သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာနယ္စပ္ေဒသတေလွ်ာက္ သြားလာမႈ ႏိုင္ငံသားေတြကို တ႐ုတ္သတိေပး


မူဆယ္ၿမိဳ႕ရွိ တ႐ုတ္-ျမန္မာနယ္စပ္ဂိတ္အနီး ျဖတ္သန္းသြားလာေနသူတဦး။ (ဇူလုိင္ ၅၊ ၂၀၂၁)

(Zawgyi / Unicode)

တ႐ုတ္ႏိုင္ငံသားေတြအေနနဲ႔ ျမန္မာႏိုင္ငံေျမာက္ပိုင္းနဲ႔ နယ္စပ္ေဒသတခ်ိဳ႕ကို သတိထား သြားလာၾကဖို႔ တ႐ုတ္ႏိုင္ငံျခားေရးဌာနက တရားဝင္ ေၾကညာထားပါတယ္။ ျမန္မာျပည္တြင္း ႏိုင္ငံေရး မတည္ၿငိမ္မႈေတြေၾကာင့္ သူ႔ႏိုင္ငံသားေတြရဲ႕ လုံၿခဳံေရးကို တြက္ဆၿပီး တ႐ုတ္ဘက္က အခုလို သတိေပးတာ ျဖစ္ႏိုင္တယ္လို႔ နယ္စပ္က ေဒသခံတခ်ိဳ႕က ေျပာပါတယ္။ ရန္ကုန္ကေန သတင္းေပးပို႔ထားပါတယ္။

ရွမ္းျပည္နယ္ တာခ်ီလိတ္၊ ကရင္ျပည္နယ္ ျမဝတီနဲ႔ ျမန္မာႏိုင္ငံေျမာက္ပိုင္း ေဒသေတြကို သတိထားၿပီး သြားလာၾကဖို႔ တ႐ုတ္ႏိုင္ငံျခားေရးဌာနက သူ႔ႏိုင္ငံသားေတြကို ေဖေဖာ္ဝါရီလ ၂၈ ရက္မွာ သတိေပးထားပါတယ္။ ဒီသတိေပးခ်က္ကိုပဲ ျမန္မာဘာသာနဲ႔ ေရးသားတဲ့ တ႐ုတ္ေပါက္ေဖာ္သတင္းစာမွာ မေန႔က ထပ္ၿပီး အသိေပးလိုက္တာပါ။

အဲဒီေဒသေတြက အြန္လိုင္းေလာင္းကစားေတြလို တရားမဝင္ လုပ္ငန္းေတြမွာ ပါဝင္မပတ္သက္ၾကဖို႔၊ ျပန္ေပးဆြဲခံရတာ၊ ထိန္းသိမ္းခံရတာ စတဲ့ အေရးေပၚ အေျခအေနေတြ ျဖစ္ခဲ့ရင္လည္း ျမန္မာျပည္ထဲက တ႐ုတ္သံ႐ုံးနဲ႔ ေကာင္စစ္ဝန္႐ုံးကို ခ်က္ခ်င္းသတင္းပို႔ဖို႔ တ႐ုတ္အစိုးရရဲ႕ ထုတ္ျပန္ခ်က္ကို ကိုးကားၿပီး သတင္းေတြက ေရးသားၾကပါတယ္။

တ႐ုတ္အစိုးရ ထုတ္ျပန္ထားတဲ့ ဒီေဒသေတြမွာ လက္နက္ကိုင္တိုက္ပြဲေတြ ျဖစ္ပြားေနၿပီး ေဒသခံအမ်ားအျပား ထြက္ေျပးတိမ္းေရွာင္ေနရတာပါ။ ကခ်င္ျပည္နယ္ ေနရာအႏွံ႔နဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ အေရွ႕ပိုင္း၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ေတြမွာ စစ္ေကာင္စီနဲ႔ ေဒသတြင္း လက္နက္ကိုင္အဖြဲ႕ေတြ တိုက္ပြဲျပင္းထန္ေနပါတယ္။

ဒါေၾကာင့္ ဒီအေျခအေနေတြကို သူ႔ႏိုင္ငံသားေတြကို သတိေပးတာ ျဖစ္ႏိုင္ေၾကာင္း ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕က လုပ္ငန္းရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။ တ႐ုတ္ဘက္က ဒီလိုထုတ္ျပန္တာဟာ ျပည္တြင္းမွာ ပဋိပကၡေတြ ပိုၿပီး စိုးရိမ္လာႏိုင္ေျခ ရွိတယ္ဆိုတဲ့ ႀကိဳတင္ခန႔္မွန္းမႈလို႔လည္း သူကျမင္ပါတယ္။

“ခ်င္းရယ္ စစ္ကိုင္းရယ္ ကခ်င္၊ ရွမ္း ဒီဘက္မွာေတာ့ ကယားကေနစၿပီး စစ္ေရးပဋိပကၡ ပိုမ်ားတယ္လို႔ ျမင္မိတာေပါ့ေနာ္၊ က်ေနာ့္အေနနဲ႔ သုံးသပ္မိတယ္။ ၿပီးေတာ့ ျမဝတီကလည္း ဟုတ္တယ္ တ႐ုတ္ေတြ အဝင္အထြက္ တအားမ်ားတယ္၊ တာခ်ီလိတ္လည္း မ်ားတယ္။ ဒါကေတာ့ သူတို႔ရဲ႕ေရာဂါထက္ကို က်ေနာ္ထင္တာကေတာ့ အခုျဖစ္ေနတဲ့ ယူကရိန္းနဲ႔ ႐ုရွားပုံစံ အဲ့ပုံစံမ်ား ျဖစ္လာႏိုင္မလားေပါ့ ထင္တာေပါ့ေလ။ ထင္တယ္ဆိုေပမယ့္လည္း ျဖစ္လာႏိုင္တဲ့ အေနထား ရွိလားဆိုေတာ့လည္း ရွင္းရွင္းေျပာရင္ ျမန္မာေျမာက္ဖ်ားပိုင္း ရွမ္းျပည္နယ္ကေန စစ္ကိုင္းတိုင္း ေျမာက္ဘက္ပိုင္းဆို လက္နက္ကိုင္ေတြကလည္း တအားမ်ားတာေပါ့။ ဒါမွမဟုတ္လည္း သူတို႔ (တ႐ုတ္) ဩဇာခံ တပ္မေတာ္နဲ႔ ျမန္မာႏိုင္ငံအေနနဲ႔ ပိုၿပီး ျဖစ္ႏိုင္လာႏိုင္တဲ့ အေနအထားရွိလို႔ သူတို႔ေျပာတာလား။ ဒါကေတာ့ က်ေနာ့္ ထင္ျမင္ခ်က္ပါ။”

၂၀၂၁ စက္တင္ဘာက ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ခ႐ိုင္ ပန္ဆိုင္းနဲ႔ မုံးကိုးတဝိုက္မွာ စစ္ေကာင္စီနဲ႔ လူမ်ိဳးစု လက္နက္ကိုင္တခ်ိဳ႕ ပစ္ခတ္မႈေတြ ျဖစ္ၾကၿပီး တ႐ုတ္ႏိုင္ငံ ဝမ္တိန္ၿမိဳ႕ထဲကို ေသနတ္က်ည္ေတြ က်ခဲ့ပါတယ္။ တ႐ုတ္အစိုးရက ဒါကို သတိေပးခဲ့ၿပီး သူ႔ႏိုင္ငံသားေတြကို ျမန္မာနယ္စပ္နား မသြားဖို႔ အထပ္ျမင့္တိုက္ေတြကေန တက္မၾကည့္ဖို႔ ေျပာခဲ့ပါတယ္။

ျမန္မာနဲ႔ ထိစပ္ေနတဲ့ ေနရာအေတာ္မ်ားမ်ားကို တ႐ုတ္က သံဆူးႀကိဳးနဲ႔ ၿခံစည္း႐ိုး ကာေနတာဟာ ကိုဗစ္ေရာဂါကို ေၾကာက္လို႔မဟုတ္ဘဲ ျမန္မာဘက္က စစ္ေျပးဒုကၡသည္ေတြ သူ႔ႏိုင္ငံထဲ ကၽြံဝင္လာမွာကို စိုးရိမ္ေနတာလို႔ တခ်ိဳ႕က ေျပာပါတယ္။ အခု ျမန္မာျပည္တြင္းမွာ ျဖစ္ေနတဲ့ မတည္ၿငိမ္မႈေတြရဲ႕ အေျခအေနကို လိုက္ၿပီး တ႐ုတ္ဘက္က သူ႔လုံၿခဳံေရးနဲ႔ အက်ိဳးစီးပြားအတြက္ လိုသလို ေဆာင္ရြက္ေနတာလို႔ ရွမ္းျပည္နယ္ မူဆယ္ၿမိဳ႕က စီးပြားေရးလုပ္ငန္းရွင္တဦးက ေျပာပါတယ္။

“လက္နက္ကိုင္ ျပႆနာေတြနဲ႔ ပတ္သက္လို႔ ေရွ႕ကို ႀကိဳမွန္းႏိုင္တာကေတာ့ သူတို႔က ေတာ္ေတာ္ႀကီး တိက်ေအာင္ မွန္းႏိုင္၊ တြက္ခ်က္ႏိုင္လိမ့္မယ္လို႔ ထင္ပါတယ္။ အစအဆုံး ျပန္ၾကည့္ေပါ့ဗ်ာ၊ လက္နက္ကိုင္ ျပႆနာေတြမွာ ၾကားဝင္ေဆာင္ရြက္တာပဲျဖစ္ျဖစ္၊ ဘာပဲျဖစ္ျဖစ္၊ ႏိုင္ငံေရးမွာပဲျဖစ္ျဖစ္ သူတို႔အားလုံး ပါေနတယ္ေလ။ အေရးပါတဲ့ အခန္းက႑ကေန သူတို႔ပါတာကိုး။ ပါတဲ့အခါက်ေတာ့ သူတို႔ႏိုင္ငံနဲ႔ က်ေနာ္တို႔ႏိုင္ငံနဲ႔ ျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးေတြ၊ စီးပြားေရးေတြ၊ လက္နက္ကိုင္ျပႆနာ ဒါေတြအေပၚမွာ သူတို႔က တြက္ခ်က္ၿပီးေတာ့မွ လိုသလို ထိန္းခ်ဳပ္တာေတြ၊ လိုသလို ထုတ္ျပန္တာေတြ၊ လိုသလို ၾကပ္မတ္တာေတြဟာ ဒါေတြအေပၚ အေျခခံၿပီး လုပ္တယ္လို႔ အဲလိုျမင္ပါတယ္ဗ်။”

ျမန္မာျပည္တြင္းက ေလာင္းကစားနဲ႔ တရားမဝင္ စီးပြားေရးလုပ္ငန္းေတြမွာ ဝင္ေရာက္မပတ္သက္ဖို႔ သူ႔ႏိုင္ငံသားေတြကို တ႐ုတ္အစိုးရက သတိေပးထားေပမယ့္ တကယ္ေတာ့ ဒီစီးပြားေရးလုပ္ငန္းေတြမွာ တ႐ုတ္ႏိုင္ငံသားေတြကပဲ အဓိက ပါဝင္ပတ္သက္ေနတာပါ။ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ခ႐ိုင္၊ ရွမ္းအေရွ႕ တာခ်ီလိတ္နဲ႔ ကခ်င္ျပည္နယ္ ျမဝတီၿမိဳ႕နယ္ထဲက ကာစီႏိုနဲ႔ အြန္လိုင္းေလာင္းကစား လုပ္ငန္းေတြမွာ တ႐ုတ္ႏိုင္ငံသားေတြကပဲ ေငြအေျမာက္အျမား ရင္းႏွီးျမႇဳပ္ႏွံထားတာပါ။

ကခ်င္ျပည္နယ္က လြယ္ဂ်ယ္ဂိတ္၊ ကန္ပိုက္တီးဂိတ္၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္းက မန္ဝိန္းဂိတ္၊ က်င္စန္းေက်ာ့ဂိတ္၊ ရွမ္းအေရွ႕ပိုင္းက ခ်င္းေရႊေဟာ္ဂိတ္ ဒါေတြကို တ႐ုတ္ဘက္က ကိုဗစ္ေရာဂါ အေၾကာင္းျပၿပီး မတ္လအေစာပိုင္းမွာ ပိတ္လိုက္ပါတယ္။

တ႐ုတ္ပိတ္ထားတဲ့ နယ္စပ္ကုန္သြယ္ေရးဂိတ္ေတြ ျပန္ဖြင့္ၿပီး ကုန္သြယ္ေရး ျပန္စႏိုင္ဖို႔ ႏွစ္ဖက္ေတြ႔ဆုံပြဲတခုကို ကခ်င္ျပည္နယ္ စစ္ေကာင္စီရဲ႕ အုပ္ခ်ဳပ္ေရးအဖြဲ႔႐ုံး မလိခခန္းမမွာ ဗုဒၶဟူးေန႔က လုပ္ခဲ့ပါတယ္။ မတ္လ ၁၂ ရက္မွာ မူဆယ္ ၁၀၅ မိုင္နားက က်င္စန္းေက်ာ့ဂိတ္ကို ျပန္ဖြင့္ေပးမယ္လို႔ ခန႔္မွန္းေနၾကေပမယ့္ မေသခ်ာေသးဘူးလို႔ ျမန္မာကုန္သည္ေတြက ေျပာပါတယ္။ နယ္စပ္ဖြင့္မဖြင့္ မက်ိန္းေသတဲ့အတြက္ တ႐ုတ္ကိုပို႔ဖို႔ အခြန္ေဆာင္ထားတဲ့ မူဆယ္ကုန္ေတြကို ျမန္မာကုန္သည္ေတြက ေနရပ္ျပန္သယ္ေနၾကပါတယ္။

ျမန္မာႏိုင္ငံမွာ သတိထား သြားလာၾကဖို႔ တ႐ုတ္ႏိုင္ငံျခားေရးဘက္က ထုတ္ျပန္ခ်က္ဟာ အခုႏွစ္ ဩဂုတ္လ ၃၀ ရက္အထိ အက်ဳံးဝင္တယ္လို႔ ျမန္မာဘာသာနဲ႔ ေဖာ္ျပတဲ့ တ႐ုတ္အစိုးရ ေနာက္ခံျပဳ သတင္းဌာနတခ်ိဳ႕က ေရးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

မြန်မာနယ်စပ်ဒေသတလျှောက် သွားလာမှု နိုင်ငံသားတွေကို တရုတ်သတိပေး

တရုတ်နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ နယ်စပ်ဒေသတချို့ကို သတိထား သွားလာကြဖို့ တရုတ်နိုင်ငံခြားရေးဌာနက တရားဝင် ကြေညာထားပါတယ်။ မြန်မာပြည်တွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် သူ့နိုင်ငံသားတွေရဲ့ လုံခြုံရေးကို တွက်ဆပြီး တရုတ်ဘက်က အခုလို သတိပေးတာ ဖြစ်နိုင်တယ်လို့ နယ်စပ်က ဒေသခံတချို့က ပြောပါတယ်။ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ် တာချီလိတ်၊ ကရင်ပြည်နယ် မြဝတီနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ဒေသတွေကို သတိထားပြီး သွားလာကြဖို့ တရုတ်နိုင်ငံခြားရေးဌာနက သူ့နိုင်ငံသားတွေကို ဖေဖော်ဝါရီလ ၂၈ ရက်မှာ သတိပေးထားပါတယ်။ ဒီသတိပေးချက်ကိုပဲ မြန်မာဘာသာနဲ့ ရေးသားတဲ့ တရုတ်ပေါက်ဖော်သတင်းစာမှာ မနေ့က ထပ်ပြီး အသိပေးလိုက်တာပါ။

အဲဒီဒေသတွေက အွန်လိုင်းလောင်းကစားတွေလို တရားမဝင် လုပ်ငန်းတွေမှာ ပါဝင်မပတ်သက်ကြဖို့၊ ပြန်ပေးဆွဲခံရတာ၊ ထိန်းသိမ်းခံရတာ စတဲ့ အရေးပေါ် အခြေအနေတွေ ဖြစ်ခဲ့ရင်လည်း မြန်မာပြည်ထဲက တရုတ်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးကို ချက်ချင်းသတင်းပို့ဖို့ တရုတ်အစိုးရရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းတွေက ရေးသားကြပါတယ်။

တရုတ်အစိုးရ ထုတ်ပြန်ထားတဲ့ ဒီဒေသတွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ကချင်ပြည်နယ် နေရာအနှံ့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ စစ်ကောင်စီနဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပါတယ်။

ဒါကြောင့် ဒီအခြေအနေတွေကို သူ့နိုင်ငံသားတွေကို သတိပေးတာ ဖြစ်နိုင်ကြောင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့က လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။ တရုတ်ဘက်က ဒီလိုထုတ်ပြန်တာဟာ ပြည်တွင်းမှာ ပဋိပက္ခတွေ ပိုပြီး စိုးရိမ်လာနိုင်ခြေ ရှိတယ်ဆိုတဲ့ ကြိုတင်ခန့်မှန်းမှုလို့လည်း သူကမြင်ပါတယ်။

“ချင်းရယ် စစ်ကိုင်းရယ် ကချင်၊ ရှမ်း ဒီဘက်မှာတော့ ကယားကနေစပြီး စစ်ရေးပဋိပက္ခ ပိုများတယ်လို့ မြင်မိတာပေါ့နော်၊ ကျနော့်အနေနဲ့ သုံးသပ်မိတယ်။ ပြီးတော့ မြဝတီကလည်း ဟုတ်တယ် တရုတ်တွေ အဝင်အထွက် တအားများတယ်၊ တာချီလိတ်လည်း များတယ်။ ဒါကတော့ သူတို့ရဲ့ရောဂါထက်ကို ကျနော်ထင်တာကတော့ အခုဖြစ်နေတဲ့ ယူကရိန်းနဲ့ ရုရှားပုံစံ အဲ့ပုံစံများ ဖြစ်လာနိုင်မလားပေါ့ ထင်တာပေါ့လေ။ ထင်တယ်ဆိုပေမယ့်လည်း ဖြစ်လာနိုင်တဲ့ အနေထား ရှိလားဆိုတော့လည်း ရှင်းရှင်းပြောရင် မြန်မာမြောက်ဖျားပိုင်း ရှမ်းပြည်နယ်ကနေ စစ်ကိုင်းတိုင်း မြောက်ဘက်ပိုင်းဆို လက်နက်ကိုင်တွေကလည်း တအားများတာပေါ့။ ဒါမှမဟုတ်လည်း သူတို့ (တရုတ်) ဩဇာခံ တပ်မတော်နဲ့ မြန်မာနိုင်ငံအနေနဲ့ ပိုပြီး ဖြစ်နိုင်လာနိုင်တဲ့ အနေအထားရှိလို့ သူတို့ပြောတာလား။ ဒါကတော့ ကျနော့် ထင်မြင်ချက်ပါ။”

၂၀၂၁ စက်တင်ဘာက ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းနဲ့ မုံးကိုးတဝိုက်မှာ စစ်ကောင်စီနဲ့ လူမျိုးစု လက်နက်ကိုင်တချို့ ပစ်ခတ်မှုတွေ ဖြစ်ကြပြီး တရုတ်နိုင်ငံ ဝမ်တိန်မြို့ထဲကို သေနတ်ကျည်တွေ ကျခဲ့ပါတယ်။ တရုတ်အစိုးရက ဒါကို သတိပေးခဲ့ပြီး သူ့နိုင်ငံသားတွေကို မြန်မာနယ်စပ်နား မသွားဖို့ အထပ်မြင့်တိုက်တွေကနေ တက်မကြည့်ဖို့ ပြောခဲ့ပါတယ်။

မြန်မာနဲ့ ထိစပ်နေတဲ့ နေရာအတော်များများကို တရုတ်က သံဆူးကြိုးနဲ့ ခြံစည်းရိုး ကာနေတာဟာ ကိုဗစ်ရောဂါကို ကြောက်လို့မဟုတ်ဘဲ မြန်မာဘက်က စစ်ပြေးဒုက္ခသည်တွေ သူ့နိုင်ငံထဲ ကျွံဝင်လာမှာကို စိုးရိမ်နေတာလို့ တချို့က ပြောပါတယ်။ အခု မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ မတည်ငြိမ်မှုတွေရဲ့ အခြေအနေကို လိုက်ပြီး တရုတ်ဘက်က သူ့လုံခြုံရေးနဲ့ အကျိုးစီးပွားအတွက် လိုသလို ဆောင်ရွက်နေတာလို့ ရှမ်းပြည်နယ် မူဆယ်မြို့က စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“လက်နက်ကိုင် ပြဿနာတွေနဲ့ ပတ်သက်လို့ ရှေ့ကို ကြိုမှန်းနိုင်တာကတော့ သူတို့က တော်တော်ကြီး တိကျအောင် မှန်းနိုင်၊ တွက်ချက်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အစအဆုံး ပြန်ကြည့်ပေါ့ဗျာ၊ လက်နက်ကိုင် ပြဿနာတွေမှာ ကြားဝင်ဆောင်ရွက်တာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ် သူတို့အားလုံး ပါနေတယ်လေ။ အရေးပါတဲ့ အခန်းကဏ္ဍကနေ သူတို့ပါတာကိုး။ ပါတဲ့အခါကျတော့ သူတို့နိုင်ငံနဲ့ ကျနော်တို့နိုင်ငံနဲ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးတွေ၊ စီးပွားရေးတွေ၊ လက်နက်ကိုင်ပြဿနာ ဒါတွေအပေါ်မှာ သူတို့က တွက်ချက်ပြီးတော့မှ လိုသလို ထိန်းချုပ်တာတွေ၊ လိုသလို ထုတ်ပြန်တာတွေ၊ လိုသလို ကြပ်မတ်တာတွေဟာ ဒါတွေအပေါ် အခြေခံပြီး လုပ်တယ်လို့ အဲလိုမြင်ပါတယ်ဗျ။”

မြန်မာပြည်တွင်းက လောင်းကစားနဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေမှာ ဝင်ရောက်မပတ်သက်ဖို့ သူ့နိုင်ငံသားတွေကို တရုတ်အစိုးရက သတိပေးထားပေမယ့် တကယ်တော့ ဒီစီးပွားရေးလုပ်ငန်းတွေမှာ တရုတ်နိုင်ငံသားတွေကပဲ အဓိက ပါဝင်ပတ်သက်နေတာပါ။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ရှမ်းအရှေ့ တာချီလိတ်နဲ့ ကချင်ပြည်နယ် မြဝတီမြို့နယ်ထဲက ကာစီနိုနဲ့ အွန်လိုင်းလောင်းကစား လုပ်ငန်းတွေမှာ တရုတ်နိုင်ငံသားတွေကပဲ ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံထားတာပါ။

ကချင်ပြည်နယ်က လွယ်ဂျယ်ဂိတ်၊ ကန်ပိုက်တီးဂိတ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းက မန်ဝိန်းဂိတ်၊ ကျင်စန်းကျော့ဂိတ်၊ ရှမ်းအရှေ့ပိုင်းက ချင်းရွှေဟော်ဂိတ် ဒါတွေကို တရုတ်ဘက်က ကိုဗစ်ရောဂါ အကြောင်းပြပြီး မတ်လအစောပိုင်းမှာ ပိတ်လိုက်ပါတယ်။

တရုတ်ပိတ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်ပြီး ကုန်သွယ်ရေး ပြန်စနိုင်ဖို့ နှစ်ဖက်တွေ့ဆုံပွဲတခုကို ကချင်ပြည်နယ် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့ရုံး မလိခခန်းမမှာ ဗုဒ္ဓဟူးနေ့က လုပ်ခဲ့ပါတယ်။ မတ်လ ၁၂ ရက်မှာ မူဆယ် ၁၀၅ မိုင်နားက ကျင်စန်းကျော့ဂိတ်ကို ပြန်ဖွင့်ပေးမယ်လို့ ခန့်မှန်းနေကြပေမယ့် မသေချာသေးဘူးလို့ မြန်မာကုန်သည်တွေက ပြောပါတယ်။ နယ်စပ်ဖွင့်မဖွင့် မကျိန်းသေတဲ့အတွက် တရုတ်ကိုပို့ဖို့ အခွန်ဆောင်ထားတဲ့ မူဆယ်ကုန်တွေကို မြန်မာကုန်သည်တွေက နေရပ်ပြန်သယ်နေကြပါတယ်။

မြန်မာနိုင်ငံမှာ သတိထား သွားလာကြဖို့ တရုတ်နိုင်ငံခြားရေးဘက်က ထုတ်ပြန်ချက်ဟာ အခုနှစ် ဩဂုတ်လ ၃၀ ရက်အထိ အကျုံးဝင်တယ်လို့ မြန်မာဘာသာနဲ့ ဖော်ပြတဲ့ တရုတ်အစိုးရ နောက်ခံပြု သတင်းဌာနတချို့က ရေးထားပါတယ်။

XS
SM
MD
LG