သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္နယ္စပ္ဂိတ္မွာ ျမန္မာကုန္ကား ရာနဲ႔ခ်ီ ေစာင့္ဆိုင္းေနရ


တ႐ုတ္ႏုိင္ငံဘက္ ကုန္ပစၥည္းတင္ပို႔ဖုိ႔ သြားေနတဲ့ ျမန္မာကုန္ကားမ်ား။

(Zawgyi / Unicode)

တ႐ုတ္-ျမန္မာ နယ္စပ္ဂိတ္ ၂ ခုကို အဂၤါေန႔မွာ ျပန္ဖြင့္ေပးဖို႔ သေဘာတူထားေပမယ့္ တ႐ုတ္ႏိုင္ငံဘက္က ဖြင့္မေပးေသးတာေၾကာင့္ ျမန္မာဘက္က ကုန္စည္ေတြ တင္ေဆာင္လာတဲ့ ကားေတြ နယ္စပ္မွာ ေစာင့္ဆိုင္းေနၾကရတယ္လို႔ ကန္ပိုက္တည္ နယ္စပ္ကုန္သည္မ်ားအသင္း တာဝန္ရွိသူတဦးက ေျပာပါတယ္။ ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးအတြက္ ပိတ္ထားတဲ့ နယ္စပ္ေတြကို ျပန္ဖြင့္ေပးဖို႔ သေဘာတူထားေပမယ့္ လက္ေတြ႔ ျပန္မဖြင့္ႏိုင္ေသးတဲ့ အေျခအေနအေပၚ ကုန္သည္ေတြရဲ႕ သေဘာထား အျမင္ေတြနဲ႔ ပတ္သက္လို႔ ရန္ကုန္က သတင္းေပးပို႔ထားတာကို ကိုရဲမြန္ ေျပာျပေပးမွာပါ။

တ႐ုတ္ျပည္ထဲဝင္ဖို႔ ကခ်င္ျပည္နယ္ ကန္ပိုက္တည္နယ္စပ္ဂိတ္မွာ ေစာင့္ဆိုင္းေနတဲ့ ငွက္ေပ်ာတင္ထားတဲ့ ကုန္တင္ကား ရာနဲ႔ခ်ီၿပီး ရွိေနပါတယ္။ ဒီဇင္ဘာ ၇ ရက္မွာ ကန္ပိုက္တည္နဲ႔ လြယ္ဂ်ယ္နယ္စပ္ဂိတ္ကို ျပန္ဖြင့္ေပးမယ္လို႔ တ႐ုတ္ဘက္က ကနဦး သေဘာတူထားေပမယ့္ လက္ေတြ႔မွာ မဖြင့္ေသးတာေၾကာင့္ အခုလို ကုန္ကားေတြ ပိတ္ဆို႔ခဲ့ရတာပါ။ အေစာပိုင္းမွာတုန္းက ေအာက္တိုဘာလ ၁၅ ရက္မွာဖြင့္ဖို႔ စီစဥ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ႏိုဝင္ဘာလ ၅ ရက္ကို ေရႊ႕ခဲ့ၿပီး အခုေနာက္ဆုံး ဒီဇင္ဘာလ ၇ ရက္မွာ ျပန္ဖြင့္ဖို႔ ေျပာထားေပမယ့္ အဂၤါေန႔အထိ ျပန္မဖြင့္ေသးဘူးလို႔ ကန္ပိုက္တည္ကုန္သည္အသင္းက တာဝန္ရွိသူတဦးျဖစ္တဲ့ ဦးေအာင္လိန္းက ဗြီအိုေအကို ေျပာပါတယ္။

“တကယ္တမ္းဆို မဖြင့္ေသးဘူး။ အဝင္အထြက္ ဘာမွမရွိဘူး။ ဒါေပမယ့္ ဒီ ဗမာျပည္ဘက္က Ready ေတြ ျဖစ္ေနၾကတာေပါ့ေနာ္။ ကုန္ကားေတြ ကုန္စည္တင္ပို႔ဖို႔ေလ။ ဒီမွာ ဝိုင္းေမာ္တေလွ်ာက္မွာလည္း တန္းစီၿပီးေတာ့ ေစာင့္ေနတာ ျပည့္ေနတာပဲေပါ့ေနာ္ ယာဥ္အစီး ၇၀၀ ေလာက္ရွိတယ္။ အခုက ဗမာျပည္က ကားအစီး ၅၀၀ ဝင္ခိုင္းတယ္ဆိုလို႔ အဲဒီအစီး ၅၀၀ ကို တန္းစီေနၾကတယ္။”

တ႐ုတ္ျပည္ထဲဝင္ဖို႔ တန္းစီေနတဲ့ ကုန္ကားအမ်ားစုက တစ္႐ွဴးငွက္ေပ်ာတင္ထားတဲ့ ကားေတြ ျဖစ္ပါတယ္။ တစ္႐ွဴးငွက္ေပ်ာစိုက္ပ်ိဳးေရးကို တ႐ုတ္လုပ္ငန္းရွင္ေတြက ပိုင္ဆိုင္တယ္ ဆုိေပမယ့္လည္း တ႐ုတ္အစိုးရဘက္က လတ္တေလာမွာ ဒီဂိတ္ေတြကို ျပန္ဖြင့္ေပးဖို႔ မေရမရာ ျဖစ္ေနၿပီး ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း မတည္မၿငိမ္ အေျခအေနေတြနဲ႔ ဆက္ႏႊယ္ႏိုင္တယ္လို႔လည္း ကုန္သည္ေတြက ယူဆေနၾကပါတယ္။

“သူတို႔ တ႐ုတ္အစိုးရသည္ ဒီငွက္ေပ်ာေလာက္ကို ဂ႐ုကို မစိုက္တာေနာ။ ကပ္ေရာဂါနဲ႔ ႏိုင္ငံေရးက ႏြယ္ေနတဲ့အခါက်ေတာ့ ကပ္ေရာဂါလို႔ပဲ အေၾကာင္းျပတာေပါ့ေနာ္။ ႏိုင္ငံေရးကို ခ်န္ထားလိုက္တာေပါ့။ သိတဲ့အတိုင္း တ႐ုတ္က NUG နဲ႔ေရာ စစ္အစိုးရနဲ႔ေရာ ခြေနတဲ့အခါက်ေတာ့ သိတယ္မလား ဘယ္ဟာမွ တိတိလင္းလင္း မလုပ္ဘူး ျဖစ္ေနတာေလ။ ဟိုလိုလို ဒီလိုလိုျဖစ္ေနလို႔ နယ္စပ္ဂိတ္ေပါက္ေတြလည္း ဟိုလိုလို ဒီလိုလို ျဖစ္ေနတာ။ သူတို႔ေတြသြားရင္လည္း မိုင္းခြဲခံရမွာလား၊ ဘယ္သူေတြ တိုက္ခိုက္ခံရမလဲ အဲလိုမ်ိဳးေတြေၾကာင့္။ တ႐ုတ္ျပည္ဖြင့္တယ္ဆိုရင္ေတာ့ တမ်ိဳးျဖစ္သြားမယ္ထင္တယ္။”

ကန္ပိုက္တည္နဲ႔ လြယ္ဂ်ယ္နယ္စပ္ဂိတ္ကို တ႐ုတ္ဘက္က ဇူလိုင္လလယ္ကတည္းက ကပ္ေရာဂါအေၾကာင္းျပၿပီး ပိတ္ထားခဲ့တာပါ။ တ႐ုတ္-ျမန္မာ နယ္စပ္ကုန္သြယ္ေရးမွာ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ကုန္သြယ္ေရးဇုန္ၿပီးရင္ ကခ်င္ျပည္နယ္ ဒီဂိတ္ႏွစ္ခုကလည္း အထိုက္အေလ်ာက္ အေရးပါတာ ျဖစ္ပါတယ္။

မူဆယ္မွာလည္း က်င္စန္းေက်ာ့ကို မၾကာေသးခင္က ဖြင့္ေပးလိုက္ေပမယ့္ တ႐ုတ္ဘက္မွာ အေကာက္ခြန္စနစ္ေတြ အေျပာင္းအလဲ လုပ္ထားတာေၾကာင့္ အခ်ိန္ၾကန႔္ၾကာၿပီး ျမန္မာဘက္က သီးႏွံေတြ ပ်က္စီးေနရပါတယ္။ ကပ္ေရာဂါ အကန႔္အသတ္ေတြထက္ ပိုမိုဆိုးရြားတဲ့ ကန႔္သတ္မႈေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ကုန္သည္ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

တရုတ်နယ်စပ်ဂိတ်မှာ မြန်မာကုန်ကား ရာနဲ့ချီ စောင့်ဆိုင်းနေရ

တရုတ်-မြန်မာ နယ်စပ်ဂိတ် ၂ ခုကို အင်္ဂါနေ့မှာ ပြန်ဖွင့်ပေးဖို့ သဘောတူထားပေမယ့် တရုတ်နိုင်ငံဘက်က ဖွင့်မပေးသေးတာကြောင့် မြန်မာဘက်က ကုန်စည်တွေ တင်ဆောင်လာတဲ့ ကားတွေ နယ်စပ်မှာ စောင့်ဆိုင်းနေကြရတယ်လို့ ကန်ပိုက်တည် နယ်စပ်ကုန်သည်များအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် ပိတ်ထားတဲ့ နယ်စပ်တွေကို ပြန်ဖွင့်ပေးဖို့ သဘောတူထားပေမယ့် လက်တွေ့ ပြန်မဖွင့်နိုင်သေးတဲ့ အခြေအနေအပေါ် ကုန်သည်တွေရဲ့ သဘောထား အမြင်တွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုရဲမွန် ပြောပြပေးမှာပါ။

တရုတ်ပြည်ထဲဝင်ဖို့ ကချင်ပြည်နယ် ကန်ပိုက်တည်နယ်စပ်ဂိတ်မှာ စောင့်ဆိုင်းနေတဲ့ ငှက်ပျောတင်ထားတဲ့ ကုန်တင်ကား ရာနဲ့ချီပြီး ရှိနေပါတယ်။ ဒီဇင်ဘာ ၇ ရက်မှာ ကန်ပိုက်တည်နဲ့ လွယ်ဂျယ်နယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးမယ်လို့ တရုတ်ဘက်က ကနဦး သဘောတူထားပေမယ့် လက်တွေ့မှာ မဖွင့်သေးတာကြောင့် အခုလို ကုန်ကားတွေ ပိတ်ဆို့ခဲ့ရတာပါ။ အစောပိုင်းမှာတုန်းက အောက်တိုဘာလ ၁၅ ရက်မှာဖွင့်ဖို့ စီစဉ်ခဲ့ပေမယ့် နောက်ပိုင်းမှာ နိုဝင်ဘာလ ၅ ရက်ကို ရွှေ့ခဲ့ပြီး အခုနောက်ဆုံး ဒီဇင်ဘာလ ၇ ရက်မှာ ပြန်ဖွင့်ဖို့ ပြောထားပေမယ့် အင်္ဂါနေ့အထိ ပြန်မဖွင့်သေးဘူးလို့ ကန်ပိုက်တည်ကုန်သည်အသင်းက တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးအောင်လိန်းက ဗွီအိုအေကို ပြောပါတယ်။

“တကယ်တမ်းဆို မဖွင့်သေးဘူး။ အဝင်အထွက် ဘာမှမရှိဘူး။ ဒါပေမယ့် ဒီ ဗမာပြည်ဘက်က Ready တွေ ဖြစ်နေကြတာပေါ့နော်။ ကုန်ကားတွေ ကုန်စည်တင်ပို့ဖို့လေ။ ဒီမှာ ဝိုင်းမော်တလျှောက်မှာလည်း တန်းစီပြီးတော့ စောင့်နေတာ ပြည့်နေတာပဲပေါ့နော် ယာဉ်အစီး ၇၀၀ လောက်ရှိတယ်။ အခုက ဗမာပြည်က ကားအစီး ၅၀၀ ဝင်ခိုင်းတယ်ဆိုလို့ အဲဒီအစီး ၅၀၀ ကို တန်းစီနေကြတယ်။”

တရုတ်ပြည်ထဲဝင်ဖို့ တန်းစီနေတဲ့ ကုန်ကားအများစုက တစ်ရှူးငှက်ပျောတင်ထားတဲ့ ကားတွေ ဖြစ်ပါတယ်။ တစ်ရှူးငှက်ပျောစိုက်ပျိုးရေးကို တရုတ်လုပ်ငန်းရှင်တွေက ပိုင်ဆိုင်တယ် ဆိုပေမယ့်လည်း တရုတ်အစိုးရဘက်က လတ်တလောမှာ ဒီဂိတ်တွေကို ပြန်ဖွင့်ပေးဖို့ မရေမရာ ဖြစ်နေပြီး မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတည်မငြိမ် အခြေအနေတွေနဲ့ ဆက်နွှယ်နိုင်တယ်လို့လည်း ကုန်သည်တွေက ယူဆနေကြပါတယ်။

“သူတို့ တရုတ်အစိုးရသည် ဒီငှက်ပျောလောက်ကို ဂရုကို မစိုက်တာနော။ ကပ်ရောဂါနဲ့ နိုင်ငံရေးက နွယ်နေတဲ့အခါကျတော့ ကပ်ရောဂါလို့ပဲ အကြောင်းပြတာပေါ့နော်။ နိုင်ငံရေးကို ချန်ထားလိုက်တာပေါ့။ သိတဲ့အတိုင်း တရုတ်က NUG နဲ့ရော စစ်အစိုးရနဲ့ရော ခွနေတဲ့အခါကျတော့ သိတယ်မလား ဘယ်ဟာမှ တိတိလင်းလင်း မလုပ်ဘူး ဖြစ်နေတာလေ။ ဟိုလိုလို ဒီလိုလိုဖြစ်နေလို့ နယ်စပ်ဂိတ်ပေါက်တွေလည်း ဟိုလိုလို ဒီလိုလို ဖြစ်နေတာ။ သူတို့တွေသွားရင်လည်း မိုင်းခွဲခံရမှာလား၊ ဘယ်သူတွေ တိုက်ခိုက်ခံရမလဲ အဲလိုမျိုးတွေကြောင့်။ တရုတ်ပြည်ဖွင့်တယ်ဆိုရင်တော့ တမျိုးဖြစ်သွားမယ်ထင်တယ်။”

ကန်ပိုက်တည်နဲ့ လွယ်ဂျယ်နယ်စပ်ဂိတ်ကို တရုတ်ဘက်က ဇူလိုင်လလယ်ကတည်းက ကပ်ရောဂါအကြောင်းပြပြီး ပိတ်ထားခဲ့တာပါ။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ကုန်သွယ်ရေးဇုန်ပြီးရင် ကချင်ပြည်နယ် ဒီဂိတ်နှစ်ခုကလည်း အထိုက်အလျောက် အရေးပါတာ ဖြစ်ပါတယ်။

မူဆယ်မှာလည်း ကျင်စန်းကျော့ကို မကြာသေးခင်က ဖွင့်ပေးလိုက်ပေမယ့် တရုတ်ဘက်မှာ အကောက်ခွန်စနစ်တွေ အပြောင်းအလဲ လုပ်ထားတာကြောင့် အချိန်ကြန့်ကြာပြီး မြန်မာဘက်က သီးနှံတွေ ပျက်စီးနေရပါတယ်။ ကပ်ရောဂါ အကန့်အသတ်တွေထက် ပိုမိုဆိုးရွားတဲ့ ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

XS
SM
MD
LG