဒါပေမယ့် ဒီဘက်မှာလည်း ပေါင်းဆန်ကလည်း မီးပြတ်တယ် ဘာညာဆိုတော့ ကျနော်တို့ ဆီက ပေါင်းဆန် ထွက်တဲ့ နှုန်းက ဒီလောက် မများဘူး ဖြစ်နေတာ။ လက်ရှိ ဒီ ပတ်ဝန်းကျင် နိုင်ငံတွေပေါ့ ဘင်္ဂလားဒေရှ့်တို့ ဘာတို့ကလည်း demand ရှိနေတော့လေ။ ရုရှားကတော့ ဝေးတာလည်း ပါတာပေါ့နော်။ ဝေးတဲ့ အခါကျတော့ ပြောရရင် Payment မှာ ဗမာပြည်က လူတွေ အများစုကတော့ ငွေကို ကျနော်တို့ကလည်း ဒီဘက်က လူတွေကလည်း ငွေကို အရင် လိုချင်တာပေါ့။ ကျန်တဲ့ ဒီဥရောပ နိုင်ငံတွေက သူတို့က ပစ္စည်းရောက်မှ ငွေချေတဲ့ ပုံစံ ဒီဟာမျိုး လိုချင်တာ။ ငွေချေတဲ့ အပိုင်းမှာတော့ နည်းနည်းလေး ခက်မယ်ထင်တာ။ ”

ရုရှားဘက်ကတော့ သကြား တင်ပို့မှုနဲ့ ကောက်ပဲသီးနှံ တင်ပို့မှုကို ယာယီ တားမြစ်ထားပါတယ်။ EAEU - ဥရောပ အာရှ စီးပွားရေး သမဂ္ဂ အဖွဲ့ဝင် အိမ်နီးချင်း နိုင်ငံတွေထံကို ကောက်ပဲသီးနှံ တင်ပို့မှုကို ဇွန်လ ၃၀ ရက်နေ့ထိ တားမြစ်ကြောင်းနဲ့ သကြား တင်ပို့မှုကို သြဂုတ်လ ၃၁ ရက်နေ့ထိ တားမြစ်ကြောင်း ညွှန်ကြားချက်ကို ရုရှား ဝန်ကြီးချုပ် Mikhail Mushustin က မတ်လ ၁၄ ရက်နေ့ တနလာင်္နေ့မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

ယူကရိန်း အပေါ် ကျူးကျော်စစ်ကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုဒဏ်တွေရဲ့ ရိုက်ခတ် သက်ရောက်မှုကို လျှော့ချနိုင်ရေး ရုရှားဘက်က စားနပ်ရိက္ခာ ပြည်ပ တင်ပို့မှုကို တားမြစ်လိုက်ပြီးနောက် ရက်ပိုင်းအတွင်းမှာဘဲ ကာဇက်စတန် နိုင်ငံမှာ ကုန်ဈေးနှုန်းတက်ပြီး စိုးရိမ်စိတ်နဲ့ အလုအယက် ဝယ်ယူမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ EAEU ဥရောပအာရှ စီးပွားရေး သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတခု ဖြစ်တဲ့ ကာဇက်စတန် နိုင်ငံမှာတော့ သမ္မတ Kassym-Jomart Tokayev က စံချိန်တင် ကုန်ဈေးနှုန်း တက်လာနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံတွင်း အခြေအနေတွေကြောင့် စားသောက်ကုန်စည် ဈေးနှုန်းတွေ ခုန်တက်သွားစေပြီး မကြာခင်မှာ စံချိန်ကျိုးသွားမယ့် အနေအထား ရှိပါတယ်။

အရင် ဆိုဗီယက် ပြည်ထောင်စုမှာ ပါဝင်ခဲ့ကြတဲ့ ဗဟိုအာရှက ၅ နိုင်ငံဟာ ရုရှား ပို့ကုန်တွေ အပေါ်မှာ အဓိက အားထားနေရတာ ဖြစ်ပါတယ်။ ရုရှားနဲ့ ယူကရိန်းဟာ ကမ္ဘာ့ ဂျုံ စိုက်ပျိုး ထုတ်လုပ်တင်ပို့မှုမှာလည်း အဓိက ကျတဲ့ နိုင်ငံတွေ ဖြစ်နေပါတယ်။ ဒါ့အပြင် EAEU အဖွဲ့ဝင်တွေ ဖြစ်တဲ့ ရုရှားနဲ့ ဘယ်လာရုစ်တို့က ကမ္ဘာမှာ ဓာတ်မြေ သြဇာ အဓိက ထုတ်လုပ်တဲ့ နိုင်ငံတွေ ဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း လာမယ့် မိုးစပါး အတွက် ဓာတ်မြေသြဇာ ရရှိရေး ကြိုးစားနေရတဲ့ အချိန် ဖြစ်တာကြောင့် ဓာတ်မြေ သြဇာ ဝယ်ယူနိုင်ရေးလည်း မြန်မာဘက်က လိုလားနေတာ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းကတော့ လက်ရှိမှာ ဓာတ်မြေသြဇာ တန်ချိန် ၂ သိန်းကျော်လောက် လိုအပ်နေကြောင်း ပြောပါတယ်။

ဓာတ်မြေ သြဇာကတော့ လက်ရှိ ယူရီးယားပေါ့နော်။ အရင်က တရုတ်က ဝယ်တယ်။ အခု တရုတ်က ပိတ်ထားတယ်။ Export ကို ပိတ်ထားတယ်။ အဲတော့ ကျနော်တို့ တိုင်းပြည် အနေနဲ့ လောလောဆယ် လိုနေတာက ယူရီးယား လိုတယ် တောင်သူတွေ အတွက်။ တနှစ်ကို တန်ချိန် ၃၅၀,၀၀၀ နဲ့ ၄၀၀,၀၀၀ လောက် လိုတယ်။ မြန်မာပြည်မှာ ထုတ်လုပ်နိုင်တာ ၁၅၀,၀၀၀ ကျော်လောက် ရှိတယ်ပေါ့နော်။ ကျန်တဲ့ တန်ချိန် ၂၀၀,၀၀၀ နဲ့ ၂၅၀,၀၀၀ က နှစ်စဉ်လိုတယ်။ အဲဒီဟာတော့ ကျနော်တို့က အခု အရေးပေါ် ရှာနေတာပေါ့နော်။ အထူးသဖြင့် မိုးစပါး အတွက် သွင်းဖို့ အတွက် Supplier လိုနေတာပေါ့။

XS
SM
MD
LG